Unicode
- မိဘများကို လက်မှတ်ထိုးခိုင်းခြင်း
မိဘတွေကို လက်မှတ်ထိုးခိုင်းရမယ်?
ရှရှီပေ မင်သက်သွားတယ်။ သူမ ဒါတွေကို တကယ်မသိဘူး။
သူမ အရင်တုန်းက ဒီလောကထဲဝင်ခဲ့တုန်းက အသက် နှစ်ဆယ်ရှိနေပြီ ဖြစ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ချနိုင်နေပြီ။ သူမ မိဘတွေရဲ့ ခွင့်ပြုချက်တွေကို တောင်းခံနေစရာ မလိုဘူး။
ဒါပေမယ့် အခုတော့ သူမက ၁၇ နှစ်ရှိသေးတာဖြစ်ပြီး ၁၈နှစ်ပြည့်မှသာ ဆုံးဖြတ်ချက်ခွင့်ရမှာဖြစ်တယ်။
"ကျွန်မ မိဘတွေရဲ့ လက်မှတ်လိုတယ်လား?"
"လိုတာပေါ့" ပိုင်မေရွှယ် ပြုံးလိုက်တယ်။ "မင်းက လူကြီးမှ မဖြစ်သေးတာ မင်းအများကြီး ဆုံးဖြတ်ချက်ချလို့မရသေးဘူး ဒါကြောင့် မင်းမိဘတွေရဲ့ လက်မှတ်လိုတာပေါ့"
ရှရှီပေ ဖန်းယန်ကို ကြည့်လိုက်တော့ ဖန်းယန်က စိတ်ရှုပ်ထွေးနေတယ်။
"တကယ်တော့ မင်းမိဘတွေ လာဖို့ မလိုပါဘူး ဘာဘဲ ဖြစ်ဖြစ် အခုမှ ဆယ်ကျော်သက်အဆင့်ရှိသေးတာ..."
"ရှောင်ဖန်း မင်းပြောတာမှားနေတယ်" ပိုင်မေရွှယ် မျက်နှာက လေးနက်သွားတယ်။ "ဒါက မင်းသိရမယ့် ကုမ္ပဏီရဲ့ စည်းမျဉ်းဘဲ ပြီးတော့ ဒါတွေကလည်း ဖြစ်နေကျဘဲလေ"
ဖန်းယန်ရဲ့ အမူအရာက နည်းနည်း ကို့ရို့ကားယား ဖြစ်သွားတယ်။
တစ်ချို့ သင်တန်းသားတွေက သူတို့ ကျော်ကြားလာတာနဲ့ ကုမ္ပဏီနဲ့ စာချုပ်ဖျက်ဖို့ ဆုံးဖြတ်ချက်ချကြတယ်။
သူတို့ ဘာလို့ စာချုပ်ဖျက်ကြတာလဲဆိုတော့ သူတို့ လက်မှတ်ထိုးတုန်းက ငယ်တုန်းဘဲရှိသေးတယ်။ ကုမ္ပဏီက အငယ်တွေကို မမျှတတဲ့ စာချုပ်တွေကို လိမ်ပြီး လက်မှတ်ထိုးခိုင်းလို့ အဲ့လိုစာချုပ်တွေက အသုံးမဝင်ဘူး။
အဲ့လိုကိစ္စတွေက ဖြစ်လေ့ဖြစ်ထ ကိစ္စတွေဘဲ။
ဒါကြောင့် စာချုပ်ကို လက်မှတ်ထိုးတဲ့နေရာမှာ သင်တန်းသားရဲ့ မိဘတွေကရှိနေရတယ်။ သူတို့ ကျော်ကြားလာရင် ထွက်မသွားဖို့အတွက်ဘဲ။
"ရှောင်ပေ မင်း မိဘတွေနဲ့ အရင်စကားပြောလိုက်ဦး နောက်ကျ သူတို့ကို လာပြီး လက်မှတ်ထိုးခိုင်းလိုက်" ပိုင်မေရွှယ် ရှရှီပေကို ပြုံးပြီး ပြောလိုက်တယ်။
"ဟုတ်ကဲ့" ရှရှီပေ အောင့်သက်သက်နဲ့ ခေါင်းငြိမ့်လိုက်တယ်။
ဒါပေမယ့် သူမရင်ထဲမှာတော့ မျက်မှောင်ကြုံ့နေတယ်။ သူမ ဒါကို မမျှော်လင့်ထားဘူး။
ဒါပေါ့ သူမ မိဘတွေကို လက်မှတ်ထိုးခိုင်းလို့ဘယ်ရမလဲ?
