Unicode
- ဆယ်ယွမ် လမ်းဘေးဆိုင်ပစ္စည်း
ရှရှီပေ ဒီစကားတွေကို ပြောလိုက်တော့ ချက်ချင်း တိတ်ဆိတ်သွားတယ်။
အကုန်လုံး ဘာလုပ်ရမှန်းမသိဖြစ်ကုန်တယ်။ ဒါဘာကို ဆိုလိုတာလဲ?
ထောင်ယွယ်ယင်းနဲ့ အကုန်လုံး နှလုံးခုန်မြန်လာသလို ခံစားလိုက်ရပြီး သူမလက်ထဲက ချိန်းကြိုးကို ချက်ချင်း ကြည့်လိုက်ကြတယ်။
"ဘာ..ဘာပြောလိုက်တာလဲ?" ထောင်ယွယ်ယင်း အမူအရာက ပြောင်းသွားတယ်။
ရှရှီပေပြောတာကြားပြီး သူမလက်ထဲက လက်ကောက်အလေးချိန်က တစ်ခုခုလွဲနေတယ်ဆိုတာ သူမ သတိထားမိလိုက်တယ်။
"ငါ ဒါ ကို လမ်း ဘေး ဆိုင် က နေ ဆယ် ယွမ် နဲ့ ဝယ် လာ တာ!"
ရှရှီပေ စကားလုံးတစ်လုံးချင်းစီကို တည်ငြိမ်စွာနဲ့ ပြန်ပြောလိုက်တယ်။
ဒါပေမယ့် အခြားလူတွေကတော့ သူတို့ကိုယ်သူတို့ သွေးလေချောက်ခြားတယ်ထင်ကုန်ကြတယ်။
ဆယ်ယွမ်နဲ့ ဝယ်ခဲ့တာ!
"နင် နင် မဟုတ်တာတွေ လျှောက်ပြောနေတာ!" ထောင်ယွယ်ယင်း သတိပြန်ဝင်လာပြီး ခြေထောက် ဆောင့်လိုက်တယ်။ "ဒါက ငါ့လက်ကောက်ဘဲကို!"
"နင်သေချာလား?" ရှရှီပေ ပြုံးလိုက်ကာ အရှေ့တိုးလာပြီး သူမလက်ထဲက ချိန်းကြိုးကို ယူလိုက်တယ်။
ထောင်ယွယ်ယင်း သတိမမူခင်မှာဘဲ လက်ကောက်က အယူခံလိုက်ရတယ်။
သူမ သတိပြန်ဝင်လာတော့ သူမကို ရှော့ရစေတဲ့ မြင်ကွင်းကို တွေ့လိုက်ရတယ်။
ရှရှီပေက လက်ကောက်ကို ဆွဲဖြဲနေတာ!
"မလုပ်နဲ့!"
အခြားသူတွေလည်း ဖျော့တော့ကုန်ကာ တစ်ယောက်ပြီးတစ်ယောက် အော်ကုန်တယ်။
ဒီလက်ကောက်က ယွမ်တစ်သောင်းကျော်တယ်! သူမ ရူးနေလား?!
နောက်ခဏကြာတော့ အကုန်လုံး ကြောင်အသွားကြတယ်။
သူမ စာရွက်ကို ဖြဲသလို ရှရှီပေ ဟန်းချိန်းကို ယူပြီး တစ်ဝက်ဖြဲလိုက်တယ်။
လက်ရာမြောက်ပြီး လှပတဲ့ ကြယ်ပွင့်လေးက အလယ်ကနေ နှစ်ခြမ်းကွဲသွားပြီး အပြင်က အဖြူရောင်ဖြစ်တာ အထဲမှာ ဝါနေတယ်။ အဝါရောင်တွေက မှိန်နေတာကြောင့် ဒါက ရွှေမဟုတ် ငွေမဟုတ်ဘဲနဲ့ တန်ကြေးမရှိတဲ့ ကြေးမဟုတ်ရင် သံဘဲဆိုတာသိလိုက်တယ်။
ရှရှီပေ တစ်ရှူးစကိုလည်း ဆွဲယူလိုက်ပြီး ဟန်းချိန်ကို နာနာသုတ်လိုက်တယ်။
လက်ကောက်ပေါ်က အဖြူရောင်က အဝါရောင် ပြောင်းသွားတာကို အကုန်လုံး သေသေချာချာမြင်လိုက်ရတယ်။
အကုန်လုံးက ရှရှီပေရဲ့ လှုပ်ရှားမှုတွေကို ငြိမ်သက်စွာကြည့်နေပြီး စကားလုံးတို့ ပျောက်ရှကုန်တယ်။
"ဘယ်လိုလဲ? အကုန်လုံးမြင်ရပြီလား?"
