Unicode
- ဘယ်သူက တကယ့် ဂြိုလ်ဆိုးလဲ
"ငါ့ကို ဂြိုလ်ဆိုး အဖြစ်ပြောနေတာအတွက် နင့်စကားကို နင့်ကို ပြန်ပေးမယ်!"
ရှရှီပေ အပြုံးက နဂိုမူမပျက်ရှိနေတယ်။ သူမ ရှေ့တစ်လှမ်းတိုးလိုက်တော့ လျိုကျီကျင်းကို ကြောက်စိတ်ကြောင့် ရွံ့သွားစေတယ်။
ရှချင်းဟန်နဲ့ ထောင်ယွယ်ယင်းကလည်း သူမနဲ့ အတူ နောက်ဆုန်သွားကြတယ်။
"ဖူး-!"
ဘေးတစ်ဖက်မှာတော့ စုန့်ကျားရန် မနေနိုင်မထိုင်နိုင် ရယ်ချပစ်လိုက်တယ်။
သူမ အသိပြန်ဝင်တော့ ရှချင်းဟန် ဒေါသထွက်လာပြီး စိတ်ပျက်နေတယ်။ သူမက ဘယ်လိုလုပ် ရှရှီပေကြောင့် ကြောက်လန့်သွားရတာလဲ?!
"နင်က ဂြိုလ်ဆိုး!" လျိုကျီကျင်း လည်ပင်းကို တောင့်တောင့်ကြီးမတ်ထားပြီး ဆဲဆိုလိုက်သည်မှာ သူမမျက်နှာတွေပါ ရဲလာတယ်။ "နင်ကမှ ဂြိုလ်ဆိုး!"
"ငါက ဂြိုလ်ဆိုး? ငါဘယ်သူ့အပေါ်တွေများ သက်ရောက်နေလို့လဲ?" ရှရှီပေ မေးလိုက်ကာ သူမနှုတ်ခမ်းတွေက ကွေးတက်သွားပြီး အပြုံးလေး ပေါ်လာတယ်။
"နင့်ရဲ့ မိဘတွေက ကွာရှင်းပြီးမှ ချမ်းသာလာကြတာ နင်က သူတို့ကို အရင်တုန်းက ကံမကောင်းခြင်းတွေ ယူဆောင်ပေးတဲ့သူဘဲ!" လျိုကျီကျင်း အသံကျယ်ကြီးဖြင့် ကြော်ငြာလိုက်တယ်။
ဒါပေမယ့် ရှရှီပေက သူမ စကားလုံးတွေကြောင့် အူမြူးသွားတယ်။
"ဟားဟားဟား....နင်က ငါထင်ထားတာထက် ပိုရူးတာဘဲ!" သူမ ရယ်လိုက်တယ်။ "သူတို့ ကွာရှင်းပြီးလို့ ချမ်းသာတာက သူတို့က တူတူနေရဖို့ ကံမပါလာလို့လေ သူတို့ ချမ်းသာတာ မချမ်းသာတာက ငါ့လို သနားစရာ ကလေးတစ်ယောက်နဲ့ ဘာဆိုင်လို့လဲ? နင်ပြောတာ မှန်တယ် ဆိုရင်တောင်မှ နင်က ငါ့ထက်ပိုဆိုးတဲ့ ဂြိုလ်ဆိုးမဟုတ်ဘူးလား? နင့်မိဘတွေကလည်း ချမ်းသာတာမှမဟုတ်တာ"
စုန့်ကျားရန် ရှရှီပေ စကားတွေကြားပြီး ရယ်လိုက်တယ်။ "ဒီလိုစကားမျိုး ငါ ဒါပထမဆုံး ကြားဖူးတာဘဲ! မိဘတွေ မချမ်းသာရင် သူတို့ကလေးတွေက ကံဆိုးမှုတွေ သယ်ဆောင်လာတယ်ဟုတ်လား! အဲ့လိုသာဆိုရင် မြန်မြန်ချမ်းသာဖို့နည်းက ကလေးမယူဖို့ဘဲ ရှိတော့တယ်!"
