Unicode
- ဆက်လက်ရှာဖွေခြင်း
နောက်ဆုံးရလဒ်ကတော့ အံ့ဩစရာမရှိပါဘူး။
ရှရှီပေ လွယ်အိတ်ကို အတွင်းအပြင် အကုန်လှန်လှောပေမယ့် ထောင်ယွယ်ယင်းလက်ကောက်ကို ခုထိရှာမတွေ့သေး။
ထောင်ယွယ်ယင်းတို့ အုပ်စုမျက်နှာက ပိုပြီး အခြေအနေဆိုးလာတယ်။
"ဘယ်လိုလဲ? ဆက်ရှာချင်သေးလား?" ရှရှီပေ သူမလွယ်အိတ်ကို ပုတ်လိုက်တယ်။ "ဒါမှမဟုတ် ငါတို့ ကပ်ကြေးနဲ့ညှပ်ကြမလား အနားသပ်တွေထဲမှာ တစ်ခုခုရှိနေနိုင်တာဘဲ"
ဒီကမောက်ကမမှတ်ချက်က ကောင်မလေး သုံးယောက်လုံးကို ပိုပြီး အကျည်းတန်သွားစေတယ်။
ဒါပေမယ့် သူတို့ ဘာမှပြောစရာမရှိ။
"ဒါဆို ငါ့နာမည်ကို အခုရှင်းလို့ရပြီလား?" ရှရှီပေ ဘေးဘီကို ကြည့်လိုက်တယ်။
"ရတာပေါ့!" ထန်လော် ခေါင်းငြိမ့်လိုက်တယ်။
အကုန်လုံးက ဘာမှမပြောရဲပေမယ့် ထန်လော်တစ်ယောက်တည်းသာ အရင်ကအတိုင်း တည်ငြိမ်နေတယ်။
"သက်သေမရှိမှတော့ နင်က အပြစ်ကင်းတာဘဲ"
"ဒါဆို ငါတို့ သဘောတူထားတဲ့အတိုင်း ဆက်သွားကြမလား?" ရှရှီပေ သူတို့သုံးယောက်ကို အပြုံးလေးနဲ့ ကြည့်လိုက်တယ်။
"ဟုတ်တာပေါ့ ငါတို့ ဆက်သွားရမှာပေါ့" ထန်လော် သဘောတူလိုက်တယ်။ "ဆရာက ဒီကိစ္စကို ဒီတိုင်းထားလိုက်မှာတော့ မဟုတ်ဘူးမလား? ကျွန်တော်သာ လူတွေကို အမှားလုပ်မိရင် ကျွန်တော် တောင်းပန်မှာဘဲ!"
စည်းကမ်းရေးဆရာက နည်းနည်း စိတ်ရှုပ်နေပုံပေါ်တယ်။
ရှရှီပေ မခိုးတာက ကောင်းတဲ့အရာဘဲလေ။
"ငါတို့ အရင်က ပြောထားတဲ့အတိုင်း လုပ်မယ်"
စည်းကမ်းရေးဆရာက ရှချင်းဟန်အပါအဝင် သုံးယောက်ကို ကြည့်လိုက်တယ်။ "ငါတို့ လက်ကောက်ကို မရှာနိုင်မှတော့ ဒီကိစ္စက ကျောင်းသူ ရှနဲ့ ဘာမှမဆိုင်ဘူးဆိုတာ အဖြေပေါ်နေပြီဘဲ ဒါကြောင့် မင်းတို့သုံးယောက် သူမကို တောင်းပန်ရမယ်!"
"တစ်ကျောင်းလုံးရှေ့မှာတောင်းပန်ရမယ်!" ရှရှီပေ ထည့်ပြောလိုက်တယ်။
"ဟုတ်တယ်" စည်းကမ်းရေးဆရာ ခေါင်းငြိမ့်လိုက်တယ်။ "မနက်ဖြန်မနက် မင်းတို့ တောင်းပန်စာရေးပြီး တစ်ကျောင်းလုံးအရှေ့ဖတ်ပြရမယ်"
ဒီစကားတွေထွက်လာတော့ ရှချင်းဟန်အပါအဝင် ကောင်မလေး သုံးယောက်လုံးမျက်နှာက ဖျော့တော့သွားတယ်။
"ဆရာ!"
