"Dear Kyauk Khal"(Complete)

Par Aakhara1993

653K 59.2K 6.1K

၁၉၃၀ ခုနှစ်ကျော်ဝန်းကျင်အားပြန်လည်ပုံဖော်ထားသော အချစ်ဇတ်လမ်းတစ်ပုဒ်ဖြစ်၏။ မှတ်ချက် =[Role Sensitive သမားတွေအန... Plus

(အမှာစာ)(ဖတ်ပေးကြပါရန်)
အပိုင်း(၁) "မောင်ကျောက်ခဲ"
အပိုင်း(၂)"ဗညားသိင်္ခ"
အပိုင်း(၃)"ဧည့်သည်သွားကြိုလေပြီ"
အပိုင်း(၄)"ရင်းနှီးလာကြခြင်း"
အပိုင်း(၅)"ချောကလိတ်"
အပိုင်း(၆)"ထမင်းလက်ဆုံစားခြင်း"
အပိုင်း(၇)"မာယာများခြင်းအနုပညာ"
အပိုင်း(၈)"မောင်ကျောက်ခဲလေး စကားထစ်သွားခြင်း"
အပိုင်း(၉)"မန်ကျည်းပင်ကြီးအောက်ဝယ်"
အပိုင်း(၁၀)"မောင်ကျောက်ခဲလေးစကားထစ်သွားခြင်း (၂)"
အပိုင်း(၁၁)"ဇီးကွက်ရဲ့ထူးဆန်းသောစကား"
အပိုင်း(၁၂)"အုတ်ခဲတိုက်၊ ဆီမီးတိုက်၊နတ်တိုက်"
အပိုင်း(၁၃)"လက်ထပ်ရန်တိုက်တွန်းခြင်း"
အပိုင်း(၁၄)"ထန်းရည်ဆိုင်တွင်ဒိတ်ကြခြင်း"
အပိုင်း(၁၅)"ထန်းရည်သုံးခွက်သောက်ပြီးမှောက်သွားခြင်း"**
အပိုင်း(၁၆)"မျက်စိယားသွားတဲ့ ဇီးကွက်"
အပိုင်း(၁၇)"ဘိုလိုသီချင်းဆိုတတ်သောမိန်းကလေး"
အပိုင်း(၁၈)"အတင်းစေ့စပ်ခံရသောလူငယ်လေး"
အပိုင်း(၁၉)"အိမ်တိုင်ရာရောက်ခိုးနမ်းခြင်း"
အပိုင်း(၂၀)"ဇီးကွက်၏ဒေါသများပေါက်ကွဲထွက်လာခြင်း"
အပိုင်း(၂၁)"​ပြဿနာတက်လေပြီ"
အပိုင်း(၂၂)"တူဝရီးနှစ်ယောက်ပြဿနာတက်ကြခြင်း"
အပိုင်း(၂၃)"အက်ဆစ်လူသားအဖြစ်ပြောင်းလဲသွားသော 'သိင်္ခ'"
အပိုင်း(၂၄)" 'သိင်္ခ'နှာခေါင်းသွေးသျှံပြီ "
အပိုင်း(၂၅)"မြို့တက်ကြလေပြီ"
အပိုင်း(၂၆)"မပန်းထွေး"
အပိုင်း(၂၇)"ဖွင့်ဟဝန်ခံခြင်း"
အပိုင်း(၂၈)"အဝယ်တော်ထွက်လေပြီ"
အပိုင်း(၂၉)"ဖာလူဒါ ရိုးရာ"
အပိုင်း(၃၀)"အလှူဝင်ရက်-၁"
အပိုင်း(၃၁)"အလှူဝင်ရက် -၂"
အပိုင်း(၃၂)''အလှူဝင်ရက်-၃''
အပိုင်း(၃၃)"အလှူဝင်ရက်-၄"
အပိုင်း(၃၄)"ရန်ကုန်လိုက်ရန်ခွင့်ပြုပြီ"
အပိုင်း(၃၅)"စကားထာဝှက်ခြင်း"
အပိုင်း(၃၇)''ရွှေမြို့တော်သို့သွားရောက်ခြင်း''
အပိုင်း(၃၈)'မြွေမြွေချင်းခြေမြင်'
🗺️🚋Rangoon Arc🚋🗺
အပိုင်း(၃၉)"ရန်ကုန်မြို့သို့သွားရောက်ခြင်း"
အပိုင်း(၄၀)"အမာရွတ်လေးရဲ့ရာဇဝင်"
အပိုင်း(၄၁)"ခြောက်ခြောက်ခြားခြား"
အပိုင်း(၄၂)"ဒါလင်လို့ခေါ်ပါ"
အပိုင်း(၄၃)'ရန်ကုန်မြို့တခွင်လည်ပတ်ခြင်း'
အပိုင်း(၄၄)"ချစ်တီးထမင်းအတူတူစားခြင်း"
အပိုင်း(၄၅)"ဝီလီယမ်သောမက်စ်"
အပိုင်း(၄၆)"ဧည့်သည်တော်အားသွားကြိုခြင်း"
အပိုင်း(၄၇)"ပြန်လက်ခံရန်တောင်းဆိုခြင်း"
အပိုင်း(၄၈)"သံကြိုးစာရေးခြင်း"
အပိုင်း(၄၉)'အမာကြည်ရဲ့ရင်ခုန်သံတို့အစပြုရာ'
အပိုင်း(၅၀)'ရွှေရင်အေးဆိုင်ကရန်ပွဲ'
အပိုင်း(၅၁)'လက်ထပ်ခွင့်တောင်းလေပြီ'
အပိုင်း(၅၂)'အထင်လွဲခံနေရသောအမာကြည်'
အပိုင်(၅၃)'အိမ်ပြန်နောက်ကျတဲ့ သိင်္ခ'
အပိုင်း(၅၄)'ကျောကုန်းပေါ်ကခြစ်ရာတွေ'
အပိုင်း(၅၅)'အတို့အထောင်လုပ်တဲ့ငြိမ်းငြိမ်း'
အပိုင်း(၅၆)'ဒေါ်ရွှေဇင်ညိမ်းရဲ့ဒေါသ'
အပိုင်း(၅၇)'မောင်ကျောက်ခဲလေးရဲ့မျှော်လင့်ချက်'
အပိုင်း(၅၈)'ပွဲကြမ်းတဲ့သိင်္ခ'
အပိုင်း(၅၉)'ရူးသွားတဲ့သိင်္ခ'
အပိုင်း(၆၀)'မောင်ကျော်ဆွေလိုက်သွားခြင်း'
အပိုင်း(၆၁)'မောင်ကျောက်ခဲလေးသိသွားခြင်း'
အပိုင်း(၆၂)'ဦးရွှေမောင်ရဲ့အာဏာ'
အပိုင်း(၆၃)'ချွဲလွန်းသူကြီး'
အပိုင်း(၆၄)'ရွာပြန်လာကြခြင်း'
အပိုင်း(၆၅)'လယ်စောင့်တဲလေးတွင်အဆုံးသတ်သည်'
အချပ်ပို(၁)[ ပိတောက်လက်ဆောင်]
အချပ်ပို(၂)[ အိုးမဲသုတ်ခံလိုက်ရတဲ့ 'သိင်္ခ' ]
အချ​ပ်ပို(၃)[နှစ်သစ်ကူးည]
[Book Announcement ]
[Book Info]
[Question] [ဖတ်ဖြစ်အောင်ဖတ်ပေးကြပါရန်]
အချပ်ပို(၄) [ရွှေညာမြေမှဆွေမျိုးများ]
(ဖန်တီးမှုအသစ်- နတ်မင်း၏အစေခံ)

အပိုင်း(၃၆)''ကိုရင်လေးအားသွားရောက်နှုတ်ဆက်ခြင်း''

5.6K 625 66
Par Aakhara1993


Unicode
~~~~~~~

'သိင်္ခ'က သိသိသာသာကိုပဲ
'ကျောက်ခဲ'ရဲ့မျက်ဝန်းတွေထဲအထိ
စိုက်ကြည့်ရင်းဆိုလေတော့ ကျန်တဲ့လူတွေခမျာမှာ
အရူးအမဲသားကျွေးသလို ဖြစ်ကုန်ကြရတယ်။

"ဝေါင်းအမေးဇင်းး
တယ်ဟုတ်ပါလား။"

'ကျေးဥ'မရဲ့အသံကျယ်ကြီးကလဲ
ခြင်္သေ့တစ်ကောင်လိုထွက်ပေါ်လို့လာလေရဲ့။

" မှတ်ထားနော် သန်းဖေ"

"အေးပါကွာ။"