ရှရှီပေ လက်ကောက်ကို လုံးဝကြီး ဆွဲဖြဲလိုက်တာပြီး အကုန်လုံးကို ကြည့်လိုက်တယ်။ "ဒီလက်ကောက်ကို ယွမ်တစ်သောင်းကျော်နဲ့ ဝယ်ခဲ့တယ်ဆိုတာ သေချာလား?"
ယွမ်တစ်သောင်းကျော်တန်တဲ့ လက်ကောက်က ဒီလိုအရည်အသွေးမျိုးဆိုရင် ကာစတမ်မာတွေရဲ့ ကွန်ပလိန်းေတွက ကျောက်မြတ်ကုမ္ပဏီကို ဖုံးသွားနိုင်တယ်မလား?!
ထောင်ယွယ်ယင်းနဲ့ အခြားကောင်မလေးနှစ်ယောက်က မြင်ကွင်းကို ခြေဖျားလက်ဖျားများ အေးစက်စွာဖြင့် ကြည့်နေတယ်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?!
ဒါပေမယ့် ဒီလက်ကောက်က သူမဟာ ဖြစ်သင့်တာလေ!
ရှရှီပေ စည်းကမ်းရေးဆရာကို ကြည့်လိုက်တယ်။ "ဆရာ ဒီလက်ကောက်က ယွမ်တစ်သောင်းတန်တယ်လို့ ဆရာထင်လား?"
"မဖြစ်နိုင်ဘူး ဒါက သံချိန်းကြိုးသာသာဘဲ" စည်းကမ်းရေးဆရာ ခေါင်းရမ်းလိုက်တယ်။
သူ ဒါတွေကို မဝတ်ခဲ့ဖူးရင်တောင် သူ့အိမ်က မိန်းမနဲ့သမီးအတွက် သူ ဒါတွေကို ဝယ်ပေးခဲ့ဖူးတယ်။ သူ ရွှေ၊ ငွေ၊ ကြေးနဲ့ သံကြားက ကွာခြားမှုကို သိတယ်။
တစ်ယောက်ယောက်က မနေနိုင်ဘဲ ပြောမိတယ်။ "ဒါ လက်ကောက်အစစ်မဟုတ်ဘူး လက်ကောက်မှာက ဟယ်ရွှမ်းယွီရဲ့ လက်မှတ်ပါတယ်!"
အကုန်လုံး ဒီလက်ကောက်ကို လိုချင်တာက အနုပညာရှင်ရဲ့ လက်မှတ်ကြောင့်မဟုတ်ဘဲ လက်မှတ်က ဒီလက်ကောက်ကို တန်ဖိုးအများကြီး ရှိစေလို့ဘဲ။
ရှရှီပေ လက်ထဲက ဟာက လမ်းဘေးက အရည်အသွေးနိမ့်တဲ့ ပစ္စည်းကြီး!
ဒါပေမယ့် အံ့ဩစရာတော့ မရှိပါဘူး။ ပြောရရင် တကယ့်အစစ်ကို လူတိုင်းက ဝယ်နိုင်တာမှမဟုတ်တာ။
ဒါကြောင့် အတုတွေက ဟွာနိုင်ငံတစ်ခုလုံး ပျံ့နှံ့နေတာ။ အဓိက သုံးစွဲသူတွေက ပိုက်ဆံသိပ်မရှိတဲ့ ကျောင်းသားတွေ။
အခြားသူတွေရဲ့ အသိမှတ်ပြုမှုကိုရပြီး ရှရှီပေ ပြုံးလိုက်တယ်။ "အဲ့တော့ ငါ ဒီလက်ကောက်ကို ခိုးသလား?"
