(Unicode)
"မင်းကြီး ဂျွန်ဂျောင်ဂု သက်တော်ရာကျော်ရှည်ပါစေ"
အားလုံးထံမှ တစ်ပြိုင်နက်ထဲ အော်သံထွက်လာပြီး လက်ခုပ်သံများ လေချွန်သံများနဲ့ ပြည့်နှက်လို့ သွားတော့သည်။
ဂျောင်ဂု၏ ဦးခေါင်းပေါ်တွင်လည်း ရှီယန်း၏ နိုင်ငံတံဆိပ်နဲ့ သရဖူကြီး ဆောင်းထားလျက်။ ခမ်းနားတောက်ပြောင်တဲ့ ဝတ်ရုံအနက်က ဂျောင်ဂုနဲ့ လိုက်ဖက်ပြီး အရှိန်အဝါပိုမို တောက်ပနေသယောင်။
လက်ထပ်ပွဲအပြီး သုံးလအကြာတွင် ထပ်ကျင်းပသော နန်းတက်ပွဲကား အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့ပြီ။ ဂျောင်ဂုမှာ အနောက်သို့ ပြန်လှည့်လာပြီး မိဖုရားထိုင်ရာ နေရာတွင် လက်ခုပ်လေးတီးနေသော ချစ်ရသူအား ပြုံး၍ ကြည့်လာသည်။
ဂျောင်ဂုလည်း ဂွမ်ဆူဘက်လှည့်ကာ အချက်ပြလိုက်သည်နှင့် ဂွမ်ဆူက အရပ်သားများအား စားသောက်ပွဲဆီသို့ လမ်းညွှန်ရန် အစေခံများအား ခိုင်းစေပြီး အထက်လူကြီးများ၊ အမတ်များကိုတော့ နန်းတော်ထဲရှိ သီးသန့်စားပွဲဝိုင်းသို့ ကြွစေသည်။
ဂျောင်ဂုကတော့ ထယ်ယောင်းဆီသို့သာ တည့်တည့်လာကာ ထယ်ယောင်းရှေ့တွင် ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်ရင်း လက်လေးကို အသာဆုပ်ကိုင်လိုက်သည်။
"မောင့်အသက်လေး ဗိုက်ဆာနေပြီလား"
ဂျောင်ဂုက ဘာမှမဖြစ်သလောက် ထယ်ယောင်းကမူ နေရထိုင်ရခက်နေဟန်နဲ့ ဟိုကြည့်ဒီကြည့်လုပ်ပြီး
"ထပါ ဒီလိုကြီးမထိုင်နဲ့၊ မောင်က အဲလေ မင်းကြီးက ဘုရင်ဖြစ်နေပြီ ခုလိုဒူးထောက်ထိုင်တာက..."
"ဘာဖြစ်လဲ၊ မောင့် အရှင်သခင်ရှေ့မှာ ဒူးထောက်ရမှာပေါ့၊ အာ...ပြီးတော့ မင်းကြီးလို့ ခေါ်စရာမလိုဘူး ခေါ်နေကျအတိုင်းပဲခေါ် ဟုတ်ပြီလား"
ဂျောင်ဂုပြောတော့ ထယ်ယောင်းက ပြုံးပြုံးလေးနဲ့ ခေါင်းတဆတ်ဆတ်ငြိမ့်ပြလာသည်။ ဂျောင်ဂုလည်း ထယ်ယောင်းကို ပြန်ပြုံးပြပြီး အကြည့်များက ထယ်ယောင်းရဲ့ ဗိုက်လေးနားကို ရောက်လာသည်။
လက်တစ်ဖက်နဲ့ ဖောင်းသယောင်ဖြစ်နေသော ထယ်ယောင်းဗိုက်လေးကို အသာကိုင်လိုက်ပြီး
"ကလေးလေးရေ၊ ငါဘုရင်ဖြစ်သွားပြီ သိလား၊ ဒီဖေဖေကိုလည်း အရမ်းနာအောင် မလုပ်ဘဲ ဗိုက်ထဲမှာ ငြိမ်ငြိမ်နေရမယ်နော်၊ မဟုတ်ရင် ထွက်လာတာနဲ့ မင်းကို ရိုက်မှာ"
ကလေးက သားလား သမီးလားတောင် မသိသေးတာကို ကြိုတင်ခြိမ်းခြောက်နေသော ဂျောင်ဂုကိုကြည့်ပြီး ထယ်ယောင်း တခစ်ခစ်ရယ်လေတော့သည်။
"မောင်ကလည်း ကိုယ့်ကလေးကို ဘယ်လိုပြောလိုက်တာလဲ၊ အခုမှ နှစ်လသားလောက်ပဲရှိသေးတာကို"
"ဘယ်လောက်ဖြစ်ဖြစ်လေ ငယ်ငယ်ကတည်းက ဟန့်ထားရမှာပေါ့"
"မောင်၊ ဒါက အနာဂတ်ရဲ့ ဘုရင်လေးနော်"
ထယ်ယောင်းက လေသံမာမာနဲ့ အော်လိုက်တော့ ဂျောင်ဂုမှာ မျက်နှာလေး ချက်ချင်းညိုးကျသွားတော့သည်။
"မောင်က အခုမှ ဘုရင်လတ်လတ်ဆတ်ဆတ်ဖြစ်ထားတာလေ၊ မောင့်အသက်က မောင့်ကိုတော့ ဂရုမစိုက်ဘူး၊ မဖြစ်သေးတဲ့ ဘုရင်ကို ကြိုပြီးကာကွယ်ပေးနေတယ်"
ချက်ချင်းငိုချတော့မဲ့ရုပ်နဲ့ နှုတ်ခမ်းလေးစူလာသော ဂျောင်ဂုမှာ တကယ့်ကို ကလေးတစ်ယောက်လိုပင်။ ဘုရားစူး Alpha ဘုရင်ကြီးပါလေ။
"မောင်ကကွာ၊ ဘုရင်ဖြစ်ပြီး ချွဲနေပြန်ပြီ၊ ထတော့ လူတွေနဲ့ကို"
"မထဘူးကွာ၊ မောင့်ကိုနမ်းမှ ထမယ်"
ထယ်ယောင်း အကြပ်ရိုက်လေပြီ။ ဘေးမှာ လူတွေရှိနေတာကို လာနမ်းခိုင်းနေတာလား။ ဒါတောင် ဂျောင်ဂုက အနောက်ကလူအုပ်ကြီးကို ကျောပေးထားလို့သာ တော်သေးသည်။ မဟုတ်ရင် ဒီငိုမဲ့မဲ့ဘုရင်ကို ပြည်သူတွေ တွေ့ကုန်ရင် ဒုက္ခ။
"မင်းကြီး၊ စားပွဲဝိုင်းမှာ အမတ်တွေ အကုန်စုံနေပါပြီ၊ မင်းကြီးကြွတော်မူပါ"
အနားသို့ လာပြောသော ဂွမ်ဆူကို ထယ်ယောင်း ကျေးဇူးတင်မိသည်။ မဟုတ်ရင် လူကြားထဲ နမ်းနေရဦးမှာ။
အဲ့တော့မှ ဂျောင်ဂုလည်း မတတ်သာတဲ့အဆုံး ခေါင်းတစ်ချက်ငြိမ့်ကာ မတ်တတ်ထရပ်လိုက်သည်။ ပြီးတာနဲ့ ချက်ချင်း ထယ်ယောင်း၏ ကျောနဲ့ ဒူးအောက်ကို လက်လျှိုသွင်းလိုက်ပြီး ပွေ့ချီလိုက်ရာ ထယ်ယောင်းမှာလည်း အလန့်တကြားဖြစ်သွားပြီး ဂွမ်ဆူမှာလည်း အမြန်အကြည့်တွေ လွှဲကုန်သည်။ ဘေးနားကလူများမှာလည်း ချက်ချင်း ခေါင်းတွေငုံ့ကုန်ကာ ကပြာကယာတွေ ဖြစ်နေကြရသည်။