'သန်းဖေ'မှာလဲ 'အောင်တိုး'ရဲ့စကားကို
အကြောင်းပြန်ရတာတာဝန်တစ်ခုအလား။

"ကိုကြီး 'သိင်္ခ'က သိပ်တော်တာပဲ။"

"ဟုတ်ပါ့တော်။"

"အစ်ကို ကျုပ်ကို ရှင်းပြပါလား
အဲ့တာက ဘာကြောင့်အချစ်ဖြစ်ရသလဲဆိုတာလေ။"

ကျုပ်အစ်ကို့ကိုမေးလိုက်တော့ အစ်ကိုက ကျုပ်ရဲ့
ခေါင်းကို တစ်ချက်လောက်ပုတ်ပေးရင်းပြောလာတယ်ဗျ ။

"အဲ့တာက ဘာကြောင့်အချစ် ဖြစ်ရသလဲဆိုတော့
အချစ်ဆိုတာ ရှိမှန်းသိပေမဲ့မမြင်ရဘူးလေ၊ လူသားတိုင်းမှာအချစ်ရှိတတ်ကြတယ်။အချစ်ကြောင့်ပဲ
လူတွေဟာ ဝမ်းသာရသလို ဝမ်းနည်းရတဲ့အခါတွေလဲရှိလို့ပေါ့၊ နားလည်ပြီလား။"

ကျုပ်အစ်ကို့ရဲ့မျက်နှာလေးကိုကြည့်ရင်းခေါင်းညိတ်ပြလိုက်တယ်။ ကျုပ်နားလည်သွားပါပြီ၊ အချစ် ဆိုတာမမြင်ရပေမဲ့ သိပ်ကိုနက်နဲတဲ့အရာတစ်ခုဆိုတာ၊၊

'အစ်ကို့ ရဲ့ အပြုံးလှလှလေးမှာ ကျုပ်ရဲ့ပျော်ရွှင်မှုတွေဖြစ်တည်တယ်။အစ်ကို နဲ့ ပတ်သက်သမျှအရာအားလုံးကို ကျုပ်မြတ်နိုးတယ်။
အစ်ကိုက ကျုပ်အတွက် အိမ်မက်ဆန်လွန်းတဲ့ဖြစ်တည်မှုဆိုပေမဲ့ ဆုပ်ကိုင်ထားခွင့်ရှိတဲ့အချိန်တစ်ခုအထိဖမ်းဆုပ်ထားချင်ပါတယ်။'

ဒီလိုနဲ့ ကျုပ်တို့လဲ စကားထာဖွက်လိုက်၊
ရှေးဟောင်းနှောင်းဖြစ်တွေပြောလိုက်၊ သရဲတစ္ဆေအကြောင်းတွေပြောလိုက်နဲ့
'မောင်ရင်ပြန်ချိန်'လောက်ရောက်မှပဲ
ဝိုင်းသိမ်းပြီး အစ်ကို့ကို အိမ်ပြန်ပို့ဖို့ထွက်လာခဲ့လိုက်ကြတယ်။

ရွာလမ်းမတစ်လျှောက်မှာတော့ ဆီမီးရောင်လေး
တွေရှိနေဆဲပဲဗျ ၊ဆီမီးဆိုတဲ့အမျိုးက သူ့ခွက်ထဲမှာဆီနဲ့၊မီးစာရှိနေသ၍ လောင်နေတတ်တဲ့အမျိုးမဟုတ်လား။

ညကနက်လာပြီဆိုတော့ ကောင်းကင်ပေါ်မှာ
လမင်းကလည်းထိန်ထိန်၊ ကြယ်တွေကလည်း စုံစုံလင်လင်နဲ့အတော်ကိုလှတာဗျ ။ အလှဆုံးကတော့ အခုလိုအေးချမ်းတဲ့ညလေးမှာ အစ်ကို့ရဲ့လက်လေးကိုဆုပ်ကိုင်ပြီး လမ်းလျှောက်ခွင့်ရတဲ့အခိုက်အတန့်လေးပေါ့ဗျာ။

"အစ်ကို...ကျုပ်ဘက်ကို
တစ်ချက်လောက်မျက်နှာမူပေးပါလား။"

"အင်း..။"

အစ်ကိုက ကျုပ်ဘက်ကိုသေချာလေးမျက်နှာမူလာ
တော့ ကျုပ်လဲအစ်ကို့ရဲ့နဖူးလေးကိုဆွဲယူလိုက်ပြီး
ခပ်ရဲရဲလေးဖြစ်နေတဲ့ ဆံစနေရာလေးကို
အနမ်းခပ်ဖွဖွ ချွေလိုက်တယ်။

"ခုနက သိပ်နာသွားသလားဟင်။"

"အင်း..မင်းလေးကိုယ့်ကိုအားကြီးနဲ့တောက်တော့
သိပ်နာတာပေါ့ အခုတော့မနာတော့ပါဘူး။
နောက်များဆိုရင်လဲ မင်းကိုယ့်ကိုကြိုက်သလိုနာအောင်လုပ်လို့ရတယ်နော် ဒါပေမဲ့ အဲ့လိုလုပ်ပြီးရင်
သက်သာအောင်တော့ နမ်းပေးရမယ်။"

'သိင်္ခ'တစ်ယောက်ကတော့ တစ်ဖက်လူဆီကနေ
အနမ်းလေးတစ်ပွင့်ရလိုက်တာမို့ အင်မတန်
ပျော်ရွှင်လို့နေကာ နှလုံးသားတစ်ခုလုံးမှာလဲ
ပန်းတွေနဲ့ပြည့်လို့နေတော့တယ်။

"ကျောက်ခဲ လေး ရန်ကုန်သွားဖို့သေချာပြင်ထား
တော့နော် သန်ဘက်ခါ ရွာကနေထွက်မှာ။
ကိုယ်လဲ ရန်ကုန်ကိုရောက်တာသိပ်မကြာသေးဘူး
ဆိုတော့...မင်းနဲ့မှပဲ စုံအောင်လျှောက်လည်တော့
မယ်။ရွှေတိဂုံ စေတီကြီးကိုလည်းအတူဖူးကြမယ်၊
'စကော့ဒ်ဈေး ' နဲ့ 'သိမ်ကြီးဈေး'ကိုလဲသွားကြမယ်၊'ရိုးလ်'ကုန်တိုက်မှာဈေးဝယ်ထွက်မယ်။
'ဘုံဘေရက်စတောရင့်'မှာလဲ ညစာသွားကြမယ်။
'မဂို'လမ်းမှာလဲ ချစ်တီးထမင်း
အတူသွားစားကြမယ်နော်။"

ဘေးနားကနေ သာလိကာလေးလို
တတွတ်တွတ်ပြောလို့နေတဲ့ အစ်ကို့ရဲ့စကားအများစု
ကိုကျုပ်နားမလည်ပါဘူး သို့ပေမဲ့ အစ်ကိုနဲ့သာသွားချင်တယ်ဆိုရင် ဘယ်နေရာပဲဖြစ်ဖြစ် ကျုပ်ကလိုက်ဖို့ အသင့်ရှိပြီးသားပဲ။

"ဘယ်လိုဖြစ်ပြီး တိတ်နေတာတုန်း
ကိုယ့်ကို ပြန်ဖြေအုံးလေ။"

" ဟုတ်ပါပြီဗျာ...အစ်ကိုသွားချင်တဲ့နေရာက
ကမ္ဘာတစ်ခြမ်းဖြစ်နေရင်တောင်
ကျုပ်လိုက်ခဲ့ပါ့မယ်။"

"ကတိပေးလား။"

အစ်ကိုက ကျုပ်ရှေ့ကိုလက်သန်းလေးတစ်ချောင်း
ထောင်ပြရင်းပြောလာတာကြောင့် ကျုပ်လဲ
အစ်ကို့ရဲ့လက်သန်းလေးကို ကျုပ်လက်သန်းနဲ့ပြန်ချိတ်လိုက်ပြီး လက်မချင်းထိလို့ ကတိပြုလိုက်တော့တယ်။

"ကျောက်ခဲ...ကိုယ့်နှုတ်ခမ်းကိုနမ်းပါ။"

'သိင်္ခ'က တစ်ဖက်လူရဲ့ပုခုံးလေးကိုဆုပ်ကိုင်ရင်း
ပြောလိုက်တယ်။ လရောင်အောက်က နွေးထွေး
တဲ့အပြုံးတစ်ခုနဲ့ 'သိင်္ခ'ရဲ့မျက်ဝန်းတွေက
'ကျောက်ခဲ' နဲ့ပတ်သက်တဲ့အရာအားလုံးကို ဆွဲဆောင်ရန် အဆင်သင့်ရှိလို့နေခဲ့တယ်။

ကျုပ်လဲ အစ်ကို့ရဲ့ပါးပြင်အိအိလေးနှစ်ဖက်ကို