သူစိမ်းတွေတောင်မှ သူတို့စကားတွေကို ကြားတော့ ရယ်သွားကြတယ်။
"သူတို့ လေ့လာစစ်ဆေးချက်တွေ သေသေချာချာလုပ်ထားတာလား? ဟုတ်တာပေါ့ ငါ တစ်ခုခုတော့ ရအောင် သင်လိုက်ရပါတယ်!" အသက်နှစ်ဆယ်အရွယ်ရှိတဲ့ ကောင်မလေးက သူမသူငယ်ချင်းကို ပြောလိုက်တယ်။ "ငါတို့နိုင်ငံမှာ ဆင်းရဲတဲ့လူတွေမှ အများကြီး ဒါဆို သူတို့တွေရဲ့ သားသမီးတွေအကုန် ဂြိုလ်ဆိုးတွေ ဖြစ်ကုန်မှာပေါ့"
"တောင်းပန်ပါတယ် ငါလည်း ဂြိုလ်ဆိုးထဲက တစ်ယောက်ဘဲ" ဘေးက ကောင်မလေးက လှောင်ပြောလိုက်တယ်။
မခံချိမခံသာအောင် လုပ်နိုင်တဲ့ လူတွေရဲ့ အကြည့်တွေက လျိုကျီကျင်းကို ရှက်ရွံ့စေပြီး သူမမျက်နှာကို နီရဲစေတယ်။
သူမ ရှရှီပေကို ဒေါသ ရှက်စိတ်တွေနဲ့ ကြည့်လိုက်ပြီး သူမကို ပြန်တိုက်ချင်တဲ့ စိတ်ကို ထိန်းထားနေရတယ်။
သူမ ဘာလို့ရှရှီပေက ဉာဏ်ထက်လာပြီး နှုတ်သီးကောင်းလျှာပါးရှိမှန်းမသိခဲ့ဘူး ဘာလို့လဲဆို အရင်တုန်းက သင် သူမကို တုတ်နဲ့ ရိုက်ရင်တောင် သူမက စကားတစ်ခွန်းမှ ပြန်ပြောမှာ မဟုတ်လို့ဘဲ။
"ငါထင်တာကတော့ နင်က ငါ့ထက် ပိုပြီး ဂြိုလ်ဆိုးဝင်နေသလားလို့ နင့်မောင်လေး...သူက နင့်ကြောင့် ဖျားသွားရတာလေ မဟုတ်ဘူးလား?"
သူမစကားတွေက လျိုကျီကျင်းကို နှလုံးခုန်မြန်စေပြီး မျက်နှာလေးကို အလွန်ဖြူဖျော့သွားစေတယ်။
သူမမောင်လေးက သူမထက် ရှစ်နှစ်လောက်ငယ်ပြီး သူတို့မိသားစုရဲ့ ကလေးလေး သူမမောင်လေးမွေးပြီးကတည်းက သူမမိဘတွေနဲ့ အကြီးအကဲတွေက သူ့ကို ပိုပြီး ချစ်လာကြပြီး သူမကို ချစ်တာထက်ကို အကဲပိုလာကြတယ်။
လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက သူမမိဘတွေမရှိတုန်း သူမမောင်လေးက အပြင်းဖျားခဲ့တယ်။ သူမမိဘတွေကို သူမပြန်ပြောမပြခဲ့ဘူး ဒီအကြောင်းကို သူမတစ်ယောက်ထဲ ဖုံးထားခဲ့တယ်။
သူမမိဘတွေ သိတော့ သူမမောင်လေး အဖျားက တော်တော်ပြင်းထန်ပြီး ဦးနှောက်ကို ထိသွားတယ်။ သူက အခု ကျပ်မပြည့်ချင်သလို ဖြစ်နေတယ်။
အဲ့တာက တော်တော် နာမည်ပျက်စေမယ့်ကိစ္စဘဲ။ သူမ နှလုံးက ရှရှီပေ အဲ့အကြောင်းကို လူထုကြားထဲ ချပြလိုက်တောာ့ ရပ်တော့မလိုကို ဖြစ်သွားတယ်။
"နင် နင် အဓိပ္ပာယ်မရှိတာတွေ လျှောက်မပြောနဲ့! သူမ ဒေါသနဲ့ မာန်ဖီလိုက်တယ်။