"မောင်..ဘာလုပ်တာလဲ ပြန်ချပေး"
"မောင့်အသက်က ဗိုက်ထဲမှာ ကလေးလေးနဲ့လေကွာ"
"အခုမှ နှစ်လပဲရှိသေးတာကို ဘာမှမဖြစ်ပါဘူး"
"ဖြစ်တယ်၊ ဗိုက်ထဲက ကလေးက ရှီယန်းရဲ့ အနာဂတ်ဆို၊ မောင့်အသက်က မောင့်အနာဂတ်လေ၊ နှစ်ယောက်လုံး အထိအခိုက်ခံလို့မဖြစ်ဘူး"
ဘယ်လိုပြောပြောရမည့်ပုံ မပေါ်တာကြောင့် ထယ်ယောင်းလည်း ဆက်မပြောတော့ဘဲ ဂျောင်ဂုလည်ပင်းကို သိုင်းဖက်ကာ လိုက်သွားရတော့သည်။
စားသောက်ပြီးတော့လည်း ထယ်ယောင်းက အိပ်ချင်ပြီဆိုတာကြောင့် ဂျောင်ဂုလည်း ချက်ချင်းပြန်ဖို့လုပ်သည်။
အခု နန်းတက်ပွဲကို နန်းတော်မှာ လုပ်သော်လည်း ထယ်ယောင်းနဲ့နှစ်ယောက်ထဲ အတူနေရန် နန်းဆောင်ကို အန္တရာယ်မရှိတဲ့ တောအုပ်အစပ်နားတွင် သက်သက် ဆောက်ထားသည်။ အဲ့အထိ ထယ်ယောင်းကို ထမ်းစင်နဲ့ သေချာခေါ်စေသည်။ မြင်းနဲ့ဆို ကိုယ်ဝန်သည်တွေအတွက် အန္တရာယ်များသည်လေ။
နန်းဆောင်ကြီးက အိမ်တစ်လုံးပမာ အသုံးအဆောင်မျိုးစုံရှိပြီး အမြဲတမ်းသန့်ရှင်းသပ်ရပ်နေစေဖို့ အစေခံများလည်းထားရှိပြီး လုံခြုံရေးအတွက်လည်း အစောင့်များစွာရှိသည်။ ဂျောင်ဂုနဲ့ထယ်ယောင်း ရောက်သည်နှင့် ထိုလူတွေအကုန်လုံးက ဖယ်ပေးရသည်။ အရေးအကြောင်းအတွက် အစောင့် နှစ်ယောက်သာ ကျန်စေသည်။
အခန်းထဲရောက်သည်နှင့် ထယ်ယောင်းက ပင်ပန်းတယ်ဟုဆိုကာ အိပ်ရာပေါ် လူးလိမ့်တက်အိပ်တော့သည်။ မပင်ပန်းသေးသူက ဂျောင်ဂု။
"မောင့်အသက်ကလေး"
ရီရီဝေဝေအသံနဲ့ ထယ်ယောင်းဘေးကို တိုးဝှေ့အိပ်လာသော ဂျောင်ဂုရယ်။
"မောင်က ဘုရင်ဖြစ်သွားပြီဆိုတော့ ဆုချသင့်တယ်မဟုတ်လား"
"ဘာလိုချင်လဲ"
"ခုနကတည်းက မောင့်ကို နမ်းကိုပြောနေတာကို၊ ခုထိ မနမ်းသေးဘူး"
ပြောပြောဆိုဆိုနဲ့ နှုတ်ခမ်းလေးဆူပေးလာသော ဂျောင်ဂုကိုကြည့်ပြီး ထယ်ယောင်း သဘောကျစွာနဲ့ အသံထွက်သည်အထိ ရယ်မိသည်။ ဒီ Alpha က အခုလိုအချိန်တွေဆို သိပ်ချစ်ဖို့ကောင်းတာ။
"နမ်းလို့ဆို"
ကလေး မုန့်ပူဆာသလို ပူဆာနေသော ဂျောင်ဂုကြောင့် ထယ်ယောင်းလည်း ငြင်းမနေတော့ဘဲ ဂျောင်ဂုနှုတ်ခမ်းကို ဖိကပ်နမ်းလိုက်တော့သည်။
တဖြည်းဖြည်းနဲ့ ဂျောင်ဂုက အနမ်းများကို ဦးဆောင်သူ ဖြစ်လာပြီး ထယ်ယောင်းအား အပေါ်ကနေ အုပ်မိုးလာကာ အနမ်းများကို ရှေ့ဆက်သည်။
အပေါ်လွှာ အောက်လွှာတို့ကို သုံးဆောင်ရုံနဲ့ အားမရတော့သည်မို့ လျှာဖျားလေးနဲ့ ထယ်ယောင်းနှုတ်ခမ်းလေးကို အသာလျက်လိုက်တော့ အလိုက်သင့်လေး နှုတ်ခမ်းအား ဖွင့်ဟပေးလာသည်။
လျှာဖျားလေးတစ်ခုက ရစ်ပတ်လာပြီး ဂျောင်ဂုက ထယ်ယောင်းအာခံတွင်းတစ်ခုလုံးကို စိတ်ကြိုက်နယ်ချဲ့လာတော့သည်။ တဖြည်းဖြည်း ဂျောင်ဂု၏ အနမ်းများက အရိုင်းဆန်လာပြီမို့ ထယ်ယောင်းမှာ ရပ်ပေးဖို့ ဂျောင်ဂုရင်ဘတ်ကို ခပ်ဖွဖွထုပေးတော့မှ အနမ်းရေယာဉ်ဟာ ပြတ်တောက်သွားတော့သည်။
"မောင်၊ မဖြစ်ဘူးနော်၊ ကလေးလေးရှိတယ်လေ"
"ဒီကလေးက ဘယ်တော့ထွက်လာမှာလဲ"
"နောက်ရှစ်လလောက်ပေါ့"
ထယ်ယောင်းစကားကြောင့် ဂျောင်ဂုမှာ မှိုန်ကျသွားပြီး ဗိုက်လေးနား ကပ်သွားကာ
"ဟေ့ အထဲကတစ်ယောက်၊ မြန်မြန်ထွက်လာခဲ့၊ ငါ့ကိုသနားပါဦးကွာ"
"မောင်ကတော့လေ အခုဘယ်သူက ကလေးလိုဖြစ်နေတာလဲ"
"ဘယ်သူက ကလေးလဲ သိအောင် ပြရမလား"
ဂျောင်ဂုက နှုတ်ခမ်းတွန့်ရုံလေးပြုံးကာ ပြောလာတော့ ထယ်ယောင်းမှာ မျက်လုံးလေး ဝိုင်းစက်သွားပြီး ခေါင်းလေး အမြန်ခါပြသည်။
"မောင် မရဘူးနော်"
"နမ်းရုံပဲနမ်းမှာပါ"
ပြောပြောဆိုဆိုနဲ့ ဒုတိယအကြိမ် နှုတ်ခမ်းကို ထိကပ်လိုက်တော့ ထယ်ယောင်းဘက်ကလည်း ငြင်းဆိုခြင်းမရှိဘဲ အလိုက်သင့်လေးတုန့်ပြန်လာပြီ။ တဏှာရာဂမရှိဘဲ နူးညံ့ခြင်းတွေသာ ဖုံးလွှမ်းနေတဲ့ ဒီအနမ်းက သာမန်ထက် သိပ်ချိုမြိန်လွန်းသည်။
.