လက်နဲ့အုပ်ကိုင်ရင်း ကျုပ်ရဲ့နှုတ်ခမ်းတွေနဲ့
အစ်ကို့နှုတ်ခမ်းဖူးဖူးလေးကိုဖိကပ်ပစ်လိုက်တယ်။ဒီနှုတ်ခမ်းဖူးဖူးအိအိတွေက ထန်းရည်အခါးထက်ကျုပ်ကိုပိုပြီးယစ်မူးစေတယ်။

ဒီလိုနဲ့အစ်ကို့ရဲ့လက်တွေက ကျုပ်ရဲ့ခါးကိုခပ်တင်းတင်းတွယ်ဖက်လာပြီး အနမ်းတွေကပိုမိုလျင်မြန်၊ ကြမ်းရှလာတာကိုခံစားမိနေပေမဲ့ ကျုပ်တဖြည်းဖြည်းနဲ့သဘောကျလာတာမို့ အနမ်းတွေကို ပြန်လည်တုန့်ပြန်မိတော့တယ်။

ကျုပ်ဘဝမှာယောက်ျားတစ်ယောက်နဲ့ အခုလို
မွတ်မွတ်သိပ်သိပ်နမ်းရလိမ့်မယ်လို့ ကျုပ်တစ်ခါမှ
မတွေးခဲ့ဖူးပါဘူး။ဒါပေမဲ့ အစ်ကို့ရဲ့နှုတ်ခမ်းတွေက
အံသြစရာကောင်းလောက်အောင်ခံစားလို့ကောင်း
လွန်းတယ်။

ကဗျာဆန်စွာတိုက်ခတ်လို့နေတဲ့လေပြည်တွေကြား
မှာဆီမီးညွန့်တွေဟာတလွင့်လွင့်ယိမ်းနွဲ့လျက်ရှိပြီး၊
တဖြုတ်ဖြုတ်ကြွေကျလို့နေတဲ့ ရွာလမ်းမတစ်လျှောက်က ယုဇနပန်းပင်တွေအောက်မှာ
တစ်ယောက်ကိုတစ်ယောက်ပွေ့ဖက်ကာနမ်းရှိုက်
လို့နေကြတဲ့ လူသားနှစ်ယောက်ကြောင့်
လမင်းကြီးတောင် တိမ်တွေကြားပုန်းကွယ်နေရလေ
ရဲ့။

'ယုဇန ပန်းတို့သည် အဆင်အမြဲမွှေးထုံလျက်
ချစ်​​ခြင်းမေတ္တာတို့နှင့်အတူ တည်မြဲပါစေ။"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နောက်နေ့ရောက်တော့ ကျုပ်လဲမနက်စောစောထ
ဆွမ်း ထမင်း၊ ဆွမ်းဟင်း အဆင်သင့်ပြင်ပြီး
ဆွမ်းလောင်းဖို့ကို စောင့်နေလိုက်တယ်။
အရင်တုန်းကတော့ ကျောင်းမှာက ရွာဦးဆရာတော်နဲ့
သူတပည့်ဦးဇင်း တစ်ယောက်ပဲရှိတာမို့ ဆွမ်းခံထွက်ရင်တစ်ယောက်ပဲရှိတာဗျ၊၊ ကျောင်းထိုင်ဆရာတော်ကလမ်းသိပ်မလျှောက်နိုင်တော့ဘူးလေဗျာ။ အခုတော့ကျောင်းမှာ ကိုရင်တွေလဲရှိလာပြီ၊ အနည်းဆုံး
တစ်ဝါလောက်အထိဝတ်ကြမှာဆိုတော့
ဆွမ်းလဲများများလောင်းလို့ရပြီပေါ့ဗျ။

"ဆွမ်းတော်....ဗျို့!။"

သိပ်မကြာလိုက်ဘူး ရွာလမ်းတစ်လျှောက်ကနေ
ကြေးစည်ထုသံနဲ့အတူ ဘုန်းကြီးကျောင်းသား
'ခွေးပု' ရဲ့ ဗျို့ ဟစ်သံကပါ ထွက်လို့လာတာမို့ ကျုပ်လဲဝိုင်းထဲမှာ ထိုင်နေရင်းကနေ ဆွမ်းထမင်း၊ ဆွမ်းဟင်းတွေထည့်ထားတဲ့ ကြေးဗန်းကြီးကိုမပြီးဝိုင်းပြင်ကိုထွက်လာခဲ့လိုက်တယ်။

ကိုရင်ခုနစ်ပါးကိုဦးဆောင်ပြီး ကြွချီလာတဲ့
ဦးဇင်းဥတ္တမ ကနေစလို့ ကျုပ်ဆွမ်းထမင်းတွေကို
သပိတ်ထဲထည့်ပေးရင်း ဟင်းတွေကိုတော့
နောက်ထပ်ဘုန်းကြီးကျောင်းသားရဲ့ဒန်ငါးဆင့်ချိုင့်
ကြီးထဲပြောင်းထည့်ပေးလိုက်တယ်။ အဲ့ဒီနောက်
မှာတော့ကျုပ်လဲကန်တော့လိုက်ပြီး နီညိုရောင်
သင်္ကန်းနဲ့သိပ်ကိုကြည်စင်အေးချမ်းလို့နေတဲ့ကိုရင့်ကို
လျှောက်လိုက်တယ်။

"ကိုရင် တပည့်​တော်နေ့လည်ကျရင် ကိုရင့်ဆီ
လာခဲ့လို့ရပါသလား။"

"ရပါတယ်...ကိုရင်လဲဘဒကာကြီးကို မေးစရာ
ရှိတယ်..အခုတော့ သွားတော့မယ်။"

"တင်ပါ့..ကိုရင်။"

ကျုပ်ကိုရင်ကိုဦးသုံးကြိမ်ချ ကန်တော့လိုက်တယ်။အမှန်တိုင်းဆိုရရင် ကျုပ်ဒီကိစ္စကို ကိုရင့်ကို
မပြောချင်ဘူး။ကိုရင် စိတ်မကောင်းဖြစ်ပြီး ကျန်ခဲ့မှာကိုကျုပ်သိတယ်။ ဒါပေမဲ့ ကျုပ်မပြောပဲထွက်သွားခဲ့ရင်တော့ကိုရင် ကျုပ်ကိုစိတ်ဆိုးလိမ့်မယ်။

ဒီလိုနဲ့ ကျုပ်လဲမနက်ပိုင်းတစ်ပိုင်းလို့
သွားဖို့အတွက် လိုအပ်တာလေးတွေ သိမ်းဆည်း
နေရ​တော့အစ်ကိုနဲ့တောင်ခပ်ကြာကြာမတွေ့
ဖြစ်ပါဘူး။ အစ်ကိုကလဲ သိမ်းရဆည်းရနဲ့
ကိစ္စတွေများနေတာမို့လား။

နေ့လယ်လောက်ရောက်တော့ ထမင်းစားပြီးတာနဲ့
ကျုပ်ရွာဦးကျောင်းဆီထွက်လာခဲ့လိုက်တယ်။
ရွာဦး ကျောင်းကိုရောက်ခါနီးလေ ခြေလှမ်းတွေ
ပိုလေးလာလေပဲ။ ကျုပ်လဲကိုယ့်ကိုယ်ကိုယ်အားပေးလိုက်ရင်း အမပေးလိုက်တဲ့ ပေါက်ပေါက်ထန်းလျက် ထုပ်လေးကို ခပ်တင်းတင်းဆုပ်ကိုင်လို့ကျောင်းဝန်းထဲကို ဝင်လာခဲ့လိုက်တော့တယ်။

နေ့လည်နေ့ခင်းဆိုပေမဲ့ ကျောင်းဝန်းထဲက
သစ်ရိပ်၊ ဝါးရိပ်နဲ့ သိပ်ကိုအေးချမ်းတာဗျ ။

"ကိုရင်..။"

ကျောင်းဝန်းရဲ့တောင်ဘက်ထောင့်နားမှာ
ရှိတဲ့  မန်ကျည်းပင်ကြီးအောက်မှာ
ခြေထောက်လေးလွှဲရင်းထိုင်လို့နေတဲ့ ကိုရင့်
ဆီကို ကျုပ်လျှောက်သွားလိုက်တယ်။

"ဒါ ကိုရင် နေ့လယ်နေ့ခင်းဆာရင်
ဘုန်း(ဖုန်း)လို့ရအောင်ပါ"

ကျုပ်ကိုရင့်လက်ထဲကို  ထန်းလျက်ပါက်ပေါက်ထုတ်လေးထည့်ပေးလိုက်ပြီး ဦးချလိုက်တယ်။ကိုရင်က
အလှူ ဝင်နေ့က ရွှင်ပြုံးနေသလောက်၊ အခုတော့