သူမက သူတို့နဲ့ အဆက်အသွယ်ဖြတ်ေကြာင်း စာချုပ်လုပ်ပြီးသွားပြီ။ သူမ သူတို့ဆီ အကူအညီသွားတောင်းရင် အရှက်ကွဲမှာပေါ့။
ဒါပေမယ့် သူမမိဘတွေဆီမသွားရင် သူမ သင်တန်းသားလုပ်လို့မရဘူး။
သူမ သင်တန်းသားဘာညာ စိတ်မဝင်စားပေမယ့်လည်း သူမ တဖြည်းဖြည်းချင်းတော့ ယှဉ်ပြိုင်ပွဲထဲ ဝင်ချင်တယ်။
"ပြန်ပြီးတော့ မိဘတွေနဲ့ အရင်ဆွေးနွေးလိုက်ဦး ပြီးတော့ ဆုံးဖြတ်ချက်ချပြီးမှသာ လာပြောလိုက်"
"ဟုတ်ကဲ့"
ဖန်းယန် ရှရှီပေကို ကုမ္ပဏီအပြင်ဘက်ကို လိုက်ပို့ပေးလိုက်တယ်။ သူ့အမူအရာက အနည်းငယ် မသက်မသာဖြစ်နေတယ်။
ပိုင်မေရွှယ်က ကုမ္ပဏီမှာ လူကြီးပိုင်းထဲက။ ဒါပေမယ့် ဒီနေ့ ကိစ္စက သူမ စီမံပိုင်ခွင့်ထဲက မဟုတ်ဘူး။
ဒါပေမယ့် ပိုင်မေရွှယ်က ကုမ္ပဏီ ခေါင်းဆောင်ထဲက တစ်ယောက်ဖြစ်တာကြောင့် သူ စိတ်ဆိုးလည်း ရိုးရိုးလေး သည်းခံရတော့မှာဘဲ။
"မစိုးရိမ်နဲ့ ငါတို့ ကုမ္ပဏီရဲ့ စာချုပ်တွေက အရမ်းကောင်းတယ် အခြားကုမ္ပဏီတွေလောက် စည်းကမ်းမတင်းကြပ်ဘူး"
ရှရှီပေရဲ့ စဉ်းစားနေတဲ့ အမူအရာကို မြင်တော့ သူ မြန်မြန် ရှင်းပြလိုက်တယ်။ "သင်တန်းသားတွေအတွက် အနည်းဆုံးက နှစ်နှစ်ဖြစ်ပြီး အများဆုံးက ငါးနှစ် မင်းအသက်အရွယ်နဲ့ကျတော့ သုံးနှစ်အများကြီးဘဲ ချုပ်သင့်တယ် ဒါကြောင့် စိတ်မပူနဲ့"
"ဟုတ်ကဲ့ ကျွန်မနားလည်ပါတယ် ကျွန်မ စဉ်းစားလိုက်ဦးမယ်" ရှရှီပေ ခေါင်းငြိမ့်လိုက်တယ်။ "ကျွန်မ အခု အိမ်ပြန်တော့မယ်"
"ဟုတ်ပြီ မင်း မိဘတွေနဲ့ အရင်ပြောလိုက်ဦး"
ဖန်းယန်ကို နှုတ်ဆက်ပြီး ရှရှီပေ အက်စ်ဝိုင် ကုမ္ပဏီက ထွက်သွားတယ်။
တစ်ဖက်တွင် ရှချင်းဟန်က ပိုင်မေရွှယ်ရဲ့ အခန်းထဲမှာဘဲ။
ပိုင်မေရွှယ်က အခု အက်စ်ဝိုင် ကုမ္ပဏီရဲ့ ရှယ်ယာရှင်ထဲက တစ်ယောက်ဖြစ်တာကြောင့် သူမမှာ ကိုယ်ပိုင် အခန်းရှိတယ်။
သူမ လှပပြီး သန့်ရှင်းတဲ့ ရှချင်းဟန်ကို ကြည့်လိုက်ေတာ့ သူမနှလုံးသားက နူးညံ့သွားတယ်။
ဒါပေမယ့် သူမ ရှရှီပေကို တွေးမိပြီး သူမ စိတ်အခြေအနေက ပြောင်းသွားတယ်။
"နောက်ပိုင်း ရှရှီပေနဲ့ နီးနကပ်ကပ်မနေနဲ့"
ရှချင်းဟန် ခဏလောက် ကြောင်အအဖြစ်သွားတယ်။
"ဘာလို့လဲ?"
