Unicode
-ရှရှီပေ ဒေါသ
အစတုန်းက ကျင်ယာကျန်း လက်ကောက်ကို ရှရှီပေ လွယ်အိတ်ထဲရှိမယ်လို့ ယုံကြည်ချက်ရှိခဲ့တာ။
ဒါပေမယ့် နောက်ဖြစ်စဉ်တွေက သူမကို မင်သက်စေတယ်။
လက်ကောက်က ဘယ်မှာလဲ?!
သူမ မနေနိုင်ဘဲ တုန်လှုပ်နေတယ်။
လက်ကောက်က ရှရှီပေ အိတ်ထဲမှ မဟုတ်ရင် ဘယ်မှာလဲ?!
သူမ အိတ်ထဲ မဖြစ်နိုင်ဘူးဆိုတာ သူမသိပေမယ့် ကောင်မလေး သူမအိတ်ကို ရှာနေတာကြည့်ပြီး သူမ လက်ဖျားခြေဖျားတွေ အေးစက်လာတယ်။
ကောင်မလေးက ငွေရောင်လက်ကောက်လေးကို အံ့ဩတဲ့အမူအရာနဲ့ ဆွဲထုတ်လာတော့ သူမ နှလုံးက စက္ကန့်အနည်းငယ်လောက် အခုန်ရပ်သွားပြီး သူမ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းကာ မလှုပ်ရှားနိုင်ဖြစ်ကုန်တယ်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?!
လက်ကောက်က သူမအိတ်ထဲ ဘာလို့ ရောက်နေရတာလဲ?!
ဒါပေမယ့် သူမ ဘယ်လိုဘဲ အံ့ဩနေပါစေ သူမ လက်တွေ့ကို ပြောင်းပြန်လှန်လို့ မရဘူး။
"ဒါက နင့်လက်ကောက် ဟုတ်တယ်မလား?" ရှရှီပေ ထောင်ယွယ်ယင်းကို မေးလိုက်တယ်။
ထောင်ယွယ်ယင်း မပြောခင် စည်းကမ်းရေးဆရာက လက်ကောက်ကို ယူလိုက်တယ်။
"ဒီမှာ တကယ့်ပလက်တီနမ်နဲ့ စိန်အသေးလေးတွေပါတယ်"
စည်းကမ်းရေးဆရာက အဲ့ဒီလက်ကောက်မှာ အစစ်ဖြစ်ကြောင်းကို သက်သေပြုလိုက်တယ်။
ထောင်ယွယ်ယင်းနဲ့ ကျင်ယာကျန်းတို့ နှစ်ယောက်လုံး အံ့ဩသွားကြတယ်။
ဘာလို့ လက်ကောက်က ကျင်ယာကျန်းအိတ်ထဲရောက်နေရတာလဲ?!
"ငါ မခိုးဘူး နင်ငါ့ကို ချောက်ချနေတာ!" ကျင်ယာကျန်း နောက်ဆုံး ရှရှီပေကို သုန်မှုန်နေတဲ့ရုပ်နဲ့ လက်ညှိုးထိုးပြီး အော်လိုက်တယ်။ "ငါ့ကို ချောက်ချတာ နင်! နင်ဘဲ!"
သူမရဲ့ စွပ်စွဲမှုကို တွေ့ပြီး ရှရှီပေ အမူအရာက ခက်ထန်သွားကာ အော်လိုက်တယ်။ "တော်လောက်ပြီ!"
ရှရှီပေ မျက်နှာက မုန်တိုင်းအပြင်းအထန်က နောက်တစ်စက္ကန့်အတွင်း တိုက်တော့မည့်ပုံလို မည်းမှောင်နေတယ်။
"ငါ့ကို လွယ်လွယ်နဲ့ အနိုင်ကျင့်လို့ရမယ်လို့ နင်ထင်နေလား?" သူမ အရှေ့တိုးကာ ကျင်ယာကျန်းကို ချဉ်းကပ်လိုက်ပုံမှာ ခြိမ်းခြောက်သည့်ပုံဖြစ်နေတယ်။ "နင် တစ်ခုခုခိုးတိုင်း ငါ့ကို စွပ်စွဲပြီး ငါခိုးတယ်ပြောတယ် ခုနက ကိစ္စကိုတော့ ထားလိုက်ပါတော့ ငါ ဒါတွေကို သည်းခံပြီး နင်နဲ့ တန်းမညှိဘူး ဒါပေမယ့် နင် ငါ့ကို အခုထိ သပုပ်လေလွင့်ပြောနေသေးတုန်းဘဲ!"