.
.
လေးနှစ်ခန့်ကြာသော်
"ဖေဖေထယ်"
သုံးနှစ်အရွယ်ကလေးလေးက သွက်လက်စွာနဲ့ ဘောမ်ဂယူလက်ထဲမှ ခုန်ဆင်းကာ ထယ်ယောင်းဆီပြေးသွားတော့သည်။ ထယ်ယောင်းလည်း သားဖြစ်သူ ထယ်ဂုလေးကို ပွေ့ချီလိုက်ပြီး
"သားလေး ပျော်ခဲ့ရဲ့လား"
"အွန်း ကိုကိုဂယူက သားသားနဲ့ အများကြီး အများကြီး ကစားပေးတယ်"
ထယ်ဂုလေးစကားကြောင့် ထယ်ယောင်းလည်း ဘောမ်ဂယူဘက်ကို လှည့်ကာ
"တစ်နေကုန် သားကို ထိန်းပေးနေရတာ အားနာလိုက်တာ၊ ဘောမ်ဂယူကို ဒုက္ခတွေပေးမိနေပြီ"
"မဟုတ်တာ အစ်ကိုယောင်းကလည်း၊ ကျွန်တော်က မင်းသားလေးနဲ့ဆော့ရတာပျော်တယ်"
ဘောမ်ဂယူစကားကြောင့် ထယ်ယောင်းက တစ်ချက်ပြုံးကာ ကျေးဇူးတင်စကားဆိုပြီး နန်းဆောင်ထဲ ပြန်ဝင်လာလိုက်သည်။ တောအုပ်ထဲမှာမို့ ငှက်ကလေးတွေရဲ့ အသံလေးတွေသာ ကြားနေရပြီး တခြား ဆူညံသံဟူ၍ မရှိ။
နန်းဆောင်ထဲ ဝင်လိုက်တာနဲ့ ဂျောင်ဂုမှာ ထယ်ယောင်းလက်ထဲက ထယ်ဂုကို အလန့်တကြားကြည့်လာသည်။
"ဖေဖေဘုရင်ကြီး သားပြန်လာပြီ"
ထယ်ဂုလေးက ပြောပြောဆိုဆိုနဲ့ ထယ်ယောင်းပေါ်က ပြေးဆင်းကာ ဂျောင်ဂုပေါင်ပေါ်တက်သွားတော့သည်။
"ဟေ့ကောင်ရ၊ မင်းကို ညအထိ ဘောမ်ဂယူနဲ့ဆော့နေခိုင်းတာကို၊ ငါမင်းအဖေနဲ့ လုပ်စရာနဲနဲရှိလို့"
"လုပ်ပေါ့လို့၊ သားကဘေးကနေ ငြိမ်ငြိမ်လေး နေနေမယ်"
"မရဘူး၊ ဒါက မင်း မကြည့်သင့် မမြင်သင့် မကြားသင့်"
"မောင်!! တော်တော့နော်၊ ကလေးကို ဘာတွေပြောနေတာလဲ"
ထယ်ယောင်းက လေသံမာမာနဲ့ ဂျောင်ဂုပေါင်ပေါ်က ထယ်ဂုလေးကို ပြန်ပွေ့ချီလိုက်သည်။ ထယ်ဂုကလည်း သူ့အား အလိုလိုက်တဲ့ ထယ်ယောင်းကို ပိုခင်တွယ်သည်မို့ ချက်ချင်း ထယ်ယောင်းလည်ပင်းကို သိုင်းဖက်ကာ လိုက်သွားသည်။
ဂျောင်ဂုမျက်နှာကတော့ ပြိုတော့မဲ့ မိုးလို ဖြစ်နေပြီး ငိုတော့မဲ့ လေသံမျိုးနဲ့
"မောင်က မောင့်အသက်နဲ့ နှစ်ယောက်ထဲလေး နေချင်လို့ ဘောမ်ဂယူကို ထိန်းခိုင်းတာလေ"
"သူထိန်းပေးတယ်လေ မောင်ကလည်း"
"အင်းပါ ညအထိလို့ မပြောမိတဲ့ မောင့်အမှား၊ မောင်ကတော့ နှစ်ယောက်ထဲ အချိန်ကုန်ဖို့ စစ်သူကြီးဂန်၊ အမတ်ကြီးကင်ကို အပူကပ်ပြီး အလုပ်တွေ အမြန် အပြီးသတ်လိုက်ရတာ ဖတ်ဖတ်ကိုမောပဲ၊ အမောပြေမလားလို့ ဒီကိုလာကာမှ အမောပါဆို့"
ဂျောင်ဂုစကားအဆုံး ထယ်ယောင်းမှာ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ ကိုယ်ဝန်ရှိနေတုန်းကရော၊ ထယ်ဂုလေးရောက်လာတော့ရော၊ အခုချိန်ထိ ဂျောင်ဂုနဲ့ထယ်ယောင်း အတွက် သီးသန့်အချိန်မရခဲ့တာတော့ အမှန်။
အခုလည်း ဂျောင်ဂုပုံစံက အလုပ်ဒဏ်တွေ၊ တိုင်းပြည်ရေးတွေကြောင့် ပင်ပန်းနေပြီး တကယ့်ကို စိတ်မကောင်းဖြစ်သွားပုံမို့ ထယ်ယောင်းနဲနဲတော့ အားနာမိသည်။
"ကောင်းပြီလေ ဘောမ်ဂယူကို ပြန်ခေါ်လိုက်"
အခုမှဂျောင်ဂုမျက်နှာမှာ မှိုရတဲ့မျက်နှာလို ပြန်ဝင်းလက်လာတော့သည်။
"တ..တကယ်လား"
"သူလည်း ထယ်ဟွန်းနဲ့အတူရှိနေချင်မှာပေါ့ သက်သက်ဒုက္ခပေးသလိုများ ဖြစ်နေမလား"
"မဖြစ်ဘူး၊ ထယ်ဟွန်းက ဒီည စစ်ဗျူဟာတွေဆွဲဖို့ရှိတယ်၊ အိမ်မှာ ဘောမ်ဂယူတစ်ယောက်ထဲ ဖြစ်နေမဲ့အတူတူ ထယ်ဂုကို လွှတ်လိုက်မယ်"
ဂျောင်ဂုပြောတာကို ထယ်ယောင်းက ပြန်မဖြေသေးဘဲ ထယ်ဂုလေးဘက်ကိုလှည့်ကာ
"သားလေး၊ ဒီည ကိုကိုဂယူနဲ့ အိပ်မလား"
"ကိုကိုဂယူနဲ့လား၊ အိပ်မယ် အိပ်မယ်"
တက်ကြွစွာ ပြန်ဖြေသော ထယ်ဂုကို ကြည့်ပြီး ဂျောင်ဂုက ကျေနပ်နေဟန်။ ဘောမ်ဂယူကလည်း ထယ်ဂုကို 'မင်းသားလေး မင်းသားလေး' နဲ့ အရမ်းချစ်ကာ အလိုလိုက်လွန်းပြီး ထယ်ဂုကလည်း 'ကိုကိုဂယူ' ဆိုတာကို ပါးစပ်ကမချ။ အတော်ပဲပေါ့။
ခဏကြာတော့ ဂျောင်ဂုအမိန့်နဲ့အတူ ဘောမ်ဂယူ ပြန်ရောက်လာတော့ ထယ်ဂုကပြေးဖက်သည်။
"ကိုကိုဂယူရေ ဒီညသားတို့နှစ်ယောက် တူတူအိပ်ရမယ်တဲ့"
ဘောမ်ဂယူက အခြေအနေကို ရိပ်စားမိဟန်နဲ့ ထယ်ယောင်းကိုတစ်လှည့်၊ ဂျောင်ဂုကိုတစ်လှည့်ကြည့်ပြီး ပြုံးစိစိလုပ်နေတော့သည်။
"ဘောမ်..ဘောမ်ဂယူထင်သလို မဟုတ်ဘူးနော်"
ထယ်ယောင်းက ပြာပြာသလဲ ဝင်ပြောတော့ ဘောမ်ဂယူမှာ သွားတန်းလေးတွေ ပေါ်သည်အထိ ပြုံးလာပြီး