မျက်နှာလေးက သိပ်မလန်းဘူးဗျ ။

"ထိုင်လေ...ဒကာကြီး
ဒကာကြီးက ကိုရင့်ဆီကိုအခုမှပဲ
ရောက်လာတော့တယ်။"

"ဟို...အဲ့ဒါက။"

ကျုပ်မှာလဲ ဘာပြောရမှန်းတောင်မသိတော့ပါဘူး၊ညက ကိုရင့်ဆီကိုသွားဖို့စိတ်ကူးမိပေမဲ့ ကိုရင်
ကျိန်း(အိပ်)နေမယ်ထင်လို့ မသွားလိုက်တော့တာ။
ဒီလိုသာ လျှောက်လိုက်ရင်လဲ
ကိုရင်ကကျုပ်ကိုဆင်ခြေပေးတယ်ဆိုပြီးပြောမှာ
သေချာသလောက်ပဲဗျ ။

"ထားပါလေ... ဒကာကြီး ကိုရင့်ကိုဘာပြော
စရာရှိလို့လဲ။"

"တ..တပည့်​တော်
မနက်ဖြန်မြို့ကိုလိုက်သွားရမယ် ကိုရင်။"

ကျုပ်အဲ့လိုလျှောက်လိုက်တော့ ကိုရင်က
ပြုံးတယ်ဗျ ။ကျိန်းသေပေါက် ကိုရင်ကပျော်လို့ပြုံးတာမဟုတ်ပါဘူး။ ကြည့်ရတာ ကိုရင်လဲ
သိနေတယ်ထင်ရဲ့။

"ကိုရင် သိပြီးသားပါ
ဒကာကြီး လာလျှောက်ပါ့မလားလို့ ကိုရင်က
စိုးရိမ်နေသေးတာ.။ဒကာကြီး ကိုရင့်ကို
အသိမပေးပဲ ထွက်သွားတော့မယ်ထင်နေတာ။"

ကိုရင်က ပေါက်ခနဲကျလာတဲ့မျက်ရည်တွေကို
သုတ်ရင်းဆိုလေတော့ ကျုပ်ရင်ဘတ်တစ်ခုလုံး
မမြင်ရတဲ့လက်တစ်စုံနဲ့ ဆွဲညှစ်သလို ခံစားလိုက်ရတယ်။

"တပည့်တော်အဲ့လို ယောင်လို့တောင်
မတွေးမိပါဘူး ကိုရင်။တပည့်တော် ကိုရင့်ကို
လာအသိပေးဖို့ ဝန်လေးနေခဲ့တယ်ဆိုတာ မှန်ပါတယ်
ကိုရင် အခုလိုမျက်ရည်ကျမယ်ဆိုတာတပည့်​တော်
သိနေလို့ပါ။"

"ဒကာကြီးက သိပ်သွားချင်နေမှာတော့
ကိုရင့်ရဲ့ မျက်ရည်တွေကလဲ တားဆီးနိုင်မှာမှ
မဟုတ်တာ...ဒကာကြီး သိပ်ကိုစိတ်အားထက်သန်
တာကိုကိုရင်ကဘာများပြောခွင့်ရှိမှာလဲ။"

ကိုရင်'ဇီးကွက်'ဟာ သင်္ကန်းစလေးနဲ့မျက်ရည်တွေကို
သုတ်ရင်းဝမ်းနည်းစွာဆိုလေတယ်။

"ကိုရင် မငိုပါနဲ့
တပည့်တော် တောင်းပန်ပါတယ်..။
ကိုရင်...တပည့်တော်နဲ့ရန်ကုန်ကို အတူလိုက်ခဲ့မလားဟင်တပည့်တော်'ကိုသိင်္ခ'နဲ့ သူကြီးတို့ကို ခွင့်တောင်းလိုက်ပါ့မယ်။"

'ကျောက်ခဲ'ဟာလဲဝေ့သီနေတဲ့ မျက်ရည်တွေကို
သုတ်လို့ ကိုရင့်ကိုလက်အုပ်လေးချီပြီးလျှောက်လိုက်တယ်။

"ဘယ်လိုလုပ်ခွင့်ပြုမှာလဲ ဒကာကြီးရယ်
ကိုရင် ဝတ်တာ တစ်ရက်နဲ့တစ်ပိုင်းပဲရှိသေးတာကို
လူဘယ်လိုလုပ်ထွက်လို့ရမှာလဲ...မြို့ကဒကာမကြီး
ကိုလဲ အားနာစရာကောင်းတယ်။"

ကိုရင်ဟာအသက်ကို
ဝမ်းခေါင်းနဲ့အပြည့် တစ်ချက်ရှိုက်လိုက်
ရင်းဆက်ပြောလေတယ်။

"သွားပါလေ...ဒကာကြီး လိုက်သွားပါကိုရင်
စောင့်နေမယ်။ဒကာကြီး ကိုရင့်ကို လူဝတ်လဲဖို့
လာလျှောက်တဲ့အထိ ကိုရင်စောင့်ပြီးကျန်ခဲ့ပါ့မယ်၊
ဒကာကြီး ပြန်မလာရင်လဲ ကိုရင်တစ်သက်လုံးပဲ
ဘုန်းကြီးဝတ်လိုက်ပါတော့မယ်။ဒကာကြီးလိုရာ
ကိုသာသွားပါ။"

"အဲ့လိုမဟုတ်ပါဘူး....ကိုရင်
တပည့်တော် ဟိုမှာတစ်နှစ်ပဲနေမှာ တစ်နှစ်ပြည့်ရင်
ရွာကိုပြန်လာမှာပါ။"

"ဒကာကြီး ကို ကိုရင်ယုံပါတယ်။
ကိုရင်ဒီမှာကျန်ခဲ့ရင်း တရားသေချာအားထုတ်လို့
ရန်ကုန်ကဒကာမကြီးရဲ့ ကျေးဇူးကိုဆပ်နိုင်အောင်
ကြိုးစားပါ့မယ်။ဒကာကြီး ကိုရင့်ကိုသာမေ့မသွားပါနဲ့"

ကိုရင့်ရဲ့စကားကြောင့်ကျုပ်လဲ
ထိန်းမထားနိုင်ပဲငိုကြွေးမိတော့တယ်။

"မမေ့ပါဘူး...ကိုရင့်ကို တပည့်တော်ကဘာကြောင့်
မေ့ရမှာလဲ ငယ်စဉ်ဘဝကတည်းက
တပည့်တော်နဲ့ကိုရင်ဆိုတာ ကိုယ်ပွားတွေလိုနေခဲ့ကြတာပါ။တပည့်တော်ကိုရင့်ကို ဘာကြောင့်များမေ့ရမှာပါလဲ။"

"ကောင်းပြီ   ....ကောင်းပြီ
ကိုရင်မငိုတော့ဘူး ဒကာကြီးလဲမငိုနဲ့တော့
ဒကာကြီး ဟိုရောက်ရင် ကျန်းမာရေးလဲဂရုစိုက်ပါ။
ကိုရင့်ဆီကိုလည်း လတိုင်း သံကြိုးစာရိုက်
ကိုရင် တရားထိုင်ဖို့သွားတော့မယ်....ဒကာကြီး
သွားလမ်းသာလို့၊ လာလမ်းဖြောင့်ပါစေ။"

ကိုရင်ဇီးကွက်ဟာရှိုက်သံကြီးနဲ့ ဆုပေးလို့
ထွက်သွားရန် ခုံတန်းလေးပေါ်ကဆင်းလေတယ်။
ကိုရင် ဟာလက်သီးလေးတွေကို ခပ်တင်းတင်းဆုပ်လို့ငိုချင်စိတ်ကို အံကြိတ်ထိန်းရင်း 'ကျောက်ခဲ'ကို
ကျောခိုင်း ပြီးထွက်လာလေတယ်။

"ကိုရင် လဲအစားအသောက်၊အနေအထိုင်ကစလို့
အစစအရာရာဂရုစိုက်ပါနော်။"

နောက်ကျောဘက်ကထွက်လာတဲ့ ငိုသံနှောတဲ့
အသံသြသြကြောင့် ကိုရင်လေးခမျာ ထိန်းထား
သမျှမျက်ရည်တွေတာကျိုးလေပြီး 'ကျောက်ခဲ'
ထံကို ခပ်မြန်မြန်ပြေးလာကာ ဖက်ငိုလေတော့တယ်။

"ဒကာကြီး မြန်မြန်ထွက်သွားပါတော့..
ကိုရင်ကိုမလွှတ်ချင်အောင်မလုပ်ပါနဲ့။"

"တင်ပါ့...ကိုရင်..တင်ပါ့!
