(Unicode)
တောင်ဘက် နန်းတွင်း အကျဉ်းထောင်ကား ညည်းတွားသံတွေနဲ့ ပြည့်နှက်လို့နေသည်။ သံကြိုးများခတ်ထားသည့်အပြင် ruts ဝင်သော ကာလလည်းဖြစ်နေသည်မို့ Alpha pheromone တွေက စိတ်ပျက်စရာကောင်းလောက်အောင် ရောထွေးကာ ပျံ့နှံ့လျက်ရှိသည်။
ထိုထဲမှ လောလောလတ်လတ်ဖမ်းထားသော သူပုန်များထဲမှ ခေါင်းဆောင်ဖြစ်ဟန်တူသော လူတစ်ယောက်ကို စစ်သည်တစ်ဦးက ဆွဲထုတ်လာသည်။
သံဆူးကြိုးနဲ့ အခတ်ခံထားရသည့်အပြင် ဂျောင်ဂု၏ သေနတ်ကျည်ဆံက ခြေထောက်တွင် ဝင်နေသည်မို့ သူပုန်ခေါင်းဆောင်မှာ မရုန်းသာတော့ဘဲ ဘုရင်မကြီး ရှေ့တွင် ဒူးထောက်လျက်ကျ၏။
ဘုရင်မကြီးနောက်တွင်တော့ စစ်သူကြီးကင်ဂျုံးဂုနဲ့ သူ၏လူယုံ ဂန်ထယ်ဟွန်း အပြင် ဂျောင်ဂု၊ ထယ်ယောင်းနဲ့ ဘောမ်ဂယူပါ ရှိနေသည်။
ဘောမ်ဂယူ၏ လျှောက်ထားချက်အရ ထိုလူများက မြောက်ဘက်နန်းတွင်းနဲ့ ပက်သက်နေသည်။ ထိုလူ၏ မျက်နှာဖုံးကိုဆွဲချွတ်လိုက်ရာ သာမန်အရပ်သားတစ်ယောက်ဖြစ်ပုံရမည်။
"တောင်ဘက်ကို လာတိုက်ခိုက်ရတဲ့ အကြောင်းအရင်းက ဘာလဲ"
ဘုရင်မကြီးရဲ့ အသံက ဩဇာရှိစွာ ထွက်လာတာကြောင့် ထိုလူမှာ တုန်ခနဲ။ သို့သော်လည်း နှုတ်က အဖြေစကားထွက်မလာဘဲ ပါးစပ်ကို တင်းတင်းစေ့ထားသည်။
"ဝန်ခံရင် အသက်ချမ်းသာပေးမယ် မဟုတ်ရင်တော့ သေဒဏ်ပဲ"
အဲ့တော့မှ ထိုလူမှာ ဦးခေါင်းကိုငုံ့ချလိုက်ပြီး ငိုကြီးချက်မနဲ့
"ခွင့်..ခွင့်လွှတ်ပေးပါ၊ ဒါတွေက ကျွန်တော့်အကြံအစည်တွေ မဟုတ်ရပါဘူး၊ ခိုင်းတဲ့သူရှိလို့လုပ်ရတာပါ အသက်ချမ်းသာပေးပါ"
"ဘယ်လောက်တောင် ပေးလို့ လုပ်ရတာလဲ"
"ဆန်သုံးအိတ် ပေး..ပေးပါတယ်"
"ခိုင်းတဲ့သူက ဘယ်သူလဲ ဘာကိုမှ ဝှက်မထားဘဲဖြေ"
ဘုရင်မကြီး၏ အမေးကို ဒီတစ်ကြိမ်တွင်မဖြေ။ တုန့်ဆိုင်းတုန့်ဆိုင်းလုပ်ပြီး မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်နေသည်မို့ ဘုရင်မကြီးမှာ စိတ်မရှည်တော့။
ဂျုံးဂုဘက်ကို လှည့်ကာ မေးဆတ်ပြလိုက်တော့ ဂျုံးဂုက ထယ်ဟွန်းကို ထပ်ပြီး အချက်ပြလိုက်သည်။ အဲ့အခါမှ ထယ်ဟွန်းလည်း လက်ထဲက ကြာပွတ်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ကာ ထိုလူ၏ ကျောပြင်ကို ရွှမ်းခနဲ မြည်အောင် ရိုက်လိုက်သည်။
"အားး"
အသဲခိုက်တမျှ နာကျင်လှသော အော်သံကြီးကြောင့် ထယ်ယောင်းမှာ တုန်ခနဲဖြစ်သွားရသည်။ ခုလို နန်းတွင်း အပြစ်ပေးတာတွေကို တစ်ခါမှ မမြင်ဖူးသလို အပြစ်ပေးသူကလည်း ခင်နေသော ထယ်ဟွန်းမို့ လန့်သွားတာတော့ အမှန်ပင်။
ထယ်ယောင်းအဖြစ်ကို ရိပ်မိတဲ့ ဂျောင်ဂုက ထယ်ယောင်းကို ခါးလေးက ဆွဲဖက်ပြီး အနားကို တိုးကပ်လိုက်သည်။
"အားး တော်ပါတော့ အား ဖြေ..ဖြေပါမယ် အာ့"
ထိုလူရဲ့ အော်သံကြောင့် ထယ်ဟွန်းလည်း ရိုက်နေတာကို ရပ်လိုက်သည်။
"ဝမ်လူကြီးမင်းနဲ့ သူ့အပေါင်းအပါတွေက ခိုင်းတာပါ၊ အစက Omega ထယ်..ထယ်ယောင်းကိုပဲ သတ်ပစ်လိုက်လို့မှာပေမဲ့ သူ့မြေးနဲ့ လက်ထပ်ဖို့ကို မင်းသားက ဖျက်ပါတယ်ဆိုပြီး မင်းသားကိုပါ သတ်ခိုင်းတဲ့အပြင် တောင်ဘက်ကိုလည်း..."
ထိုလူမှာ ဆက်မပြောတော့ဘဲ အသံများတိမ်ဝင်သွားပြီး ကြောက်ရွံ့နေဟန်။ ကျန်လူများက ဝမ်လူကြီးမင်းဆိုတာ ဘယ်သူလဲမသိပေမဲ့ ဂျောင်ဂုကတော့ စိတ်တိုကာ တောက်တစ်ချက်ခေါက်လိုက်မိသည်။ အားလုံးရဲ့ အကြည့်တွေက ဂျောင်ဂုဆီမှာ။
"ရပြီ သူ့ကို အကျဉ်းထဲ ပြန်ထည့်လိုက်"
ဘုရင်မ အမိန့်ရသည်နှင့် အနားက စစ်သည်တစ်ဦးက ထိုလူကို တရွတ်တိုက်ပြန်ဆွဲခေါ်သွားတော့သည်။
"သိတဲ့သူလား"
ဘုရင်မကြီးက ဂျောင်ဂုဘက်ကို လှည့်ကြည့်ကာမေးသည်။ ဂျောင်ဂုက ခေါင်းတစ်ချက်ငြိမ့်ပြလိုက်ပြီး
"သိပါတယ်၊ အဲ့နေ့ကတည်းက တစ်ခါတည်း သတ်ပစ်လိုက်ရမှာ တောက်"
ဂျောင်ဂုစိတ်တိုတိုနဲ့ ထိုနေရာမှ ချာကနဲ လှည့်ထွက်သွားလေတော့ ထယ်ယောင်းက ဂျောင်ဂုလက်ကို အမြန် ပြန်လှမ်းဆွဲလိုက်ရသည်။
"မောင် ဘယ်သွားမလို့လဲ"
"မြောက်ဘက်ကိုသွားမယ် လိုက်ခဲ့"
အမြဲတမ်း အိမ်မှာနေခဲ့ဖို့ပဲ ပြောတတ်တဲ့ ဂျောင်ဂုက အခုကျတော့ 'လိုက်ခဲ့' တဲ့လား။ ထယ်ယောင်း အံ့ဩမိပေမဲ့ မငြင်းပါ။ ဂျောင်ဂုနောက်က အမြန်လိုက်သွားသည်။
"စစ်သူကြီးကင် ဒီတိုင်းကြည့်နေမှာလား၊ ညီလေးကို စိတ်မပူဘူးလား"
ဘုရင်မကြီးက ဂျုံးဂုဘက်ကို လှည့်ကာ စကားကို အေးဆေးစွာ ပြောလာသည်။ ဂျုံးဂုသည်လည်း ထွက်သွားသော ထယ်ယောင်းနဲ့ ဂျောင်ဂုအား မျက်စိတစ်ဆုံးလိုက်ကြည့်နေပြီးမှ အနည်းငယ်ပြုံးလိုက်ပြီး
"ကျွန်တော် အိမ်ရှေ့စံကို ယုံပါတယ်"
.