"ဘာလို့လဲ? နင် ဝန်မခံဘူးလား?" ရှရှီပေ အပြုံးလေးနဲ့ ပြောလိုက်တယ်။ "နင်တို့ ငါ့ကို သူခိုးထင်ကြတုန်းက ငါ့ကို ကျောင်းထုတ်ပစ်ချင်နေကြတာ! အခု ငါက နင်တို့ကို တောင်းပန်ခိုင်းရုံလေးတင် ဘာလဲ မလုပ်နိုင်ဘူးလား?"
ရှရှီပေ ပြောတာကြားပြီး အကုန်လုံး ခုနကဖြစ်သွားတာကို တွေးလိုက်တယ်။
သူတို့သုံးယောက်လုံး အရမ်းစိတ်လှူပ်ရှားနေကြပြီး ရှရှီပေကို ကျောင်းထုတ်ချင်နေကြတာ။
ဘယ်သူကမှ ပြောင်းပြန်တွေ ဖြစ်လာမယ်ထင်မထားဘူး။
"ငါ...ငါ..."
ရှချင်းဟန် နှုတ်ခမ်းတွေကို ကိုက်လွန်းလို့ ဖြူတောင် ဖြူကုန်တယ်။ အရှက်ကွဲတာဘဲ!
တစ်ကျောင်းလုံးရှေ့မှာသာ သူမ တောင်းပန်ရရင် သူမမှာ မျက်နှာရစရာရှိတော့မှာ မဟုတ်ဘူးမလား? သူမက ကျောင်းအလှလေးလေ! ဒီကိစ္စပြီးရင် သူမ အဟားခံရတော့မှာ!
ဒါပေမယ့် သူမ ဘယ်လိုဘဲ မလုပ်ချင်မလုပ်ချင် သူမ လက်တွေ့ကို ရင်ဆိုင်ရမှာဘဲလေ။
"ဟုတ်ပြီ!" သူမ အံကြိတ်ပြီး ခေါင်းငြိမ့်လိုက်တယ်။
"နင်တို့ကရော?" ပြီးေတာ့ ရှရှီပေ လျိုကျီကျင်း ထောင်ယွယ်ယင်းကို ကြည့်လိုက်တယ်။
လျိုကျီကျင်း အံ့အားသင့်ပြီး မယုံကြည်နိုင်အောင်ဖြစ်သွားတယ်။
သူမ ဒါကြီးကို မယုံချင်ဘူး!
သူတို့အကုန်လုံးကို သေသေချာချာ စီစဉ်ပြီးသားကြီးကို ဘယ်လိုကြီး ထွက်လာတာလဲ?!
"ရှချင်းဟန်က သဘောတူပြီးသွားပြီ နင်တို့ မလုပ်ချင်ဘူးလား?" ရှရှီပေ တိုက်တွန်းလိုက်တယ်။
"ငါ.......ဟုတ်ပြီ!"
သူတို့နှစ်ယောက် အံကြိတ်ပြီး သူတို့နှလုံးသားထဲ အမုန်းတရားတွေ ဆူပွက်နေကာ အရှက်တကွဲအကျိုးနည်းစွာဖြင့် ခေါင်းငြိမ့်လိုက်တယ်။
"ကောင်းပြီ"
သူတို့ သဘောတူတာကို မြင်ရတော့ ဆရာက ကျေနပ်စွာဖြင့် ခေါင်းငြိမ့်လိုက်တယ်။ "ကိစ္စတွေ ပြီးသွားပြီဆိုတော့...."
"မဟုတ်ဘူး ဆရာ" ရှရျီပေ သူ့ကို ဖြတ်ပြောလိုက်တယ်။ "မပြီးသေးဘူး"
"မပြီးသေးဘူးလား?"
"လက်ကောက်က ပျောက်နေတုန်းဘဲ!" ရှရှီပေ ရုပ်တည်သွားတယ်။ "ကျင်ယာကျန်း လွယ်အိတ်ကို မရှာရသေးဘူး! သမီးတို့ ခုလေးတင် ပြောခဲ့တာလေ!"
