Unicode
-နှင်းဆီနီနဲ့ သစ်ရွက်စိမ်း
စုန့်ကျားရန် တစ်ေယာက်ဘဲ ဖန်းယန်ရဲ့ အမူအရာကို မြင်လိုက်ရတာ မဟုတ်ဘဲ ရှချင်းဟန်နဲ့ အခြားသူတွေပါ မြင်ကွင်းကို မြင်လိုက်ရတယ်။
သူမပြုံးနေပေမယ့်လည်း ရှချင်းဟန်မှာ အံကြိတ်သည်နှင့်အမျှ မုန်းတီးခြင်းတို့ ပြည့်နှက်နေတယ်။
ဖန်းယန်က ရှရှီပေကိုတော့ စိတ်အားထက်သန်နေပြီးတော့ သူမရဲ့ ဖုန်းနံပါတ်ရဖို့ သူကဘဲ စတောင်းပြီး သူရဲ့ ဆက်ဆံပုံက သူမအပေါ်မှာတော့ သာမန်မျှသာရှိလို့ သူမရဲ့ မျက်နှာ ချနင်းခံရသလို ခံစားလိုက်ရတယ်။
မိန်းကလေးသုံးယောက်ထဲ လျိုကျီကျင်းက ရှရှီပေကို အရင်ဆုံး မှတ်မိတဲ့သူ ဖြစ်တယ်။
ရှရှီပေလို နုံချာပြီး အားနည်းတဲ့သူက စကောက်တစ်ယောက်ဆီကနေ စတား ဖြစ်အောင် လုပ်ပေးမယ်ဆိုတဲ့ ကတိကို ရလိုက်တယ်? ဟာသတွေလုပ်နေတာလား?!
ဒါကြောင့် သူမ ထေ့ငေါ့လိုက်ပြီး ရှရှီပေ လှည့်ကြည့်တော့ နှာတောင် မှုတ်ပြလိုက်သေးတယ်။
"နင့်မှာ ချစ်စရာကောင်းတဲ့ မျက်နှာလေး ရှိတာနဲ့ စကား ဖြစ်မယ်လို့ မျှော်လင့်မနေနဲ့! နင့်မှာ အဲ့လို ဖြစ်ရအောင်ထိ ကောင်းချီးရှိသလားဆိုတာ စောင့်ကြည့်နေလိုက် နင် ဆိုးဆိုး ရွားရွား ကျရှုံးသွားရင် ကြောက်စရာကြီးနော်!"
ရှချင်းဟန် မျက်လုံးတွေက စိတ်ပူပန်မှုတွေ ဖြတ်ပြေးသွားပြီး လျိုကျီကျွင်းလက်ကို တို့ကာ ရပ်ရန် အချက်ပြလိုက်တယ်။
ဒါပေမယ့် သူမက တကယ်အဲ့စကားတွေ ထွက်အောင် မရပ်ေစချင်သလို အားထုတ်မှုတွေ နည်းနေတယ်။
"ဟုတ်တယ် သူမက ကျော့ရှင်းတယ် နင် လှနေရင် နင်ကြိုက်တာ လုပ်လို့ရတယ်!"
စုန့်ကျားရန် စကားထပြောလိုက်လို့ သူတို့ အံဩသွားတယ်။
သူမက သူတို့ သုံးယောက်ကို လှောင်ပြောင်သလို ကြည့်လိုက်ပြီး ရွံရှာစွာ ပြောလိုက်တယ်။
"တစ်ချို့လူတွေ မလှတာ ဘယ်သူ့အပြစ်လဲ? နင့်မှာ အဲ့ေလာက် မနာလို ဝန်တို မုန်းတီးတာတွေ ရှိနေတာလား?! အဲ့တာက နင့်ကို ပိုပြီး ရုပ်ဆိုးစေတယ်! နင် မနာလိုနေတာနဲ့ အဲ့တာတွေကို နင် ဘယ်လောက်ကြိုးစားကြိုးစား မရနိုင်ဘူး!"
"နင်-!"
စုန့်ကျားရန် လျိုကျီကျင်းကို တကယ် ဒေါသထွက်အောင် လုပ်လိုက်နိုင်ပြီ။
ကျောင်းမှာ ပျံ့နေတဲ့ စုန့်ကျားရန်ရဲ့ သတင်းတွေကို တွေးပြီး လျိုကျီကျင်း သူမနဲ့ မျက်နှာချင်းဆိုင် ရန်မဖြစ်ရဲဘူး။ ဒီကောင်မလေး ရူးမသွားဘူးဆိုတာ ဘယ်သူပြောနိုင်မှာလဲ?