.
.
ပြည်သူများမှာ ရှုပ်ရှပ်ခတ်နေပြီး ပျက်စီးသွားသော အပျက်အစီးများကြားထဲ ဟိုပြေးဒီလွှားလုပ်နေကြသည်။ ဂျောင်ဂုမှာ လူချင်းကွဲမသွားစေရန် ထယ်ယောင်းလက်လေးကို သေချာဆုပ်ကိုင်ထားသည်။
သစ်ပင်တွင် မြင်းနက်လော်ရီကို ချည်ထားခဲ့တာကြောင့် မြင်းဇက်ကြိုးကို အမြန်ဖြည်ကာ မြင်းပေါ်သို့ ထယ်ယောင်းကိုယ်လေးကို ပွေ့ပြီး အရင်တင်လိုက်သည်။ နောက်မှ ဂျောင်ဂုက ထယ်ယောင်းအနောက်ကနေ လွှားခနဲ တက်လိုက်ပြီး ဇက်ကြိုးကို ကိုင်လိုက်သည်။
ထယ်ယောင်းအား ပြုတ်မကျစေရန် ရင်ခွင်ထဲ မြုပ်လုမတတ် ထည့်ထားပြီး ထယ်ယောင်းဘေးဘက်ကို မြင်းဇက်ကြိုးကိုင်ထားလျက် လက်ကို ထားထားသည်မို့ ပြုတ်မကျနိုင်။
"မောင် မြင်းကို အမြန်ပြေးခိုင်းမှာမို့ သတိနဲ့နေနော် ဟုတ်ပြီလား"
"ဟုတ်"
အဲ့တော့မှ ဂျောင်ဂုလည်း မြင်းကို အရှိန်ဖြင့် တောစပ်ထဲ ဝင်သွားတော့သည်။ အမြန်သွားရမည်ဖြစ်သော်လည်း တောအုပ်လမ်းမို့ လမ်းကြမ်းတာတော့အမှန်ပင်။
"မောင်"
"ပြောလေ"
"ဝမ်လူကြီးမင်းတို့ကို ဘာလုပ်ဖို့ စဉ်းစားထားတာလဲ ထယ်သိလို့ရမလား"
"သတ်ပစ်မှာ"
ချက်ချင်း ပြန်ဖြေသော ဂျောင်ဂုကြောင့် ထယ်ယောင်း အနည်းငယ်လန့်မိသည်။
"အဲ့လောက်ထိ လုပ်ဖို့ လိုလို့လား"
"မောင့်ကိုရော မောင့်အသက်ကိုပါ သတ်ပစ်ဖို့ ကြံတဲ့အပြင် တောင်ဘက်ကိုပါ ဝင်တိုက်ခိုင်းတာလေ၊ ဘယ်လောက်ယုတ်မာကြသလဲ"
"အဲ့ဒါတော့ ဟုတ်တယ်"
ထိုမျှသာ ပြောပြီး ဘာမှဆက်မပြောတော့တဲ့ ထယ်ယောင်းကြောင့် ဂျောင်ဂု အနည်းငယ်ပြုံးကာ ရင်ခွင်ထဲက ထယ်ယောင်းခေါင်းလုံးလေးကို တစ်ချက်ငုံ့နမ်းလိုက်သည်။
"အများကြီး စိတ်မပူပါနဲ့၊ သတ်ရုံက လွဲပြီး ဘာမှမလုပ်ပါဘူး"
ဂျောင်ဂုစကားကြောင့် ထယ်ယောင်းမှာ ဘာပြန်ပြောရမှန်း မသိတော့။ သတ်ပစ်တာထက် ဆိုးတာ ရှိသေးတာကျနေတာပဲ။
"ဒါနဲ့ မောင့်အသက်ကို မောင်ဘာလို့ ခေါ်တာလဲ သိချင်လား"
"အင်း"
"မောင့်ပြည်သူတွေကို ခွင့်တောင်းမလို့လေ၊ ဒီ Omega လေးနဲ့ လက်ထပ်လို့ ရမလားလို့"
မထင်မှတ်ထားသော ဂျောင်ဂုဆီမှ ပြောစကားကြောင့် ထယ်ယောင်းမျက်လုံး အဝိုင်းသားလေးနဲ့ တအံ့တဩ မော့ကြည့်လာသည်။ နှုတ်ခမ်းစပ်နား ရစ်ဝဲနေတဲ့ ထယ်ယောင်းနဖူးလေးကို ဂျောင်ဂုက တစ်ချက်နမ်းလိုက်ရင်း
"ငြိမ်ငြိမ်နေနော် မြင်းပေါ်က ပြုတ်ကျမယ်"
"မောင်.. အဲ့လိုလုပ်လို့ မဖြစ်ဘူးလေ၊ ကန့်ကွက်ကြမှာပေါ့၊ ပြီးတော့ မောင့်ကို ကဲ့ရဲ့ကြမှာ"
"အဲ့တော့လည်း ဘုရင် မလုပ်တော့ဘူးပေါ့ ဘာခက်လဲ"
"မောင်နော်"
အောက်ကနေ မျက်စောင်းလေးတစ်ချက်ပစ်ထိုးလိုက်တဲ့ Omega လေးကို ကြည့်ကာ ဂျောင်ဂုပြုံးရပါသည်။ ဒေါသထွက်နေတာတွေတောင် ဘယ်ရောက်သွားမှန်းမသိတော့။ စိတ်ရှိတိုင်းသာဆို ဒီနားတင် မြင်းကိုရပ်ပြီး စိတ်ထင်တိုင်းကြဲပစ်လိုက်ချင်တာ။
သို့သော်လည်း ကိစ္စတွေက ဒီအတိုင်း ကြာကြာထားလို့မဖြစ်တာမို့ မြင်းကို ဒုန်းစိုင်းစီးချလာသည်။ မြောက်ဘက်သို့ စဝင်သည်နှင့် ဂျောင်ဂုက မြင်းကို မရပ်ဘဲ နန်းတော်ထိ ဦးတည်သွားသည်။ အရပ်ထဲက လူများကတော့ ဂျောင်ဂု ဝင်လာသည်မို့ ရောက်ရာအရပ်ကနေ အရိုအသေအမြန်ပြုကြရသည်။
မင်းသားပြန်လာပြီ ဟူသော သတင်းက တစ်မြို့လုံးပြန့်သွားပြီး ဂျောင်ဂု နန်းတော်ရှေ့ရောက်သည်နှင့် အစောင့်များက ကြိုတင်စောင့်နေတဲ့အပြင် ဂွမ်ဆူကလည်း ကမန်းကတမ်းပြေးလာသည်။
"မင်းသားကို စိတ်ပူလို့သေတော့မှာပဲ၊ အာ သခင်လေးလည်း ပါလာတာကိုး"
ဂွမ်ဆူက ထယ်ယောင်းဘက်ကို လှည့်ပြီး ပြုံးကာ ပြောလေတော့ ထယ်ယောင်းကလည်း သွားတန်းလေးတွေ ပေါ်သည်အထိ ပြန်ပြုံးပြသည်။
ဂျောင်ဂုကတော့ ဂွမ်ဆူအား မျက်နှာတည်နဲ့သာ ကြည့်ပြီး
"အခုချက်ချင်း ဝမ်လူကြီးမင်းနဲ့အတူ သူနဲ့ဆက်စပ်သမျှ အကုန်လုံးကို ခေါ်ခဲ့"
"ဗျာ မင်းသား ဟိုတစ်ခါကလည်း ခေါ်သေးတယ်မလား အဲ့တုန်းက..."
