Unicode
-သူရဲကောင်း ဇာတ်ကရတာပေါ့
"ဖြေရှင်းဖို့လွယ်တယ်?" ယန်ရွှမ် သူမကို သံသယရော မပျော်ရွှင်မှုနဲ့ပါ ကြည့်လိုက်တယ်။ "ဒီလိုအချိန်မှာ ဘယ်လိုလုပ်ေဲရှင်းဖို့ လွယ်နေမှာလဲ?"
"နင် အရူးလား?!" လျိုကျီကျင်း သူ့ကို ပြန်အော်လိုက်တယ်။ "နင်က မိန်းကလေးမဟုတ်ဘူး ဒါကြောင့် နင် ဘာမှမသိတာ ဒါပေမယ့် ငါသိတယ်! စုန့်ကျားရန် ဒီလို အပြုအမူမျိုး ဖြစ်နေရင် ဆိုလိုတာက သူမက နင့်အပေါ် ခံစားချက်တွေ ရှိနေေသးလို့ဘဲ!"
"တကယ်လား?" ယန်ရွှမ် အရင်ကထက် ပိုတုန်လှုပ်ပြီး မေးလိုက်တယ်။
"သူမမှာ နင့်အတွက် ခံစားချက်မရှိရင် သူမက တစ်ယောက်ယောက်ကို နင့်ကို သင်ခန်းစာပေးဖို့ လွှတ်ပြီးနေလောက်ပြီ!" လျိုကျီကျင်း ရှင်းပြလိုက်တယ်။ "အဲ့တာကြောင့် အရာအားလုံး ပြန်လှည့်ဖို့ အခွင့်အရေး ရှိသေးတယ်!"
သူ သူမပြောတာ နားထောင်လိုက်တော့ ယန်ရွှမ် သတိပြန်လည်လာပြီး အံဩမှုတွေနဲ့ ပျော်ရွှင်နေတယ်။
"ဟုတ်တယ် နင်ပြောတာ အမှန်ဘဲ ဖြစ်ရမယ်!"
သူ စုန့်ကျားရန်ကို မကြိုက်ပေမယ့်လည်း သူမက အရမ်းဝပြီး အော်ဂလီဆန်တာကို တွေးကြည့်ပြီး သူ သူမရဲ့ စရိုက်ကို ဘာဘဲဖြစ်ဖြစ် နားလည်တယ်။ သူက သူမဟာ ကြင်နာတတ်တဲ့ နှလုံးသားရှိပြီး နူးညံ့တယ်ဆိုတာ သိတယ်။ တကယ်တော့ သူမက လူတွေ ပြောသလို ကြမ်းတမ်း ရက်စက်တဲ့သူမဟုတ်ဘူး။
ဒါကြောင့် သူ ဒါကို အခွင့်အရေးယူ လိုက်ရင် အကုန်လုံးက သူ့အတွက်ပြောင်းလဲ သွားလိမ့်မယ်။
"ဒါပေမယ့်....ငါက ဘာလုပ်ရမှာလဲ?" ယန်ရွှမ် ဒုက္ခရောက်စွာ မေးလိုက်ပြန်တယ်။
"ရိုးရှင်းပါတယ်!" လျိုကျီကျင်း ယုတ်မာတဲ့ အပြုံးနဲ့ ပြောလိုက်တယ်။ "ငါတို့ သူရဲကောင်း ဇာတ်ကရတော့မှာပေါ့!"
"သူရဲကောင်းဇာတ်?"
"ဟုတ်တယ်!" လျိုကျီကျင်း ပျော်မြူးသွားတယ်။ "နင် သူမကို သူမအန္တရာယ်ရောက်နေချိန် ကယ်လိုက်ရင် သူမက နင်နဲ့ ငရဲမှာတောင် တူတူလိုက်နေနိုင်လိမ့်မယ် သူမ နင့်ကို ပြန်ပြီး စွဲလမ်းသွားရင် သူမ ရှရှီပေ စကားတွေကို ထပ်ပြီး အလေးထားမှာ မဟုတ်တော့ဘူး!"