ဘွန်း!
အသံကျယ်ကျယ်ထွက်လာပြီး အကုန်လုံးကို နှလုံးခုန်နှုန်းကို မြန်သွားစေတယ်။
အသံလာရာကြည့်လိုက်တော့ အကုန်လုံး ပင့်သက်ရှိုက်ကုန်ကြတယ်။
ရှရှီပေ စားပွဲခုံကို အောက်ကျအောင် ကန်လိုက်တော့ စားပွဲခုံပေါ်တင်ထားတဲ့ စာအုပ်အကုန်လုံးက အခုတော့ ကြမ်းပြင်ပေါ် ပျံ့ကြဲကုန်တယ်။
ဒါက ဘယ်လိုအားမျိုးလဲ?!
"ကျောင်းသူ ရှ!" စည်းကမ်းရေးဆရာရဲ့ အမူအရာက ပြောင်းသွားတယ်။
ရှရှီပေ မျက်နှာနီရဲသွားတယ်။ သူမ အသက်ပျင်းပျင်းရှူပြီး သူမ ရင်ဘတ်က ဒေါသတွေကို ထိန်းထားသလို လေးလံနေတယ်။
သူမ ကျင်ယာကျန်းကို လက်ညှိုးထိုးလိုက်ပြီး အေးစက်စွာ ပြောလိုက်တယ်။ "ကျင်ယာကျန်း သေချာနားထောင် ငါ့ကို တွန်းအားမပေးနဲ့ မဟုတ်ရင် ငါ့ကို ရိုင်းတဲ့ အတွက် အပြစ်မတင်နဲ့ နောက်တစ်ခါ ကန်ချက်က စားပွဲပေါ်မဟုတ်ဘဲ နင့်အပေါ် ကျသွားလိမ့်မယ်!"
သူမ ပြောပြီးတော့ အကုန်လုံးကို ကြည့်လိုက်တယ်။
"တောင်းပန်ပါတယ် ငါ ထိန်းမထားနိုင်လိုက်ဘူး"
အကုန်လုံး မြန်မြန်ခေါင်းရမ်းပြလိုက်တယ်။ သူတို့ သူမက ဒေါသကို ကောင်းကောင်းထိန်းနိုင်တယ်လို့တောင် ခံစားရတယ်။
သူတို့သာ ခဏခဏ စွပ်စွဲခံနေရရင် ပြီးတော့ သက်သေကြီး ထွက်လာတာတောင် စွပ်စွဲခံနေရတုန်းဘဲဆိုရင် သူတို့ ကျင်ယာကျန်းအပေါ် လက်စားချေချင်စိတ်ကို ထိန်းနိုင်မှာမဟုတ်ဘူး!
ရှရှီပေ လုံလုံလောက်လောက် ချုပ်တည်းထားပြီး စိတ်ရှည်နိုင်တယ်။ သူတို့သာဆိုရင် သူတို့ ကျင်ယာကျန်းကို ပါးချပြီးပြီ။
"ဆရာ သမီးတောင်းပန်ပါတယ် သမီး စိတ်လှုပ်ရှားသွားလို့" ရှရှီပေ စည်းကမ်းရေးဆရာကို တောင်းပန်လိုက်တယ်။
"ရတယ် ငါနားလည်တယ်" ဆရာက သူမကို နှစ်သိမ့်ရုံသာ တတ်နိုင်တော့တယ်။ "မစိုးရိမ်နဲ့ ငါ ဒီကိစ္စကို ကောင်းကောင်းဖြေရှင်းလိုက်မယ်"
ရှရှီပေရဲ့ မျက်နှာပေါ်က ဒေါသကို မြင်ပြီး စည်းကမ်းရေးဆရာလည်း သူမအပေါ် နည်းနည်း ကရုဏာဝင်မိတယ်။
ဒါကို ကြုံတွေ့ရတဲ့ ဘယ်သူမဆို ဒေါသထွက်မှာဘဲ!
ရှရှီပေ သူမကို မရိုက်တာဘဲ အဆင်ချောနေပြီ။
ဒါကိုတွေးပြီး သူမကိုယ်သူမ မထိန်းနိုင်သေးတဲ့ ကျင်ယာကျန်းကို ကြည့်လိုက်တယ်။ "ရုံးခန်းကိုသွားမယ်! ငါ့ကို ရှင်းပြကြစမ်း!"