"ဟက်! အချို့လူတွေက ရူးကိုရူးတာပါ သူတို့ကိုယ် သစ်ရွက်စိမ်းဖြစ်မှန်းမသိဖြစ်နေတာကို မသိဘူး!" လျိုကျီကျင်း သူများရဲ့ အရှုံးကို မရတာကြောင့် ဒေါသတကြီး ပြောလိုက်တယ်။
ရှရှီပေက လှပြီးသား။ စုန့်ကျားရန် သူမနားမှာ ရပ်လိုက်တော့ ကွာခြားမှုက တော်တော်ကြီးတယ်။
"နင့်ကိုယ်နင် ကွန်ဖီးဒန့်တွေ တအားရှိနေတာလား?" ရှရှီပေ သူမကို အထက်အောက် အပြန်ပြန် အလှန်လှန်ကြည့်ပြီး နောက်ဆုံးတော့ ပြောလိုက်တယ်။ "နင်တို့ နှစ်ယောက်က သစ်ရွက်စိမ်းတွေ သစ်ရွက်စိမ်းတွေမှ အမှတ်တွေနဲ့လေ ဒီလို စကားတွေ ပြောဖို့ နင့်မှာ ဘယ်က သတ္တိတွေ ရှိလာတာလဲ?"
လျိုကျီကျင်း အဲ့ဒီစကားတွေ ကြတော့ မျက်နှာ အမူအရာ ပြောင်းသွားတယ်။
အမှတ်တွေနဲ့ သစ်ရွက်စိမ်း? သူမ တကယ် ရုပ်ဆိုးနေလို့လား?!
ရှချင်းဟန် အပြုံးကလည်း တောင့်တင်းသွားတယ်။
လျိုကျီကျင်းက သာမန်ရုပ်ရည်ဘဲ ရှိတာ။ သူမ စုန့်ကျားရန်ကို သာတာဆိုလို့ အရမ်းပိန်တာဘဲ ရှိတယ်။
ဒါပေမယ့် သူမ ဘယ်လောက်ဘဲ ပိန်ပိန်ပါ ရှချင်းဟန်နဲ့ ယှဉ်ရပ်လိုက်ရင် သူမက သစ်ရွက်စိမ်းသာသာဘဲ။
"အချို့ မိန်းကလေးတွေက စိတ်ကူးကောင်းတွေ ရှိတာဘဲ သူတို့ကိုယ် သူတို့ ပိုကြည့်ကောင်းအောင် သစ်ရွက်စိမ်းတွေတောင် ရှာတတ်သား" ရှရှီပေ ရှချင်းဟန်ကို ကြည့်ပြီး ထောင်ယွယ်ယင်းကိုပါ ရန်ပွဲထဲ ဆွဲထည့်လိုက်သေးတယ်။
ရှချင်းဟန် အပြုံးတွေ ပျောက်သွားတယ် "ဟေး ကျောင်းသူ ငါနင့်ကို ရန်စမိလို့လား?"
ရှရှီပေ ပုခုံးတွန့်ပြပြီး အပြစ်မရှိသလို ပြုံးလိုက်တယ် "ဘာလဲ ငါပြောတာမှားလို့လား?"
စုန့်ကျားရန်ဘက်ကို လှည့်ပြီး သူမ မေးလိုက်တယ်။ "ငါအခု တစ်ခုခုပြောလိုက်လို့လား?"