လျိုကျီကျင်းက မိန်းကလေးဖြစ်တာကြောင့် တစ်ချို့ မိန်းကလေးတွေ အချစ်ကြောင့် မျက်ကန်းဖြစ်တာကို သိတယ်။ အဲ့လိုအချိန်ရောက်ပြီဆိုရင် အပြင်ဘက်က ဘယ်ဟာကမှ သူတို့ကို ဝင်တားလို့ရမှာ မဟုတ်တော့ဘူး။
"ဒါပေမယ့် ဘာအန္တရာယ်လဲ?" ယန်ရွှမ် အကူအညီမဲ့နေတုန်းဘဲ။ "သူမက ငါ့ထက်ပိုပြီး စွမ်းရည်ရှိတယ်ဆိုတာလည်း မမေ့နဲ့ဦး!"
စုန့်ကျားရန်ရဲ့ တိုက်ရည်ခိုက်ရည်ကို ဘေးဖယ်ထားရင်တောင် သူမဘက်ကလူတွေနဲ့တင်တော်တော် များနေပြီ။ ဘယ်သူကများ သူမကို ထိဖို့ထိ တုံးအနေမှာလဲ?
"နင် အရူးလား ဘာလား?" လျိုကျီကျင်း အားမလိုအားမရဖြစ်ပြီး မေးလိုက်တယ်။ "နင့်ဘာနင် အန္တရာယ်ကို ဖန်တီးလို့ မရဘူးလား?"
"အဲ့တာ...." ယန်ရွှမ် တွေဝေနေတယ်။ "အဲ့တာက မလွယ်ဘူးဟ!"
စုန်ကျားရန်အဖေက ဒီဧရိယာမှာ ကျော်ကြားတဲ့ ဂိုဏ်းတစ်ခုရဲ့ ခေါင်းဆောင်ဘဲ။ သူ့သမီးကို ဘယ်သူက အန္တရာယ်ပေးရဲ မှာလဲ?
"တော်စမ်းပါ စုန့်မိသားစုက ဘယ်လောက်ထိ အားကြီးမှာ မလို့လဲ? သူတို့က အဲ့လောက်ထိ မလွှမ်းနိုင်ပါဘူးဟ!" လျိုကျီကျင်း အထင်သေးစွာ ပြောလိုက်တယ်။
စုန့်မျိုးနွယ်တွေက လူသိများပေမယ့်လည်း ဒီကမ္ဘာကြီးမှာ တကယ့် ဂုဏ်ဒြပ်နဲ့ အရှိန်အဝါကို ရဖို့ အဝေးကြီးလိုပါသေးတယ်! ဒီနေရာက သိပ်မကျယ်တာကြောင့် စုန့်မျိုးနွယ်တွေက ဂုဏ်မောက်နေကြတာ။
"သူတို့က မလွှမ်းမိုးနိုင်ပေမယ့်လည်း ငါတို့ လုပ်နိုင်တာ မရှိဘူး" ယန်ရွမ် မျက်ခုံး တွန့်ပြီး ပြန်ရန်တွေ့လိုက်တယ်။" ငါတို့ ဒီမှာ ဘယ်သူ့ကိုမှ ရှာလို့ရမှာ မဟုတ်ဘူး!"
"နင် ဘာလို့ ဦးနှောက်ကို မသုံးလဲ?!" လျိုကျီကျင်း သူ့ကိုစက်ဆုပ်မှုနဲ့ ကြည့်ပြီး ပြန်ေပြောလိုက်တယ်။ "ငါတို့ ဒီမှာ ရှာမရရင် တခြားနေရာ သွားရှာမှာပါ့!"
"ဘယ်နေရာလဲ?"
"ငါတို့ ဒီမှာ ရှာမရရင် အခြားဧရိယာတွေမှာ သွားရှာမယ်! စုန့်မျိုးနွယ်တွေ အဲ့လောက် အားမကြီးနိုင်ပါဘူး ဟုတ်တယ်မလား?"
