ရက်စက်သောနတ်ဘုရားမ
By nixie_thePisces
551K 63.6K 547
This story is not my own. All credit to original author and english translator. Original novel: The reincarna... More
ပထမ ဘ၀၌ ပြန်လည်မွေးဖွားခြင်း
ရင်းနှီးသောသူနှင့် ဝင်တိုးခြင်း
အသက်ကယ်ခြင်း
ကျွန်မအလုပ်ထွက်တော့မယ်
ရဲခေါ်ချင်တယ်
တာဝန်ယူမှု မရှိတဲ့ မိဘ
ငွေလိုချင်တယ်
သရဲဝင်ပူးနေတာဖြစ်ရမယ်
အချစ်တွေကုန်ဆုံးသွားပြီ
လမ်းခွဲလိုက်ပြီ
ဘယ်အချိန်ပြန်ပေးမှာလဲ
နင်တို့နှစ်ယောက် ပြတ်သွားတာလား?
တော်တော်ကြီးတဲ့ သတင်းဘဲ
အကြွေးပေးဖို့ ငြင်းနေတာဘဲ
အကြွေးရှင်
တော်တော် အကြံကြီးတာဘဲ
စုန့်ကျားရန်
ပထမဆုံး ကာစတမ်မာ
ငါနင့်ကို ယုံတယ်
ငါမအားဘူး
ချောင်ရန်ကျွယ်ကို တစ်ဖန်ပြန်တွေ့ခြင်း
ဒီနေ့က အပြင်ထွက်လို့ မကောင်းဘူး
လတစ်လရဲ့ အဲ့အချိန်
မင်း single ဖြစ်တာနဲ့ဘဲ တန်တယ်
တစ်ဗူးလုံး ဝယ်ခြင်း
ဒါကြီးက ဘယ်ကရောက်လာတာလဲ?
တစ်ကြိမ်အကြွေးတင်ခြင်း
ဟယ်လို မစ္စတာ ချောင်
ဆေးလိပ်မသောက်နဲ့
ယန်ရွှမ်ရဲ့ မိဘများ ရောက်လာခြင်း
သမီး သူ့ကို လုံးဝမရိုက်ဘူး
သူ ပြန်မပေးဘူး
သက်သေရှိတယ်
ရွံရှာခြင်း
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၇
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
အပိုင်း ၅၃
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၁
အပိုင်း ၆၂
အပိုင်း ၆၃
အပိုင်း ၆၄
အပိုင်း ၆၅
အပိုင်း ၆၆
အပိုင်း ၆၇
အပိုင်း ၆၈
အပိုင်း ၇၀
အပိုင်း ၇၁
အပိုင်း ၇၂
အပိုင်း ၇၃
အပိုင်း ၇၄
အပိုင်း ၇၅
အပိုင်း ၇၆
အပိုင်း ၇၇
အပိုင်း ၇၈
အပိုင်း ၇၉
အပိုင်း ၈၀
အပိုင်း ၈၁
အပိုင်း ၈၂
အပိုင်း ၈၃
အပိုင်း ၈၄
အပိုင်း ၈၅
အပိုင်း ၈၆
အပိုင်း ၈၇
အပိုင်း ၈၈
အပိုင်း ၈၉
အပိုင်း ၉၀
အပိုင်း ၉၁
အပိုင်း ၉၂
အပိုင်း ၉၃
အပိုင်း ၉၄
အပိုင်း ၉၅
အပိုင်း ၉၆
အပိုင်း ၉၇
အပိုင်း ၉၈
အပိုင်း ၉၉
အပိုင်း ၁၀၀
အပိုင်း ၁၀၁
အပိုင်း ၁၀၂