သူ ခက်ထန်နေပြီး ဒေါသထွက်နေပုံရတယ်။
"ပုန်ကန်ထကြွနေတာ! မင်းဘာလို့ ဒါမျိုးကို လုပ်ရတာလဲ?! ငါ မင်းမိဘတွေကို ခေါ်ရလိမ့်မယ်! ဒီဉာဉ်ဆိုးကို ငါ သည်းမခံနိုင်ဘူး!"
ပစ္စည်းတွေကို ခိုးပြီး သူများကို စွပ်စွဲသေးတယ်။ ဒီကျောင်းသူ တော်တော် လွန်သွားပြီ!
ကျင်ယာကျန်း သူ မိဘခေါ်မယ်ကြားတော့ သူမမျက်နှာက ဖြူစုတ်သွားတယ်။
"သမီးမလုပ်ဘူး သူတို့ သမီးကို အတင်းခိုင်းလို့လုပ်ရတာ!" သူမလက်က ထောင်ယွယ်ယင်းတို့ သုံးယောက်ကို လက်ညှိုးထိုးလိုက်တယ်။
"ဘာ?!"
ရှိနေတဲ့သူ အကုန်လုံး တစ်ဖန် မင်သက်သွားပြန်တယ်။
ဒါတွေ နောက်မှာ ဇာတ်လမ်းက ရှိသေးတာလား?
.........
Zawgyi
-႐ွ႐ွီေပ ေဒါသ
အစတုန္းက က်င္ယာက်န္း လက္ေကာက္ကို ႐ွ႐ွီေပ လြယ္အိတ္ထဲ႐ွိမယ္လို႔ ယုံၾကည္ခ်က္႐ွိခဲ့တာ။
ဒါေပမယ့္ ေနာက္ျဖစ္စဥ္ေတြက သူမကို မင္သက္ေစတယ္။
လက္ေကာက္က ဘယ္မွာလဲ?!
သူမ မေနႏိုင္ဘဲ တုန္လႈပ္ေနတယ္။
လက္ေကာက္က ႐ွ႐ွီေပ အိတ္ထဲမွ မဟုတ္ရင္ ဘယ္မွာလဲ?!
သူမ အိတ္ထဲ မျဖစ္ႏိုင္ဘူးဆိုတာ သူမသိေပမယ့္ ေကာင္မေလး သူမအိတ္ကို ႐ွာေနတာၾကည့္ၿပီး သူမ လက္ဖ်ားေျခဖ်ားေတြ ေအးစက္လာတယ္။
ေကာင္မေလးက ေငြေရာင္လက္ေကာက္ေလးကို အံ့ဩတဲ့အမူအရာနဲ႔ ဆြဲထုတ္လာေတာ့ သူမ ႏွလုံးက စကၠန္႔အနည္းငယ္ေလာက္ အခုန္ရပ္သြားၿပီး သူမ ခႏၶာကိုယ္တစ္ခုလုံး ေတာင့္တင္းကာ မလႈပ္႐ွားႏိုင္ျဖစ္ကုန္တယ္။
ဘယ္လိုလုပ္ ျဖစ္ႏိုင္မွာလဲ?!
လက္ေကာက္က သူမအိတ္ထဲ ဘာလို႔ ေရာက္ေနရတာလဲ?!
ဒါေပမယ့္ သူမ ဘယ္လိုဘဲ အံ့ဩေနပါေစ သူမ လက္ေတြ႕ကို ေျပာင္းျပန္လွန္လို႔ မရဘူး။
"ဒါက နင့္လက္ေကာက္ ဟုတ္တယ္မလား?" ႐ွ႐ွီေပ ေထာင္ယြယ္ယင္းကို ေမးလိုက္တယ္။
ေထာင္ယြယ္ယင္း မေျပာခင္ စည္းကမ္းေရးဆရာက လက္ေကာက္ကို ယူလိုက္တယ္။
"ဒီမွာ တကယ့္ပလက္တီနမ္နဲ႔ စိန္အေသးေလးေတြပါတယ္"
စည္းကမ္းေရးဆရာက အဲ့ဒီလက္ေကာက္မွာ အစစ္ျဖစ္ေၾကာင္းကို သက္ေသျပဳလိုက္တယ္။
ေထာင္ယြယ္ယင္းနဲ႔ က်င္ယာက်န္းတို႔ ႏွစ္ေယာက္လုံး အံ့ဩသြားၾကတယ္။
ဘာလို႔ လက္ေကာက္က က်င္ယာက်န္းအိတ္ထဲေရာက္ေနရတာလဲ?!