လျိုကျီကျင်းရဲ့ ယုံကြည်မှုရှိနေတဲ့ပုံကို တွေ့တော့ ယန်ရွှမ် စိတ်သက်သာရသွားပြန်တယခ။
ကိစ္စတွေကို ဆွေးနွေး နောက်ခြေလှမ်းဘာလဲဆိုတာကို အတည်ပြုပြီး အတန်းပြန်တက်ဖို့ အောက်ဆင်းလာကြတယ်။
သူမအတန်းကို ပြန်တော့ လျိုကျီကျင်း ဒုတိယနှစ်ရဲ့ တတိယအတန်းကို ဖြတ်လာတော့ ရှရှီပေကို တွေ့လိုက်တယ်။
သူမ မနေနိုင်ဘဲ လှောင်လိုက်တယ်။ စုန့်ကျားရန်ရဲ့ အကူအညီကို သူမတို့ ပြန်ရတာနဲ့ ရှရှီပေ သူမရဲ့ အထောက်အပံ့ကို ဆုံးရှုံးရလိမ့်မယ်! အဲ့အချိန်ကျ သူမ ဘယ်လို စိတ်ကြီးဝင်နိုင်သေးလဲဆိုတာ ကြည့်ကြသေးတာပေါ့!
မနေ့ စုန့်ကျားရန် သူမကို ရိုက်လိုက်တာကို တွေးပြီး လျိုကျီကျင်း ရင်ထဲ ရှက်နေမိတယ်။ အဲ့တာအကုန်လုံး ရှရှီပေကြောင့်ဘဲ!
ရှရှီပေလည်း မော့ကြည့်တာနဲ့ တိုက်ဆိုင်ပြီး လျိုကျီကျင်းရဲ့ နာကြည်းနေတဲ့ အကြည့်ကို တွေ့တော့ တောက်ပတဲ့အပြုံးလေး ပြန်ပြုံးလိုက်တယ်။
အဲ့တာက လျိုကျီကျင်းကို သတိလွတ်သွားစေတယ်။
Zawgyi
-သူရဲေကာင္း ဇာတ္ကရတာေပါ့
"ေျဖ႐ွင္းဖို႔လြယ္တယ္?" ယန္႐ႊမ္ သူမကို သံသယေရာ မေပ်ာ္႐ႊင္မႈနဲ႔ပါ ၾကည့္လိုက္တယ္။ "ဒီလိုအခ်ိန္မွာ ဘယ္လိုလုပ္ေဲ႐ွင္းဖို႔ လြယ္ေနမွာလဲ?"
"နင္ အ႐ူးလား?!" လ်ိဳက်ီက်င္း သူ႕ကို ျပန္ေအာ္လိုက္တယ္။ "နင္က မိန္းကေလးမဟုတ္ဘူး ဒါေၾကာင့္ နင္ ဘာမွမသိတာ ဒါေပမယ့္ ငါသိတယ္! စုန္႔က်ားရန္ ဒီလို အျပဳအမူမ်ိဳး ျဖစ္ေနရင္ ဆိုလိုတာက သူမက နင့္အေပၚ ခံစားခ်က္ေတြ ႐ွိေနေသးလို႔ဘဲ!"
"တကယ္လား?" ယန္႐ႊမ္ အရင္ကထက္ ပိုတုန္လႈပ္ၿပီး ေမးလိုက္တယ္။
"သူမမွာ နင့္အတြက္ ခံစားခ်က္မ႐ွိရင္ သူမက တစ္ေယာက္ေယာက္ကို နင့္ကို သင္ခန္းစာေပးဖို႔ လႊတ္ၿပီးေနေလာက္ၿပီ!" လ်ိဳက်ီက်င္း ႐ွင္းျပလိုက္တယ္။ "အဲ့တာေၾကာင့္ အရာအားလုံး ျပန္လွည့္ဖို႔ အခြင့္အေရး ႐ွိေသးတယ္!"
သူ သူမေျပာတာ နားေထာင္လိုက္ေတာ့ ယန္႐ႊမ္ သတိျပန္လည္လာၿပီး အံဩမႈေတြနဲ႔ ေပ်ာ္႐ႊင္ေနတယ္။
"ဟုတ္တယ္ နင္ေျပာတာ အမွန္ဘဲ ျဖစ္ရမယ္!"