"အဲ့တာအကုန်လုံးက အဓိပ္ပာယ်မရှိတာဆိုရင် နင်ဘာလို့ အဲ့လောက်ကြောက်နေတာလဲ? " ရှရှီပေ အပြုံးက ပိုပြီး အပြစ်ကင်းယောင်ပေါ်နေပေမယ့် သူမစကားတွေက အဆိပ်ရည်စိမ်ထားသလိုပင်။
"ဟိုစကားပုံလိုပဲပေါ့နော်? ရုပ်ကြမ်းကြီးနဲ့ နွဲ့နေတယ်ဆိုတာလေ ဟုတ်တယ်မလား?"စုန့်ကျားရန် ထပ်ဆောင်းပြောလိုက်တယ်။
ရှချင်းဟန်နဲ့ ထောင်ယွယ်ယင်းက လျိုကျီကျင်းကို ကြည့်လိုက်ပြီး သူမ နောက်ထပ်ဘာလုပ်မလဲဆိုတာကို စောင့်ကြည့်နေလိုက်တယ်။
"နင်ဘာလို့ အဓိပ္ပာယ်မရှိတာတွေ ပြောရဲရတာလဲ ငါနင့်ပါးစပ်ကို စွဲဆုပ်မိတော့မယ်!" လျိုကျီကျင်း ဒေါသတကြီးအော်လိုက်ပြီး တုန်လှုပ်စွာ သူမဆီ အပြေးနှင်လိုက်တယ်။ သူမ အရမ်း ဒေါသထွက်နေတော့ ရှရှီပေဆီ ရုတ်တရက် ပြေးဝင်လိုက်တယ်။
ဒါပေမယ့် သူမ ရှရှီပေဆီမရောက်ခင် စုန့်ကျားရန်က သူမကို တားလိုက်တယ်။
လက်မောင်းကို မြှောက်လိုက်ပြီး စုန့်ကျားရန် သူမကို ပါးပြင်ကို ရိုက်ချလိုက်တယ်။
_ဖြောင်း!
သူမက တော်တော်သန်တာဘဲ! သူမ လက်ဝါးရာက လျိုကျီကျင်းပါးမှာ တောက်လျှောက်ပေါ်လာပြီး သူမလက်လွှဲလိုက်တဲ့ အရှိန်နဲ့အတူ ပိုပို ထင်းလာတယ်။
လျိုကျီကျင်း သူမပါးကို ကိုင်လိုက်ပြီး ငိုချင်းချတော့တယ်။
"နင်ဘာလို့ သူမကို ရိုက်ရတာလဲ?!" ထောင်ယွယ်ယင်း အပြစ်တင်ပြောဆိုပြီး သူမအသံထဲ တုန်လှုပ်မှုတွေ ပါဝင်နေတယ်။ အခြေအနေက ထိန်းမနိုင်သိမ်းမရတွေ ဖြစ်ကုန်ပြီ။
"နင်ကန်းနေလား?" စုန့်ကျားရန် လက်ကို ခါလိုက်ပြီး တင်ပါးပေါ်တင်လိုက်ကာ စက်ဆုပ်မှုတွေက သူမမျက်နှာမှာ အထင်းသားပေါ်နေတယ်။ "ငါ တစ်ယောက်လုံး ဒီမှာ မတ်တပ်ရပ်နေတာတောင် နင်က ငါ့လူကို အနိုင်ကျင့်ရဲတယ် နင်ငါ့ကို သေသွားပြီတို့ တစ်ခုခုဖြစ်သွားပြီလို့များ ထင်နေလား?!"
........
မနက်က typing ရိုက်ရင်း screen ရေစိုသွားလို့ သုတ်ရင်း မှားပြီး publish လုပ်မိလို့ မြန်မြန် unpublish လုပ်လိုက်ရတယ် မပြီးသေးတာကို 🥲
Hope you enjoy!!!
Zawgyi
- ဘယ္သူက တကယ့္ ၿဂိဳလ္ဆိုးလဲ
"ငါ့ကို ၿဂိဳလ္ဆိုး အျဖစ္ေျပာေနတာအတြက္ နင့္စကားကို နင့္ကို ျပန္ေပးမယ္!"
႐ွ႐ွီေပ အျပဳံးက နဂိုမူမပ်က္႐ွိေနတယ္။ သူမ ေ႐ွ႕တစ္လွမ္းတိုးလိုက္ေတာ့ လ်ိဳက်ီက်င္းကို ေၾကာက္စိတ္ေၾကာင့္ ႐ြံ႕သြားေစတယ္။
႐ွခ်င္းဟန္နဲ႔ ေထာင္ယြယ္ယင္းကလည္း သူမနဲ႔ အတူ ေနာက္ဆုန္သြားၾကတယ္။
"ဖူး-!"