"ကျွန်တော်က ဘာပြောလို့လဲ ဟိဟိဟိ၊ စိတ်ချပါ ကျွန်တော် မင်းသားလေးကို သေချာစောင့်ရှောက်ပါမယ်၊ သွားရအောင် မင်းသားလေး"
"ဟုတ်၊ တာ့တာ ဖေဖေတို့"
ထယ်ဂုလေးက ဘောမ်ဂယူလက်ကိုဆွဲရင်း ကျန်လက်တစ်ဖက်ဖြင့် လက်လှမ်းပြရင်း ပါသွားတော့သည်။
အဲ့တော့မှ ဂျောင်ဂုလည်း တံခါးကို ဂျိမ်းခနဲမြည်အောင် ပိတ်ပြီး ပြုံးစိစိနဲ့ ထယ်ယောင်းကို ကြည့်လာသည်။ သို့သော်လည်း ပြန်ရလိုက်သည်က မျက်စောင်းတစ်ခုသာ။
"မောင်ကတော့လေ ဘောမ်ဂယူက တစ်မျိုးထင်သွားပြီ၊ ရှက်စရာကြီး"
"ထင်ပေါ့၊ မောင်နဲ့ မောင့်အသက် လက်ထပ်ထားပြီး ကလေးတောင် ရနေပြီပဲ၊ ဘာရှက်စရာရှိသေးလဲ"
ပြောလေဆိုးလေဖြစ်တော့မည်မို့ ထယ်ယောင်း နှုတ်ပိတ်ကာသာနေလိုက်ရသည်။ ဒီ Alpha နဲ့ စကားဆက်ပြောလို့မဖြစ်။
"ဒါဆို မောင်တို့ စကြတော့မလား"
"ဟင်"
လန့်သွားသော ထယ်ယောင်းကို ဂျောင်ဂုက စွေ့ခနဲ ပွေ့ချီလိုက်ပြီး အိပ်ရာပေါ် အသာအယာလေး ချပေးလိုက်ပြီး အပေါ်ကနေ အုပ်မိုးလိုက်သည်။ အတူမနေတာကြာပြီမို့ နှစ်ယောက်လုံး ရင်ခုန်သံတွေမြန်နေတာတော့ အမှန်ပင်။
"မောင်က ကမ္ဘာပေါ်က ကံအကောင်းဆုံးပဲ သိလား"
ဂျောင်ဂုက ပြောလေတော့ ထယ်ယောင်းက ဘာမှပြန်မဖြေ၊ မျက်လုံးအဝိုင်းသားလေးနဲ့သာ ကြည့်နေသည်။
"တစ်တိုင်းပြည်လုံးကို အပိုင်ရထားတဲ့အပြင် ဒီလို သိပ်လှတဲ့ Omega လေးကိုလည်း ပိုင်ထားတယ်လေ"
ဂျောင်ဂုစကားကြောင့် ထယ်ယောင်းမှာ ရှက်ပြုံးလေးနဲ့ မျက်လွှာလေးချသွားသည်။
"မောင်ကလည်းကွာ"
မျက်စိရှေ့မှာ အရှက်သည်းနေတဲ့ Omega လေးကိုကြည့်ပြီး ဂျောင်ဂုအသဲယားစွာနဲ့ နှုတ်ခမ်းလေးအား ဖိကပ်နမ်းပစ်လိုက်သည်။ ခဏပဲ နမ်းပြီး ပြန်လွှတ်ပေးကာ ထယ်ယောင်းအား ရီရီဝေဝေပြန်ကြည့်လာသည်။
"ချစ်တယ် မောင့်အသက်လေး၊ ရူးလောက်အောင် ချစ်တာ"
"ထယ်ကလည်း မောင့်ကို အများကြီးချစ်တယ်"
ချက်ချင်းတုန့်ပြန်လာသော Omega ကြောင့် Alpha နှုတ်ခမ်းတို့ တွန့်ချိုးကာ ပြုံးလာသည်။
"ဒါဆို ဒီတစ်ညလုံး အိပ်ဖို့ မစဉ်းစားနဲ့တော့ မောင့်အသက်"
.
.
.
The End (ပြီးပါပြီ)
[Yay!! ပြီးသွားပါပြီ၊ အရေးအသားလိုအပ်သွားသလိုခံစားရလို့ အားလည်းတကယ်နာပါတယ် ဒါပေမဲ့လည်း ဖတ်တဲ့သူတွေရှိနေလို့ အဆုံးသတ်နိုင်ခဲ့ပါတယ် hehe
LITW လေးကို RL/LB ထဲထည့်ပေးတဲ့သူတွေ၊ vt/fb ပေးတဲ့သူတွေ၊ silent reader တွေ၊ ongoing လိုက်ပေးတဲ့သူတွေ၊ completed မှ ဖတ်တဲ့သူတွေ အကုန်လုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်]
(Zawgyi)
"မင္းႀကီး ဂြၽန္ေဂ်ာင္ဂု သက္ေတာ္ရာေက်ာ္ရွည္ပါေစ"
အားလုံးထံမွ တစ္ၿပိဳင္နက္ထဲ ေအာ္သံထြက္လာၿပီး လက္ခုပ္သံမ်ား ေလခြၽန္သံမ်ားနဲ႕ ျပည့္ႏွက္လို႔ သြားေတာ့သည္။
ေဂ်ာင္ဂု၏ ဦးေခါင္းေပၚတြင္လည္း ရွီယန္း၏ နိုင္ငံတံဆိပ္နဲ႕ သရဖူႀကီး ေဆာင္းထားလ်က္။ ခမ္းနားေတာက္ေျပာင္တဲ့ ဝတ္႐ုံအနက္က ေဂ်ာင္ဂုနဲ႕ လိုက္ဖက္ၿပီး အရွိန္အဝါပိုမို ေတာက္ပေနသေယာင္။
လက္ထပ္ပြဲအၿပီး သုံးလအၾကာတြင္ ထပ္က်င္းပေသာ နန္းတက္ပြဲကား ေအာင္ေအာင္ျမင္ျမင္နဲ႕ ၿပီးဆုံးသြားခဲ့ၿပီ။ ေဂ်ာင္ဂုမွာ အေနာက္သို႔ ျပန္လွည့္လာၿပီး မိဖုရားထိုင္ရာ ေနရာတြင္ လက္ခုပ္ေလးတီးေနေသာ ခ်စ္ရသူအား ၿပဳံး၍ ၾကည့္လာသည္။
ေဂ်ာင္ဂုလည္း ဂြမ္ဆူဘက္လွည့္ကာ အခ်က္ျပလိုက္သည္ႏွင့္ ဂြမ္ဆူက အရပ္သားမ်ားအား စားေသာက္ပြဲဆီသို႔ လမ္းၫႊန္ရန္ အေစခံမ်ားအား ခိုင္းေစၿပီး အထက္လူႀကီးမ်ား၊ အမတ္မ်ားကိုေတာ့ နန္းေတာ္ထဲရွိ သီးသန႔္စားပြဲဝိုင္းသို႔ ႂကြေစသည္။
ေဂ်ာင္ဂုကေတာ့ ထယ္ေယာင္းဆီသို႔သာ တည့္တည့္လာကာ ထယ္ေယာင္းေရွ႕တြင္ ဒူးတစ္ဖက္ေထာက္ ထိုင္ခ်လိဳက္ရင္း လက္ေလးကို အသာဆုပ္ကိုင္လိုက္သည္။
"ေမာင့္အသက္ေလး ဗိုက္ဆာေနၿပီလား"
ေဂ်ာင္ဂုက ဘာမွမျဖစ္သေလာက္ ထယ္ေယာင္းကမူ ေနရထိုင္ရခက္ေနဟန္နဲ႕ ဟိုၾကည့္ဒီၾကည့္လုပ္ၿပီး
"ထပါ ဒီလိုႀကီးမထိုင္နဲ႕၊ ေမာင္က အဲေလ မင္းႀကီးက ဘုရင္ျဖစ္ေနၿပီ ခုလိုဒူးေထာက္ထိုင္တာက..."
