Unicode
- သူမ ငါ့ကို အန္တရာယ်တွင်းထဲ ပို့တာ
"ရှင်ရူးနေလား?!"
ထောင်ယွယ်ယင်းအမေ ကျိုးကျန်းလန်ရဲ့ မျက်နှာက ပြဇာတ်ဆန်စွာ ပြောင်းသွားတယ်။
"ရှင် ဘာလို့ သမီးကို ရုတ်တရက်ကြီး ရိုက်ရတာလဲ?!"
မန်နေဂျာထောင်ရဲ့ မျက်လုံးတွေက ရဲတောက်ကာ ကြောက်မက်ဖွယ် အကြည့် လူမဆန်သော အကြည့်တို့ ဖြင့် ပြည့်နှက်နေသည်။
ကျိုးကျန်းလန်နဲ့ ထောင်ယွယ်ယင်းတို့ နှသ်ယောက်လုံး ဦးနှောက်ခြောက်သွားကြတယ်။
"တကယ်ဘဲ ဘာတွေ ဖြစ်ခဲ့တာလဲ?"
သူ့ကို ညစ်ပတ်တယ်ဆိုတာ ဘာကို ပြောချင်နေတာလဲ?
"သေသေချာချာပြော?" မန်နေဂျာထောင်က သူ့သမီးကို ဒေါသတကြီး လက်ညှိုးထိုးပြလိုက်တယ်။ "မင်းဘာလို့ သူမဘာလုပ်ခဲ့လဲ မမေးတာလဲ?"
ထောင်ယွယ်ယင်း သူမပါးကိုယ်သူမ အုပ်လိုက်ပြီး အရမ်း ဝမ်းနည်းပက်လက်ဖြစ်နေပုံပေါ်ကာ ငိုလိုက်တယ်။ "အဖေ သမီးဘာလုပ်လို့လဲ?!"
သူမမျက်လုံးများက မျက်ရည်များနှင့် ပြည့်နှက်နေတယ်။
သူမက တစ်ဦးတည်းသော သမီးဖြစ်ပြီး ငယ်ငယ်ကတည်းက အလိုလိုက်ခံပြီး ကြီးပြင်းလာတာ။ သူမဆန္ဒတွေအကုန်လုံးကို ဖြည့်ဆည်းပေးကြပြီး သူမမိဘတွေကလည်း သူမအပေါ် ချစ်ခြင်းမေတ္တာဘဲ ရှိတယ်။
သူမ အခုရိုက်ခံလိုက်ရသည့် ရိုက်ချက်က အသစ်အဆန်းဖြစ်နေတယ်။
သူမ ဒီနေ့ ကျောင်းလူရှေ့သူရှေ့မှာ ကောင်မစုတ်လေး ရှရှီပေကို တောင်းပန်ရတာနဲ့တင် သူမကိုယ်သူမ အရှက်ရစေပြီးပြီ။ ပြီးတော့ သူမ ဘေးနားက လူတွေအကုန်လုံးရဲ့ အထင်သေးအမြင်သေးပြီး နှိမ့်ချတဲ့ အကြည့်တွေကို သည်းခံခဲ့ရတယ်။ သူမ သည်းခံနိုင်စွမ်းကုန်နေပြီ။
သူမ တိုင်ကြောမထူခင်ကို သူမအဖေက သူမကို အိမ်ပြန်ရောက်ရောက်ချင်း ပြင်းပြင်းရိုက်ချလိုက်မယ်ဆိုတာ ဘယ်သူက သိမှာလဲ?
သူမ စိုးရိမ်စိတ်မရှိစွာနဲ့ နေလာတဲ့သက်တမ်းတစ်ေလျှာက်လံုး သူမအတွက် မကြုံတွေခဲ့ဖူးတဲ့ ကပ်ဘေးဘဲ!