"ဟုတ်တယ် နင် ဘာပြောလိုက်လို့လဲ? ငါတော့ ခွေးတွေ အရင်ဟောင်တာဘဲ သိတာ"
စုန့်ကျားရန် ဘယ်ဘက်ကို ရွေးရမယ်ဆိုတာ သိတယ်။ သူမ ရှရှီပေဘက်ကို ရွေးရမယ် သူမလိမ်မလိမ်ဆိုတာ မသိသေးခင်ပေါ့။
ပြီးတော့ သူမ အတုမရှချင်းဟန်ထက် ရှရှီပေကို ပိုကြိုက်တယ်။ အနည်းဆုံးတော့ ရှရှီပေက စိတ်ချမ်းမြေ့စေတယ်။ သူတို့ နှစ်ယောက်တူတူထွက်လာတာ ရှရှီပေကို သူမ အနိုင်ကျင့်ခံရဖို့ ခွင့်မပြုနိုင်ဘူး။
လျိုကျီကျင်းမျက်နှာက ခွေးအခေါ်ခံရလို့ ရဲတောက်သွားတယ် ဒါပေမယ့် သူမ စုန့်ကျားရန်ကို ဒေါသမထွက်ရဲဘူး။ သူမ နှုတ်ကို ရှရှီပေဆီသာ လှည့်လိုက်တယ်။
"တစ်ချို့က ကြည့်ကောင်းတဲ့ မျက်နှာလေးဘဲ ရှိတာ ဒါပေမယ့် သူတို့ မိဘတွေတောင် သူတို့ကို မချစ်ကြဘူး သူတို့က ဘယ်လောက်ကောင်းနေမှာမလို့လဲ?" လျိုကျီကျင်း ရှူးရှူးရှဲရှဲဖြင့် သူမမျက်လုံးတွေမှာ ယုတ်မာမှုတွေ ပြည့်နှက်နေပြီး ဆိုလိုက်တယ်။
"အို့? သူမမိဘတွေတောင် မချစ်ကြဘူး?" ထောင်ယွယ်ယင်း ပြောလိုက်တယ်။ သူမမျက်နှာက စပ်စုချင်စိတ်တွေ ပြည့်နေတယ်။
Zawgyi
-ႏွင္းဆီနီနဲ႔ သစ္႐ြက္စိမ္း
စုန္႔က်ားရန္ တစ္ေယာက္ဘဲ ဖန္းယန္ရဲ႕ အမူအရာကို ျမင္လိုက္ရတာ မဟုတ္ဘဲ ႐ွခ်င္းဟန္နဲ႔ အျခားသူေတြပါ ျမင္ကြင္းကို ျမင္လိုက္ရတယ္။
သူမျပဳံးေနေပမယ့္လည္း ႐ွခ်င္းဟန္မွာ အံႀကိတ္သည္ႏွင့္အမွ် မုန္းတီးျခင္းတို႔ ျပည့္ႏွက္ေနတယ္။
ဖန္းယန္က ႐ွ႐ွီေပကိုေတာ့ စိတ္အားထက္သန္ေနၿပီးေတာ့ သူမရဲ႕ ဖုန္းနံပါတ္ရဖို႔ သူကဘဲ စေတာင္းၿပီး သူရဲ႕ ဆက္ဆံပုံက သူမအေပၚမွာေတာ့ သာမန္မွ်သာ႐ွိလို႔ သူမရဲ႕ မ်က္ႏွာ ခ်နင္းခံရသလို ခံစားလိုက္ရတယ္။
မိန္းကေလးသုံးေယာက္ထဲ လ်ိဳက်ီက်င္းက ႐ွ႐ွီေပကို အရင္ဆုံး မွတ္မိတဲ့သူ ျဖစ္တယ္။
႐ွ႐ွီေပလို ႏုံခ်ာၿပီး အားနည္းတဲ့သူက စေကာက္တစ္ေယာက္ဆီကေန စတား ျဖစ္ေအာင္ လုပ္ေပးမယ္ဆိုတဲ့ ကတိကို ရလိုက္တယ္? ဟာသေတြလုပ္ေနတာလား?!
ဒါေၾကာင့္ သူမ ေထ့ေငါ့လိုက္ၿပီး ႐ွ႐ွီေပ လွည့္ၾကည့္ေတာ့ ႏွာေတာင္ မႈတ္ျပလိုက္ေသးတယ္။
"နင့္မွာ ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာေလး ႐ွိတာနဲ႔ စကား ျဖစ္မယ္လို႔ ေမွ်ာ္လင့္မေနနဲ႔! နင့္မွာ အဲ့လို ျဖစ္ရေအာင္ထိ ေကာင္းခ်ီး႐ွိသလားဆိုတာ ေစာင့္ၾကည့္ေနလိုက္ နင္ ဆိုးဆိုး ႐ြား႐ြား က်႐ႈံးသြားရင္ ေၾကာက္စရာႀကီးေနာ္!"