"ဘာျဖစ္လဲ၊ ေမာင့္ အရွင္သခင္ေရွ႕မွာ ဒူးေထာက္ရမွာေပါ့၊ အာ...ၿပီးေတာ့ မင္းႀကီးလို႔ ေခၚစရာမလိုဘူး ေခၚေနက်အတိုင္းပဲေခၚ ဟုတ္ၿပီလား"
ေဂ်ာင္ဂုေျပာေတာ့ ထယ္ေယာင္းက ၿပဳံးၿပဳံးေလးနဲ႕ ေခါင္းတဆတ္ဆတ္ၿငိမ့္ျပလာသည္။ ေဂ်ာင္ဂုလည္း ထယ္ေယာင္းကို ျပန္ၿပဳံးျပၿပီး အၾကည့္မ်ားက ထယ္ေယာင္းရဲ႕ ဗိုက္ေလးနားကို ေရာက္လာသည္။
လက္တစ္ဖက္နဲ႕ ေဖာင္းသေယာင္ျဖစ္ေနေသာ ထယ္ေယာင္းဗိုက္ေလးကို အသာကိုင္လိုက္ၿပီး
"ကေလးေလးေရ၊ ငါဘုရင္ျဖစ္သြားၿပီ သိလား၊ ဒီေဖေဖကိုလည္း အရမ္းနာေအာင္ မလုပ္ဘဲ ဗိုက္ထဲမွာ ၿငိမ္ၿငိမ္ေနရမယ္ေနာ္၊ မဟုတ္ရင္ ထြက္လာတာနဲ႕ မင္းကို ရိုက္မွာ"
ကေလးက သားလား သမီးလားေတာင္ မသိေသးတာကို ႀကိဳတင္ၿခိမ္းေျခာက္ေနေသာ ေဂ်ာင္ဂုကိုၾကည့္ၿပီး ထယ္ေယာင္း တခစ္ခစ္ရယ္ေလေတာ့သည္။
"ေမာင္ကလည္း ကိုယ့္ကေလးကို ဘယ္လိုေျပာလိုက္တာလဲ၊ အခုမွ ႏွစ္လသားေလာက္ပဲရွိေသးတာကို"
"ဘယ္ေလာက္ျဖစ္ျဖစ္ေလ ငယ္ငယ္ကတည္းက ဟန႔္ထားရမွာေပါ့"
"ေမာင္၊ ဒါက အနာဂတ္ရဲ႕ ဘုရင္ေလးေနာ္"
ထယ္ေယာင္းက ေလသံမာမာနဲ႕ ေအာ္လိုက္ေတာ့ ေဂ်ာင္ဂုမွာ မ်က္ႏွာေလး ခ်က္ခ်င္းညိုးက်သြားေတာ့သည္။
"ေမာင္က အခုမွ ဘုရင္လတ္လတ္ဆတ္ဆတ္ျဖစ္ထားတာေလ၊ ေမာင့္အသက္က ေမာင့္ကိုေတာ့ ဂ႐ုမစိုက္ဘူး၊ မျဖစ္ေသးတဲ့ ဘုရင္ကို ႀကိဳၿပီးကာကြယ္ေပးေနတယ္"
ခ်က္ခ်င္းငိုခ်ေတာ့မဲ့႐ုပ္နဲ႕ ႏႈတ္ခမ္းေလးစူလာေသာ ေဂ်ာင္ဂုမွာ တကယ့္ကို ကေလးတစ္ေယာက္လိုပင္။ ဘုရားစူး Alpha ဘုရင္ႀကီးပါေလ။
"ေမာင္ကကြာ၊ ဘုရင္ျဖစ္ၿပီး ခြၽဲေနျပန္ၿပီ၊ ထေတာ့ လူေတြနဲ႕ကို"
"မထဘူးကြာ၊ ေမာင့္ကိုနမ္းမွ ထမယ္"
ထယ္ေယာင္း အၾကပ္ရိုက္ေလၿပီ။ ေဘးမွာ လူေတြရွိေနတာကို လာနမ္းခိုင္းေနတာလား။ ဒါေတာင္ ေဂ်ာင္ဂုက အေနာက္ကလူအုပ္ႀကီးကို ေက်ာေပးထားလို႔သာ ေတာ္ေသးသည္။ မဟုတ္ရင္ ဒီငိုမဲ့မဲ့ဘုရင္ကို ျပည္သူေတြ ေတြ႕ကုန္ရင္ ဒုကၡ။
"မင္းႀကီး၊ စားပြဲဝိုင္းမွာ အမတ္ေတြ အကုန္စုံေနပါၿပီ၊ မင္းႀကီးႂကြေတာ္မူပါ"
အနားသို႔ လာေျပာေသာ ဂြမ္ဆူကို ထယ္ေယာင္း ေက်းဇူးတင္မိသည္။ မဟုတ္ရင္ လူၾကားထဲ နမ္းေနရဦးမွာ။
အဲ့ေတာ့မွ ေဂ်ာင္ဂုလည္း မတတ္သာတဲ့အဆုံး ေခါင္းတစ္ခ်က္ၿငိမ့္ကာ မတ္တတ္ထရပ္လိုက္သည္။ ၿပီးတာနဲ႕ ခ်က္ခ်င္း ထယ္ေယာင္း၏ ေက်ာနဲ႕ ဒူးေအာက္ကို လက္လွ်ိုသြင္းလိုက္ၿပီး ေပြ႕ခ်ီလိုက္ရာ ထယ္ေယာင္းမွာလည္း အလန႔္တၾကားျဖစ္သြားၿပီး ဂြမ္ဆူမွာလည္း အျမန္အၾကည့္ေတြ လႊဲကုန္သည္။ ေဘးနားကလူမ်ားမွာလည္း ခ်က္ခ်င္း ေခါင္းေတြငုံ႕ကုန္ကာ ကျပာကယာေတြ ျဖစ္ေနၾကရသည္။
"ေမာင္..ဘာလုပ္တာလဲ ျပန္ခ်ေပး"
"ေမာင့္အသက္က ဗိုက္ထဲမွာ ကေလးေလးနဲ႕ေလကြာ"
"အခုမွ ႏွစ္လပဲရွိေသးတာကို ဘာမွမျဖစ္ပါဘူး"
"ျဖစ္တယ္၊ ဗိုက္ထဲက ကေလးက ရွီယန္းရဲ႕ အနာဂတ္ဆို၊ ေမာင့္အသက္က ေမာင့္အနာဂတ္ေလ၊ ႏွစ္ေယာက္လုံး အထိအခိုက္ခံလို႔မျဖစ္ဘူး"
ဘယ္လိုေျပာေျပာရမည့္ပုံ မေပၚတာေၾကာင့္ ထယ္ေယာင္းလည္း ဆက္မေျပာေတာ့ဘဲ ေဂ်ာင္ဂုလည္ပင္းကို သိုင္းဖက္ကာ လိုက္သြားရေတာ့သည္။
စားေသာက္ၿပီးေတာ့လည္း ထယ္ေယာင္းက အိပ္ခ်င္ၿပီဆိုတာေၾကာင့္ ေဂ်ာင္ဂုလည္း ခ်က္ခ်င္းျပန္ဖို႔လုပ္သည္။