"ငါ မခိုးဘူး နင္ငါ့ကို ေခ်ာက္ခ်ေနတာ!" က်င္ယာက်န္း ေနာက္ဆုံး ႐ွ႐ွီေပကို သုန္မႈန္ေနတဲ့႐ုပ္နဲ႔ လက္ညိႇဳးထိုးၿပီး ေအာ္လိုက္တယ္။ "ငါ့ကို ေခ်ာက္ခ်တာ နင္! နင္ဘဲ!"
သူမရဲ႕ စြပ္စြဲမႈကို ေတြ႕ၿပီး ႐ွ႐ွီေပ အမူအရာက ခက္ထန္သြားကာ ေအာ္လိုက္တယ္။ "ေတာ္ေလာက္ၿပီ!"
႐ွ႐ွီေပ မ်က္ႏွာက မုန္တိုင္းအျပင္းအထန္က ေနာက္တစ္စကၠန္႔အတြင္း တိုက္ေတာ့မည့္ပုံလို မည္းေမွာင္ေနတယ္။
"ငါ့ကို လြယ္လြယ္နဲ႔ အႏိုင္က်င့္လို႔ရမယ္လို႔ နင္ထင္ေနလား?" သူမ အေ႐ွ႕တိုးကာ က်င္ယာက်န္းကို ခ်ဥ္းကပ္လိုက္ပုံမွာ ၿခိမ္းေျခာက္သည့္ပုံျဖစ္ေနတယ္။ "နင္ တစ္ခုခုခိုးတိုင္း ငါ့ကို စြပ္စြဲၿပီး ငါခိုးတယ္ေျပာတယ္ ခုနက ကိစၥကိုေတာ့ ထားလိုက္ပါေတာ့ ငါ ဒါေတြကို သည္းခံၿပီး နင္နဲ႔ တန္းမညႇိဘူး ဒါေပမယ့္ နင္ ငါ့ကို အခုထိ သပုပ္ေလလြင့္ေျပာေနေသးတုန္းဘဲ!"
ဘြန္း!
အသံက်ယ္က်ယ္ထြက္လာၿပီး အကုန္လုံးကို ႏွလုံးခုန္ႏႈန္းကို ျမန္သြားေစတယ္။
အသံလာရာၾကည့္လိုက္ေတာ့ အကုန္လုံး ပင့္သက္႐ိႈက္ကုန္ၾကတယ္။
႐ွ႐ွီေပ စားပြဲခုံကို ေအာက္က်ေအာင္ ကန္လိုက္ေတာ့ စားပြဲခုံေပၚတင္ထားတဲ့ စာအုပ္အကုန္လုံးက အခုေတာ့ ၾကမ္းျပင္ေပၚ ပ်ံ႕ႀကဲကုန္တယ္။
ဒါက ဘယ္လိုအားမ်ိဳးလဲ?!
"ေက်ာင္းသူ ႐ွ!" စည္းကမ္းေရးဆရာရဲ႕ အမူအရာက ေျပာင္းသြားတယ္။
႐ွ႐ွီေပ မ်က္ႏွာနီရဲသြားတယ္။ သူမ အသက္ပ်င္းပ်င္း႐ွဴၿပီး သူမ ရင္ဘတ္က ေဒါသေတြကို ထိန္းထားသလို ေလးလံေနတယ္။
သူမ က်င္ယာက်န္းကို လက္ညိႇဳးထိုးလိုက္ၿပီး ေအးစက္စြာ ေျပာလိုက္တယ္။ "က်င္ယာက်န္း ေသခ်ာနားေထာင္ ငါ့ကို တြန္းအားမေပးနဲ႔ မဟုတ္ရင္ ငါ့ကို ႐ိုင္းတဲ့ အတြက္ အျပစ္မတင္နဲ႔ ေနာက္တစ္ခါ ကန္ခ်က္က စားပြဲေပၚမဟုတ္ဘဲ နင့္အေပၚ က်သြားလိမ့္မယ္!"