႐ွခ်င္းဟန္ မ်က္လုံးေတြက စိတ္ပူပန္မႈေတြ ျဖတ္ေျပးသြားၿပီး လ်ိဳက်ီကြၽင္းလက္ကို တို႔ကာ ရပ္ရန္ အခ်က္ျပလိုက္တယ္။
ဒါေပမယ့္ သူမက တကယ္အဲ့စကားေတြ ထြက္ေအာင္ မရပ္ေစခ်င္သလို အားထုတ္မႈေတြ နည္းေနတယ္။
"ဟုတ္တယ္ သူမက ေက်ာ့႐ွင္းတယ္ နင္ လွေနရင္ နင္ႀကိဳက္တာ လုပ္လို႔ရတယ္!"
စုန္႔က်ားရန္ စကားထေျပာလိုက္လို႔ သူတို႔ အံဩသြားတယ္။
သူမက သူတို႔ သုံးေယာက္ကို ေလွာင္ေျပာင္သလို ၾကည့္လိုက္ၿပီး ႐ြံ႐ွာစြာ ေျပာလိုက္တယ္။
"တစ္ခ်ိဳ႕လူေတြ မလွတာ ဘယ္သူ႕အျပစ္လဲ? နင့္မွာ အဲ့ေလာက္ မနာလို ဝန္တို မုန္းတီးတာေတြ ႐ွိေနတာလား?! အဲ့တာက နင့္ကို ပိုၿပီး ႐ုပ္ဆိုးေစတယ္! နင္ မနာလိုေနတာနဲ႔ အဲ့တာေတြကို နင္ ဘယ္ေလာက္ႀကိဳးစားႀကိဳးစား မရႏိုင္ဘူး!"
"နင္-!"
စုန္႔က်ားရန္ လ်ိဳက်ီက်င္းကို တကယ္ ေဒါသထြက္ေအာင္ လုပ္လိုက္ႏိုင္ၿပီ။
ေက်ာင္းမွာ ပ်ံ႕ေနတဲ့ စုန္႔က်ားရန္ရဲ႕ သတင္းေတြကို ေတြးၿပီး လ်ိဳက်ီက်င္း သူမနဲ႔ မ်က္ႏွာခ်င္းဆိုင္ ရန္မျဖစ္ရဲဘူး။ ဒီေကာင္မေလး ႐ူးမသြားဘူးဆိုတာ ဘယ္သူေျပာႏိုင္မွာလဲ?
"ဟက္! အခ်ိဳ႕လူေတြက ႐ူးကို႐ူးတာပါ သူတို႔ကိုယ္ သစ္႐ြက္စိမ္းျဖစ္မွန္းမသိျဖစ္ေနတာကို မသိဘူး!" လ်ိဳက်ီက်င္း သူမ်ားရဲ႕ အ႐ႈံးကို မရတာေၾကာင့္ ေဒါသတႀကီး ေျပာလိုက္တယ္။
႐ွ႐ွီေပက လွၿပီးသား။ စုန္႔က်ားရန္ သူမနားမွာ ရပ္လိုက္ေတာ့ ကြာျခားမႈက ေတာ္ေတာ္ႀကီးတယ္။
"နင့္ကိုယ္နင္ ကြန္ဖီးဒန္႔ေတြ တအား႐ွိေနတာလား?" ႐ွ႐ွီေပ သူမကို အထက္ေအာက္ အျပန္ျပန္ အလွန္လွန္ၾကည့္ၿပီး ေနာက္ဆုံးေတာ့ ေျပာလိုက္တယ္။ "နင္တို႔ ႏွစ္ေယာက္က သစ္႐ြက္စိမ္းေတြ သစ္႐ြက္စိမ္းေတြမွ အမွတ္ေတြနဲ႔ေလ ဒီလို စကားေတြ ေျပာဖို႔ နင့္မွာ ဘယ္က သတၱိေတြ ႐ွိလာတာလဲ?"
လ်ိဳက်ီက်င္း အဲ့ဒီစကားေတြ ၾကေတာ့ မ်က္ႏွာ အမူအရာ ေျပာင္းသြားတယ္။
အမွတ္ေတြနဲ႔ သစ္႐ြက္စိမ္း? သူမ တကယ္ ႐ုပ္ဆိုးေနလို႔လား?!