သူမဆီ မီးကူးလာတော့ ကျင်ယာကျန်း မျက်နှာက ဖွေးသွားတယ်။ "နင်__!"
"ဘာ'နင်'လဲ?" ရှရှီပေ သူမကို အကြည့်တစ်ချက်ပစ်လွတ်လိုက်တယ်။ "ငါတို့ စောစောက ပြောပြီးပြီလေ နင်က ပေးပြီးသားကတိကို ဖျက်ချင်နေတာလား?"
ကျင်ယာကျန်းစကားမပြောနိုင်ခင် သူမ ဆက်ပြောလိုက်တယ်။ "နင် နောင်တရနေရင်တောင် အဓိပ္ပာယ်မရှိတော့ဘူး ငါ အပြစ်ကင်းတာကို သက်သေပြရဦးမှာ!"
ပြီးတော့ သူမ ကျောင်းလွယ်အိတ်ကိုရှာတဲ့ကောင်မေလးကို ပြောလိုက်တယ်။ "သူမ လွယ်အိတ်က အနောက်မှာ ဒီတစ်ခါ သူမအလှည့်ဘဲ"
ကောင်မလေးက ရှက်ရွံ့စွာဖြင့် ဘေးဘီကို ကြည့်လိုက်တယ်။
စည်းကမ်းရေးဆရာက နောက်ဆုံးမှာ ခေါင်းငြိမ့်ပြီး ပြောလိုက်တယ်။ "ဆက်လုပ်"
............
Zawgyi
- ဆက္လက္႐ွာေဖြျခင္း
ေနာက္ဆုံးရလဒ္ကေတာ့ အံ့ဩစရာမ႐ွိပါဘူး။
႐ွ႐ွီေပ လြယ္အိတ္ကို အတြင္းအျပင္ အကုန္လွန္ေလွာေပမယ့္ ေထာင္ယြယ္ယင္းလက္ေကာက္ကို ခုထိ႐ွာမေတြ႕ေသး။
ေထာင္ယြယ္ယင္းတို႔ အုပ္စုမ်က္ႏွာက ပိုၿပီး အေျခအေနဆိုးလာတယ္။
"ဘယ္လိုလဲ? ဆက္႐ွာခ်င္ေသးလား?" ႐ွ႐ွီေပ သူမလြယ္အိတ္ကို ပုတ္လိုက္တယ္။ "ဒါမွမဟုတ္ ငါတို႔ ကပ္ေၾကးနဲ႔ညႇပ္ၾကမလား အနားသပ္ေတြထဲမွာ တစ္ခုခု႐ွိေနႏိုင္တာဘဲ"
ဒီကေမာက္ကမမွတ္ခ်က္က ေကာင္မေလး သုံးေယာက္လုံးကို ပိုၿပီး အက်ည္းတန္သြားေစတယ္။
ဒါေပမယ့္ သူတို႔ ဘာမွေျပာစရာမ႐ွိ။
"ဒါဆို ငါ့နာမည္ကို အခု႐ွင္းလို႔ရၿပီလား?" ႐ွ႐ွီေပ ေဘးဘီကို ၾကည့္လိုက္တယ္။
"ရတာေပါ့!" ထန္ေလာ္ ေခါင္းၿငိမ့္လိုက္တယ္။
အကုန္လုံးက ဘာမွမေျပာရဲေပမယ့္ ထန္ေလာ္တစ္ေယာက္တည္းသာ အရင္ကအတိုင္း တည္ၿငိမ္ေနတယ္။
"သက္ေသမ႐ွိမွေတာ့ နင္က အျပစ္ကင္းတာဘဲ"
"ဒါဆို ငါတို႔ သေဘာတူထားတဲ့အတိုင္း ဆက္သြားၾကမလား?" ႐ွ႐ွီေပ သူတို႔သုံးေယာက္ကို အျပဳံးေလးနဲ႔ ၾကည့္လိုက္တယ္။
"ဟုတ္တာေပါ့ ငါတို႔ ဆက္သြားရမွာေပါ့" ထန္ေလာ္ သေဘာတူလိုက္တယ္။ "ဆရာက ဒီကိစၥကို ဒီတိုင္းထားလိုက္မွာေတာ့ မဟုတ္ဘူးမလား? ကြၽန္ေတာ္သာ လူေတြကို အမွားလုပ္မိရင္ ကြၽန္ေတာ္ ေတာင္းပန္မွာဘဲ!"