"နင် ဘာလုပ်ခဲ့လဲ? နင် ဘာလုပ်ခဲ့လဲ နင့်ဘာနင် မသိဘူးလား?!" မန်နေဂျာထောင် သူ့စိတ်ထဲက ကြောက်ရွံ့မှုနဲ့ ဒေါသကို မလျှော့ချနိုင်သေးပုံပင်။ သူမကို နောက်တစ်ခါပြန် ရိုက်ချင်တဲ့စိတ်ကို ထိန်းထားရတယ်။
"အဖေ!"
ထောင်ယွယ်ယင်းပိုပြီးတော့ စိတ်ထိခိုက်ပြီး မကျေမနပ်ဖြစ်နေတယ်။ သူမအဖေ ထူးထူးဆန်းဆန်း ပြုမူနေတဲ့ပုံ တစ်ဝက်တစ်ပျက်ရှင်းပြနေတဲ့ပုံတွေက သူမကို ရူးအောင်လုပ်နေတယ်။
"နင့် လက်ကောက်ဘယ်မှာလဲ?"
မန်နေဂျာထောင် သူမလက်ကို ဆွဲလိုက်ပြီး သူမလက်ကောက်ဝတ်နားက လက်ကောက်ကို မြင်တာနဲ့ သူ့ရုပ်က ပိုပြီး အကျည်းတန်သွားတယ်။
အားပြင်းပြင်းဖြင့် သူ သူမလက်ကနေ လက်ကောက်ကို ဆွဲဖြတ်လိုက်တယ်။
"အား!"
ထောင်ယွယ်ယင်း ခပ်စူးစူး နာကျင်မှုကို ခံစားလိုက်ရပေမယ့် သူမအဖေကို သူမ မရပ်တန့်နိုင်။
မန်နေဂျာထောင် လက်ကောက်ကို ဖင်တစ်ပြန်ခေါင်းတစ်ပြန် လှည့်ပြီး ကြည့်လိုက်တယ်။ ပြီးနောက် အေးစက်သော လေသံဖြင့် သူ မေးလိုက်တယ်။ "ဒီလက်ကောက် ဘယ်လောက်တန်လဲ?"
"အမ် အဲ့တာ...." ထောင်ယွယ်ယင်း မျက်နှာက ဖြူဖျော့သွားကာ တုန်လှုပ်ပြီး စကားထစ်အထစ်အဖြင့် ပြန်ဖြေလိုက်တယ်။ "တစ်..တစ်ထောင်ထဲ"
"တစ်ထောင်ထဲတင်?" မန်နေဂျာထောင် သရော်ပြုံးပြုံးလိုက်တယ်။ သူသာ ဒီလက်ကောက်က တစ်သောင်းတန်တယ်ဆိုတာမသိရင် သူ လွှတ်ပစ်လိုက်နေပြီ။
"မင်း သူမကို ဘယ်လောက်ပေးတာလဲ?"
သူ အခု ကျိုးကျန်းလန်ဆီ လှည့်မေးလိုက်တယ်။
ကျိုးကျန်းလန် မျက်နှာပေါ်မှာ တုံ့ဆိုင်းနေတဲ့ ကြည့်ရှိနေပေမယ့် သူမ မပြောခင် မန်နေဂျာထောင်က အော်လိုက်တယ်။ "ငါ့ကို အမှန်အတိုင်းပြောစမ်း!"
"တစ်သောင်း!" ကျိုးကျန်းလန် ဒေါသတကြီး အော်ခံရ၍ နောက်ဆုံး အမှန်ကို ပြောလိုက်တယ်။
"တစ်သောင်း?" မန်နေဂျာထောင် အရမ်း ဒေါသထွက်၍ ရင်ဘတ်တွေတောင် နာကျင်လာတယ်။ "တစ်သောင်းတန်တဲ့ လက်ကောက်ကို ဝယ်ရအောင် နင် အဲ့လောက်ပိုက်ဆံကို ဘယ်ကရတာလဲ?! အဲ့တာကို နောက်ထား နင်က ကျောင်းကိုတောင် ဒါကိုယူသွားပြီး ကြွားနေလိုက်သေးတယ် ပြီးတော့ ဒါကိုသုံးပြီးတောင် နင့် သူငယ်ချင်းကို ချောက်ချသေးတယ်! ဘယ်လိုတောင် လုပ်ရဲရတာလဲ!"