"အဲ့တုန်းက လွှတ်ပေးလိုက်မိတဲ့ အမှားတွေပေါ့၊ အခုတော့ တစ်ခါတည်းသတ်ပစ်မှာ"
ဂျောင်ဂုက ထိုမျှသာပြောပြီး ထယ်ယောင်းလက်ကို ဆွဲကာ ထိုနေရာမှ ထွက်လာခဲ့ပြီး နန်းတော်ထဲ ဝင်လာလိုက်သည်။ ထယ်ယောင်းအဖို့ မရောက်တာကြာပြီဖြစ်တာကြောင့် နဲနဲတော့ လန့်မိသည်။
ပင်မ နန်းဆောင်တွင် ဂျောင်ဂုက ပုလ္လင်ပေါ်မှာ ထိုင်ကာ အသင့်စောင့်နေပြီး ထယ်ယောင်းကို ဘေးနားက မိဖုရားထိုင်ရာ နေရာတွင် ထိုင်စေသည်။
မကြာလိုက် နန်းတွင်းစစ်သည်များရဲ့ အကြမ်းပတမ်း ဆွဲခေါ်တာခံရပြီး ကြိုးတုတ်လျက် ပါလာသော ဝမ်လူကြီးမင်းနဲ့ အခြား အမတ်များ။ သူ့မြေး ဆိုမင်လည်း ပါသည်။ အားလုံးက ဂျောင်ဂုရှေ့တွင် ဒူးထောက်ထားလျက်နဲ့ ဘေးနားက Omega ကို ရွံရှာဖွယ်ကြည့်နေကြသည်မို့ ဂျောင်ဂု သေနတ်ကို ထိုအုပ်စုအား ချိန်လိုက်သည်။
"ငါ့အသက်ကို မကြည့်နဲ့၊ မင်းတို့ကြည့်ဖို့တောင် မတန်ဘူး"
"မင်း..မင်းသား ဘာများဖြစ်လို့.. ကျွန်တော်မျိုးတို့ကို.."
"အပြစ်ကို မသိတာလား၊ မသိချင်ယောင်ဆောင်နေတာလား"
ဂျောင်ဂုက ပြောလည်းပြော ဝမ်လူကြီးမင်းဆီကိုလည်း သေနတ်ဖြင့် ထိုးချိန်လိုက်သည်။
"ခင်ဗျားကို မင်းကြီးကိုယ်တိုင်က ယုံကြည်ခဲ့တာ၊ ငါလည်းယုံကြည်ခဲ့တယ်၊ ဒါပေမဲ့ ခင်ဗျားက ခင်ဗျားမြေးကို ငါနဲ့ လက်ထပ်ပေးပြီး အာဏာကို လုဖို့ ကြိုးစားနေတာကိုး"
"မင်းသား အထင်လွဲနေပုံပါပဲ"
"အထင်လွဲစရာ ဘာမှမရှိဘူး၊ ငါတောင်ဘက်ရှီယန်းကို ရောက်နေခဲ့တာ၊ ခင်ဗျား ဆန်သုံးအိတ်ပေးပြီး ခိုင်းခဲ့တဲ့သူဆီကလည်း အကုန်ကြားပြီးသွားပြီ"
ဂျောင်ဂုစကားကြောင့် ဝမ်လူကြီးမင်းမှာ မျက်နှာပျက်သွားပြီး အံကိုကြိတ်ကာ ကျိန်ဆဲနေပုံ။
ထိုအချိန် ဒူးထောက်ထားသော ပေါင်ရင်းဆီသို့ ဒိုင်းခနဲ ဝင်လာသော ကျည်ဆံတစ်လုံး။ ဝမ်လူကြီးမင်းမှာ အာ့ခနဲ တစ်ချက်အော်ပြီး နာကျင်လွန်းတာကြောင့် ညည်းတွားနေမိသည်။ ဂျောင်ဂုက တကယ်လုပ်ပစ်သည်မို့ အနောက်က ကြံရာပါအမတ်တွေကလည်း ခေါင်းများငုံ့သွားကာ တုန်တုန်ယင်ယင်ဖြစ်လာကြသည်။
"နားညီးတယ် အသံမထွက်နဲ့၊ မဟုတ်ရင် ပါးစပ်ထဲကို ကျည်ဆံထပ်ရောက်လာလိမ့်မယ် ကြားလား!!!!"
ဂျောင်ဂုက ဒေါသသံနဲ့ အော်ပြောလိုက်တော့ ဝမ်လူကြီးမင်းမှာ နာကျင်နေတဲ့ကြားက နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။
"ပြီးတော့ မင်း ဆိုမင်"
ဂျောင်ဂုက သူနဲ့လက်ထပ်ဖို့အထိ ဖြစ်လာတဲ့ ဆိုမင်ဘက်အား လှည့်လာသည်။ ဆိုမင်မှာ ကြောက်လွန်း၍ တုန်ယင်နေကာ ဂျောင်ဂုကို စေ့စေ့ပင် မကြည့်ရဲ။
"မင်းက ငါ့ကို လက်ထပ်ဖို့ထိတောင် တွေးရဲသေးတယ်၊ ကံကောင်းတာက လက်ထပ်ပြီး ချက်ချင်းကွာရှင်းမှာထက် လက်ထပ်ပွဲဖျက်သိမ်းလိုက်ရတာက ပိုကောင်းတယ်မလား"
ဂျောင်ဂုက မထီတထီပြုံးကာ ပြောလေတော့ အားလုံးမှာ အကြောက်ပိုပြီး အသံပင် မထွက်ရဲကြတော့။
"မင်းသား"
ဂျွန်ဆိုမင်ဆီက အသံထွက်လာတာကြောင့် ဂျောင်ဂု မျက်ခုံးကို ပင့်ကာ လှမ်းကြည့်လိုက်သည်။
"မင်းသားက Omega တစ်ယောက်နဲ့ လက်ထပ်ရင် မြောက်ဘက်ရှီယန်းရဲ့စည်းမျဉ်းနဲ့ မညီတာကြောင့် ဘုရင်လို့ အသတ်မှတ်ခံရမှာ မဟုတ်ပါဘူး"
ဆက်တိုက်ပြောပြီး ခေါင်းပြန်ငုံ့သွားတဲ့ ဆိုမင်။ ဒီမိန်းမက အဆုံးထိကို သတ္တိရှိပြီး ကန့်ကွက်နေတာပဲ။
"သေချာနားထောင်၊ လူတွေ လေးစားရမယ် ကြောက်ရမယ်ဆိုတဲ့ Alpha တွေ အခု ငါ့ကို သစ္စာဖောက်ပြီး အာဏာလုချင်နေတာမဟုတ်လား၊ မင်းတို့လေ"
ဂျောင်ဂုစကားကြောင့် အားလုံးမှာ ငြိမ်သက်သွားပြန်သည်။
"ဒါပေမဲ့ မင်းတို့ရွံတယ်ဆိုတဲ့ Omega က လူတွေကိုရော တိုင်းပြည်ကိုပါ ကယ်တင်ပြီးသွားပြီ၊ မင်းတို့ထက် အဆပေါင်းများစွာ သာတယ်၊ တောက်!! မင်းကများ ငါ့အသက်ကို..!!!!"