အကုန်လုံး ချက်ချင်း ခေါင်းရမ်းပြီး ပြိုင်တူပြောလိုက်ကြတယ်။ "မခိုးဘူး!"
ရှရှီပေ ရှချင်းဟန်အပါအဝင် အကုန်လုံးကို ကြည့်လိုက်တယ်။ "ဒါဆိုရင် နင်တို့ ခုနက ပြောခဲ့တဲ့ စကားကို တည်ရမယ်မလား?"
"မဖြစ်နိုင်ဘူး!" ထောင်ယွယ်ယင်း တုန်လှုပ်ပြီး တစ်ခုဘဲတွေးနိုင်တော့တယ်။ဖ သူမ အော်လိုက်တယ်။ "နင့်ေကျာင်းလွယ်အိတ်ကို မရှာရသေးဘူး! ငါ့လက်ကောက်က အဲ့ထဲမှာ ဖြစ်ရမယ်!"
သူမရဲ့ ဇွဲကောင်းနေမှုကို မြင်တော့ ရှရှီပေ မျက်ခုံးပင့်လိုက်တယ်။ "ကောင်းပြီ ဆက်ရှာ!"
ရှရှီပေရဲ့ မျက်လုံးကို ကြည့်ပြီး ထောင်ယွယ်ယင်းတို့ အုပ်စု တုန်ရီကုန်ကြတယ်။
သူတို့ တစ်ခုခုမှားနေတာကို ရှာတွေ့ပြီ!
...........
Zawgyi
- ဆယ္ယြမ္ လမ္းေဘးဆိုင္ပစၥည္း
႐ွ႐ွီေပ ဒီစကားေတြကို ေျပာလိုက္ေတာ့ ခ်က္ခ်င္း တိတ္ဆိတ္သြားတယ္။
အကုန္လုံး ဘာလုပ္ရမွန္းမသိျဖစ္ကုန္တယ္။ ဒါဘာကို ဆိုလိုတာလဲ?
ေထာင္ယြယ္ယင္းနဲ႔ အကုန္လုံး ႏွလုံးခုန္ျမန္လာသလို ခံစားလိုက္ရၿပီး သူမလက္ထဲက ခ်ိန္းႀကိဳးကို ခ်က္ခ်င္း ၾကည့္လိုက္ၾကတယ္။
"ဘာ..ဘာေျပာလိုက္တာလဲ?" ေထာင္ယြယ္ယင္း အမူအရာက ေျပာင္းသြားတယ္။
႐ွ႐ွီေပေျပာတာၾကားၿပီး သူမလက္ထဲက လက္ေကာက္အေလးခ်ိန္က တစ္ခုခုလြဲေနတယ္ဆိုတာ သူမ သတိထားမိလိုက္တယ္။
"ငါ ဒါ ကို လမ္း ေဘး ဆိုင္ က ေန ဆယ္ ယြမ္ နဲ႔ ဝယ္ လာ တာ!"
႐ွ႐ွီေပ စကားလုံးတစ္လုံးခ်င္းစီကို တည္ၿငိမ္စြာနဲ႔ ျပန္ေျပာလိုက္တယ္။
ဒါေပမယ့္ အျခားလူေတြကေတာ့ သူတို႔ကိုယ္သူတို႔ ေသြးေလေခ်ာက္ျခားတယ္ထင္ကုန္ၾကတယ္။
ဆယ္ယြမ္နဲ႔ ဝယ္ခဲ့တာ!
"နင္ နင္ မဟုတ္တာေတြ ေလွ်ာက္ေျပာေနတာ!" ေထာင္ယြယ္ယင္း သတိျပန္ဝင္လာၿပီး ေျခေထာက္ ေဆာင့္လိုက္တယ္။ "ဒါက ငါ့လက္ေကာက္ဘဲကို!"
"နင္ေသခ်ာလား?" ႐ွ႐ွီေပ ျပဳံးလိုက္ကာ အေ႐ွ႕တိုးလာၿပီး သူမလက္ထဲက ခ်ိန္းႀကိဳးကို ယူလိုက္တယ္။
ေထာင္ယြယ္ယင္း သတိမမူခင္မွာဘဲ လက္ေကာက္က အယူခံလိုက္ရတယ္။
သူမ သတိျပန္ဝင္လာေတာ့ သူမကို ေ႐ွာ့ရေစတဲ့ ျမင္ကြင္းကို ေတြ႕လိုက္ရတယ္။
႐ွ႐ွီေပက လက္ေကာက္ကို ဆြဲၿဖဲေနတာ!