သူ စုန္႔က်ားရန္ကို မႀကိဳက္ေပမယ့္လည္း သူမက အရမ္းဝၿပီး ေအာ္ဂလီဆန္တာကို ေတြးၾကည့္ၿပီး သူ သူမရဲ႕ စ႐ိုက္ကို ဘာဘဲျဖစ္ျဖစ္ နားလည္တယ္။ သူက သူမဟာ ၾကင္နာတတ္တဲ့ ႏွလုံးသား႐ွိၿပီး ႏူးညံ့တယ္ဆိုတာ သိတယ္။ တကယ္ေတာ့ သူမက လူေတြ ေျပာသလို ၾကမ္းတမ္း ရက္စက္တဲ့သူမဟုတ္ဘူး။
ဒါေၾကာင့္ သူ ဒါကို အခြင့္အေရးယူ လိုက္ရင္ အကုန္လုံးက သူ႕အတြက္ေျပာင္းလဲ သြားလိမ့္မယ္။
"ဒါေပမယ့္....ငါက ဘာလုပ္ရမွာလဲ?" ယန္႐ႊမ္ ဒုကၡေရာက္စြာ ေမးလိုက္ျပန္တယ္။
"႐ိုး႐ွင္းပါတယ္!" လ်ိဳက်ီက်င္း ယုတ္မာတဲ့ အျပဳံးနဲ႔ ေျပာလိုက္တယ္။ "ငါတို႔ သူရဲေကာင္း ဇာတ္ကရေတာ့မွာေပါ့!"
"သူရဲေကာင္းဇာတ္?"
"ဟုတ္တယ္!" လ်ိဳက်ီက်င္း ေပ်ာ္ျမဴးသြားတယ္။ "နင္ သူမကို သူမအႏၲရာယ္ေရာက္ေနခ်ိန္ ကယ္လိုက္ရင္ သူမက နင္နဲ႔ ငရဲမွာေတာင္ တူတူလိုက္ေနႏိုင္လိမ့္မယ္ သူမ နင့္ကို ျပန္ၿပီး စြဲလမ္းသြားရင္ သူမ ႐ွ႐ွီေပ စကားေတြကို ထပ္ၿပီး အေလးထားမွာ မဟုတ္ေတာ့ဘူး!"
လ်ိဳက်ီက်င္းက မိန္းကေလးျဖစ္တာေၾကာင့္ တစ္ခ်ိဳ႕ မိန္းကေလးေတြ အခ်စ္ေၾကာင့္ မ်က္ကန္းျဖစ္တာကို သိတယ္။ အဲ့လိုအခ်ိန္ေရာက္ၿပီဆိုရင္ အျပင္ဘက္က ဘယ္ဟာကမွ သူတို႔ကို ဝင္တားလို႔ရမွာ မဟုတ္ေတာ့ဘူး။
"ဒါေပမယ့္ ဘာအႏၲရာယ္လဲ?" ယန္႐ႊမ္ အကူအညီမဲ့ေနတုန္းဘဲ။ "သူမက ငါ့ထက္ပိုၿပီး စြမ္းရည္႐ွိတယ္ဆိုတာလည္း မေမ့နဲ႔ဦး!"
စုန္႔က်ားရန္ရဲ႕ တိုက္ရည္ခိုက္ရည္ကို ေဘးဖယ္ထားရင္ေတာင္ သူမဘက္ကလူေတြနဲ႔တင္ေတာ္ေတာ္ မ်ားေနၿပီ။ ဘယ္သူကမ်ား သူမကို ထိဖို႔ထိ တုံးအေနမွာလဲ?
"နင္ အ႐ူးလား ဘာလား?" လ်ိဳက်ီက်င္း အားမလိုအားမရျဖစ္ၿပီး ေမးလိုက္တယ္။ "နင့္ဘာနင္ အႏၲရာယ္ကို ဖန္တီးလို႔ မရဘူးလား?"
"အဲ့တာ...." ယန္႐ႊမ္ ေတြေဝေနတယ္။ "အဲ့တာက မလြယ္ဘူးဟ!"
စုန္က်ားရန္အေဖက ဒီဧရိယာမွာ ေက်ာ္ၾကားတဲ့ ဂိုဏ္းတစ္ခုရဲ႕ ေခါင္းေဆာင္ဘဲ။ သူ႕သမီးကို ဘယ္သူက အႏၲရာယ္ေပးရဲ မွာလဲ?