ဂျောင်ဂု ဒေါသ ထွက်ထွက်နဲ့ ဆိုမင် ဘယ်ဘက်ရင်အုံတည့်တည့်ကို သေနတ်နဲ့ ပစ်ချလိုက်ရာ ဆိုမင်မှာ ပါးစပ်ထဲက သွေးတွေ ဆက်တိုက်ထွက်လာပြီး ထိုနေရာတွင်ပင် ပစ်လဲသွားတော့သည်။
"မြေး..မြေးလေး"
ဝမ်လူကြီးမင်းမှာ ပေါင်ထဲ ကျည်ဆံဝင်နေသည့်ကြားက ဆိုမင်နားကို တိုး၍တိုး၍သွားနေပြီး မျက်ရည်တစမ်းစမ်း။ သူများကို သတ်ဖို့ကြိုးစားပြီး ကိုယ့်အလှည့်ရောက်မှ ဝမ်းနည်းတတ်နေလိုက်ကြတာ ရွံဖို့ကောင်းအောင်။
"နားညီးတယ် ပါးစပ်ပိတ်ထားကြ!!"
ဂျောင်ဂုတစ်ချက်အော်လိုက်တော့ အသံတိတ်သွားကြသည်။ ပြီးမှ ဂျောင်ဂုလည်း ဘေးနားရှိ ဂွမ်ဆူဘက်ကိုလှည့်လိုက်ပြီး
"သူတို့အကုန်လုံးကို အခုချက်ချင်း အကျဉ်းထောင်ထဲ ထည့်ချုပ်ထားပါ၊ လက်ရော ခြေရော လည်ပင်းရောကို သံကြိုးနဲ့ ချုပ်ထား၊ မနက်ဖြန် မနက်မှာ တစ်ယောက်မကျန် သေဒဏ်ပေးလိုက်၊ သူတို့မိသားစုတွေကိုလည်း ရှီယန်းကနေ နှင်ထုတ်လိုက်၊ ဒုံချွန်းကိုလည်း မသွားစေနဲ့"
"ဟုတ်ကဲ့ပါ မင်းသား"
ဂျောင်ဂုအမိန့်ကြောင့် ဂွမ်ဆူမှာ စစ်သည်များကို အချက်ပြလိုက်ရာ စစ်သည်တွေက ထိုလူများကို ဆွဲခေါ်သွားပြီး ဂျွန်ဆိုမင်၏ အသက်မဲ့နေသော ခန္ဓာကိုယ်ကို သယ်သွားကြတော့သည်။
"မင်းသား၊ စဉ်းစားပေးတော်မူပါဦး"
"မင်းသား"
"အသက်ချမ်းသာပေးပါ"
အော်သံများက ဆူညံစွာထွက်လာပြီးမှ တဖြည်းဖြည်းဝေးသွားတော့သည်။ ကြမ်းပြင်မှာ ပေကျံနေသော သွေးများကို သန့်ရှင်းရန် ဂွမ်ဆူက သန့်ရှင်းရေးသမားများကို သွားခေါ်သည်။
အဲ့တော့မှ ဂျောင်ဂုလည်း သက်ပြင်းတစ်ချက်ချပြီး ထယ်ယောင်းအား သတိရမိကာ နောက်ပြန်လှည့်လိုက်သည်။ ထယ်ယောင်းမှာ ခုံလေးမှာ ထိုင်လျက်နဲ့ပင် မျက်နှာလေးဖြူစုတ်နေသည်။ လန့်သွားပုံပဲ။
ဂျောင်ဂုလည်း ထယ်ယောင်းနဖူးမှာ ဝဲကျနေသော ဆံပင်လေးများကို အသာသပ်တင်ပေးလိုက်ရင်း
"မောင့်ကို အရမ်းလန့်သွားတာလား တောင်းပန်ပါတယ်"
ဂျောင်ဂုပြောလိုက်မှ ထယ်ယောင်းမှာ အသိပြန်ဝင်လာသည့်ပုံနဲ့ မျက်တောင်လေး တဖျတ်ဖျတ်ခတ်ရင်း ခေါင်းလေးခါပြလာသည်။ ခေါင်းခါပြနေသော်လည်း ထယ်ယောင်းက လန့်နေဟန်။
"မောင် သတိထားသင့်တာ၊ မောင့်အသက်ကို အခန်းထဲမှာ နေခိုင်းထားရမှာကို"
"မ..မဟုတ်ပါဘူး ထယ်နားလည်ပါတယ်"
"နောက်တစ်ခါ အဲ့လိုမျိုးတွေ မောင့်အသက်ရှေ့မှာ မလုပ်တော့ဘူးလို့ ကတိပေးပါတယ်၊ မောင့်ကို စိတ်ပျက်မသွားပါနဲ့နော်"
မျက်နှာငယ်လေးနဲ့ပြောလာသော Alpha မှာ ခုနက လူတစ်ယောက်သတ်ထားပြီး သောင်းကျန်းထားသော သူမှ ဟုတ်ပါလေစ။ ဂျောင်ဂု ပုံစံလေးကို ကြည့်ကာ ထယ်ယောင်းပြုံးလိုက်မိသည်။
"မောင့်ကို စိတ်ပျက်စရာလား၊ ကြည့်ရတာ မောင်က မိုက်တောင် မိုက်နေတယ် ဟီး၊ ပြောရရင် ထယ်လည်း Alpha တွေကို ပေါင်တွေ လက်မောင်းတွေကို ဓားနဲ့ လှီးပစ်ပြီး သွေးအိုင်ထဲမှာ ထားခဲ့တာလေ"
မျက်နှာလေးက အပြုံးလေးနဲ့ပေမဲ့ ပြောနေတဲ့စကားတွေက ကြောက်စရာကောင်းနေသော Omega ကြောင့် ဂျောင်ဂု တံတွေးတစ်ချက်မြိုချလိုက်မိသည်။
လန့်သွားပုံရသော ဂျောင်ဂုကို ကြည့်ပြီး ထယ်ယောင်းမှာ သူ့ပါးစပ်သူလက်လေးနဲ့ အမြန်အုပ်လိုက်ကာ
"တောင်းပန်ပါတယ်၊ မောင် ထယ့်ကိုစိတ်ပျက်သွားပြီလား"
ဂျောင်ဂုမှာ ထယ်ယောင်းကို ကြည့်ပြီး အသံထွက်သည်အထိ ရယ်မိသည်။
"စိတ်ပျက်စရာလားဗျာ၊ မောင့်အသက်က မိုက်တောင် မိုက်နေသေး"
ဂျောင်ဂုစကားဆုံးသည်နှင့် နှစ်ယောက်လုံး ပြိုင်တူရယ်လိုက်မိသည်။
ပင်မနန်းဆောင်ထဲဝယ် Alpha နဲ့ Omega ရဲ့ ရယ်သံလေးနှစ်ခုက ထပ်တူကျစွာ ထွက်ပေါ်လျက်။
.