ထောင်ယွယ်ယင်း မော့ကြည့်ကာ အသက်ပြင်းပြင်းရှုလိုက်တယ်။ "အဖေ ဘယ်လို...."
"ငါ ဘယ်လိုသိလဲ?"
မန်နေဂျာထောင်ရဲ့ မျက်နှာပေါ်က အကြည့်က မီးသွေးလို မည်းနေတယ်။
"နင် လုပ်ခဲ့တာတွေကြောင့်လေ!" သူ အော်ဟစ်ပြီး သူ့သမီးကို နောက်တစ်ခါရိုက်လိုက်တယ်!
ဖြန်း!
ထောင်ယွယ်ယင်း ရူးသွပ်လုဆဲဆဲ အခြေအနေတွင် ပါးကို အုပ်ကိုင်ထားလိုက်တယ်။
အဖေက ဘာလို့ ထပ်ရိုက်ရပြန်တာလဲ?!
"ထောင်ဖန်းချင်း ရှင်ရှူးနေပြီ!"
မျက်လုံးပြူးမျက်ဆန်ပြူးဖြင့် ကျိုးကျန်းလန် မန်နေဂျာထောင်ကို အော်လိုက်ပြီး ထောင်ယွယ်ယင်းကို သူမဘက်ကို ဆွဲကာ သူမနှလုံးသားက သူမသမီးအတွက် ဆိုးဆိုးရွားရွား နာကျင်နေတယ်။ "ရှင် ကျွန်မတို့သမီးကိုဘာလို့ရိုက်တာလဲ?!"
မန်နေဂျာထောင် လက်ကောက်ကို ကြမ်းပြင်ပေါ် ပေါက်ချလိုက်ပြီး စိတ်ဆိုးမာန်ဆိုး အော်လိုက်တယ်။ "သူမ ငါ့ကို ဘယ်လို အန္တရာယ်တွင်းလဲ ပို့လိုက်သလဲဆိုတာ မင်းသိလား!"
ကျိုးကျန်းလန် တစ်ချိန်တည်းမှာပင် ရှော့ရပြီး စိတ်ရှုပ်ထွေးသွားကာ မေးလိုက်တယ်။ "ရှင်ဘာကို ပြောချင်တာလဲ?"
အဲ့စကားတွေက တကယ်ကြောက်ခမန်းလိလိကြီး!
"ငါ ဘာကိုပြောချင်တာလဲ ဟုတ်လား?" မန်နေဂျာထောင် အမောတကောဖြင့် လေကို ပင့်သက်ရှိုက်ရှူလိုက်ပြီး အော်ပြောလိုက်တယ်။ "မင်း ပြုစုစောင့်ရှောက်လာတဲ့ သမီးကို မင်းေသချာ ပြန်ကြည့်လိုက်ဦး! ငါ ထောင်နန်းစံရနိုင်တယ်!"
"ဘာ?!"
ကျိးကျန်းလန်နဲ့ ထောင်ယွယ်ယင်းတို့ တစ်ချိန်တည်း ပင့်သက်ရှိုက်လိုက်ကြပြီး မိုးကြိုးအပစ်ခံရသလို သူတို့ စိတ်တွေက ဗလာဖြစ်ကုန်ကြတယ်။
အဲ့ကိစ္စက ထောင်ကျတာနဲ့ ဆိုင်လို့လား?
.........
Zawgyi
- သူမ ငါ့ကို အႏၲရာယ္တြင္းထဲ ပို႔တာ
"႐ွင္႐ူးေနလား?!"
ေထာင္ယြယ္ယင္းအေမ က်ိဳးက်န္းလန္ရဲ႕ မ်က္ႏွာက ျပဇာတ္ဆန္စြာ ေျပာင္းသြားတယ္။
"႐ွင္ ဘာလို႔ သမီးကို ႐ုတ္တရက္ႀကီး ႐ိုက္ရတာလဲ?!"