"ေတာ္စမ္းပါ စုန္႔မိသားစုက ဘယ္ေလာက္ထိ အားႀကီးမွာ မလို႔လဲ? သူတို႔က အဲ့ေလာက္ထိ မလႊမ္းႏိုင္ပါဘူးဟ!" လ်ိဳက်ီက်င္း အထင္ေသးစြာ ေျပာလိုက္တယ္။
စုန္႔မ်ိဳးႏြယ္ေတြက လူသိမ်ားေပမယ့္လည္း ဒီကမ႓ာႀကီးမွာ တကယ့္ ဂုဏ္ျဒပ္နဲ႔ အ႐ွိန္အဝါကို ရဖို႔ အေဝးႀကီးလိုပါေသးတယ္! ဒီေနရာက သိပ္မက်ယ္တာေၾကာင့္ စုန္႔မ်ိဳးႏြယ္ေတြက ဂုဏ္ေမာက္ေနၾကတာ။
"သူတို႔က မလႊမ္းမိုးႏိုင္ေပမယ့္လည္း ငါတို႔ လုပ္ႏိုင္တာ မ႐ွိဘူး" ယန္႐ြမ္ မ်က္ခုံး တြန္႔ၿပီး ျပန္ရန္ေတြ႕လိုက္တယ္။" ငါတို႔ ဒီမွာ ဘယ္သူ႕ကိုမွ ႐ွာလို႔ရမွာ မဟုတ္ဘူး!"
"နင္ ဘာလို႔ ဦးေႏွာက္ကို မသုံးလဲ?!" လ်ိဳက်ီက်င္း သူ႕ကိုစက္ဆုပ္မႈနဲ႔ ၾကည့္ၿပီး ျပေန္ေျပာလိုက္တယ္။ "ငါတို႔ ဒီမွာ ႐ွာမရရင္ တျခားေနရာ သြား႐ွာမွာပါ့!"
"ဘယ္ေနရာလဲ?"
"ငါတို႔ ဒီမွာ ႐ွာမရရင္ အျခားဧရိယာေတြမွာ သြား႐ွာမယ္! စုန္႔မ်ိဳးႏြယ္ေတြ အဲ့ေလာက္ အားမႀကီးႏိုင္ပါဘူး ဟုတ္တယ္မလား?"
လ်ိဳက်ီက်င္းရဲ႕ ယုံၾကည္မႈ႐ွိေနတဲ့ပုံကို ေတြ႕ေတာ့ ယန္႐ႊမ္ စိတ္သက္သာရသြားျပန္တယခ။
ကိစၥေတြကို ေဆြးေႏြး ေနာက္ေျခလွမ္းဘာလဲဆိုတာကို အတည္ျပဳၿပီး အတန္းျပန္တက္ဖို႔ ေအာက္ဆင္းလာၾကတယ္။
သူမအတန္းကို ျပန္ေတာ့ လ်ိဳက်ီက်င္း ဒုတိယႏွစ္ရဲ႕ တတိယအတန္းကို ျဖတ္လာေတာ့ ႐ွ႐ွီေပကို ေတြ႕လိုက္တယ္။
သူမ မေနႏိုင္ဘဲ ေလွာင္လိုက္တယ္။ စုန္႔က်ားရန္ရဲ႕ အကူအညီကို သူမတို႔ ျပန္ရတာနဲ႔ ႐ွ႐ွီေပ သူမရဲ႕ အေထာက္အပံ့ကို ဆုံး႐ႈံးရလိမ့္မယ္! အဲ့အခ်ိန္က် သူမ ဘယ္လို စိတ္ႀကီးဝင္ႏိုင္ေသးလဲဆိုတာ ၾကည့္ၾကေသးတာေပါ့!
မေန႔ စုန္႔က်ားရန္ သူမကို ႐ိုက္လိုက္တာကို ေတြးၿပီး လ်ိဳက်ီက်င္း ရင္ထဲ ႐ွက္ေနမိတယ္။ အဲ့တာအကုန္လုံး ႐ွ႐ွီေပေၾကာင့္ဘဲ!
႐ွ႐ွီေပလည္း ေမာ့ၾကည့္တာနဲ႔ တိုက္ဆိုင္ၿပီး လ်ိဳက်ီက်င္းရဲ႕ နာၾကည္းေနတဲ့ အၾကည့္ကို ေတြ႕ေတာ့ ေတာက္ပတဲ့အျပဳံးေလး ျပန္ျပဳံးလိုက္တယ္။
အဲ့တာက လ်ိဳက်ီက်င္းကို သတိလြတ္သြားေစတယ္။