.
.
To Be Continued
(Zawgyi)
ေတာင္ဘက္ နန္းတြင္း အက်ဥ္းေထာင္ကား ညည္းတြားသံေတြနဲ႕ ျပည့္ႏွက္လို႔ေနသည္။ သံႀကိဳးမ်ားခတ္ထားသည့္အျပင္ ruts ဝင္ေသာ ကာလလည္းျဖစ္ေနသည္မို႔ Alpha pheromone ေတြက စိတ္ပ်က္စရာေကာင္းေလာက္ေအာင္ ေရာေထြးကာ ပ်ံ့ႏွံ႕လ်က္ရွိသည္။
ထိုထဲမွ ေလာေလာလတ္လတ္ဖမ္းထားေသာ သူပုန္မ်ားထဲမွ ေခါင္းေဆာင္ျဖစ္ဟန္တူေသာ လူတစ္ေယာက္ကို စစ္သည္တစ္ဦးက ဆြဲထုတ္လာသည္။
သံဆူးႀကိဳးနဲ႕ အခတ္ခံထားရသည့္အျပင္ ေဂ်ာင္ဂု၏ ေသနတ္က်ည္ဆံက ေျခေထာက္တြင္ ဝင္ေနသည္မို႔ သူပုန္ေခါင္းေဆာင္မွာ မ႐ုန္းသာေတာ့ဘဲ ဘုရင္မႀကီး ေရွ႕တြင္ ဒူးေထာက္လ်က္က်၏။
ဘုရင္မႀကီးေနာက္တြင္ေတာ့ စစ္သူႀကီးကင္ဂ်ဳံးဂုနဲ႕ သူ၏လူယုံ ဂန္ထယ္ဟြန္း အျပင္ ေဂ်ာင္ဂု၊ ထယ္ေယာင္းနဲ႕ ေဘာမ္ဂယူပါ ရွိေနသည္။
ေဘာမ္ဂယူ၏ ေလွ်ာက္ထားခ်က္အရ ထိုလူမ်ားက ေျမာက္ဘက္နန္းတြင္းနဲ႕ ပက္သက္ေနသည္။ ထိုလူ၏ မ်က္ႏွာဖုံးကိုဆြဲခြၽတ္လိုက္ရာ သာမန္အရပ္သားတစ္ေယာက္ျဖစ္ပုံရမည္။
"ေတာင္ဘက္ကို လာတိုက္ခိုက္ရတဲ့ အေၾကာင္းအရင္းက ဘာလဲ"
ဘုရင္မႀကီးရဲ႕ အသံက ဩဇာရွိစြာ ထြက္လာတာေၾကာင့္ ထိုလူမွာ တုန္ခနဲ။ သို႔ေသာ္လည္း ႏႈတ္က အေျဖစကားထြက္မလာဘဲ ပါးစပ္ကို တင္းတင္းေစ့ထားသည္။
"ဝန္ခံရင္ အသက္ခ်မ္းသာေပးမယ္ မဟုတ္ရင္ေတာ့ ေသဒဏ္ပဲ"
အဲ့ေတာ့မွ ထိုလူမွာ ဦးေခါင္းကိုငုံ႕ခ်လိဳက္ၿပီး ငိုႀကီးခ်က္မနဲ႕
"ခြင့္..ခြင့္လႊတ္ေပးပါ၊ ဒါေတြက ကြၽန္ေတာ့္အႀကံအစည္ေတြ မဟုတ္ရပါဘူး၊ ခိုင္းတဲ့သူရွိလို႔လုပ္ရတာပါ အသက္ခ်မ္းသာေပးပါ"
"ဘယ္ေလာက္ေတာင္ ေပးလို႔ လုပ္ရတာလဲ"
"ဆန္သုံးအိတ္ ေပး..ေပးပါတယ္"
"ခိုင္းတဲ့သူက ဘယ္သူလဲ ဘာကိုမွ ဝွက္မထားဘဲေျဖ"
ဘုရင္မႀကီး၏ အေမးကို ဒီတစ္ႀကိမ္တြင္မေျဖ။ တုန႔္ဆိုင္းတုန႔္ဆိုင္းလုပ္ၿပီး မ်က္ေတာင္ ပုတ္ခတ္ပုတ္ခတ္လုပ္ေနသည္မို႔ ဘုရင္မႀကီးမွာ စိတ္မရွည္ေတာ့။
ဂ်ဳံးဂုဘက္ကို လွည့္ကာ ေမးဆတ္ျပလိုက္ေတာ့ ဂ်ဳံးဂုက ထယ္ဟြန္းကို ထပ္ၿပီး အခ်က္ျပလိုက္သည္။ အဲ့အခါမွ ထယ္ဟြန္းလည္း လက္ထဲက ၾကာပြတ္ကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ကာ ထိုလူ၏ ေက်ာျပင္ကို ႐ႊမ္းခနဲ ျမည္ေအာင္ ရိုက္လိုက္သည္။
"အားး"
အသဲခိုက္တမွ် နာက်င္လွေသာ ေအာ္သံႀကီးေၾကာင့္ ထယ္ေယာင္းမွာ တုန္ခနဲျဖစ္သြားရသည္။ ခုလို နန္းတြင္း အျပစ္ေပးတာေတြကို တစ္ခါမွ မျမင္ဖူးသလို အျပစ္ေပးသူကလည္း ခင္ေနေသာ ထယ္ဟြန္းမို႔ လန႔္သြားတာေတာ့ အမွန္ပင္။
ထယ္ေယာင္းအျဖစ္ကို ရိပ္မိတဲ့ ေဂ်ာင္ဂုက ထယ္ေယာင္းကို ခါးေလးက ဆြဲဖက္ၿပီး အနားကို တိုးကပ္လိုက္သည္။
"အားး ေတာ္ပါေတာ့ အား ေျဖ..ေျဖပါမယ္ အာ့"
ထိုလူရဲ႕ ေအာ္သံေၾကာင့္ ထယ္ဟြန္းလည္း ရိုက္ေနတာကို ရပ္လိုက္သည္။
"ဝမ္လူႀကီးမင္းနဲ႕ သူ႕အေပါင္းအပါေတြက ခိုင္းတာပါ၊ အစက Omega ထယ္..ထယ္ေယာင္းကိုပဲ သတ္ပစ္လိုက္လို႔မွာေပမဲ့ သူ႕ေျမးနဲ႕ လက္ထပ္ဖို႔ကို မင္းသားက ဖ်က္ပါတယ္ဆိုၿပီး မင္းသားကိုပါ သတ္ခိုင္းတဲ့အျပင္ ေတာင္ဘက္ကိုလည္း..."