သူမ ရှရှီပေကို မကြိုက်ပေမယ့်လည်း သူမ ပိုင်မေရွှယ်ရဲ့ ရုတ်တရက် လေးနက်မှုကို စိတ်ဝင်စားသွားတယ်။
"သမီးတို့က အဆင့်အတန်းချင်းမတူဘူး သူမကြောင့် သမီး မနိမ့်ကျစေနဲ့"
ရှချင်းဟန် ဘာမှမသိပံု မျက်တောင်ခတ်နေပေမယ့် ခေါင်းငြိမ့်လိုက်တယ်။ "ဟုတ် သမီး နားလည်ပါပြီ"
သူမ နည်းနည်းလေး ပျော်သွားတယ်။ ဒါဆို လူတိုင်းက ရှရှီပေကို ကြိုက်နှစ်သက်ေနတာမဟုတ်ဘူးဘဲ!
........
Zawgyi
- မိဘမ်ားကို လက္မွတ္ထိုးခိုင္းျခင္း
မိဘေတြကို လက္မွတ္ထိုးခိုင္းရမယ္?
႐ွ႐ွီေပ မင္သက္သြားတယ္။ သူမ ဒါေတြကို တကယ္မသိဘူး။
သူမ အရင္တုန္းက ဒီေလာကထဲဝင္ခဲ့တုန္းက အသက္ ႏွစ္ဆယ္႐ွိေနၿပီ ျဖစ္ၿပီး ကိုယ္ပိုင္ဆုံးျဖတ္ခ်က္ခ်ႏိုင္ေနၿပီ။ သူမ မိဘေတြရဲ႕ ခြင့္ျပဳခ်က္ေတြကို ေတာင္းခံေနစရာ မလိုဘူး။
ဒါေပမယ့္ အခုေတာ့ သူမက ၁၇ ႏွစ္႐ွိေသးတာျဖစ္ၿပီး ၁၈ႏွစ္ျပည့္မွသာ ဆုံးျဖတ္ခ်က္ခြင့္ရမွာျဖစ္တယ္။
"ကြၽန္မ မိဘေတြရဲ႕ လက္မွတ္လိုတယ္လား?"
"လိုတာေပါ့" ပိုင္ေမ႐ႊယ္ ျပဳံးလိုက္တယ္။ "မင္းက လူႀကီးမွ မျဖစ္ေသးတာ မင္းအမ်ားႀကီး ဆုံးျဖတ္ခ်က္ခ်လို႔မရေသးဘူး ဒါေၾကာင့္ မင္းမိဘေတြရဲ႕ လက္မွတ္လိုတာေပါ့"
႐ွ႐ွီေပ ဖန္းယန္ကို ၾကည့္လိုက္ေတာ့ ဖန္းယန္က စိတ္႐ႈပ္ေထြးေနတယ္။
"တကယ္ေတာ့ မင္းမိဘေတြ လာဖို႔ မလိုပါဘူး ဘာဘဲ ျဖစ္ျဖစ္ အခုမွ ဆယ္ေက်ာ္သက္အဆင့္႐ွိေသးတာ..."