မန္ေနဂ်ာေထာင္ရဲ႕ မ်က္လုံးေတြက ရဲေတာက္ကာ ေၾကာက္မက္ဖြယ္ အၾကည့္ လူမဆန္ေသာ အၾကည့္တို႔ ျဖင့္ ျပည့္ႏွက္ေနသည္။
က်ိဳးက်န္းလန္နဲ႔ ေထာင္ယြယ္ယင္းတို႔ ႏွသ္ေယာက္လုံး ဦးေႏွာက္ေျခာက္သြားၾကတယ္။
"တကယ္ဘဲ ဘာေတြ ျဖစ္ခဲ့တာလဲ?"
သူ႕ကို ညစ္ပတ္တယ္ဆိုတာ ဘာကို ေျပာခ်င္ေနတာလဲ?
"ေသေသခ်ာခ်ာေျပာ?" မန္ေနဂ်ာေထာင္က သူ႕သမီးကို ေဒါသတႀကီး လက္ညိႇဳးထိုးျပလိုက္တယ္။ "မင္းဘာလို႔ သူမဘာလုပ္ခဲ့လဲ မေမးတာလဲ?"
ေထာင္ယြယ္ယင္း သူမပါးကိုယ္သူမ အုပ္လိုက္ၿပီး အရမ္း ဝမ္းနည္းပက္လက္ျဖစ္ေနပုံေပၚကာ ငိုလိုက္တယ္။ "အေဖ သမီးဘာလုပ္လို႔လဲ?!"
သူမမ်က္လုံးမ်ားက မ်က္ရည္မ်ားႏွင့္ ျပည့္ႏွက္ေနတယ္။
သူမက တစ္ဦးတည္းေသာ သမီးျဖစ္ၿပီး ငယ္ငယ္ကတည္းက အလိုလိုက္ခံၿပီး ႀကီးျပင္းလာတာ။ သူမဆႏၵေတြအကုန္လုံးကို ျဖည့္ဆည္းေပးၾကၿပီး သူမမိဘေတြကလည္း သူမအေပၚ ခ်စ္ျခင္းေမတၱာဘဲ ႐ွိတယ္။
သူမ အခု႐ိုက္ခံလိုက္ရသည့္ ႐ိုက္ခ်က္က အသစ္အဆန္းျဖစ္ေနတယ္။
သူမ ဒီေန႔ ေက်ာင္းလူေ႐ွ႕သူေ႐ွ႕မွာ ေကာင္မစုတ္ေလး ႐ွ႐ွီေပကို ေတာင္းပန္ရတာနဲ႔တင္ သူမကိုယ္သူမ အ႐ွက္ရေစၿပီးၿပီ။ ၿပီးေတာ့ သူမ ေဘးနားက လူေတြအကုန္လုံးရဲ႕ အထင္ေသးအျမင္ေသးၿပီး ႏွိမ့္ခ်တဲ့ အၾကည့္ေတြကို သည္းခံခဲ့ရတယ္။ သူမ သည္းခံႏိုင္စြမ္းကုန္ေနၿပီ။
သူမ တိုင္ေၾကာမထူခင္ကို သူမအေဖက သူမကို အိမ္ျပန္ေရာက္ေရာက္ခ်င္း ျပင္းျပင္း႐ိုက္ခ်လိုက္မယ္ဆိုတာ ဘယ္သူက သိမွာလဲ?
သူမ စိုးရိမ္စိတ္မ႐ွိစြာနဲ႔ ေနလာတဲ့သက္တမ္းတစ္ေလွ်ာက္လံဳး သူမအတြက္ မၾကဳံေတြခဲ့ဖူးတဲ့ ကပ္ေဘးဘဲ!
"နင္ ဘာလုပ္ခဲ့လဲ? နင္ ဘာလုပ္ခဲ့လဲ နင့္ဘာနင္ မသိဘူးလား?!" မန္ေနဂ်ာေထာင္ သူ႕စိတ္ထဲက ေၾကာက္႐ြံ႕မႈနဲ႔ ေဒါသကို မေလွ်ာ့ခ်ႏိုင္ေသးပုံပင္။ သူမကို ေနာက္တစ္ခါျပန္ ႐ိုက္ခ်င္တဲ့စိတ္ကို ထိန္းထားရတယ္။
"အေဖ!"