အပိုင်း ၁၀၃
အပိုင်း ၁၀၄
အပိုင်း ၁၀၅
အပိုင်း ၁၀၆
အပိုင်း ၁၀၇
အပိုင်း ၁၀၈
အပိုင်း ၁၀၉
အပိုင်း ၁၁၀
အပိုင်း ၁၁၁
အပိုင်း ၁၁၂
အပိုင်း ၁၁၃
အပိုင်း ၁၁၄
အပိုင်း ၁၁၅
အပိုင်း ၁၁၆
အပိုင်း ၁၁၇
အပိုင်း ၁၁၈
အပိုင်း ၁၁၉
အပိုင်း ၁၂၀
အပိုင်း ၁၂၁
အပိုင်း ၁၂၂
အပိုင်း ၁၂၃
အပိုင်း ၁၂၄
အပိုင်း ၁၂၅
အပိုင်း ၁၂၆
အပိုင်း ၁၂၇
အပိုင်း ၁၂၈
အပိုင်း ၁၂၉
အပိုင်း ၁၃၀
အပိုင်း ၁၃၁
အပိုင်း ၁၃၂
အပိုင်း ၁၃၃
အပိုင်း ၁၃၄
အပိုင်း ၁၃၅
အပိုင်း ၁၃၆
အပိုင်း ၁၃၇
အပိုင်း ၁၃၈
အပိုင်း ၁၃၉
အပိုင်း ၁၄၀
အပိုင်း ၁၄၁
အပိုင်း ၁၄၂
အပိုင်း ၁၄၃
အပိုင်း ၁၄၄
အပိုင်း ၁၄၅
အပိုင်း ၁၄၆
အပိုင်း ၁၄၇
အပိုင်း ၁၄၈
အပိုင်း ၁၄၉
အပိုင်း ၁၅၀
အပိုင်း ၁၅၁
အပိုင်း ၁၅၂
အပိုင်း ၁၅၃
အပိုင်း ၁၅၄
အပိုင်း ၁၅၅
အပိုင်း ၁၅၆
အပိုင်း ၁၅၇
အပိုင်း ၁၅၈
အပိုင်း ၁၅၉
အပိုင်း ၁၆၀
အပိုင်း ၁၆၁
အပိုင်း ၁၆၂
အပိုင်း ၁၆၃
အပိုင်း ၁၆၄
အပိုင်း ၁၆၅
အပိုင်း ၁၆၆
အပိုင်း ၁၆၇
အပိုင်း ၁၆၈
အပိုင်း ၁၆၉
အပိုင်း ၁၇၀
အပိုင်း ၁၇၁
အပိုင်း ၁၇၂
အပိုင်း ၁၇၃
အပိုင်း ၁၇၄
အပိုင်း ၁၇၅
အပိုင်း ၁၇၆
အပိုင်း ၁၇၇
အပိုင်း ၁၇၈
အပိုင်း ၁၇၉
အပိုင်း ၁၈၀
အပိုင်း ၁၈၁
အပိုင်း ၁၈၂
အပိုင်း ၁၈၃
အပိုင်း ၁၈၅
အပိုင်း ၁၈၄
အပိုင်း ၁၈၆
အပိုင်း ၁၈၇
အပိုင်း ၁၈၈
အပိုင်း ၁၈၉
အပိုင်း ၁၉၀
အပိုင်း ၁၉၁
အပိုင်း ၁၉၂
အပိုင်း ၁၉၃
အပိုင်း ၁၉၄
အပိုင်း ၁၉၅
အပိုင်း ၁၉၆
အပိုင်း ၁၉၇
အပိုင်း ၁၉၈
အပိုင်း ၁၉၉
အပိုင်း ၂၀၀
အပိုင်း ၆၉
3K 398 5
By nixie_thePisces
Unicode
- စာမေးပွဲခန်းတူတူ
သူမ ရှရှီပေကို မြင်တော့ ရှချင်းဟန်မျက်နှာ ပျက်သွားတယ် ။
သူမ ရှရှီပေရဲ့ ရွှန်းစိုနေသော မျက်နှာလေးကို မြင်တော့ သူမ ရင်ထဲက မနာလိုမှုက ပိုပြီး တောက်လောင်လာတယ်။
သူမ ကလေးဘဝကတည်းက သူမရဲ့ အလှကို အမြဲတမ်း ယုံကြည်ချက်ရှိခဲ့တာ။
ဒါပေမယ့် ရှရှီပေရဲ့ ရုပ်ရည်က သူမက အကောင်းဆုံးမဟုတ်ဘူးဆိုတာကို သိမြင်လာစေတယ်။