"မလုပ္နဲ႔!"
အျခားသူေတြလည္း ေဖ်ာ့ေတာ့ကုန္ကာ တစ္ေယာက္ၿပီးတစ္ေယာက္ ေအာ္ကုန္တယ္။
ဒီလက္ေကာက္က ယြမ္တစ္ေသာင္းေက်ာ္တယ္! သူမ ႐ူးေနလား?!
ေနာက္ခဏၾကာေတာ့ အကုန္လုံး ေၾကာင္အသြားၾကတယ္။
သူမ စာ႐ြက္ကို ၿဖဲသလို ႐ွ႐ွီေပ ဟန္းခ်ိန္းကို ယူၿပီး တစ္ဝက္ၿဖဲလိုက္တယ္။
လက္ရာေျမာက္ၿပီး လွပတဲ့ ၾကယ္ပြင့္ေလးက အလယ္ကေန ႏွစ္ျခမ္းကြဲသြားၿပီး အျပင္က အျဖဴေရာင္ျဖစ္တာ အထဲမွာ ဝါေနတယ္။ အဝါေရာင္ေတြက မွိန္ေနတာေၾကာင့္ ဒါက ေ႐ႊမဟုတ္ ေငြမဟုတ္ဘဲနဲ႔ တန္ေၾကးမ႐ွိတဲ့ ေၾကးမဟုတ္ရင္ သံဘဲဆိုတာသိလိုက္တယ္။
႐ွ႐ွီေပ တစ္႐ွဴးစကိုလည္း ဆြဲယူလိုက္ၿပီး ဟန္းခ်ိန္ကို နာနာသုတ္လိုက္တယ္။
လက္ေကာက္ေပၚက အျဖဴေရာင္က အဝါေရာင္ ေျပာင္းသြားတာကို အကုန္လုံး ေသေသခ်ာခ်ာျမင္လိုက္ရတယ္။
အကုန္လုံးက ႐ွ႐ွီေပရဲ႕ လႈပ္႐ွားမႈေတြကို ၿငိမ္သက္စြာၾကည့္ေနၿပီး စကားလုံးတို႔ ေပ်ာက္႐ွကုန္တယ္။
"ဘယ္လိုလဲ? အကုန္လုံးျမင္ရၿပီလား?"
႐ွ႐ွီေပ လက္ေကာက္ကို လုံးဝႀကီး ဆြဲၿဖဲလိုက္တာၿပီး အကုန္လုံးကို ၾကည့္လိုက္တယ္။ "ဒီလက္ေကာက္ကို ယြမ္တစ္ေသာင္းေက်ာ္နဲ႔ ဝယ္ခဲ့တယ္ဆိုတာ ေသခ်ာလား?"
ယြမ္တစ္ေသာင္းေက်ာ္တန္တဲ့ လက္ေကာက္က ဒီလိုအရည္အေသြးမ်ိဳးဆိုရင္ ကာစတမ္မာေတြရဲ႕ ကြန္ပလိန္းေတြက ေက်ာက္ျမတ္ကုမၸဏီကို ဖုံးသြားႏိုင္တယ္မလား?!
ေထာင္ယြယ္ယင္းနဲ႔ အျခားေကာင္မေလးႏွစ္ေယာက္က ျမင္ကြင္းကို ေျခဖ်ားလက္ဖ်ားမ်ား ေအးစက္စြာျဖင့္ ၾကည့္ေနတယ္။
ဘယ္လိုလုပ္ျဖစ္ႏိုင္မွာလဲ?!
ဒါေပမယ့္ ဒီလက္ေကာက္က သူမဟာ ျဖစ္သင့္တာေလ!
႐ွ႐ွီေပ စည္းကမ္းေရးဆရာကို ၾကည့္လိုက္တယ္။ "ဆရာ ဒီလက္ေကာက္က ယြမ္တစ္ေသာင္းတန္တယ္လို႔ ဆရာထင္လား?"