ေဘးတစ္ဖက္မွာေတာ့ စုန္႔က်ားရန္ မေနႏိုင္မထိုင္ႏိုင္ ရယ္ခ်ပစ္လိုက္တယ္။
သူမ အသိျပန္ဝင္ေတာ့ ႐ွခ်င္းဟန္ ေဒါသထြက္လာၿပီး စိတ္ပ်က္ေနတယ္။ သူမက ဘယ္လိုလုပ္ ႐ွ႐ွီေပေၾကာင့္ ေၾကာက္လန္႔သြားရတာလဲ?!
"နင္က ၿဂိဳလ္ဆိုး!" လ်ိဳက်ီက်င္း လည္ပင္းကို ေတာင့္ေတာင့္ႀကီးမတ္ထားၿပီး ဆဲဆိုလိုက္သည္မွာ သူမမ်က္ႏွာေတြပါ ရဲလာတယ္။ "နင္ကမွ ၿဂိဳလ္ဆိုး!"
"ငါက ၿဂိဳလ္ဆိုး? ငါဘယ္သူ႕အေပၚေတြမ်ား သက္ေရာက္ေနလို႔လဲ?" ႐ွ႐ွီေပ ေမးလိုက္ကာ သူမႏႈတ္ခမ္းေတြက ေကြးတက္သြားၿပီး အျပဳံးေလး ေပၚလာတယ္။
"နင့္ရဲ႕ မိဘေတြက ကြာ႐ွင္းၿပီးမွ ခ်မ္းသာလာၾကတာ နင္က သူတို႔ကို အရင္တုန္းက ကံမေကာင္းျခင္းေတြ ယူေဆာင္ေပးတဲ့သူဘဲ!" လ်ိဳက်ီက်င္း အသံက်ယ္ႀကီးျဖင့္ ေၾကာ္ျငာလိုက္တယ္။
ဒါေပမယ့္ ႐ွ႐ွီေပက သူမ စကားလုံးေတြေၾကာင့္ အူျမဴးသြားတယ္။
"ဟားဟားဟား....နင္က ငါထင္ထားတာထက္ ပို႐ူးတာဘဲ!" သူမ ရယ္လိုက္တယ္။ "သူတို႔ ကြာ႐ွင္းၿပီးလို႔ ခ်မ္းသာတာက သူတို႔က တူတူေနရဖို႔ ကံမပါလာလို႔ေလ သူတို႔ ခ်မ္းသာတာ မခ်မ္းသာတာက ငါ့လို သနားစရာ ကေလးတစ္ေယာက္နဲ႔ ဘာဆိုင္လို႔လဲ? နင္ေျပာတာ မွန္တယ္ ဆိုရင္ေတာင္မွ နင္က ငါ့ထက္ပိုဆိုးတဲ့ ၿဂိဳလ္ဆိုးမဟုတ္ဘူးလား? နင့္မိဘေတြကလည္း ခ်မ္းသာတာမွမဟုတ္တာ"
စုန္႔က်ားရန္ ႐ွ႐ွီေပ စကားေတြၾကားၿပီး ရယ္လိုက္တယ္။ "ဒီလိုစကားမ်ိဳး ငါ ဒါပထမဆုံး ၾကားဖူးတာဘဲ! မိဘေတြ မခ်မ္းသာရင္ သူတို႔ကေလးေတြက ကံဆိုးမႈေတြ သယ္ေဆာင္လာတယ္ဟုတ္လား! အဲ့လိုသာဆိုရင္ ျမန္ျမန္ခ်မ္းသာဖို႔နည္းက ကေလးမယူဖို႔ဘဲ ႐ွိေတာ့တယ္!"