အခု နန္းတက္ပြဲကို နန္းေတာ္မွာ လုပ္ေသာ္လည္း ထယ္ေယာင္းနဲ႕ႏွစ္ေယာက္ထဲ အတူေနရန္ နန္းေဆာင္ကို အႏၲရာယ္မရွိတဲ့ ေတာအုပ္အစပ္နားတြင္ သက္သက္ ေဆာက္ထားသည္။ အဲ့အထိ ထယ္ေယာင္းကို ထမ္းစင္နဲ႕ ေသခ်ာေခၚေစသည္။ ျမင္းနဲ႕ဆို ကိုယ္ဝန္သည္ေတြအတြက္ အႏၲရာယ္မ်ားသည္ေလ။
နန္းေဆာင္ႀကီးက အိမ္တစ္လုံးပမာ အသုံးအေဆာင္မ်ိဳးစုံရွိၿပီး အၿမဲတမ္းသန႔္ရွင္းသပ္ရပ္ေနေစဖို႔ အေစခံမ်ားလည္းထားရွိၿပီး လုံၿခဳံေရးအတြက္လည္း အေစာင့္မ်ားစြာရွိသည္။ ေဂ်ာင္ဂုနဲ႕ထယ္ေယာင္း ေရာက္သည္ႏွင့္ ထိုလူေတြအကုန္လုံးက ဖယ္ေပးရသည္။ အေရးအေၾကာင္းအတြက္ အေစာင့္ ႏွစ္ေယာက္သာ က်န္ေစသည္။
အခန္းထဲေရာက္သည္ႏွင့္ ထယ္ေယာင္းက ပင္ပန္းတယ္ဟုဆိုကာ အိပ္ရာေပၚ လူးလိမ့္တက္အိပ္ေတာ့သည္။ မပင္ပန္းေသးသူက ေဂ်ာင္ဂု။
"ေမာင့္အသက္ကေလး"
ရီရီေဝေဝအသံနဲ႕ ထယ္ေယာင္းေဘးကို တိုးေဝွ႕အိပ္လာေသာ ေဂ်ာင္ဂုရယ္။
"ေမာင္က ဘုရင္ျဖစ္သြားၿပီဆိုေတာ့ ဆုခ်သင့္တယ္မဟုတ္လား"
"ဘာလိုခ်င္လဲ"
"ခုနကတည္းက ေမာင့္ကို နမ္းကိုေျပာေနတာကို၊ ခုထိ မနမ္းေသးဘူး"
ေျပာေျပာဆိုဆိုနဲ႕ ႏႈတ္ခမ္းေလးဆူေပးလာေသာ ေဂ်ာင္ဂုကိုၾကည့္ၿပီး ထယ္ေယာင္း သေဘာက်စြာနဲ႕ အသံထြက္သည္အထိ ရယ္မိသည္။ ဒီ Alpha က အခုလိုအခ်ိန္ေတြဆို သိပ္ခ်စ္ဖို႔ေကာင္းတာ။
"နမ္းလို႔ဆို"
ကေလး မုန႔္ပူဆာသလို ပူဆာေနေသာ ေဂ်ာင္ဂုေၾကာင့္ ထယ္ေယာင္းလည္း ျငင္းမေနေတာ့ဘဲ ေဂ်ာင္ဂုႏႈတ္ခမ္းကို ဖိကပ္နမ္းလိုက္ေတာ့သည္။
တျဖည္းျဖည္းနဲ႕ ေဂ်ာင္ဂုက အနမ္းမ်ားကို ဦးေဆာင္သူ ျဖစ္လာၿပီး ထယ္ေယာင္းအား အေပၚကေန အုပ္မိုးလာကာ အနမ္းမ်ားကို ေရွ႕ဆက္သည္။
အေပၚလႊာ ေအာက္လႊာတို႔ကို သုံးေဆာင္႐ုံနဲ႕ အားမရေတာ့သည္မို႔ လွ်ာဖ်ားေလးနဲ႕ ထယ္ေယာင္းႏႈတ္ခမ္းေလးကို အသာလ်က္လိုက္ေတာ့ အလိုက္သင့္ေလး ႏႈတ္ခမ္းအား ဖြင့္ဟေပးလာသည္။
လွ်ာဖ်ားေလးတစ္ခုက ရစ္ပတ္လာၿပီး ေဂ်ာင္ဂုက ထယ္ေယာင္းအာခံတြင္းတစ္ခုလုံးကို စိတ္ႀကိဳက္နယ္ခ်ဲ့လာေတာ့သည္။ တျဖည္းျဖည္း ေဂ်ာင္ဂု၏ အနမ္းမ်ားက အရိုင္းဆန္လာၿပီမို႔ ထယ္ေယာင္းမွာ ရပ္ေပးဖို႔ ေဂ်ာင္ဂုရင္ဘတ္ကို ခပ္ဖြဖြထုေပးေတာ့မွ အနမ္းေရယာဥ္ဟာ ျပတ္ေတာက္သြားေတာ့သည္။
"ေမာင္၊ မျဖစ္ဘူးေနာ္၊ ကေလးေလးရွိတယ္ေလ"
"ဒီကေလးက ဘယ္ေတာ့ထြက္လာမွာလဲ"
"ေနာက္ရွစ္လေလာက္ေပါ့"
ထယ္ေယာင္းစကားေၾကာင့္ ေဂ်ာင္ဂုမွာ မွိုန္က်သြားၿပီး ဗိုက္ေလးနား ကပ္သြားကာ
"ေဟ့ အထဲကတစ္ေယာက္၊ ျမန္ျမန္ထြက္လာခဲ့၊ ငါ့ကိုသနားပါဦးကြာ"
"ေမာင္ကေတာ့ေလ အခုဘယ္သူက ကေလးလိုျဖစ္ေနတာလဲ"
"ဘယ္သူက ကေလးလဲ သိေအာင္ ျပရမလား"
ေဂ်ာင္ဂုက ႏႈတ္ခမ္းတြန႔္႐ုံေလးၿပဳံးကာ ေျပာလာေတာ့ ထယ္ေယာင္းမွာ မ်က္လုံးေလး ဝိုင္းစက္သြားၿပီး ေခါင္းေလး အျမန္ခါျပသည္။
"ေမာင္ မရဘူးေနာ္"
"နမ္း႐ုံပဲနမ္းမွာပါ"
ေျပာေျပာဆိုဆိုနဲ႕ ဒုတိယအႀကိမ္ ႏႈတ္ခမ္းကို ထိကပ္လိုက္ေတာ့ ထယ္ေယာင္းဘက္ကလည္း ျငင္းဆိုျခင္းမရွိဘဲ အလိုက္သင့္ေလးတုန႔္ျပန္လာၿပီ။ တဏွာရာဂမရွိဘဲ ႏူးညံ့ျခင္းေတြသာ ဖုံးလႊမ္းေနတဲ့ ဒီအနမ္းက သာမန္ထက္ သိပ္ခ်ိဳၿမိန္လြန္းသည္။
.