အခြားကျောင်းသားတွေ ဘာပြောလဲဆိုတာကြားပြီးတော့ သူမပိုပြီး စိတ်ပျက်လက်ပျက်ဖြစ်သွားတယ်။
"ဟိုက တစ်ယောက်! နင်ရော ဒီအခန်းကျတာလား?" ရှချင်းဟန် စိတ်ကို ပြန်စုစည်းလိုက်ပြီး ရှရှီပေကို တောက်ပတဲ့အပြုံးပြုံးပြလိုက်တယ်။
"ဟုတ်တယ်"
ရှရှီပေနှုတ်ခမ်းက သေးငယ်ပြီး ယှဉ်ကျေးတဲ့ အပြုံးတစ်ခုပေါ်လာပြီးနောက် ပြန်လှည့်ပြီး သူမ ထိုင်ရမယ့်နေရာကို ထိုင်လိုက်တော့တယ်။
ရှရှီပေရဲ့ အေးစက်ပြီး ဘက်မလိုက်သော တုန့်ပြန်မှုက ရှချင်းဟန်ကို မကျေမနပ်ဖြစ်စေတယ်။
ကျောင်းသားအကုန်လုံးက သူတို့ကို အာရုံစိုက်နေတာကြောင့် သူမ ကို့ရို့ကားယားအပြုံးတစ်ခုသာ ပြုံးနိုင်တာက လွဲပြီး ဘာမှမလုပ်နိုင်။
ဒါ‌ေပမယ့် သူမ စိတ်အခြေအနေက မကြာမီဘဲ မကောင်းတော့။
ဘာလို့လဲဆိုတော့ သူမခုံက ရှရှီပေရဲ့ ဘေးမှာ ဖြစ်ပြီး ကြားထဲက လမ်းဘဲ ခြားတယ်!
ရှရှီပေလည်း ညီတူညီမျှ စကားလုံးပျောက်ရှသွားတယ်။ သူမ ရှချင်းဟန်နဲ့ နှီးနွယ်မှု အဲ့လောက်ပြင်းမယ် မထင်ထားဘူး။
ဒီလိုတွေက အရင်တုန်းက မဖြစ်ဖူးဘူးမလား?
"ငါ..."
ရှချင်းဟန် လုပ်ပြီး ပြုံးကာ စကားလမ်းကြောင်းရှာနေတယ်။ ဒါပေမယ့် ဒီတစ်ခါတော့ ရှရှီပေ သူမကို လှည့်ကို မကြည့်ဘဲနဲ့ စာအုပ်ကိုဘဲ အာရုံစိုက်နေတယ်။
ရှချင်းဟန် ရှရှီပေ လုပ်ရပ်ကြောင့် ဒေါသထွက်လွန်းလို့ နှလုံးတောင် အောင့်တယ်။
ဒါပေမယ့် သူမ ထုတ်ပြလို့မရဘူး ဘာလို့လဲဆိုတော့ သူမမှာ ဂရုစိုက်စရာ ကျောင်းအလှလေးဆိုတဲ့ ဂုဏ်သိက္ခာရှိသေးတယ်!
အကုန်လုံး ခုံမှာ ထိုင်ပြီးတာနဲ့ ဆရာရောက်လာတယ်။
သူမ မေးခွန်းစာရွက်ရပြီဆိုတာနဲ့ ရှရှီပေ ရှချင်းဟန်ကို တည်ငြိမ်သော အပြုံးတစ်ခုပြုံးပြပြီး မေးခွန်းတွေကို စ‌ေဖြတော့တယ်။
ရှချင်းဟန် ထူးဆန်းတဲ့ အပြုံးကြောင့် ကြောင်အအဖြစ်သွားတယ်။
သူမ စိတ်ကသိကအောက်ဖြစ်သွားပြီး စိတ်ရှုပ်သွားတယ်။ သူမနဲ့ ရှရှီပေတို့ကြားမှာ ဘာ အချစ်အမုန်းမှမရှိတာကို ရှရှီပေက သူမကို ဘာလို့ ဒီလိုတွေ ဆက်ဆံနေရတာလဲ?