သူစိမ္းေတြေတာင္မွ သူတို႔စကားေတြကို ၾကားေတာ့ ရယ္သြားၾကတယ္။
"သူတို႔ ေလ့လာစစ္ေဆးခ်က္ေတြ ေသေသခ်ာခ်ာလုပ္ထားတာလား? ဟုတ္တာေပါ့ ငါ တစ္ခုခုေတာ့ ရေအာင္ သင္လိုက္ရပါတယ္!" အသက္ႏွစ္ဆယ္အ႐ြယ္႐ွိတဲ့ ေကာင္မေလးက သူမသူငယ္ခ်င္းကို ေျပာလိုက္တယ္။ "ငါတို႔ႏိုင္ငံမွာ ဆင္းရဲတဲ့လူေတြမွ အမ်ားႀကီး ဒါဆို သူတို႔ေတြရဲ႕ သားသမီးေတြအကုန္ ၿဂိဳလ္ဆိုးေတြ ျဖစ္ကုန္မွာေပါ့"
"ေတာင္းပန္ပါတယ္ ငါလည္း ၿဂိဳလ္ဆိုးထဲက တစ္ေယာက္ဘဲ" ေဘးက ေကာင္မေလးက ေလွာင္ေျပာလိုက္တယ္။
မခံခ်ိမခံသာေအာင္ လုပ္ႏိုင္တဲ့ လူေတြရဲ႕ အၾကည့္ေတြက လ်ိဳက်ီက်င္းကို ႐ွက္႐ြံ႕ေစၿပီး သူမမ်က္ႏွာကို နီရဲေစတယ္။
သူမ ႐ွ႐ွီေပကို ေဒါသ ႐ွက္စိတ္ေတြနဲ႔ ၾကည့္လိုက္ၿပီး သူမကို ျပန္တိုက္ခ်င္တဲ့ စိတ္ကို ထိန္းထားေနရတယ္။
သူမ ဘာလို႔႐ွ႐ွီေပက ဉာဏ္ထက္လာၿပီး ႏႈတ္သီးေကာင္းလွ်ာပါး႐ွိမွန္းမသိခဲ့ဘူး ဘာလို႔လဲဆို အရင္တုန္းက သင္ သူမကို တုတ္နဲ႔ ႐ိုက္ရင္ေတာင္ သူမက စကားတစ္ခြန္းမွ ျပန္ေျပာမွာ မဟုတ္လို႔ဘဲ။
"ငါထင္တာကေတာ့ နင္က ငါ့ထက္ ပိုၿပီး ၿဂိဳလ္ဆိုးဝင္ေနသလားလို႔ နင့္ေမာင္ေလး...သူက နင့္ေၾကာင့္ ဖ်ားသြားရတာေလ မဟုတ္ဘူးလား?"
သူမစကားေတြက လ်ိဳက်ီက်င္းကို ႏွလုံးခုန္ျမန္ေစၿပီး မ်က္ႏွာေလးကို အလြန္ျဖဴေဖ်ာ့သြားေစတယ္။
သူမေမာင္ေလးက သူမထက္ ႐ွစ္ႏွစ္ေလာက္ငယ္ၿပီး သူတို႔မိသားစုရဲ႕ ကေလးေလး သူမေမာင္ေလးေမြးၿပီးကတည္းက သူမမိဘေတြနဲ႔ အႀကီးအကဲေတြက သူ႕ကို ပိုၿပီး ခ်စ္လာၾကၿပီး သူမကို ခ်စ္တာထက္ကို အကဲပိုလာၾကတယ္။
လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္တုန္းက သူမမိဘေတြမ႐ွိတုန္း သူမေမာင္ေလးက အျပင္းဖ်ားခဲ့တယ္။ သူမမိဘေတြကို သူမျပန္ေျပာမျပခဲ့ဘူး ဒီအေၾကာင္းကို သူမတစ္ေယာက္ထဲ ဖုံးထားခဲ့တယ္။
သူမမိဘေတြ သိေတာ့ သူမေမာင္ေလး အဖ်ားက ေတာ္ေတာ္ျပင္းထန္ၿပီး ဦးေႏွာက္ကို ထိသြားတယ္။ သူက အခု က်ပ္မျပည့္ခ်င္သလို ျဖစ္ေနတယ္။
အဲ့တာက ေတာ္ေတာ္ နာမည္ပ်က္ေစမယ့္ကိစၥဘဲ။ သူမ ႏွလုံးက ႐ွ႐ွီေပ အဲ့အေၾကာင္းကို လူထုၾကားထဲ ခ်ျပလိုက္ေတာာ့ ရပ္ေတာ့မလိုကို ျဖစ္သြားတယ္။