ထိုလူမွာ ဆက္မေျပာေတာ့ဘဲ အသံမ်ားတိမ္ဝင္သြားၿပီး ေၾကာက္႐ြံ႕ေနဟန္။ က်န္လူမ်ားက ဝမ္လူႀကီးမင္းဆိုတာ ဘယ္သူလဲမသိေပမဲ့ ေဂ်ာင္ဂုကေတာ့ စိတ္တိုကာ ေတာက္တစ္ခ်က္ေခါက္လိုက္မိသည္။ အားလုံးရဲ႕ အၾကည့္ေတြက ေဂ်ာင္ဂုဆီမွာ။
"ရၿပီ သူ႕ကို အက်ဥ္းထဲ ျပန္ထည့္လိုက္"
ဘုရင္မ အမိန႔္ရသည္ႏွင့္ အနားက စစ္သည္တစ္ဦးက ထိုလူကို တ႐ြတ္တိုက္ျပန္ဆြဲေခၚသြားေတာ့သည္။
"သိတဲ့သူလား"
ဘုရင္မႀကီးက ေဂ်ာင္ဂုဘက္ကို လွည့္ၾကည့္ကာေမးသည္။ ေဂ်ာင္ဂုက ေခါင္းတစ္ခ်က္ၿငိမ့္ျပလိုက္ၿပီး
"သိပါတယ္၊ အဲ့ေန႕ကတည္းက တစ္ခါတည္း သတ္ပစ္လိုက္ရမွာ ေတာက္"
ေဂ်ာင္ဂုစိတ္တိုတိုနဲ႕ ထိုေနရာမွ ခ်ာကနဲ လွည့္ထြက္သြားေလေတာ့ ထယ္ေယာင္းက ေဂ်ာင္ဂုလက္ကို အျမန္ ျပန္လွမ္းဆြဲလိုက္ရသည္။
"ေမာင္ ဘယ္သြားမလို႔လဲ"
"ေျမာက္ဘက္ကိုသြားမယ္ လိုက္ခဲ့"
အၿမဲတမ္း အိမ္မွာေနခဲ့ဖို႔ပဲ ေျပာတတ္တဲ့ ေဂ်ာင္ဂုက အခုက်ေတာ့ 'လိုက္ခဲ့' တဲ့လား။ ထယ္ေယာင္း အံ့ဩမိေပမဲ့ မျငင္းပါ။ ေဂ်ာင္ဂုေနာက္က အျမန္လိုက္သြားသည္။
"စစ္သူႀကီးကင္ ဒီတိုင္းၾကည့္ေနမွာလား၊ ညီေလးကို စိတ္မပူဘူးလား"
ဘုရင္မႀကီးက ဂ်ဳံးဂုဘက္ကို လွည့္ကာ စကားကို ေအးေဆးစြာ ေျပာလာသည္။ ဂ်ဳံးဂုသည္လည္း ထြက္သြားေသာ ထယ္ေယာင္းနဲ႕ ေဂ်ာင္ဂုအား မ်က္စိတစ္ဆုံးလိုက္ၾကည့္ေနၿပီးမွ အနည္းငယ္ၿပဳံးလိုက္ၿပီး
"ကြၽန္ေတာ္ အိမ္ေရွ႕စံကို ယုံပါတယ္"
.
.
.
ျပည္သူမ်ားမွာ ရႈပ္ရွပ္ခတ္ေနၿပီး ပ်က္စီးသြားေသာ အပ်က္အစီးမ်ားၾကားထဲ ဟိုေျပးဒီလႊားလုပ္ေနၾကသည္။ ေဂ်ာင္ဂုမွာ လူခ်င္းကြဲမသြားေစရန္ ထယ္ေယာင္းလက္ေလးကို ေသခ်ာဆုပ္ကိုင္ထားသည္။
သစ္ပင္တြင္ ျမင္းနက္ေလာ္ရီကို ခ်ည္ထားခဲ့တာေၾကာင့္ ျမင္းဇက္ႀကိဳးကို အျမန္ျဖည္ကာ ျမင္းေပၚသို႔ ထယ္ေယာင္းကိုယ္ေလးကို ေပြ႕ၿပီး အရင္တင္လိုက္သည္။ ေနာက္မွ ေဂ်ာင္ဂုက ထယ္ေယာင္းအေနာက္ကေန လႊားခနဲ တက္လိုက္ၿပီး ဇက္ႀကိဳးကို ကိုင္လိုက္သည္။
ထယ္ေယာင္းအား ျပဳတ္မက်ေစရန္ ရင္ခြင္ထဲ ျမဳပ္လုမတတ္ ထည့္ထားၿပီး ထယ္ေယာင္းေဘးဘက္ကို ျမင္းဇက္ႀကိဳးကိုင္ထားလ်က္ လက္ကို ထားထားသည္မို႔ ျပဳတ္မက်နိဳင္။
"ေမာင္ ျမင္းကို အျမန္ေျပးခိုင္းမွာမို႔ သတိနဲ႕ေနေနာ္ ဟုတ္ၿပီလား"
"ဟုတ္"
အဲ့ေတာ့မွ ေဂ်ာင္ဂုလည္း ျမင္းကို အရွိန္ျဖင့္ ေတာစပ္ထဲ ဝင္သြားေတာ့သည္။ အျမန္သြားရမည္ျဖစ္ေသာ္လည္း ေတာအုပ္လမ္းမို႔ လမ္းၾကမ္းတာေတာ့အမွန္ပင္။
"ေမာင္"
"ေျပာေလ"
"ဝမ္လူႀကီးမင္းတို႔ကို ဘာလုပ္ဖို႔ စဥ္းစားထားတာလဲ ထယ္သိလို႔ရမလား"
"သတ္ပစ္မွာ"
ခ်က္ခ်င္း ျပန္ေျဖေသာ ေဂ်ာင္ဂုေၾကာင့္ ထယ္ေယာင္း အနည္းငယ္လန႔္မိသည္။
"အဲ့ေလာက္ထိ လုပ္ဖို႔ လိုလို႔လား"
"ေမာင့္ကိုေရာ ေမာင့္အသက္ကိုပါ သတ္ပစ္ဖို႔ ႀကံတဲ့အျပင္ ေတာင္ဘက္ကိုပါ ဝင္တိုက္ခိုင္းတာေလ၊ ဘယ္ေလာက္ယုတ္မာၾကသလဲ"
"အဲ့ဒါေတာ့ ဟုတ္တယ္"
ထိုမွ်သာ ေျပာၿပီး ဘာမွဆက္မေျပာေတာ့တဲ့ ထယ္ေယာင္းေၾကာင့္ ေဂ်ာင္ဂု အနည္းငယ္ၿပဳံးကာ ရင္ခြင္ထဲက ထယ္ေယာင္းေခါင္းလုံးေလးကို တစ္ခ်က္ငုံ႕နမ္းလိုက္သည္။
"အမ်ားႀကီး စိတ္မပူပါနဲ႕၊ သတ္႐ုံက လြဲၿပီး ဘာမွမလုပ္ပါဘူး"
ေဂ်ာင္ဂုစကားေၾကာင့္ ထယ္ေယာင္းမွာ ဘာျပန္ေျပာရမွန္း မသိေတာ့။ သတ္ပစ္တာထက္ ဆိုးတာ ရွိေသးတာက်ေနတာပဲ။
"ဒါနဲ႕ ေမာင့္အသက္ကို ေမာင္ဘာလို႔ ေခၚတာလဲ သိခ်င္လား"
"အင္း"
"ေမာင့္ျပည္သူေတြကို ခြင့္ေတာင္းမလို႔ေလ၊ ဒီ Omega ေလးနဲ႕ လက္ထပ္လို႔ ရမလားလို႔"
မထင္မွတ္ထားေသာ ေဂ်ာင္ဂုဆီမွ ေျပာစကားေၾကာင့္ ထယ္ေယာင္းမ်က္လုံး အဝိုင္းသားေလးနဲ႕ တအံ့တဩ ေမာ့ၾကည့္လာသည္။ ႏႈတ္ခမ္းစပ္နား ရစ္ဝဲေနတဲ့ ထယ္ေယာင္းနဖူးေလးကို ေဂ်ာင္ဂုက တစ္ခ်က္နမ္းလိုက္ရင္း