တပည့်တော်သွားပါ့မယ် ...ကိုရင်အငိုတ်ိတ်တော့နော်။"

'ကျောက်ခဲ 'လဲ'ကိုရင်'လေးကို ခဏလောက်
ဖက်ထားလိုက်ပြီးမှ လွှတ်ပေးလိုက်ကာ
ထိုနေရာကနေထွက်လာခဲ့တော့တယ်။

ပေါက်ပေါက်ထန်းလျက် အထုပ်လေးကို ရင်ဘတ်နား
မှာသေချာပိုက်ထားရင်း ငိုယိုကာကျန်ခဲ့လေသော
ကိုရင်လေး နဲ့ ဖိနပ်စီးဖို့ပင်သတိမရပဲမျက်ရည်
တွေဖြင့်သာ ကျောခိုင်းခဲ့လေသော 'ကျောက်ခဲ'
တို့၏ သံယောဇဉ်ကြိုးမှာအလွန်ကိုခိုင်မြဲလှလေတယ်။

သိတတ်စအရွယ်ကတည်းက ထိန်းကျောင်းခဲ့ရသော
အနှီကလေးငယ်လေးနှင့်မိသားစု၊ ငယ်စဉ်ကတည်းကတန်ဖိုးထားချစ်ခင်ခဲ့ရသောမွေးရပ်ရွာလေးကိုသူကိုယ်တိုင်လဲ ခွဲခွာဖို့အဆင်သင့်မဖြစ်သေး။ရင်ထဲမှာနာကျင်နေရ၏။

အဆုံးသတ်မှာတော့ သူဟာ
ချစ်ရသူနဲ့မွေးရပ်သူဘယ်ဟာကိုမှစွန့်လွှတ်ဖို့
အဆင်သင့်မဖြစ်သေးပေ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အပ်ပေးလိုက်ပါပြီ၊ ဖတ်ပေးဖို့ကမင်းလေးတို့တာဝန်ပါ။

[AK/ဘာသာရေးနဲ့မရောယှက်ပဲ
ဇတ်လမ်းအရဘဲခံစားပေးပါဗျ ၊
ဘာသာရေးနဲ့ပတ်သတ်လို့ထိခိုက်၊စော်ကားလိုစိတ်မရှိပါ။ အမှားတွေတွေ့ပါက ထောက်ပြပေးလို့ရပါတယ်]

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

Zawgyi
~~~~~~~
Previous Chapter
~~~~~~~~~~~~~~
"ေက်ာက္ခဲ ေလးေရာ သိသလား။"

အစ္ကိုကေမးလာေတာ့
က်ဳပ္လည္းေခါင္းသာခါျပလိုက္ေတာ့တယ္။
အစ္ကို႔ေမးခြန္းက ခက္လိုက္တာ။

"ဟုတ္ၿပီ...အားလုံးပန္းေပးၿပီဆိုေတာ့
အေျဖမွန္က'အခ်စ္'ေလ .... 'အခ်စ္' ေပါ့
'ေက်ာက္ခဲေလး'ရဲ႕။

🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚

'သိခၤ'က သိသိသာသာကိုပဲ
'ေက်ာက္ခဲ'ရဲ႕မ်က္ဝန္းေတြထဲအထိ
စိုက္ၾကည့္ရင္းဆိုေလေတာ့ က်န္တဲ့လူေတြခမ်ာမွာ
အ႐ူးအမဲသားေကြၽးသလို ျဖစ္ကုန္ၾကရတယ္။

"ေဝါင္းးးးးအေမးးးဇင္းးးး
တယ္ဟုတ္ပါလား။"

'ေက်းဥ'မရဲ႕အသံက်ယ္ႀကီးကလဲ
ျခေသၤ့တစ္ေကာင္လိုထြက္ေပၚလို႔လာေလရဲ႕။

" မွတ္ထားေနာ္ 'သန္းေဖ' "

"ေအးပါကြာ။"

'သန္းေဖ'မွာလဲ 'ေအာင္တိုး'ရဲ႕စကားကို
အေၾကာင္းျပန္ရတာတာဝန္တစ္ခုအလား။

"ကိုႀကီး 'သိခၤ'က သိပ္ေတာ္တာပဲ။"

"ဟုတ္ပါ့ေတာ္။"

"အစ္ကို က်ဳပ္ကို ရွင္းျပပါလား
အဲ့တာက ဘာေၾကာင့္အခ်စ္ျဖစ္ရသလဲဆိုတာေလ။"

က်ဳပ္အစ္ကို႔ကိုေမးလိုက္ေတာ့ အစ္ကိုက က်ဳပ္ရဲ႕
ေခါင္းကို တစ္ခ်က္ေလာက္ပုတ္ေပးရင္းေျပာလာတယ္ဗ် ။

"အဲ့တာက ဘာေၾကာင့္အခ်စ္ ျဖစ္ရသလဲဆိုေတာ့
အခ်စ္ဆိုတာ ရွိမွန္းသိေပမဲ့မျမင္ရဘူးေလ၊ လူသားတိုင္းမွာအခ်စ္ရွိတတ္ၾကတယ္။အခ်စ္ေၾကာင့္ပဲ
လူေတြဟာ ဝမ္းသာရသလို ဝမ္းနည္းရတဲ့အခါေတြလဲရွိလို႔ေပါ့၊ နားလည္ၿပီလား။"

က်ဳပ္အစ္ကို႔ရဲ႕မ်က္ႏွာေလးကိုၾကည့္ရင္းေခါင္းညိတ္ျပလိုက္တယ္။ က်ဳပ္နားလည္သြားပါၿပီ၊ အခ်စ္ ဆိုတာမျမင္ရေပမဲ့ သိပ္ကိုနက္နဲတဲ့အရာတစ္ခုဆိုတာ၊၊

'အစ္ကို႔ ရဲ႕ အၿပဳံးလွလွေလးမွာ က်ဳပ္ရဲ႕ေပ်ာ္႐ႊင္မႈေတြျဖစ္တည္တယ္။
အစ္ကို နဲ႕ ပတ္သက္သမွ်အရာအားလုံးကို
က်ဳပ္ျမတ္နိုးတယ္။
အစ္ကိုက က်ဳပ္အတြက္ အိမ္မက္ဆန္လြန္းတဲ့ျဖစ္တည္မႈဆိုေပမဲ့ ဆုပ္ကိုင္ထားခြင့္ရွိတဲ့အခ်ိန္တစ္ခုအထိဖမ္းဆုပ္ထားခ်င္ပါတယ္။'

ဒီလိုနဲ႕ က်ဳပ္တို႔လဲ စကားထာဖြက္လိုက္၊
ေရွးေဟာင္းႏွောင္းျဖစ္ေတြေျပာလိုက္၊ သရဲတစ္ေဆအေၾကာင္းေတြေျပာလိုက္နဲ႕
'ေမာင္ရင္ျပန္ခ်ိန္'ေလာက္ေရာက္မွပဲ
ဝိုင္းသိမ္းၿပီး အစ္ကို႔ကို အိမ္ျပန္ပို႔ဖို႔ထြက္လာခဲ့လိုက္ၾကတယ္။

႐ြာလမ္းမတစ္ေလွ်ာက္မွာေတာ့ ဆီမီးေရာင္ေလးေတြရွိေနဆဲပဲဗ် ၊ဆီမီးဆိုတဲ့အမ်ိဳးက သူ႕ခြက္ထဲမွာဆီနဲ႕၊မီးစာရွိေနသ၍ ေလာင္ေနတတ္တဲ့အမ်ိဳးမဟုတ္လား။

ညကနက္လာၿပီဆိုေတာ့ ေကာင္းကင္ေပၚမွာ
လမင္းကလည္းထိန္ထိန္၊ ၾကယ္ေတြကလည္း စုံစုံလင္လင္နဲ႕အေတာ္ကိုလွတာဗ် ။ အလွဆုံးကေတာ့ အခုလိုေအးခ်မ္းတဲ့ညေလးမွာ အစ္ကို႔ရဲ႕လက္ေလးကိုဆုပ္ကိုင္ၿပီး လမ္းေလွ်ာက္ခြင့္ရတဲ့အခိုက္အတန႔္ေလးေပါ့ဗ်ာ။

"အစ္ကို...က်ဳပ္ဘက္ကို
တစ္ခ်က္ေလာက္မ်က္ႏွာမူေပးပါလား။"

"အင္း..။"

အစ္ကိုက က်ဳပ္ဘက္ကိုေသခ်ာေလးမ်က္ႏွာမူလာ
ေတာ့ က်ဳပ္လဲအစ္ကို႔ရဲ႕နဖူးေလးကိုဆြဲယူလိုက္ၿပီးခပ္ရဲရဲေလးျဖစ္ေနတဲ့ ဆံစေနရာေလးကို