႐ွခ်င္းဟန္ အျပဳံးကလည္း ေတာင့္တင္းသြားတယ္။
လ်ိဳက်ီက်င္းက သာမန္႐ုပ္ရည္ဘဲ ႐ွိတာ။ သူမ စုန္႔က်ားရန္ကို သာတာဆိုလို႔ အရမ္းပိန္တာဘဲ ႐ွိတယ္။
ဒါေပမယ့္ သူမ ဘယ္ေလာက္ဘဲ ပိန္ပိန္ပါ ႐ွခ်င္းဟန္နဲ႔ ယွဥ္ရပ္လိုက္ရင္ သူမက သစ္႐ြက္စိမ္းသာသာဘဲ။
"အခ်ိဳ႕ မိန္းကေလးေတြက စိတ္ကူးေကာင္းေတြ ႐ွိတာဘဲ သူတို႔ကိုယ္ သူတို႔ ပိုၾကည့္ေကာင္းေအာင္ သစ္႐ြက္စိမ္းေတြေတာင္ ႐ွာတတ္သား" ႐ွ႐ွီေပ ႐ွခ်င္းဟန္ကို ၾကည့္ၿပီး ေထာင္ယြယ္ယင္းကိုပါ ရန္ပြဲထဲ ဆြဲထည့္လိုက္ေသးတယ္။
႐ွခ်င္းဟန္ အျပဳံးေတြ ေပ်ာက္သြားတယ္ "ေဟး ေက်ာင္းသူ ငါနင့္ကို ရန္စမိလို႔လား?"
႐ွ႐ွီေပ ပုခုံးတြန္႔ျပၿပီး အျပစ္မ႐ွိသလို ျပဳံးလိုက္တယ္ "ဘာလဲ ငါေျပာတာမွားလို႔လား?"
စုန္႔က်ားရန္ဘက္ကို လွည့္ၿပီး သူမ ေမးလိုက္တယ္။ "ငါအခု တစ္ခုခုေျပာလိုက္လို႔လား?"
"ဟုတ္တယ္ နင္ ဘာေျပာလိုက္လို႔လဲ? ငါေတာ့ ေခြးေတြ အရင္ေဟာင္တာဘဲ သိတာ"
စုန္႔က်ားရန္ ဘယ္ဘက္ကို ေ႐ြးရမယ္ဆိုတာ သိတယ္။ သူမ ႐ွ႐ွီေပဘက္ကို ေ႐ြးရမယ္ သူမလိမ္မလိမ္ဆိုတာ မသိေသးခင္ေပါ့။
ၿပီးေတာ့ သူမ အတုမ႐ွခ်င္းဟန္ထက္ ႐ွ႐ွီေပကို ပိုႀကိဳက္တယ္။ အနည္းဆုံးေတာ့ ႐ွ႐ွီေပက စိတ္ခ်မ္းေျမ့ေစတယ္။ သူတို႔ ႏွစ္ေယာက္တူတူထြက္လာတာ ႐ွ႐ွီေပကို သူမ အႏိုင္က်င့္ခံရဖို႔ ခြင့္မျပဳႏိုင္ဘူး။
လ်ိဳက်ီက်င္းမ်က္ႏွာက ေခြးအေခၚခံရလို႔ ရဲေတာက္သြားတယ္ ဒါေပမယ့္ သူမ စုန္႔က်ားရန္ကို ေဒါသမထြက္ရဲဘူး။ သူမ ႏႈတ္ကို ႐ွ႐ွီေပဆီသာ လွည့္လိုက္တယ္။
"တစ္ခ်ိဳ႕က ၾကည့္ေကာင္းတဲ့ မ်က္ႏွာေလးဘဲ ႐ွိတာ ဒါေပမယ့္ သူတို႔ မိဘေတြေတာင္ သူတို႔ကို မခ်စ္ၾကဘူး သူတို႔က ဘယ္ေလာက္ေကာင္းေနမွာမလို႔လဲ?" လ်ိဳက်ီက်င္း ႐ွဴး႐ွဴး႐ွဲ႐ွဲျဖင့္ သူမမ်က္လုံးေတြမွာ ယုတ္မာမႈေတြ ျပည့္ႏွက္ေနၿပီး ဆိုလိုက္တယ္။
"အို႔? သူမမိဘေတြေတာင္ မခ်စ္ၾကဘူး?" ေထာင္ယြယ္ယင္း ေျပာလိုက္တယ္။ သူမမ်က္ႏွာက စပ္စုခ်င္စိတ္ေတြ ျပည့္ေနတယ္။