သူမ(ရှရှီပေ)ကို သူမ(ရှချင်းဟန်)က ကျော်ကြားတာကနေ ဟန့်တားနေမှာဆိုးလို့လား?
ဟ! သူမက အရမ်းဘဝမြင့်တာဘဲ မဟုတ်ဘူးလား?
ရှချင်းဟန် ခေါင်းထဲ တစ်ယောက်တည်း ရေရွတ်နေတယ်။ သူမ ရှရှီပေကို ကြည့်တဲ့ အကြည့်ထဲမှာ ထေ့ငေါ့တဲ့ပုံစံ အနည်းငယ်ပါနေတယ်။
ရှရှီပေက ကြည့်ကောင်းတယ်ဆိုတာမှန်ပေမယ့် ဆယ်လီတစ်ယောက် ဖြစ်ဖို့တော့မလွယ်ဘူး။
အရည်အချင်းနဲ့ အစွမ်းအစမရှိရင် ရုပ်ရည်တစ်ခုတည်းနဲ့ ‌‌ေရရှည်သွားနိုင်မှာမဟုတ်ဘူး။
ဖန်တွေ ဘယ်လောက်ဘဲ သက်ညှာပါစေ သူတို့ရဲ့ အိုင်ဒေါက စဉ်းစားဉာဏ်မရှိတဲ့သူဆိုတာသိရင် သူတို့ အပတ်တကုပ်ကြိုးစားနေတော့မှာ မဟုတ်ဘူး။
ဖျော်ဖြေရေးလောကမှာ အလှလေးတွေ အများကြီးရှိတာလည်း မမေ့နဲ့ဦး။ ရှရှီပေတစ်ယောက်တည်းနဲ့ ဘာမှ ဖြစ်မသွားဘူး။
ဒါ့အပြင်ကို ရှရှီပေ နောက်ခံနဲ့ သူမမှာ ဘယ်လိုလုပ် အရည်အချင်းတွေ ရှိမှာလဲ?
ရှရှီပေက သူမကိုယ် သူမ ထောက်ပံ့ဖို့ အချိန်ပိုင်း အလုပ်တွေ လုပ်ရတယ်ဆိုပြီးတောင် သူမကြားသေးတယ်။ သူမ သာမန် ရလဒ်တောင် ရနိုင်မှာ မဟုတ်ဘူး။
"ကိုယ့် စာရွက်ကိုဘဲ ကြည့်! လျှောက်‌ေငးမ‌ေနနဲ့!" ( မငေးနဲ့ ရေးမယ် မငေးနဲ့ ရေးမယ်😂)
ဆရာက စင်ပေါ်က စားပွဲကို ခေါက်လိုက်ပြီး ရှချင်းဟန်ကို လက်တွေ့ဘဝထဲ ပြန်ခေါ်လာတော့တယ်။
သူမ မြန်မြန် စိတ်ကို ပြန်စုစည်းလိုက်ပြီး သူမရှေ့က စာရွက်ကိုဘဲ အာရုံစိုက်ထားလိုက်တော့တယ်။
ရှရှီပေ ရှချင်းဟန် ခေါင်းထဲက အတွေးတွေကို လုံးဝသိမနေဘဲ စာရွက်ကိုဘဲ အာရုံစိုက်ထားတယ်။
သူမအတွက်ကတော့ မေးခွန်းတွေက အဲ့လောက်မခက်ဘူး။ စာအုပ်ထဲက မေးခွန်းတွေကိုမှ စာကြောင်းတွေ ပြောင်းရေးထားရုံဘဲ။
ဖတ်စာနားလည်မှုကတော့ မှန်ကန်တဲ့ နည်းလမ်းတွေကို ပိုင်နိုင်ရင်တော့ ကလေးကစားစရာသာသာဘဲ ရှိတာ။
စာစီစာကုံးကတော့ ဘဝမှာ ကြုံတွေခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ အမြင်တွေကို အဓိကထားပြီး ချောချောမွေ့မွေ့ သီကုံးနိုင်တယ်။
ရှရှီပေ ဘာသာစကားကို နှစ်နာရီထဲနဲ့ ပြီးသွားတယ်။
ရှချင်းဟန် ရှရှီပေ ‌အ‌ေဖြလွှာကို ကြိုအပ်တာကို မြင်တော့ မင်သက်သွားပြီး လှောင်ပြောင်လိုက်တယ်။
သူမ မဖြေနိုင်လို့ အဖြေလွှာကိုကြိုအပ်တာ! အဲ့တာဘဲ ဖြစ်ရမယ် ဟုတ်တယ်မလား?