အနမ္းခပ္ဖြဖြ ေခြၽလိုက္တယ္။

"ခုနက သိပ္နာသြားသလားဟင္။"

"အင္း....မင္းေလးကိုယ့္ကိုအားႀကီးနဲ႕ေတာက္ေတာ့သိပ္နာတာေပါ့ အခုေတာ့မနာေတာ့ပါဘူး။ေနာက္မ်ားဆိုရင္လဲ မင္းကိုယ့္ကိုႀကိဳက္သလိုနာေအာင္လုပ္လို႔ရတယ္ေနာ္ ဒါေပမဲ့ အဲ့လိုလုပ္ၿပီးရင္
သက္သာေအာင္ေတာ့ နမ္းေပးရမယ္။"

'သိခၤ'တစ္ေယာက္ကေတာ့ တစ္ဖက္လူဆီကေန
အနမ္းေလးတစ္ပြင့္ရလိုက္တာမို႔ အင္မတန္
ေပ်ာ္႐ႊင္လို႔ေနကာ ႏွလုံးသားတစ္ခုလုံးမွာလဲ
ပန္းေတြနဲ႕ျပည့္လို႔ေနေတာ့တယ္။

"ေက်ာက္ခဲ ေလး ရန္ကုန္သြားဖို႔ေသခ်ာျပင္ထား
ေတာ့ေနာ္ သန္ဘက္ခါ ႐ြာကေနထြက္မွာ။
ကိုယ္လဲ ရန္ကုန္ကိုေရာက္တာသိပ္မၾကာေသးဘူး
ဆိုေတာ့...မင္းနဲ႕မွပဲ စုံေအာင္ေလွ်ာက္လည္ေတာ့မယ္။ေ႐ႊတိဂုံ ေစတီႀကီးကိုလည္းအတူဖူးၾကမယ္၊'စေကာ့ဒ္ေဈး ' နဲ႕ 'သိမ္ႀကီးေဈး'ကိုလဲသြားၾကမယ္၊'ရိုးလ္'ကုန္တိုက္မွာေဈးဝယ္ထြက္မယ္။
'ဘုံေဘရက္စေတာရင့္'မွာလဲ ညစာသြားၾကမယ္။
'မဂို'လမ္းမွာလဲ ခ်စ္တီးထမင္း
အတူသြားစားၾကမယ္ေနာ္။"

ေဘးနားကေန သာလိကာေလးလို
တတြတ္တြတ္ေျပာလို႔ေနတဲ့ အစ္ကို႔ရဲ႕စကားအမ်ားစုကိုက်ဳပ္နားမလည္ပါဘူး သို႔ေပမဲ့ အစ္ကိုနဲ႕သာသြားခ်င္တယ္ဆိုရင္ ဘယ္ေနရာပဲျဖစ္ျဖစ္ က်ဳပ္ကလိုက္ဖို႔ အသင့္ရွိၿပီးသားပဲ။

"ဘယ္လိုျဖစ္ၿပီး တိတ္ေနတာတုန္း
ကိုယ့္ကို ျပန္ေျဖဦးေလ။"

" ဟုတ္ပါၿပီဗ်ာ...အစ္ကိုသြားခ်င္တဲ့ေနရာက
ကမၻာတစ္ျခမ္းျဖစ္ေနရင္ေတာင္
က်ဳပ္လိုက္ခဲ့ပါ့မယ္။"

"ကတိေပးလား။"

အစ္ကိုက က်ဳပ္ေရွ႕ကိုလက္သန္းေလးတစ္ေခ်ာင္း
ေထာင္ျပရင္းေျပာလာတာေၾကာင့္
အစ္ကို႔ရဲ႕လက္သန္းေလးကို က်ဳပ္လက္သန္းနဲ႕ခ်ိတ္
လိုက္ၿပီး လက္မခ်င္းထိလို႔ ကတိျပဳလိုက္ေတာ့တယ္။

"ေက်ာက္ခဲ...ကိုယ့္ႏႈတ္ခမ္းကိုနမ္းပါ။"

'သိခၤ'က တစ္ဖက္လူရဲ႕ပုခုံးေလးကိုဆုပ္ကိုင္ရင္း
ေျပာလိုက္တယ္။ လေရာင္ေအာက္က ႏြေးေထြး
တဲ့အၿပဳံးတစ္ခုနဲ႕ 'သိခၤ'ရဲ႕မ်က္ဝန္းေတြက
'ေက်ာက္ခဲ' နဲ႕ပတ္သတ္တဲ့အရာအားလုံးကို ဆြဲေဆာင္ရန္ အဆင္သင့္ရွိလို႔ေနခဲ့တယ္။

က်ဳပ္လဲ အစ္ကို႔ရဲ႕ပါးျပင္အိအိေလးႏွစ္ဖက္ကို
လက္နဲ႕အုပ္ကိုင္ရင္း က်ဳပ္ရဲ႕ႏႈတ္ခမ္းေတြနဲ႕
အစ္ကို႔ရဲ႕ႏႈတ္ခမ္းဖူးဖူးေလးကိုဖိကပ္ပစ္လိုက္တယ္။ဒီႏႈတ္ခမ္းဖူးဖူးအိအိေတြက ထန္းရည္အခါးထက္က်ဳပ္ကိုပိုၿပီးယစ္မူးေစတယ္။

အစ္ကို႔ရဲ႕လက္ေတြက က်ဳပ္ရဲ႕ခါးကိုခပ္တင္းတင္း
တြယ္ဖက္လာၿပီး အနမ္းေတြကပိုမိုလွ်င္ျမန္၊ ၾကမ္းရွလာတာကိုခံစားမိေနေပမဲ့က်ဳပ္တျဖည္းျဖည္းနဲ႕သေဘာက်လာတာမို႔ အနမ္းေတြကို
ျပန္လည္တုန႔္ျပန္မိေတာ့တယ္။

က်ဳပ္ဘဝမွာေယာက္်ားတစ္ေယာက္နဲ႕ အခုလို
မြတ္မြတ္သိပ္သိပ္နမ္းရလိမ့္မယ္လို႔ က်ဳပ္တစ္ခါမွ
မေတြးခဲ့ဖူးပါဘူး။ဒါေပမဲ့ အစ္ကို႔ရဲ႕ႏႈတ္ခမ္းေတြကအံၾသစရာေကာင္းေလာက္ေအာင္ခံစားလို႔ေကာင္းလြန္းတယ္။

ကဗ်ာဆန္စြာတိုက္ခတ္လို႔ေနတဲ့ေလျပည္ေတြၾကား
၌ ဆီမီးၫြန႔္ေတြဟာ ေလအလာမွာယိမ္းႏြဲ႕လ်က္ရွိၿပီး၊တျဖဳတ္ျဖဳတ္ေႂကြက်လိဳ႕ေနတဲ့ ႐ြာလမ္းမတစ္ေလွ်ာက္က ယုဇနပန္းပင္ေတြေအာက္မွာတစ္ေယာက္ကိုတစ္ေယာက္ေပြ႕ဖက္ကာနမ္းရွိုက္လို႔ေနၾကတဲ့ လူသားႏွစ္ေယာက္ေၾကာင့္လမင္းႀကီးေတာင္ တိမ္ေတြၾကားပုန္းကြယ္ေနရလရဲ႕။

'ယုဇန ပန္းတို႔သည္ အဆင္အၿမဲေမႊးထုံလ်က္
ခ်စ္ျခင္းေမတၱာတို႔ႏွင့္အတူ တည္ၿမဲပါေစ။"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ေနာက္ေန႕ေရာက္ေတာ့ က်ဳပ္လဲမနက္ေစာေစာထဆြမ္း ထမင္း၊ ဆြမ္းဟင္း အဆင္သင့္ျပင္ၿပီးဆြမ္းေလာင္းဖို႔ကို ေစာင့္ေနလိုက္တယ္။
အရင္တုန္းကေတာ့ ေက်ာင္းမွာက ႐ြာဦးဆရာေတာ္နဲ႕သူတပည့္ဦးဇင္း တစ္ေယာက္ပဲရွိတာမို႔ ဆြမ္းခံထြက္ရင္တစ္ေယာက္ပဲရွိတာဗ်၊၊ ေက်ာင္းထိုင္ဆရာေတာ္ကလမ္းသိပ္မေလွ်ာက္နိုင္ေတာ့ဘူးေလဗ်ာ။ အခုေတာ့ေက်ာင္းမွာ ကိုရင္ေတြလဲရွိလာၿပီ၊ အနည္းဆုံးတစ္ဝါေလာက္အထိဝတ္ၾကမွာဆိုေတာ့
ဆြမ္းလည္းမ်ားမ်ားေလာင္းလို႔ရၿပီေပါ့ဗ်။

"ဆြမ္းေတာ္....ဗ်ိဳ႕!။"

သိပ္မၾကာလိုက္ဘူး ႐ြာလမ္းတစ္ေလွ်ာက္ကေန
ေၾကးစည္ထုသံနဲ႕အတူ ဘုန္းႀကီးေက်ာင္းသား'ေခြးပု' ရဲ႕ ဗ်ိဳ႕ ဟစ္သံကပါ ထြက္လို႔လာတာမို႔ က်ဳပ္လည္းဝိုင္းထဲမွာ ထိုင္ေနရင္းကေန ဆြမ္းထမင္း၊ ဆြမ္းဟင္းေတြထည့္ထားတဲ့ ေၾကးဗန္းႀကီးကိုမၿပီးဝိုင္းျပင္ကိုထြက္လာခဲ့လိုက္တယ္။