"မျဖစ္ႏိုင္ဘူး ဒါက သံခ်ိန္းႀကိဳးသာသာဘဲ" စည္းကမ္းေရးဆရာ ေခါင္းရမ္းလိုက္တယ္။
သူ ဒါေတြကို မဝတ္ခဲ့ဖူးရင္ေတာင္ သူ႕အိမ္က မိန္းမနဲ႔သမီးအတြက္ သူ ဒါေတြကို ဝယ္ေပးခဲ့ဖူးတယ္။ သူ ေ႐ႊ၊ ေငြ၊ ေၾကးနဲ႔ သံၾကားက ကြာျခားမႈကို သိတယ္။
တစ္ေယာက္ေယာက္က မေနႏိုင္ဘဲ ေျပာမိတယ္။ "ဒါ လက္ေကာက္အစစ္မဟုတ္ဘူး လက္ေကာက္မွာက ဟယ္႐ႊမ္းယြီရဲ႕ လက္မွတ္ပါတယ္!"
အကုန္လုံး ဒီလက္ေကာက္ကို လိုခ်င္တာက အႏုပညာ႐ွင္ရဲ႕ လက္မွတ္ေၾကာင့္မဟုတ္ဘဲ လက္မွတ္က ဒီလက္ေကာက္ကို တန္ဖိုးအမ်ားႀကီး ႐ွိေစလို႔ဘဲ။
႐ွ႐ွီေပ လက္ထဲက ဟာက လမ္းေဘးက အရည္အေသြးနိမ့္တဲ့ ပစၥည္းႀကီး!
ဒါေပမယ့္ အံ့ဩစရာေတာ့ မ႐ွိပါဘူး။ ေျပာရရင္ တကယ့္အစစ္ကို လူတိုင္းက ဝယ္ႏိုင္တာမွမဟုတ္တာ။
ဒါေၾကာင့္ အတုေတြက ဟြာႏိုင္ငံတစ္ခုလုံး ပ်ံ႕ႏွံ႔ေနတာ။ အဓိက သုံးစြဲသူေတြက ပိုက္ဆံသိပ္မ႐ွိတဲ့ ေက်ာင္းသားေတြ။
အျခားသူေတြရဲ႕ အသိမွတ္ျပဳမႈကိုရၿပီး ႐ွ႐ွီေပ ျပဳံးလိုက္တယ္။ "အဲ့ေတာ့ ငါ ဒီလက္ေကာက္ကို ခိုးသလား?"
အကုန္လုံး ခ်က္ခ်င္း ေခါင္းရမ္းၿပီး ၿပိဳင္တူေျပာလိုက္ၾကတယ္။ "မခိုးဘူး!"
႐ွ႐ွီေပ ႐ွခ်င္းဟန္အပါအဝင္ အကုန္လုံးကို ၾကည့္လိုက္တယ္။ "ဒါဆိုရင္ နင္တို႔ ခုနက ေျပာခဲ့တဲ့ စကားကို တည္ရမယ္မလား?"
"မျဖစ္ႏိုင္ဘူး!" ေထာင္ယြယ္ယင္း တုန္လႈပ္ၿပီး တစ္ခုဘဲေတြးႏိုင္ေတာ့တယ္။ဖ သူမ ေအာ္လိုက္တယ္။ "နင့္ေက်ာင္းလြယ္အိတ္ကို မ႐ွာရေသးဘူး! ငါ့လက္ေကာက္က အဲ့ထဲမွာ ျဖစ္ရမယ္!"
သူမရဲ႕ ဇြဲေကာင္းေနမႈကို ျမင္ေတာ့ ႐ွ႐ွီေပ မ်က္ခုံးပင့္လိုက္တယ္။ "ေကာင္းၿပီ ဆက္႐ွာ!"
႐ွ႐ွီေပရဲ႕ မ်က္လုံးကို ၾကည့္ၿပီး ေထာင္ယြယ္ယင္းတို႔ အုပ္စု တုန္ရီကုန္ၾကတယ္။
သူတို႔ တစ္ခုခုမွားေနတာကို ႐ွာေတြ႕ၿပီ!
...........