ေထာင္ယြယ္ယင္းပိုၿပီးေတာ့ စိတ္ထိခိုက္ၿပီး မေက်မနပ္ျဖစ္ေနတယ္။ သူမအေဖ ထူးထူးဆန္းဆန္း ျပဳမူေနတဲ့ပုံ တစ္ဝက္တစ္ပ်က္႐ွင္းျပေနတဲ့ပုံေတြက သူမကို ႐ူးေအာင္လုပ္ေနတယ္။
"နင့္ လက္ေကာက္ဘယ္မွာလဲ?"
မန္ေနဂ်ာေထာင္ သူမလက္ကို ဆြဲလိုက္ၿပီး သူမလက္ေကာက္ဝတ္နားက လက္ေကာက္ကို ျမင္တာနဲ႔ သူ႕႐ုပ္က ပိုၿပီး အက်ည္းတန္သြားတယ္။
အားျပင္းျပင္းျဖင့္ သူ သူမလက္ကေန လက္ေကာက္ကို ဆြဲျဖတ္လိုက္တယ္။
"အား!"
ေထာင္ယြယ္ယင္း ခပ္စူးစူး နာက်င္မႈကို ခံစားလိုက္ရေပမယ့္ သူမအေဖကို သူမ မရပ္တန္႔ႏိုင္။
မန္ေနဂ်ာေထာင္ လက္ေကာက္ကို ဖင္တစ္ျပန္ေခါင္းတစ္ျပန္ လွည့္ၿပီး ၾကည့္လိုက္တယ္။ ၿပီးေနာက္ ေအးစက္ေသာ ေလသံျဖင့္ သူ ေမးလိုက္တယ္။ "ဒီလက္ေကာက္ ဘယ္ေလာက္တန္လဲ?"
"အမ္ အဲ့တာ...." ေထာင္ယြယ္ယင္း မ်က္ႏွာက ျဖဴေဖ်ာ့သြားကာ တုန္လႈပ္ၿပီး စကားထစ္အထစ္အျဖင့္ ျပန္ေျဖလိုက္တယ္။ "တစ္..တစ္ေထာင္ထဲ"
"တစ္ေထာင္ထဲတင္?" မန္ေနဂ်ာေထာင္ သေရာ္ျပဳံးျပဳံးလိုက္တယ္။ သူသာ ဒီလက္ေကာက္က တစ္ေသာင္းတန္တယ္ဆိုတာမသိရင္ သူ လႊတ္ပစ္လိုက္ေနၿပီ။
"မင္း သူမကို ဘယ္ေလာက္ေပးတာလဲ?"
သူ အခု က်ိဳးက်န္းလန္ဆီ လွည့္ေမးလိုက္တယ္။
က်ိဳးက်န္းလန္ မ်က္ႏွာေပၚမွာ တုံ႔ဆိုင္းေနတဲ့ ၾကည့္႐ွိေနေပမယ့္ သူမ မေျပာခင္ မန္ေနဂ်ာေထာင္က ေအာ္လိုက္တယ္။ "ငါ့ကို အမွန္အတိုင္းေျပာစမ္း!"
"တစ္ေသာင္း!" က်ိဳးက်န္းလန္ ေဒါသတႀကီး ေအာ္ခံရ၍ ေနာက္ဆုံး အမွန္ကို ေျပာလိုက္တယ္။
"တစ္ေသာင္း?" မန္ေနဂ်ာေထာင္ အရမ္း ေဒါသထြက္၍ ရင္ဘတ္ေတြေတာင္ နာက်င္လာတယ္။ "တစ္ေသာင္းတန္တဲ့ လက္ေကာက္ကို ဝယ္ရေအာင္ နင္ အဲ့ေလာက္ပိုက္ဆံကို ဘယ္ကရတာလဲ?! အဲ့တာကို ေနာက္ထား နင္က ေက်ာင္းကိုေတာင္ ဒါကိုယူသြားၿပီး ႂကြားေနလိုက္ေသးတယ္ ၿပီးေတာ့ ဒါကိုသုံးၿပီးေတာင္ နင့္ သူငယ္ခ်င္းကို ေခ်ာက္ခ်ေသးတယ္! ဘယ္လိုေတာင္ လုပ္ရဲရတာလဲ!"