ဘာသာစကားတင်မဟုတ်ဘူး။ ရှရှီပေ နောက်ဘာသာတွေကိုလည်း အချိန်မပြည့်ခင်ကြိုအပ်တယ်။
အဲ့လိုလုပ်တာတွေက သူမ တကယ်ဖြေနိုင်လို့လားဆိုပြီး အားလုံးကို မေးခွန်းထုတ်စေတယ်။ သူမ ကြိုအပ်တာက ဘာမှ ဖြေစရာမရှိတော့လောက်အောင် ရှုံးစရာမရှိလောက်အောင် ဆိုးရွားနေလို့လား?"
......
နောက်အပိုင်းလာဦးမယ်နော်😁 ဆက်ပြန်လိုက်ဦးမယ်
ရှရှီပေရဲ့ mental age က ချောင်ရန်ကျွယ်ထက် ကြီးတယ်ဆိုတာ သိကြရဲ့လား?
ပထမဘဝမှာ ၂၀ကျော်မှာသေတယ် ဒုတိယဘဝမှာ ၃၀နားကပ်တော့သေတယ်။ အခု‌ ရှရှီပေက အန်တီကြီးဆိုတာ သိကြရဲ့လား? 🥴
Zawgyi
- စာမေးပွဲခန်းတူတူ
"ဟုတ်တယ်"
ဒါ‌ပေမယ့် သူမ စိတ်အခြေအနေက မကြာမီဘဲ မကောင်းတော့။
"ငါ..."
သူမ မေးခွန်းစာရွက်ရပြီဆိုတာနဲ့ ရှရှီပေ ရှချင်းဟန်ကို တည်ငြိမ်သော အပြုံးတစ်ခုပြုံးပြပြီး မေးခွန်းတွေကို စ‌ဖြေတော့တယ်။
အရည်အချင်းနဲ့ အစွမ်းအစမရှိရင် ရုပ်ရည်တစ်ခုတည်းနဲ့ ‌‌ရေရှည်သွားနိုင်မှာမဟုတ်ဘူး။
"ကိုယ့် စာရွက်ကိုဘဲ ကြည့်! လျှောက်‌ငေးမ‌နေနဲ့!" ( မငေးနဲ့ ရေးမယ် မငေးနဲ့ ရေးမယ်😂)
ရှချင်းဟန် ရှရှီပေ ‌အ‌ဖြေလွှာကို ကြိုအပ်တာကို မြင်တော့ မင်သက်သွားပြီး လှောင်ပြောင်လိုက်တယ်။
......
Continue Reading
You'll Also Like
27.7K 1.5K 4
"သခင်​မ​လေး စွပ်​ပြုတ်​ကို​သောက်​ပါ ပြီးရင်​အရာအားလုံးကို​မေ့ပစ်​ပါ။ ဒီဘဝရဲ့ နာကျင်​ခံစားရမှု​တွေ ၊ အ​တောမသတ်​နိုင်​တဲ့ဆန္ဒ​တွေမရှိပဲနဲ့ ဘဝသစ်​မှာ ပြ...
723K 41.2K 26
Jk - Possessive type #Warning Cv_ Pinterest
29.1K 3.1K 52
Title- Futuristic Gourmet's Spoiled Marriage
75.4K 10.4K 76
Author - 麟潜 (Lin Qian). Bai Chu Nian x Lan Bo 白楚年×兰波 Original Title - 人鱼陷落 / ရန်ယွီရှန့်လော့ Eng Title - The Fallen Merman / Preference of Poseid...