"ေ႐ွာင္ဖန္း မင္းေျပာတာမွားေနတယ္" ပိုင္ေမ႐ႊယ္ မ်က္ႏွာက ေလးနက္သြားတယ္။ "ဒါက မင္းသိရမယ့္ ကုမၸဏီရဲ႕ စည္းမ်ဥ္းဘဲ ၿပီးေတာ့ ဒါေတြကလည္း ျဖစ္ေနက်ဘဲေလ"
ဖန္းယန္ရဲ႕ အမူအရာက နည္းနည္း ကို႔႐ို႕ကားယား ျဖစ္သြားတယ္။
တစ္ခ်ိဳ႕ သင္တန္းသားေတြက သူတို႔ ေက်ာ္ၾကားလာတာနဲ႔ ကုမၸဏီနဲ႔ စာခ်ဳပ္ဖ်က္ဖို႔ ဆုံးျဖတ္ခ်က္ခ်ၾကတယ္။
သူတို႔ ဘာလို႔ စာခ်ဳပ္ဖ်က္ၾကတာလဲဆိုေတာ့ သူတို႔ လက္မွတ္ထိုးတုန္းက ငယ္တုန္းဘဲ႐ွိေသးတယ္။ ကုမၸဏီက အငယ္ေတြကို မမွ်တတဲ့ စာခ်ဳပ္ေတြကို လိမ္ၿပီး လက္မွတ္ထိုးခိုင္းလို႔ အဲ့လိုစာခ်ဳပ္ေတြက အသုံးမဝင္ဘူး။
အဲ့လိုကိစၥေတြက ျဖစ္ေလ့ျဖစ္ထ ကိစၥေတြဘဲ။
ဒါေၾကာင့္ စာခ်ဳပ္ကို လက္မွတ္ထိုးတဲ့ေနရာမွာ သင္တန္းသားရဲ႕ မိဘေတြက႐ွိေနရတယ္။ သူတို႔ ေက်ာ္ၾကားလာရင္ ထြက္မသြားဖို႔အတြက္ဘဲ။
"ေ႐ွာင္ေပ မင္း မိဘေတြနဲ႔ အရင္စကားေျပာလိုက္ဦး ေနာက္က် သူတို႔ကို လာၿပီး လက္မွတ္ထိုးခိုင္းလိုက္" ပိုင္ေမ႐ႊယ္ ႐ွ႐ွီေပကို ျပဳံးၿပီး ေျပာလိုက္တယ္။
"ဟုတ္ကဲ့" ႐ွ႐ွီေပ ေအာင့္သက္သက္နဲ႔ ေခါင္းၿငိမ့္လိုက္တယ္။
ဒါေပမယ့္ သူမရင္ထဲမွာေတာ့ မ်က္ေမွာင္ၾကဳံ႕ေနတယ္။ သူမ ဒါကို မေမွ်ာ္လင့္ထားဘူး။
ဒါေပါ့ သူမ မိဘေတြကို လက္မွတ္ထိုးခိုင္းလို႔ဘယ္ရမလဲ?
သူမက သူတို႔နဲ႔ အဆက္အသြယ္ျဖတ္ေၾကာင္း စာခ်ဳပ္လုပ္ၿပီးသြားၿပီ။ သူမ သူတို႔ဆီ အကူအညီသြားေတာင္းရင္ အ႐ွက္ကြဲမွာေပါ့။
ဒါေပမယ့္ သူမမိဘေတြဆီမသြားရင္ သူမ သင္တန္းသားလုပ္လို႔မရဘူး။
သူမ သင္တန္းသားဘာညာ စိတ္မဝင္စားေပမယ့္လည္း သူမ တျဖည္းျဖည္းခ်င္းေတာ့ ယွဥ္ၿပိဳင္ပြဲထဲ ဝင္ခ်င္တယ္။
"ျပန္ၿပီးေတာ့ မိဘေတြနဲ႔ အရင္ေဆြးေႏြးလိုက္ဦး ၿပီးေတာ့ ဆုံးျဖတ္ခ်က္ခ်ၿပီးမွသာ လာေျပာလိုက္"
"ဟုတ္ကဲ့"
ဖန္းယန္ ႐ွ႐ွီေပကို ကုမၸဏီအျပင္ဘက္ကို လိုက္ပို႔ေပးလိုက္တယ္။ သူ႕အမူအရာက အနည္းငယ္ မသက္မသာျဖစ္ေနတယ္။