စည္းကမ္းေရးဆရာက နည္းနည္း စိတ္႐ႈပ္ေနပုံေပၚတယ္။
႐ွ႐ွီေပ မခိုးတာက ေကာင္းတဲ့အရာဘဲေလ။
"ငါတို႔ အရင္က ေျပာထားတဲ့အတိုင္း လုပ္မယ္"
စည္းကမ္းေရးဆရာက ႐ွခ်င္းဟန္အပါအဝင္ သုံးေယာက္ကို ၾကည့္လိုက္တယ္။ "ငါတို႔ လက္ေကာက္ကို မ႐ွာႏိုင္မွေတာ့ ဒီကိစၥက ေက်ာင္းသူ ႐ွနဲ႔ ဘာမွမဆိုင္ဘူးဆိုတာ အေျဖေပၚေနၿပီဘဲ ဒါေၾကာင့္ မင္းတို႔သုံးေယာက္ သူမကို ေတာင္းပန္ရမယ္!"
"တစ္ေက်ာင္းလုံးေ႐ွ႕မွာေတာင္းပန္ရမယ္!" ႐ွ႐ွီေပ ထည့္ေျပာလိုက္တယ္။
"ဟုတ္တယ္" စည္းကမ္းေရးဆရာ ေခါင္းၿငိမ့္လိုက္တယ္။ "မနက္ျဖန္မနက္ မင္းတို႔ ေတာင္းပန္စာေရးၿပီး တစ္ေက်ာင္းလုံးအေ႐ွ႕ဖတ္ျပရမယ္"
ဒီစကားေတြထြက္လာေတာ့ ႐ွခ်င္းဟန္အပါအဝင္ ေကာင္မေလး သုံးေယာက္လုံးမ်က္ႏွာက ေဖ်ာ့ေတာ့သြားတယ္။
"ဆရာ!"
"ဘာလို႔လဲ? နင္ ဝန္မခံဘူးလား?" ႐ွ႐ွီေပ အျပဳံးေလးနဲ႔ ေျပာလိုက္တယ္။ "နင္တို႔ ငါ့ကို သူခိုးထင္ၾကတုန္းက ငါ့ကို ေက်ာင္းထုတ္ပစ္ခ်င္ေနၾကတာ! အခု ငါက နင္တို႔ကို ေတာင္းပန္ခိုင္း႐ုံေလးတင္ ဘာလဲ မလုပ္ႏိုင္ဘူးလား?"
႐ွ႐ွီေပ ေျပာတာၾကားၿပီး အကုန္လုံး ခုနကျဖစ္သြားတာကို ေတြးလိုက္တယ္။
သူတို႔သုံးေယာက္လုံး အရမ္းစိတ္လႉပ္႐ွားေနၾကၿပီး ႐ွ႐ွီေပကို ေက်ာင္းထုတ္ခ်င္ေနၾကတာ။
ဘယ္သူကမွ ေျပာင္းျပန္ေတြ ျဖစ္လာမယ္ထင္မထားဘူး။
"ငါ...ငါ..."
႐ွခ်င္းဟန္ ႏႈတ္ခမ္းေတြကို ကိုက္လြန္းလို႔ ျဖဴေတာင္ ျဖဴကုန္တယ္။ အ႐ွက္ကြဲတာဘဲ!
တစ္ေက်ာင္းလုံးေ႐ွ႕မွာသာ သူမ ေတာင္းပန္ရရင္ သူမမွာ မ်က္ႏွာရစရာ႐ွိေတာ့မွာ မဟုတ္ဘူးမလား? သူမက ေက်ာင္းအလွေလးေလ! ဒီကိစၥၿပီးရင္ သူမ အဟားခံရေတာ့မွာ!