"နင္ နင္ အဓိပၸာယ္မ႐ွိတာေတြ ေလွ်ာက္မေျပာနဲ႔! သူမ ေဒါသနဲ႔ မာန္ဖီလိုက္တယ္။
"အဲ့တာအကုန္လုံးက အဓိပၸာယ္မ႐ွိတာဆိုရင္ နင္ဘာလို႔ အဲ့ေလာက္ေၾကာက္ေနတာလဲ? " ႐ွ႐ွီေပ အျပဳံးက ပိုၿပီး အျပစ္ကင္းေယာင္ေပၚေနေပမယ့္ သူမစကားေတြက အဆိပ္ရည္စိမ္ထားသလိုပင္။
"ဟိုစကားပုံလိုပဲေပါ့ေနာ္? ႐ုပ္ၾကမ္းႀကီးနဲ႔ ႏြဲ႕ေနတယ္ဆိုတာေလ ဟုတ္တယ္မလား?"စုန္႔က်ားရန္ ထပ္ေဆာင္းေျပာလိုက္တယ္။
႐ွခ်င္းဟန္နဲ႔ ေထာင္ယြယ္ယင္းက လ်ိဳက်ီက်င္းကို ၾကည့္လိုက္ၿပီး သူမ ေနာက္ထပ္ဘာလုပ္မလဲဆိုတာကို ေစာင့္ၾကည့္ေနလိုက္တယ္။
"နင္ဘာလို႔ အဓိပၸာယ္မ႐ွိတာေတြ ေျပာရဲရတာလဲ ငါနင့္ပါးစပ္ကို စြဲဆုပ္မိေတာ့မယ္!" လ်ိဳက်ီက်င္း ေဒါသတႀကီးေအာ္လိုက္ၿပီး တုန္လႈပ္စြာ သူမဆီ အေျပးႏွင္လိုက္တယ္။ သူမ အရမ္း ေဒါသထြက္ေနေတာ့ ႐ွ႐ွီေပဆီ ႐ုတ္တရက္ ေျပးဝင္လိုက္တယ္။
ဒါေပမယ့္ သူမ ႐ွ႐ွီေပဆီမေရာက္ခင္ စုန္႔က်ားရန္က သူမကို တားလိုက္တယ္။
လက္ေမာင္းကို ေျမႇာက္လိုက္ၿပီး စုန္႔က်ားရန္ သူမကို ပါးျပင္ကို ႐ိုက္ခ်လိုက္တယ္။
_ေျဖာင္း!
သူမက ေတာ္ေတာ္သန္တာဘဲ! သူမ လက္ဝါးရာက လ်ိဳက်ီက်င္းပါးမွာ ေတာက္ေလွ်ာက္ေပၚလာၿပီး သူမလက္လႊဲလိုက္တဲ့ အ႐ွိန္နဲ႔အတူ ပိုပို ထင္းလာတယ္။
လ်ိဳက်ီက်င္း သူမပါးကို ကိုင္လိုက္ၿပီး ငိုခ်င္းခ်ေတာ့တယ္။
"နင္ဘာလို႔ သူမကို ႐ိုက္ရတာလဲ?!" ေထာင္ယြယ္ယင္း အျပစ္တင္ေျပာဆိုၿပီး သူမအသံထဲ တုန္လႈပ္မႈေတြ ပါဝင္ေနတယ္။ အေျခအေနက ထိန္းမႏိုင္သိမ္းမရေတြ ျဖစ္ကုန္ၿပီ။
"နင္ကန္းေနလား?" စုန္႔က်ားရန္ လက္ကို ခါလိုက္ၿပီး တင္ပါးေပၚတင္လိုက္ကာ စက္ဆုပ္မႈေတြက သူမမ်က္ႏွာမွာ အထင္းသားေပၚေနတယ္။ "ငါ တစ္ေယာက္လုံး ဒီမွာ မတ္တပ္ရပ္ေနတာေတာင္ နင္က ငါ့လူကို အႏိုင္က်င့္ရဲတယ္ နင္ငါ့ကို ေသသြားၿပီတို႔ တစ္ခုခုျဖစ္သြားၿပီလို႔မ်ား ထင္ေနလား?!"
........
မနက္က typing ႐ိုက္ရင္း screen ေရစိုသြားလို႔ သုတ္ရင္း မွားၿပီး publish လုပ္မိလို႔ ျမန္ျမန္ unpublish လုပ္လိုက္ရတယ္ မၿပီးေသးတာကို 🥲
Hope you enjoy!!!