"ၿငိမ္ၿငိမ္ေနေနာ္ ျမင္းေပၚက ျပဳတ္က်မယ္"
"ေမာင္.. အဲ့လိုလုပ္လို႔ မျဖစ္ဘူးေလ၊ ကန႔္ကြက္ၾကမွာေပါ့၊ ၿပီးေတာ့ ေမာင့္ကို ကဲ့ရဲ႕ၾကမွာ"
"အဲ့ေတာ့လည္း ဘုရင္ မလုပ္ေတာ့ဘူးေပါ့ ဘာခက္လဲ"
"ေမာင္ေနာ္"
ေအာက္ကေန မ်က္ေစာင္းေလးတစ္ခ်က္ပစ္ထိုးလိုက္တဲ့ Omega ေလးကို ၾကည့္ကာ ေဂ်ာင္ဂုၿပဳံးရပါသည္။ ေဒါသထြက္ေနတာေတြေတာင္ ဘယ္ေရာက္သြားမွန္းမသိေတာ့။ စိတ္ရွိတိုင္းသာဆို ဒီနားတင္ ျမင္းကိုရပ္ၿပီး စိတ္ထင္တိုင္းႀကဲပစ္လိုက္ခ်င္တာ။
သို႔ေသာ္လည္း ကိစၥေတြက ဒီအတိုင္း ၾကာၾကာထားလို႔မျဖစ္တာမို႔ ျမင္းကို ဒုန္းစိုင္းစီးခ်လာသည္။ ေျမာက္ဘက္သို႔ စဝင္သည္ႏွင့္ ေဂ်ာင္ဂုက ျမင္းကို မရပ္ဘဲ နန္းေတာ္ထိ ဦးတည္သြားသည္။ အရပ္ထဲက လူမ်ားကေတာ့ ေဂ်ာင္ဂု ဝင္လာသည္မို႔ ေရာက္ရာအရပ္ကေန အရိုအေသအျမန္ျပဳၾကရသည္။
မင္းသားျပန္လာၿပီ ဟူေသာ သတင္းက တစ္ၿမိဳ႕လုံးျပန႔္သြားၿပီး ေဂ်ာင္ဂု နန္းေတာ္ေရွ႕ေရာက္သည္ႏွင့္ အေစာင့္မ်ားက ႀကိဳတင္ေစာင့္ေနတဲ့အျပင္ ဂြမ္ဆူကလည္း ကမန္းကတမ္းေျပးလာသည္။
"မင္းသားကို စိတ္ပူလို႔ေသေတာ့မွာပဲ၊ အာ သခင္ေလးလည္း ပါလာတာကိုး"
ဂြမ္ဆူက ထယ္ေယာင္းဘက္ကို လွည့္ၿပီး ၿပဳံးကာ ေျပာေလေတာ့ ထယ္ေယာင္းကလည္း သြားတန္းေလးေတြ ေပၚသည္အထိ ျပန္ၿပဳံးျပသည္။
ေဂ်ာင္ဂုကေတာ့ ဂြမ္ဆူအား မ်က္ႏွာတည္နဲ႕သာ ၾကည့္ၿပီး
"အခုခ်က္ခ်င္း ဝမ္လူႀကီးမင္းနဲ႕အတူ သူနဲ႕ဆက္စပ္သမွ် အကုန္လုံးကို ေခၚခဲ့"
"ဗ်ာ မင္းသား ဟိုတစ္ခါကလည္း ေခၚေသးတယ္မလား အဲ့တုန္းက..."
"အဲ့တုန္းက လႊတ္ေပးလိုက္မိတဲ့ အမွားေတြေပါ့၊ အခုေတာ့ တစ္ခါတည္းသတ္ပစ္မွာ"
ေဂ်ာင္ဂုက ထိုမွ်သာေျပာၿပီး ထယ္ေယာင္းလက္ကို ဆြဲကာ ထိုေနရာမွ ထြက္လာခဲ့ၿပီး နန္းေတာ္ထဲ ဝင္လာလိုက္သည္။ ထယ္ေယာင္းအဖို႔ မေရာက္တာၾကာၿပီျဖစ္တာေၾကာင့္ နဲနဲေတာ့ လန႔္မိသည္။
ပင္မ နန္းေဆာင္တြင္ ေဂ်ာင္ဂုက ပုလႅင္ေပၚမွာ ထိုင္ကာ အသင့္ေစာင့္ေနၿပီး ထယ္ေယာင္းကို ေဘးနားက မိဖုရားထိုင္ရာ ေနရာတြင္ ထိုင္ေစသည္။
မၾကာလိုက္ နန္းတြင္းစစ္သည္မ်ားရဲ႕ အၾကမ္းပတမ္း ဆြဲေခၚတာခံရၿပီး ႀကိဳးတုတ္လ်က္ ပါလာေသာ ဝမ္လူႀကီးမင္းနဲ႕ အျခား အမတ္မ်ား။ သူ႕ေျမး ဆိုမင္လည္း ပါသည္။ အားလုံးက ေဂ်ာင္ဂုေရွ႕တြင္ ဒူးေထာက္ထားလ်က္နဲ႕ ေဘးနားက Omega ကို ႐ြံရွာဖြယ္ၾကည့္ေနၾကသည္မို႔ ေဂ်ာင္ဂု ေသနတ္ကို ထိုအုပ္စုအား ခ်ိန္လိုက္သည္။
"ငါ့အသက္ကို မၾကည့္နဲ႕၊ မင္းတို႔ၾကည့္ဖို႔ေတာင္ မတန္ဘူး"
"မင္း..မင္းသား ဘာမ်ားျဖစ္လို႔.. ကြၽန္ေတာ္မ်ိဳးတို႔ကို.."
"အျပစ္ကို မသိတာလား၊ မသိခ်င္ေယာင္ေဆာင္ေနတာလား"
ေဂ်ာင္ဂုက ေျပာလည္းေျပာ ဝမ္လူႀကီးမင္းဆီကိုလည္း ေသနတ္ျဖင့္ ထိုးခ်ိန္လိုက္သည္။
"ခင္ဗ်ားကို မင္းႀကီးကိုယ္တိုင္က ယုံၾကည္ခဲ့တာ၊ ငါလည္းယုံၾကည္ခဲ့တယ္၊ ဒါေပမဲ့ ခင္ဗ်ားက ခင္ဗ်ားေျမးကို ငါနဲ႕ လက္ထပ္ေပးၿပီး အာဏာကို လုဖို႔ ႀကိဳးစားေနတာကိုး"
"မင္းသား အထင္လြဲေနပုံပါပဲ"
"အထင္လြဲစရာ ဘာမွမရွိဘူး၊ ငါေတာင္ဘက္ရွီယန္းကို ေရာက္ေနခဲ့တာ၊ ခင္ဗ်ား ဆန္သုံးအိတ္ေပးၿပီး ခိုင္းခဲ့တဲ့သူဆီကလည္း အကုန္ၾကားၿပီးသြားၿပီ"
ေဂ်ာင္ဂုစကားေၾကာင့္ ဝမ္လူႀကီးမင္းမွာ မ်က္ႏွာပ်က္သြားၿပီး အံကိုႀကိတ္ကာ က်ိန္ဆဲေနပုံ။
ထိုအခ်ိန္ ဒူးေထာက္ထားေသာ ေပါင္ရင္းဆီသို႔ ဒိုင္းခနဲ ဝင္လာေသာ က်ည္ဆံတစ္လုံး။ ဝမ္လူႀကီးမင္းမွာ အာ့ခနဲ တစ္ခ်က္ေအာ္ၿပီး နာက်င္လြန္းတာေၾကာင့္ ညည္းတြားေနမိသည္။ ေဂ်ာင္ဂုက တကယ္လုပ္ပစ္သည္မို႔ အေနာက္က ႀကံရာပါအမတ္ေတြကလည္း ေခါင္းမ်ားငုံ႕သြားကာ တုန္တုန္ယင္ယင္ျဖစ္လာၾကသည္။
"နားညီးတယ္ အသံမထြက္နဲ႕၊ မဟုတ္ရင္ ပါးစပ္ထဲကို က်ည္ဆံထပ္ေရာက္လာလိမ့္မယ္ ၾကားလား!!!!"