.
.
ေလးႏွစ္ခန႔္ၾကာေသာ္
"ေဖေဖထယ္"
သုံးႏွစ္အ႐ြယ္ကေလးေလးက သြက္လက္စြာနဲ႕ ေဘာမ္ဂယူလက္ထဲမွ ခုန္ဆင္းကာ ထယ္ေယာင္းဆီေျပးသြားေတာ့သည္။ ထယ္ေယာင္းလည္း သားျဖစ္သူ ထယ္ဂုေလးကို ေပြ႕ခ်ီလိုက္ၿပီး
"သားေလး ေပ်ာ္ခဲ့ရဲ႕လား"
"အြန္း ကိုကိုဂယူက သားသားနဲ႕ အမ်ားႀကီး အမ်ားႀကီး ကစားေပးတယ္"
ထယ္ဂုေလးစကားေၾကာင့္ ထယ္ေယာင္းလည္း ေဘာမ္ဂယူဘက္ကို လွည့္ကာ
"တစ္ေနကုန္ သားကို ထိန္းေပးေနရတာ အားနာလိုက္တာ၊ ေဘာမ္ဂယူကို ဒုကၡေတြေပးမိေနၿပီ"
"မဟုတ္တာ အစ္ကိုေယာင္းကလည္း၊ ကြၽန္ေတာ္က မင္းသားေလးနဲ႕ေဆာ့ရတာေပ်ာ္တယ္"
ေဘာမ္ဂယူစကားေၾကာင့္ ထယ္ေယာင္းက တစ္ခ်က္ၿပဳံးကာ ေက်းဇူးတင္စကားဆိုၿပီး နန္းေဆာင္ထဲ ျပန္ဝင္လာလိုက္သည္။ ေတာအုပ္ထဲမွာမို႔ ငွက္ကေလးေတြရဲ႕ အသံေလးေတြသာ ၾကားေနရၿပီး တျခား ဆူညံသံဟူ၍ မရွိ။
နန္းေဆာင္ထဲ ဝင္လိုက္တာနဲ႕ ေဂ်ာင္ဂုမွာ ထယ္ေယာင္းလက္ထဲက ထယ္ဂုကို အလန႔္တၾကားၾကည့္လာသည္။
"ေဖေဖဘုရင္ႀကီး သားျပန္လာၿပီ"
ထယ္ဂုေလးက ေျပာေျပာဆိုဆိုနဲ႕ ထယ္ေယာင္းေပၚက ေျပးဆင္းကာ ေဂ်ာင္ဂုေပါင္ေပၚတက္သြားေတာ့သည္။
"ေဟ့ေကာင္ရ၊ မင္းကို ညအထိ ေဘာမ္ဂယူနဲ႕ေဆာ့ေနခိုင္းတာကို၊ ငါမင္းအေဖနဲ႕ လုပ္စရာနဲနဲရွိလို႔"
"လုပ္ေပါ့လို႔၊ သားကေဘးကေန ၿငိမ္ၿငိမ္ေလး ေနေနမယ္"
"မရဘူး၊ ဒါက မင္း မၾကည့္သင့္ မျမင္သင့္ မၾကားသင့္"
"ေမာင္!! ေတာ္ေတာ့ေနာ္၊ ကေလးကို ဘာေတြေျပာေနတာလဲ"
ထယ္ေယာင္းက ေလသံမာမာနဲ႕ ေဂ်ာင္ဂုေပါင္ေပၚက ထယ္ဂုေလးကို ျပန္ေပြ႕ခ်ီလိုက္သည္။ ထယ္ဂုကလည္း သူ႕အား အလိုလိုက္တဲ့ ထယ္ေယာင္းကို ပိုခင္တြယ္သည္မို႔ ခ်က္ခ်င္း ထယ္ေယာင္းလည္ပင္းကို သိုင္းဖက္ကာ လိုက္သြားသည္။
ေဂ်ာင္ဂုမ်က္ႏွာကေတာ့ ၿပိဳေတာ့မဲ့ မိုးလို ျဖစ္ေနၿပီး ငိုေတာ့မဲ့ ေလသံမ်ိဳးနဲ႕
"ေမာင္က ေမာင့္အသက္နဲ႕ ႏွစ္ေယာက္ထဲေလး ေနခ်င္လို႔ ေဘာမ္ဂယူကို ထိန္းခိုင္းတာေလ"
"သူထိန္းေပးတယ္ေလ ေမာင္ကလည္း"
"အင္းပါ ညအထိလို႔ မေျပာမိတဲ့ ေမာင့္အမွား၊ ေမာင္ကေတာ့ ႏွစ္ေယာက္ထဲ အခ်ိန္ကုန္ဖို႔ စစ္သူႀကီးဂန္၊ အမတ္ႀကီးကင္ကို အပူကပ္ၿပီး အလုပ္ေတြ အျမန္ အၿပီးသတ္လိုက္ရတာ ဖတ္ဖတ္ကိုေမာပဲ၊ အေမာေျပမလားလို႔ ဒီကိုလာကာမွ အေမာပါဆို႔"
ေဂ်ာင္ဂုစကားအဆုံး ထယ္ေယာင္းမွာ ရယ္ခ်င္စိတ္ကို မနည္းထိန္းထားရသည္။ ကိုယ္ဝန္ရွိေနတုန္းကေရာ၊ ထယ္ဂုေလးေရာက္လာေတာ့ေရာ၊ အခုခ်ိန္ထိ ေဂ်ာင္ဂုနဲ႕ထယ္ေယာင္း အတြက္ သီးသန႔္အခ်ိန္မရခဲ့တာေတာ့ အမွန္။
အခုလည္း ေဂ်ာင္ဂုပုံစံက အလုပ္ဒဏ္ေတြ၊ တိုင္းျပည္ေရးေတြေၾကာင့္ ပင္ပန္းေနၿပီး တကယ့္ကို စိတ္မေကာင္းျဖစ္သြားပုံမို႔ ထယ္ေယာင္းနဲနဲေတာ့ အားနာမိသည္။
"ေကာင္းၿပီေလ ေဘာမ္ဂယူကို ျပန္ေခၚလိုက္"
အခုမွေဂ်ာင္ဂုမ်က္ႏွာမွာ မွိုရတဲ့မ်က္ႏွာလို ျပန္ဝင္းလက္လာေတာ့သည္။
"တ..တကယ္လား"
"သူလည္း ထယ္ဟြန္းနဲ႕အတူရွိေနခ်င္မွာေပါ့ သက္သက္ဒုကၡေပးသလိုမ်ား ျဖစ္ေနမလား"
"မျဖစ္ဘူး၊ ထယ္ဟြန္းက ဒီည စစ္ဗ်ဴဟာေတြဆြဲဖို႔ရွိတယ္၊ အိမ္မွာ ေဘာမ္ဂယူတစ္ေယာက္ထဲ ျဖစ္ေနမဲ့အတူတူ ထယ္ဂုကို လႊတ္လိုက္မယ္"
ေဂ်ာင္ဂုေျပာတာကို ထယ္ေယာင္းက ျပန္မေျဖေသးဘဲ ထယ္ဂုေလးဘက္ကိုလွည့္ကာ
"သားေလး၊ ဒီည ကိုကိုဂယူနဲ႕ အိပ္မလား"
"ကိုကိုဂယူနဲ႕လား၊ အိပ္မယ္ အိပ္မယ္"