ကိုရင္ခုနစ္ပါးကိုဦးေဆာင္ၿပီး ႂကြခ်ီလာတဲ့
ဦးဇင္းဥတၱမ ကေနစလို႔ က်ဳပ္ဆြမ္းထမင္းေတြကိုသပိတ္ထဲထည့္ေပးရင္း ဟင္းေတြကိုေတာ့
ေနာက္ထပ္ဘုန္းႀကီးေက်ာင္းသားရဲ႕ဒန္ငါးဆင့္ခ်ိဳင့္ႀကီးထဲေျပာင္းထည့္ေပးလိုက္တယ္။ အဲ့ဒီေနာက္မွာေတာ့က်ဳပ္လဲကန္ေတာ့လိုက္ၿပီး နီညိုေရာင္
သကၤန္းနဲ႕သိပ္ကိုၾကည္စင္ေအးခ်မ္းလို႔ေနတဲ့ကိုရင့္ကိုေလွ်ာက္လိုက္တယ္။

"ကိုရင္ တပည့္ေတာ္ပ္ေန႕လည္က်ရင္ ကိုရင့္ဆီ
လာခဲ့လို႔ရပါသလား။"

"ရပါတယ္...ကိုရင္လဲဘဒကာႀကီးကို ေမးစရာ
ရွိတယ္..အခုေတာ့ သြားေတာ့မယ္။"

"တင္ပါ့..ကိုရင္။"

က်ဳပ္လဲကိုရင္ကိုဦးသုံးႀကိမ္ခ် ကန္ေတာ့လိုက္တယ္။အမွန္တိုင္းဆိုရရင္ က်ဳပ္ဒီကိစၥကို ကိုရင့္ကို
မေျပာခ်င္ဘူး။ကိုရင္ စိတ္မေကာင္းျဖစ္ၿပီး က်န္ခဲ့မွာကိုက်ဳပ္သိတယ္။ ဒါေပမဲ့ က်ဳပ္မေျပာပဲထြက္သြားခဲ့ရင္ေတာ့ကိုရင္ က်ဳပ္ကိုစိတ္ဆိုးလိမ့္မယ္။

ဒီလိုနဲ႕ က်ဳပ္လဲမနက္ပိုင္းတစ္ပိုင္းလို႔
သြားဖို႔အတြက္ လိုအပ္တာေလးေတြ သိမ္းဆည္းေနရေတာ့အစ္ကိုနဲ႕ေတာင္ခပ္ၾကာၾကာမေတြ႕
ျဖစ္ပါဘူး။ အစ္ကိုကလဲ သိမ္းရဆည္းရနဲ႕
ကိစၥေတြမ်ားေနတာမို႔လား။

ေန႕လယ္ေလာက္ေရာက္ေတာ့ ထမင္းစားၿပီးတာနဲ႕က်ဳပ္လဲ႐ြာဦးေက်ာင္းဆီထြက္လာခဲ့လိုက္တယ္။
႐ြာဦး ေက်ာင္းကိုေရာက္ခါနီးေလ က်ဳပ္ေျခလွမ္းေတြပိုေလးလာေလပဲ။ က်ဳပ္လဲ
စိတ္ထဲအားတင္းထားလိုက္ရင္း အမေပးလိုက္တဲ့
ေပါက္ေပါက္ထန္းလ်က္ ထုပ္ေလးကို ခပ္တင္းတင္းဆုပ္ကိုင္လို႔ေက်ာင္းဝန္းထဲကို ဝင္လာခဲ့လိုက္ေတာ့တယ္။

ေန႕လည္ေန႕ခင္းဆိုေပမဲ့ ေက်ာင္းဝန္းထဲကသစ္ရိပ္၊ ဝါးရိပ္နဲ႕ သိပ္ကိုေအးခ်မ္းတာဗ် ။

"ကိုရင္..။"

ေက်ာင္းဝန္းရဲ႕ေတာင္ဘက္ေထာင့္နားမွာ
ရွိတဲ့ မန္က်ည္းပင္ႀကီးေအာက္မွာ
ေျခေထာက္ေလးလႊဲရင္းထိုင္လို႔ေနတဲ့ ကိုရင့္ဆီကို က်ဳပ္ေလွ်ာက္သြားလိုက္တယ္။

"ဒါ ကိုရင္ ေန႕လယ္ေန႕ခင္းဆာရင္
ဘုန္း(ဖုန္း)လို႔ရေအာင္ပါ"

က်ဳပ္ကိုရင့္လက္ထဲကို ထန္းလ်က္ပါက္ေပါက္ထုတ္ေလးထည့္ေပးလိုက္ၿပီး ဦးခ်လိဳက္တယ္။ကိုရင္က
အလႉ ဝင္ေန႕က ႐ႊင္ၿပဳံးေနသေလာက္၊ အခုေတာ့မ်က္ႏွာေလးက သိပ္မလန္းဘူးဗ် ။

"ထိုင္ေလ...ဒကာႀကီး
ဒကာႀကီးက ကိုရင့္ဆီကိုအခုမွပဲ
ေရာက္လာေတာ့တယ္။"

"ဟို...အဲ့ဒါက။"

က်ဳပ္မွာလဲ ဘာေျပာရမွန္းေတာင္မသိေတာ့ပါဘူး၊ညက ကိုရင့္ဆီကိုသြားဖို႔စိတ္ကူးမိေပမဲ့ ကိုရင္
က်ိန္း(အိပ္)ေနမယ္ထင္လို႔ မသြားလိုက္ေတာ့တာ။
ဒီလိုသာ ေလွ်ာက္လိုက္ရင္လဲ
ကိုရင္ကက်ဳပ္ကိုဆင္ေျခေပးတယ္ဆိုၿပီးေျပာမွာ
ေသခ်ာသေလာက္ပဲဗ် ။

"ထားပါေလ... ဒကာႀကီး ကိုရင့္ကိုဘာေျပာစရာရွိလို႔လဲ။"

"တပည့္ေတာ္
မနက္ျဖန္ၿမိဳ႕ကိုလိုက္သြားရမယ္ ကိုရင္။"

က်ဳပ္အဲ့လိုေလွ်ာက္လိုက္ေတာ့ ကိုရင္က
ၿပဳံးတယ္ဗ် ။က်ိန္းေသေပါက္ ကိုရင္ကေပ်ာ္လို႔ၿပဳံးတာမဟုတ္ပါဘူး။ ၾကည့္ရတာ ကိုရင္လဲ
သိေနတယ္ထင္ရဲ႕။

"ကိုရင္ သိၿပီးသားပါ
ဒကာႀကီး လာေလွ်ာက္ပါ့မလားလို႔ ကိုရင္က
စိုးရိမ္ေနေသးတာ.။ဒကာႀကီး ကိုရင့္ကို
အသိမေပးပဲ ထြက္သြားေတာ့မယ္ထင္ေနတာ။"

ကိုရင္က ေပါက္ခနဲက်လာတဲ့မ်က္ရည္ေတြကို
သုတ္ရင္းဆိုေလေတာ့ က်ဳပ္ရင္ဘက္တစ္ခုလုံး
မျမင္ရတဲ့လက္တစ္စုံနဲ႕ ဆြဲညွစ္သလို ခံစားလိုက္ရတယ္။

"တပည့္ေတာ္..အဲ့လို​ေယာင္လို႔ေတာင္
မေတြးမိပါဘူး ကိုရင္။က်ဳပ္ ကိုရင့္ကို
လာအသိေပးဖို႔ ဝန္ေလးေနခဲ့တယ္ဆိုတာ မွန္ပါတယ္ကိုရင္ အခုလိုမ်က္ရည္က်မယ္ဆိုတာတပည့္ေတာ္
သိ​ေနလို႔ပါ။"

"ဒကာႀကီးက သိပ္သြားခ်င္ေနမွာေတာ့
ကိုရင့္ရဲ႕ မ်က္ရည္ေတြကလည္း တားဆီးနိုင္မွာမွ
မဟုတ္တာ...ဒကာႀကီး သိပ္ကိုစိတ္အားထက္သန္
ေနမွာေတာ့ ကိုရင္ကဘာမ်ားေျပာခြင့္ရွိမွာလဲ။"

ကိုရင္'ဇီးကြက္'ဟာ သကၤန္းစေလးနဲ႕မ်က္ရည္ေတြကိုသုတ္ရင္းဝမ္းနည္းစြာဆိုေလတယ္။

"ကိုရင္ မငိုပါနဲ႕
တပည့္ေတာ္​ေတာင္းပန္ပါတယ္..။
ကိုရင္...တပည့္ေတာ္ပ္နဲ႕ရန္ကုန္ကို အတူလိုက္ခဲ့မလားဟင္တပည့္ေတာ္ 'ကိုသိခၤ'နဲ႕ သူႀကီးတို႔ကို ခြင့္ေတာင္းလိုက္ပါ့မယ္။"

'ေက်ာက္ခဲ'ဟာလဲေဝ့သီေနတဲ့ မ်က္ရည္ေတြကို