ပိုင္ေမ႐ႊယ္က ကုမၸဏီမွာ လူႀကီးပိုင္းထဲက။ ဒါေပမယ့္ ဒီေန႔ ကိစၥက သူမ စီမံပိုင္ခြင့္ထဲက မဟုတ္ဘူး။
ဒါေပမယ့္ ပိုင္ေမ႐ႊယ္က ကုမၸဏီ ေခါင္းေဆာင္ထဲက တစ္ေယာက္ျဖစ္တာေၾကာင့္ သူ စိတ္ဆိုးလည္း ႐ိုး႐ိုးေလး သည္းခံရေတာ့မွာဘဲ။
"မစိုးရိမ္နဲ႔ ငါတို႔ ကုမၸဏီရဲ႕ စာခ်ဳပ္ေတြက အရမ္းေကာင္းတယ္ အျခားကုမၸဏီေတြေလာက္ စည္းကမ္းမတင္းၾကပ္ဘူး"
႐ွ႐ွီေပရဲ႕ စဥ္းစားေနတဲ့ အမူအရာကို ျမင္ေတာ့ သူ ျမန္ျမန္ ႐ွင္းျပလိုက္တယ္။ "သင္တန္းသားေတြအတြက္ အနည္းဆုံးက ႏွစ္ႏွစ္ျဖစ္ၿပီး အမ်ားဆုံးက ငါးႏွစ္ မင္းအသက္အ႐ြယ္နဲ႔က်ေတာ့ သုံးႏွစ္အမ်ားႀကီးဘဲ ခ်ဳပ္သင့္တယ္ ဒါေၾကာင့္ စိတ္မပူနဲ႔"
"ဟုတ္ကဲ့ ကြၽန္မနားလည္ပါတယ္ ကြၽန္မ စဥ္းစားလိုက္ဦးမယ္" ႐ွ႐ွီေပ ေခါင္းၿငိမ့္လိုက္တယ္။ "ကြၽန္မ အခု အိမ္ျပန္ေတာ့မယ္"
"ဟုတ္ၿပီ မင္း မိဘေတြနဲ႔ အရင္ေျပာလိုက္ဦး"
ဖန္းယန္ကို ႏႈတ္ဆက္ၿပီး ႐ွ႐ွီေပ အက္စ္ဝိုင္ ကုမၸဏီက ထြက္သြားတယ္။
တစ္ဖက္တြင္ ႐ွခ်င္းဟန္က ပိုင္ေမ႐ႊယ္ရဲ႕ အခန္းထဲမွာဘဲ။
ပိုင္ေမ႐ႊယ္က အခု အက္စ္ဝိုင္ ကုမၸဏီရဲ႕ ႐ွယ္ယာ႐ွင္ထဲက တစ္ေယာက္ျဖစ္တာေၾကာင့္ သူမမွာ ကိုယ္ပိုင္ အခန္း႐ွိတယ္။
သူမ လွပၿပီး သန္႔႐ွင္းတဲ့ ႐ွခ်င္းဟန္ကို ၾကည့္လိုက္ေတာ့ သူမႏွလုံးသားက ႏူးညံ့သြားတယ္။
ဒါေပမယ့္ သူမ ႐ွ႐ွီေပကို ေတြးမိၿပီး သူမ စိတ္အေျခအေနက ေျပာင္းသြားတယ္။
"ေနာက္ပိုင္း ႐ွ႐ွီေပနဲ႔ နီးနကပ္ကပ္မေနနဲ႔"
႐ွခ်င္းဟန္ ခဏေလာက္ ေၾကာင္အအျဖစ္သြားတယ္။
"ဘာလို႔လဲ?"
သူမ ႐ွ႐ွီေပကို မႀကိဳက္ေပမယ့္လည္း သူမ ပိုင္ေမ႐ႊယ္ရဲ႕ ႐ုတ္တရက္ ေလးနက္မႈကို စိတ္ဝင္စားသြားတယ္။
"သမီးတို႔က အဆင့္အတန္းခ်င္းမတူဘူး သူမေၾကာင့္ သမီး မနိမ့္က်ေစနဲ႔"
႐ွခ်င္းဟန္ ဘာမွမသိပံဳ မ်က္ေတာင္ခတ္ေနေပမယ့္ ေခါင္းၿငိမ့္လိုက္တယ္။ "ဟုတ္ သမီး နားလည္ပါၿပီ"
သူမ နည္းနည္းေလး ေပ်ာ္သြားတယ္။ ဒါဆို လူတိုင္းက ႐ွ႐ွီေပကို ႀကိဳက္ႏွစ္သက္ေနတာမဟုတ္ဘူးဘဲ!
........