သူမ ေျပာၿပီးေတာ့ အကုန္လုံးကို ၾကည့္လိုက္တယ္။
"ေတာင္းပန္ပါတယ္ ငါ ထိန္းမထားႏိုင္လိုက္ဘူး"
အကုန္လုံး ျမန္ျမန္ေခါင္းရမ္းျပလိုက္တယ္။ သူတို႔ သူမက ေဒါသကို ေကာင္းေကာင္းထိန္းႏိုင္တယ္လို႔ေတာင္ ခံစားရတယ္။
သူတို႔သာ ခဏခဏ စြပ္စြဲခံေနရရင္ ၿပီးေတာ့ သက္ေသႀကီး ထြက္လာတာေတာင္ စြပ္စြဲခံေနရတုန္းဘဲဆိုရင္ သူတို႔ က်င္ယာက်န္းအေပၚ လက္စားေခ်ခ်င္စိတ္ကို ထိန္းႏိုင္မွာမဟုတ္ဘူး!
႐ွ႐ွီေပ လုံလုံေလာက္ေလာက္ ခ်ဳပ္တည္းထားၿပီး စိတ္႐ွည္ႏိုင္တယ္။ သူတို႔သာဆိုရင္ သူတို႔ က်င္ယာက်န္းကို ပါးခ်ၿပီးၿပီ။
"ဆရာ သမီးေတာင္းပန္ပါတယ္ သမီး စိတ္လႈပ္႐ွားသြားလို႔" ႐ွ႐ွီေပ စည္းကမ္းေရးဆရာကို ေတာင္းပန္လိုက္တယ္။
"ရတယ္ ငါနားလည္တယ္" ဆရာက သူမကို ႏွစ္သိမ့္႐ုံသာ တတ္ႏိုင္ေတာ့တယ္။ "မစိုးရိမ္နဲ႔ ငါ ဒီကိစၥကို ေကာင္းေကာင္းေျဖ႐ွင္းလိုက္မယ္"
႐ွ႐ွီေပရဲ႕ မ်က္ႏွာေပၚက ေဒါသကို ျမင္ၿပီး စည္းကမ္းေရးဆရာလည္း သူမအေပၚ နည္းနည္း က႐ုဏာဝင္မိတယ္။
ဒါကို ၾကဳံေတြ႕ရတဲ့ ဘယ္သူမဆို ေဒါသထြက္မွာဘဲ!
႐ွ႐ွီေပ သူမကို မ႐ိုက္တာဘဲ အဆင္ေခ်ာေနၿပီ။
ဒါကိုေတြးၿပီး သူမကိုယ္သူမ မထိန္းႏိုင္ေသးတဲ့ က်င္ယာက်န္းကို ၾကည့္လိုက္တယ္။ "႐ုံးခန္းကိုသြားမယ္! ငါ့ကို ႐ွင္းျပၾကစမ္း!"
သူ ခက္ထန္ေနၿပီး ေဒါသထြက္ေနပုံရတယ္။
"ပုန္ကန္ထႂကြေနတာ! မင္းဘာလို႔ ဒါမ်ိဳးကို လုပ္ရတာလဲ?! ငါ မင္းမိဘေတြကို ေခၚရလိမ့္မယ္! ဒီဉာဥ္ဆိုးကို ငါ သည္းမခံႏိုင္ဘူး!"
ပစၥည္းေတြကို ခိုးၿပီး သူမ်ားကို စြပ္စြဲေသးတယ္။ ဒီေက်ာင္းသူ ေတာ္ေတာ္ လြန္သြားၿပီ!
က်င္ယာက်န္း သူ မိဘေခၚမယ္ၾကားေတာ့ သူမမ်က္ႏွာက ျဖဴစုတ္သြားတယ္။
"သမီးမလုပ္ဘူး သူတို႔ သမီးကို အတင္းခိုင္းလို႔လုပ္ရတာ!" သူမလက္က ေထာင္ယြယ္ယင္းတို႔ သုံးေယာက္ကို လက္ညိႇဳးထိုးလိုက္တယ္။
"ဘာ?!"
႐ွိေနတဲ့သူ အကုန္လုံး တစ္ဖန္ မင္သက္သြားျပန္တယ္။
ဒါေတြ ေနာက္မွာ ဇာတ္လမ္းက ႐ွိေသးတာလား?
.........