သုတ္လို႔ ကိုရင့္ကိုလက္အုပ္ေလးခ်ီၿပီးေလွ်ာက္လိုက္တယ္။

"ဘယ္လိုလုပ္ခြင့္ျပဳမွာလဲ ဒကာႀကီးရယ္
ကိုရင္ ဝတ္တာ တစ္ရက္နဲ႕တစ္ပိုင္းပဲရွိေသးတာကို
လူဘယ္လိုလုပ္ထြက္လို႔ရမွာလဲ...ၿမိဳ႕ကဒကာမႀကီး
ကိုလဲ အားနာစရာေကာင္းတယ္။"

ကိုရင္ဟာအသက္ကို
ဝမ္းေခါင္းနဲ႕အျပည့္ တစ္ခ်က္ရွိုက္လိုက္
ရင္းဆက္ေျပာေလတယ္။

"သြားပါေလ...ဒကာႀကီး လိုက္သြားပါကိုရင္
ေစာင့္ေနမယ္။ဒကာႀကီး ကိုရင့္ကို လူဝတ္လဲဖို႔
လာေလွ်ာက္တဲ့အထိ ကိုရင္ေစာင့္ၿပီးက်န္ခဲ့ပါ့မယ္၊
ဒကာႀကီး ျပန္မလာရင္လဲ ကိုရင္တစ္သက္လုံးပဲ
ဘုန္းႀကီးဝတ္လိုက္ပါေတာ့မယ္။ဒကာႀကီးလိုရာ
ကိုသာသြားပါ။"

"အဲ့လိုမဟုတ္ပါဘူး....ကိုရင္
ပည့္ေတာ္ဟိုမွာတစ္ႏွစ္ပဲေနမွာ တစ္ႏွစ္ျပည့္ရင္႐ြာကိုျပန္လာမွာပါ။"

"ဒကာႀကီး ကို ကိုရင္ယုံပါတယ္။
ကိုရင္ဒီမွာက်န္ခဲ့ရင္း တရားေသခ်ာအားထုတ္လို႔
ရန္ကုန္ကဒကာမႀကီးရဲ႕ ေက်းဇူးကိုဆပ္နိုင္ေအာင္
ႀကိဳးစားပါ့မယ္။ဒကာႀကီး
ကိုရင့္ကိုသာေမ့မသြားပါနဲ႕"

ကိုရင့္ရဲ႕စကားေၾကာင့္'ေက်ာက္ခဲ'မွာလဲ
ထိန္းမထားနိုင္ပဲငိုေႂကြးမိေတာ့တယ္။

"မေမ့ပါဘူး...ကိုရင့္ကို ပပည့္ေတာ္
ဘာေၾကာင့္ေမ့ရမွာလဲ ငယ္စဥ္ဘဝကတည္းက
တပည့္ေတာ္နဲ့႕ကိုရင္ဆိုတာ ကိုယ္ပြားေတြလိုေနခဲ့ၾကတာပါ။က်ဳပ္ကိုရင့္ကို ဘာေၾကာင့္မ်ားေမ့ရမွာပါလဲ။"

"ေကာင္းၿပီ ....ေကာင္းၿပီ
ကိုရင္မငိုေတာ့ဘူး ဒကာႀကီးလဲမငိုနဲ႕ေတာ့
ဒကာႀကီး ဟိုေရာက္ရင္ က်န္းမာေရးလဲဂ႐ုစိုက္ပါ။ကိုရင့္ဆီကိုလည္း လတိုင္း သံႀကိဳးစာရိုက္
ကိုရင္ တရားထိုင္ဖို႔သြားေတာ့မယ္....ဒကာႀကီး
သြားလမ္းသာလို႔၊ လာလမ္းေျဖာင့္ပါေစ။"

ကိုရင္ 'ဇီးကြက္'ဟာရွိုက္သံႀကီးနဲ႕ ဆုေပးလို႔
ထြက္သြားရန္ ခုံတန္းေလးေပၚကဆင္းေလတယ္။ကိုရင္ ဟာလက္သီးေလးေတြကို ခပ္တင္းတင္းဆုပ္လို႔ငိုခ်င္စိတ္ကို အံႀကိတ္ထိန္းရင္း 'ေက်ာက္ခဲ'ကို
ေက်ာခိုင္း ၿပီးထြက္လာေလတယ္။

"ကိုရင္ လဲအစားအေသာက္၊အေနအထိုင္ကစလို႔
အစစအရာရာဂ႐ုစိုက္ပါေနာ္။"

ေနာက္ေက်ာဘက္ကထြက္လာတဲ့ ငိုသံႏွောတဲ့
အသံၾသၾသေၾကာင့္ ကိုရင္ေလးခမ်ာ ထိန္းထားသမွ်မ်က္ရည္ေတြတာက်ိဳးေလၿပီး 'ေက်ာက္ခဲ'
ထံကို ခပ္ျမန္ျမန္ေျပးလာကာ ဖက္ငိုေလေတာ့တယ္။

"ဒကာႀကီး ျမန္ျမန္ထြက္သြားပါေတာ့..
ကိုရင္ ငိုရတာေမာလာၿပီ။"

"တင္ပါ့...ကိုရင္..တင္ပါ့!
က်ဳပ္သြားပါ့မယ္ ...ကိုရင်အငိုတ်ိတ်တော့နော်။"

'ေက်ာက္ခဲ 'လဲ'ကိုရင္'ေလးကို ခဏေလာက္
ဖက္ထားေပးလိုက္ၿပီးမွ လႊတ္ေပးလိုက္ကာ
ထိုေနရာကေနထြက္လာခဲ့ေတာ့တယ္။

ေပါက္ေပါက္ထန္းလ်က္ အထုပ္ေလးကို ရင္ဘက္နား
မွာေသခ်ာပိုက္ထားရင္း ငိုယိုကာက်န္ခဲ့ေလေသာ
ကိုရင္ေလး နဲ႕ ဖိနပ္စီးဖို႔ပင္သတိမရပဲမ်က္ရည္
ေတြျဖင့္သာ ေက်ာခိုင္းခဲ့ေလေသာ 'ေက်ာက္ခဲ'
တို႔၏ သံေယာဇဥ္ႀကိဳးမွာအလြန္ကိုခိုင္ၿမဲလွေလတယ္။

သိတတ္စအ႐ြယ္ကတည္းက ထိန္းေက်ာင္းခဲ့ရေသာအႏွီကေလးငယ္ေလးႏွင့္မိသားစု၊ ငယ္စဥ္ကတည္းကတန္ဖိုးထားခ်စ္ခင္ခဲ့ရေသာေမြးရပ္႐ြာေလးကိုသူကိုယ္တိုင္လဲ ခြဲခြာဖို႔အဆင္သင့္မျဖစ္ေသး။ရင္ထဲမွာနာက်င္ေနရ၏။

အဆုံးသတ္မွာေတာ့ သူဟာ
ခ်စ္ရသူနဲ႕ေမြးရပ္သူဘယ္ဟာကိုမွစြန႔္လႊတ္ဖို႔
အဆင္သင့္မျဖစ္ေသးေပ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အပ္ေပးလိုက္ပါၿပီ၊ ဖတ္ေပးဖို႔ကမင္းေလးတို႔တာဝန္ပါ။

[AK/ဘာသာေရးနဲ႕မေရာယွက္ပဲ
ဇတ္လမ္းအရဘဲခံစားေပးပါဗ် ၊
ဘာသာေရးနဲ႕ပတ္သတ္လို႔ထိခိုက္၊ေစာ္ကားလိုစိတ္မရွိပါ။ အမွားေတြေတြ႕ပါက ေထာက္ျပေပးလို႔ရပါတယ္]

🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

Continuer la Lecture

Vous Aimerez Aussi

350K 8.7K 80
တောင်ပေါ်သားနဲ့ မြေပြန့်သူ ဇာတ်လမ်းလေးပါရှင့်
45.8K 4.4K 18
ကြိုက်နှစ်သက်လိမ့်မည်ဟု ယုံကြည်ပါသည်။ ဖတ်ကြည့်ပေးပါနော်❤️
73.5K 9.9K 9
ခ်န္းေယာလ္ - ဘတ္ဟြ်န္းနီး
8.7K 399 35
Story by Yuki 🥑 Both Unicode and Zawgyi Version ☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁☁ ကိုယ်ကအခုမှစာစရေးတာပါ။ပေါ့ပေါ့ပါးပါးအချစ်ဟာသပုံစံလေးရေးထားပါတယ်။ဖတ်ပေးကြမယ်ဆိုပျေ...