ေထာင္ယြယ္ယင္း ေမာ့ၾကည့္ကာ အသက္ျပင္းျပင္း႐ႈလိုက္တယ္။ "အေဖ ဘယ္လို...."
"ငါ ဘယ္လိုသိလဲ?"
မန္ေနဂ်ာေထာင္ရဲ႕ မ်က္ႏွာေပၚက အၾကည့္က မီးေသြးလို မည္းေနတယ္။
"နင္ လုပ္ခဲ့တာေတြေၾကာင့္ေလ!" သူ ေအာ္ဟစ္ၿပီး သူ႕သမီးကို ေနာက္တစ္ခါ႐ိုက္လိုက္တယ္!
ျဖန္း!
ေထာင္ယြယ္ယင္း ႐ူးသြပ္လုဆဲဆဲ အေျခအေနတြင္ ပါးကို အုပ္ကိုင္ထားလိုက္တယ္။
အေဖက ဘာလို႔ ထပ္႐ိုက္ရျပန္တာလဲ?!
"ေထာင္ဖန္းခ်င္း ႐ွင္႐ွဴးေနၿပီ!"
မ်က္လုံးျပဴးမ်က္ဆန္ျပဴးျဖင့္ က်ိဳးက်န္းလန္ မန္ေနဂ်ာေထာင္ကို ေအာ္လိုက္ၿပီး ေထာင္ယြယ္ယင္းကို သူမဘက္ကို ဆြဲကာ သူမႏွလုံးသားက သူမသမီးအတြက္ ဆိုးဆိုး႐ြား႐ြား နာက်င္ေနတယ္။ "႐ွင္ ကြၽန္မတို႔သမီးကိုဘာလို႔႐ိုက္တာလဲ?!"
မန္ေနဂ်ာေထာင္ လက္ေကာက္ကို ၾကမ္းျပင္ေပၚ ေပါက္ခ်လိုက္ၿပီး စိတ္ဆိုးမာန္ဆိုး ေအာ္လိုက္တယ္။ "သူမ ငါ့ကို ဘယ္လို အႏၲရာယ္တြင္းလဲ ပို႔လိုက္သလဲဆိုတာ မင္းသိလား!"
က်ိဳးက်န္းလန္ တစ္ခ်ိန္တည္းမွာပင္ ေ႐ွာ့ရၿပီး စိတ္႐ႈပ္ေထြးသြားကာ ေမးလိုက္တယ္။ "႐ွင္ဘာကို ေျပာခ်င္တာလဲ?"
အဲ့စကားေတြက တကယ္ေၾကာက္ခမန္းလိလိႀကီး!
"ငါ ဘာကိုေျပာခ်င္တာလဲ ဟုတ္လား?" မန္ေနဂ်ာေထာင္ အေမာတေကာျဖင့္ ေလကို ပင့္သက္႐ိႈက္႐ွဴလိုက္ၿပီး ေအာ္ေျပာလိုက္တယ္။ "မင္း ျပဳစုေစာင့္ေ႐ွာက္လာတဲ့ သမီးကို မင္းေသခ်ာ ျပန္ၾကည့္လိုက္ဦး! ငါ ေထာင္နန္းစံရႏိုင္တယ္!"
"ဘာ?!"
က်ိးက်န္းလန္နဲ႔ ေထာင္ယြယ္ယင္းတို႔ တစ္ခ်ိန္တည္း ပင့္သက္႐ိႈက္လိုက္ၾကၿပီး မိုးႀကိဳးအပစ္ခံရသလို သူတို႔ စိတ္ေတြက ဗလာျဖစ္ကုန္ၾကတယ္။
အဲ့ကိစၥက ေထာင္က်တာနဲ႔ ဆိုင္လို႔လား?
.........