ဒါေပမယ့္ သူမ ဘယ္လိုဘဲ မလုပ္ခ်င္မလုပ္ခ်င္ သူမ လက္ေတြ႕ကို ရင္ဆိုင္ရမွာဘဲေလ။
"ဟုတ္ၿပီ!" သူမ အံႀကိတ္ၿပီး ေခါင္းၿငိမ့္လိုက္တယ္။
"နင္တို႔ကေရာ?" ၿပီးေတာ့ ႐ွ႐ွီေပ လ်ိဳက်ီက်င္း ေထာင္ယြယ္ယင္းကို ၾကည့္လိုက္တယ္။
လ်ိဳက်ီက်င္း အံ့အားသင့္ၿပီး မယုံၾကည္ႏိုင္ေအာင္ျဖစ္သြားတယ္။
သူမ ဒါႀကီးကို မယုံခ်င္ဘူး!
သူတို႔အကုန္လုံးကို ေသေသခ်ာခ်ာ စီစဥ္ၿပီးသားႀကီးကို ဘယ္လိုႀကီး ထြက္လာတာလဲ?!
"႐ွခ်င္းဟန္က သေဘာတူၿပီးသြားၿပီ နင္တို႔ မလုပ္ခ်င္ဘူးလား?" ႐ွ႐ွီေပ တိုက္တြန္းလိုက္တယ္။
"ငါ.......ဟုတ္ၿပီ!"
သူတို႔ႏွစ္ေယာက္ အံႀကိတ္ၿပီး သူတို႔ႏွလုံးသားထဲ အမုန္းတရားေတြ ဆူပြက္ေနကာ အ႐ွက္တကြဲအက်ိဳးနည္းစြာျဖင့္ ေခါင္းၿငိမ့္လိုက္တယ္။
"ေကာင္းၿပီ"
သူတို႔ သေဘာတူတာကို ျမင္ရေတာ့ ဆရာက ေက်နပ္စြာျဖင့္ ေခါင္းၿငိမ့္လိုက္တယ္။ "ကိစၥေတြ ၿပီးသြားၿပီဆိုေတာ့...."
"မဟုတ္ဘူး ဆရာ" ႐ွ႐်ီေပ သူ႕ကို ျဖတ္ေျပာလိုက္တယ္။ "မၿပီးေသးဘူး"
"မၿပီးေသးဘူးလား?"
"လက္ေကာက္က ေပ်ာက္ေနတုန္းဘဲ!" ႐ွ႐ွီေပ ႐ုပ္တည္သြားတယ္။ "က်င္ယာက်န္း လြယ္အိတ္ကို မ႐ွာရေသးဘူး! သမီးတို႔ ခုေလးတင္ ေျပာခဲ့တာေလ!"
သူမဆီ မီးကူးလာေတာ့ က်င္ယာက်န္း မ်က္ႏွာက ေဖြးသြားတယ္။ "နင္__!"
"ဘာ'နင္'လဲ?" ႐ွ႐ွီေပ သူမကို အၾကည့္တစ္ခ်က္ပစ္လြတ္လိုက္တယ္။ "ငါတို႔ ေစာေစာက ေျပာၿပီးၿပီေလ နင္က ေပးၿပီးသားကတိကို ဖ်က္ခ်င္ေနတာလား?"
က်င္ယာက်န္းစကားမေျပာႏိုင္ခင္ သူမ ဆက္ေျပာလိုက္တယ္။ "နင္ ေနာင္တရေနရင္ေတာင္ အဓိပၸာယ္မ႐ွိေတာ့ဘူး ငါ အျပစ္ကင္းတာကို သက္ေသျပရဦးမွာ!"
ၿပီးေတာ့ သူမ ေက်ာင္းလြယ္အိတ္ကို႐ွာတဲ့ေကာင္မေလးကို ေျပာလိုက္တယ္။ "သူမ လြယ္အိတ္က အေနာက္မွာ ဒီတစ္ခါ သူမအလွည့္ဘဲ"
ေကာင္မေလးက ႐ွက္႐ြံ႕စြာျဖင့္ ေဘးဘီကို ၾကည့္လိုက္တယ္။
စည္းကမ္းေရးဆရာက ေနာက္ဆုံးမွာ ေခါင္းၿငိမ့္ၿပီး ေျပာလိုက္တယ္။ "ဆက္လုပ္"
............