တက္ႂကြစြာ ျပန္ေျဖေသာ ထယ္ဂုကို ၾကည့္ၿပီး ေဂ်ာင္ဂုက ေက်နပ္ေနဟန္။ ေဘာမ္ဂယူကလည္း ထယ္ဂုကို 'မင္းသားေလး မင္းသားေလး' နဲ႕ အရမ္းခ်စ္ကာ အလိုလိုက္လြန္းၿပီး ထယ္ဂုကလည္း 'ကိုကိုဂယူ' ဆိုတာကို ပါးစပ္ကမခ်။ အေတာ္ပဲေပါ့။
ခဏၾကာေတာ့ ေဂ်ာင္ဂုအမိန႔္နဲ႕အတူ ေဘာမ္ဂယူ ျပန္ေရာက္လာေတာ့ ထယ္ဂုကေျပးဖက္သည္။
"ကိုကိုဂယူေရ ဒီညသားတို႔ႏွစ္ေယာက္ တူတူအိပ္ရမယ္တဲ့"
ေဘာမ္ဂယူက အေျခအေနကို ရိပ္စားမိဟန္နဲ႕ ထယ္ေယာင္းကိုတစ္လွည့္၊ ေဂ်ာင္ဂုကိုတစ္လွည့္ၾကည့္ၿပီး ၿပဳံးစိစိလုပ္ေနေတာ့သည္။
"ေဘာမ္..ေဘာမ္ဂယူထင္သလို မဟုတ္ဘူးေနာ္"
ထယ္ေယာင္းက ျပာျပာသလဲ ဝင္ေျပာေတာ့ ေဘာမ္ဂယူမွာ သြားတန္းေလးေတြ ေပၚသည္အထိ ၿပဳံးလာၿပီး
"ကြၽန္ေတာ္က ဘာေျပာလို႔လဲ ဟိဟိဟိ၊ စိတ္ခ်ပါ ကြၽန္ေတာ္ မင္းသားေလးကို ေသခ်ာေစာင့္ေရွာက္ပါမယ္၊ သြားရေအာင္ မင္းသားေလး"
"ဟုတ္၊ တာ့တာ ေဖေဖတို႔"
ထယ္ဂုေလးက ေဘာမ္ဂယူလက္ကိုဆြဲရင္း က်န္လက္တစ္ဖက္ျဖင့္ လက္လွမ္းျပရင္း ပါသြားေတာ့သည္။
အဲ့ေတာ့မွ ေဂ်ာင္ဂုလည္း တံခါးကို ဂ်ိမ္းခနဲျမည္ေအာင္ ပိတ္ၿပီး ၿပဳံးစိစိနဲ႕ ထယ္ေယာင္းကို ၾကည့္လာသည္။ သို႔ေသာ္လည္း ျပန္ရလိုက္သည္က မ်က္ေစာင္းတစ္ခုသာ။
"ေမာင္ကေတာ့ေလ ေဘာမ္ဂယူက တစ္မ်ိဳးထင္သြားၿပီ၊ ရွက္စရာႀကီး"
"ထင္ေပါ့၊ ေမာင္နဲ႕ ေမာင့္အသက္ လက္ထပ္ထားၿပီး ကေလးေတာင္ ရေနၿပီပဲ၊ ဘာရွက္စရာရွိေသးလဲ"
ေျပာေလဆိုးေလျဖစ္ေတာ့မည္မို႔ ထယ္ေယာင္း ႏႈတ္ပိတ္ကာသာေနလိုက္ရသည္။ ဒီ Alpha နဲ႕ စကားဆက္ေျပာလို႔မျဖစ္။
"ဒါဆို ေမာင္တို႔ စၾကေတာ့မလား"
"ဟင္"
လန႔္သြားေသာ ထယ္ေယာင္းကို ေဂ်ာင္ဂုက ေစြ႕ခနဲ ေပြ႕ခ်ီလိုက္ၿပီး အိပ္ရာေပၚ အသာအယာေလး ခ်ေပးလိုက္ၿပီး အေပၚကေန အုပ္မိုးလိုက္သည္။ အတူမေနတာၾကာၿပီမို႔ ႏွစ္ေယာက္လုံး ရင္ခုန္သံေတြျမန္ေနတာေတာ့ အမွန္ပင္။
"ေမာင္က ကမာၻေပၚက ကံအေကာင္းဆုံးပဲ သိလား"
ေဂ်ာင္ဂုက ေျပာေလေတာ့ ထယ္ေယာင္းက ဘာမွျပန္မေျဖ၊ မ်က္လုံးအဝိုင္းသားေလးနဲ႕သာ ၾကည့္ေနသည္။
"တစ္တိုင္းျပည္လုံးကို အပိုင္ရထားတဲ့အျပင္ ဒီလို သိပ္လွတဲ့ Omega ေလးကိုလည္း ပိုင္ထားတယ္ေလ"
ေဂ်ာင္ဂုစကားေၾကာင့္ ထယ္ေယာင္းမွာ ရွက္ၿပဳံးေလးနဲ႕ မ်က္လႊာေလးခ်သြားသည္။
"ေမာင္ကလည္းကြာ"
မ်က္စိေရွ႕မွာ အရွက္သည္းေနတဲ့ Omega ေလးကိုၾကည့္ၿပီး ေဂ်ာင္ဂုအသဲယားစြာနဲ႕ ႏႈတ္ခမ္းေလးအား ဖိကပ္နမ္းပစ္လိုက္သည္။ ခဏပဲ နမ္းၿပီး ျပန္လႊတ္ေပးကာ ထယ္ေယာင္းအား ရီရီေဝေဝျပန္ၾကည့္လာသည္။
"ခ်စ္တယ္ ေမာင့္အသက္ေလး၊ ႐ူးေလာက္ေအာင္ ခ်စ္တာ"
"ထယ္ကလည္း ေမာင့္ကို အမ်ားႀကီးခ်စ္တယ္"
ခ်က္ခ်င္းတုန႔္ျပန္လာေသာ Omega ေၾကာင့္ Alpha ႏႈတ္ခမ္းတို႔ တြန႔္ခ်ိဳးကာ ၿပဳံးလာသည္။
"ဒါဆို ဒီတစ္ညလုံး အိပ္ဖို႔ မစဥ္းစားနဲ႕ေတာ့ ေမာင့္အသက္"
.
.
.
The End (ၿပီးပါၿပီ)
[Yay!! ၿပီးသြားပါၿပီ၊ အေရးအသားလိုအပ္သြားသလိုခံစားရလို႔ အားလည္းတကယ္နာပါတယ္ ဒါေပမဲ့လည္း ဖတ္တဲ့သူေတြရွိလို႔ အဆုံးသတ္နိုင္ခဲ့ပါတယ္ hehe
LITW ေလးကို RL/LB ထဲထည့္ေပးတဲ့သူေတြ၊ vt/fb ေပးတဲ့သူေတြ၊ silent reader ေတြ၊ ongoing လိုက္ေပးတဲ့သူေတြ၊ completed မွ ဖတ္တဲ့သူေတြ အကုန္လုံးကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင္]