ေဂ်ာင္ဂုက ေဒါသသံနဲ႕ ေအာ္ေျပာလိုက္ေတာ့ ဝမ္လူႀကီးမင္းမွာ နာက်င္ေနတဲ့ၾကားက ႏႈတ္ခမ္းကို တင္းတင္းေစ့ထားလိုက္သည္။
"ၿပီးေတာ့ မင္း ဆိုမင္"
ေဂ်ာင္ဂုက သူနဲ႕လက္ထပ္ဖို႔အထိ ျဖစ္လာတဲ့ ဆိုမင္ဘက္အား လွည့္လာသည္။ ဆိုမင္မွာ ေၾကာက္လြန္း၍ တုန္ယင္ေနကာ ေဂ်ာင္ဂုကို ေစ့ေစ့ပင္ မၾကည့္ရဲ။
"မင္းက ငါ့ကို လက္ထပ္ဖို႔ထိေတာင္ ေတြးရဲေသးတယ္၊ ကံေကာင္းတာက လက္ထပ္ၿပီး ခ်က္ခ်င္းကြာရွင္းမွာထက္ လက္ထပ္ပြဲဖ်က္သိမ္းလိုက္ရတာက ပိုေကာင္းတယ္မလား"
ေဂ်ာင္ဂုက မထီတထီၿပဳံးကာ ေျပာေလေတာ့ အားလုံးမွာ အေၾကာက္ပိုၿပီး အသံပင္ မထြက္ရဲၾကေတာ့။
"မင္းသား"
ဂြၽန္ဆိုမင္ဆီက အသံထြက္လာတာေၾကာင့္ ေဂ်ာင္ဂု မ်က္ခုံးကို ပင့္ကာ လွမ္းၾကည့္လိုက္သည္။
"မင္းသားက Omega တစ္ေယာက္နဲ႕ လက္ထပ္ရင္ ေျမာက္ဘက္ရွီယန္းရဲ႕စည္းမ်ဥ္းနဲ႕ မညီတာေၾကာင့္ ဘုရင္လို႔ အသတ္မွတ္ခံရမွာ မဟုတ္ပါဘူး"
ဆက္တိုက္ေျပာၿပီး ေခါင္းျပန္ငုံ႕သြားတဲ့ ဆိုမင္။ ဒီမိန္းမက အဆုံးထိကို သတၱိရွိၿပီး ကန႔္ကြက္ေနတာပဲ။
"ေသခ်ာနားေထာင္၊ လူေတြ ေလးစားရမယ္ ေၾကာက္ရမယ္ဆိုတဲ့ Alpha ေတြ အခု ငါ့ကို သစၥာေဖာက္ၿပီး အာဏာလုခ်င္ေနတာမဟုတ္လား၊ မင္းတို႔ေလ"
ေဂ်ာင္ဂုစကားေၾကာင့္ အားလုံးမွာ ၿငိမ္သက္သြားျပန္သည္။
"ဒါေပမဲ့ မင္းတို႔႐ြံတယ္ဆိုတဲ့ Omega က လူေတြကိုေရာ တိုင္းျပည္ကိုပါ ကယ္တင္ၿပီးသြားၿပီ၊ မင္းတို႔ထက္ အဆေပါင္းမ်ားစြာ သာတယ္၊ ေတာက္!! မင္းကမ်ား ငါ့အသက္ကို..!!!!"
ေဂ်ာင္ဂု ေဒါသ ထြက္ထြက္နဲ႕ ဆိုမင္ ဘယ္ဘက္ရင္အုံတည့္တည့္ကို ေသနတ္နဲ႕ ပစ္ခ်လိဳက္ရာ ဆိုမင္မွာ ပါးစပ္ထဲက ေသြးေတြ ဆက္တိုက္ထြက္လာၿပီး ထိုေနရာတြင္ပင္ ပစ္လဲသြားေတာ့သည္။
"ေျမး..ေျမးေလး"
ဝမ္လူႀကီးမင္းမွာ ေပါင္ထဲ က်ည္ဆံဝင္ေနသည့္ၾကားက ဆိုမင္နားကို တိုး၍တိုး၍သြားေနၿပီး မ်က္ရည္တစမ္းစမ္း။ သူမ်ားကို သတ္ဖို႔ႀကိဳးစားၿပီး ကိုယ့္အလွည့္ေရာက္မွ ဝမ္းနည္းတတ္ေနလိုက္ၾကတာ ႐ြံဖို႔ေကာင္းေအာင္။
"နားညီးတယ္ ပါးစပ္ပိတ္ထားၾက!!"
ေဂ်ာင္ဂုတစ္ခ်က္ေအာ္လိုက္ေတာ့ အသံတိတ္သြားၾကသည္။ ၿပီးမွ ေဂ်ာင္ဂုလည္း ေဘးနားရွိ ဂြမ္ဆူဘက္ကိုလွည့္လိုက္ၿပီး
"သူတို႔အကုန္လုံးကို အခုခ်က္ခ်င္း အက်ဥ္းေထာင္ထဲ ထည့္ခ်ဳပ္ထားပါ၊ လက္ေရာ ေျခေရာ လည္ပင္းေရာကို သံႀကိဳးနဲ႕ ခ်ဳပ္ထား၊ မနက္ျဖန္ မနက္မွာ တစ္ေယာက္မက်န္ ေသဒဏ္ေပးလိုက္၊ သူတို႔မိသားစုေတြကိုလည္း ရွီယန္းကေန ႏွင္ထုတ္လိုက္၊ ဒုံခြၽန္းကိုလည္း မသြားေစနဲ႕"
"ဟုတ္ကဲ့ပါ မင္းသား"
ေဂ်ာင္ဂုအမိန႔္ေၾကာင့္ ဂြမ္ဆူမွာ စစ္သည္မ်ားကို အခ်က္ျပလိုက္ရာ စစ္သည္ေတြက ထိုလူမ်ားကို ဆြဲေခၚသြားၿပီး ဂြၽန္ဆိုမင္၏ အသက္မဲ့ေနေသာ ခႏၶာကိုယ္ကို သယ္သြားၾကေတာ့သည္။
"မင္းသား၊ စဥ္းစားေပးေတာ္မူပါဦး"
"မင္းသား"
"အသက္ခ်မ္းသာေပးပါ"
ေအာ္သံမ်ားက ဆူညံစြာထြက္လာၿပီးမွ တျဖည္းျဖည္းေဝးသြားေတာ့သည္။ ၾကမ္းျပင္မွာ ေပက်ံေနေသာ ေသြးမ်ားကို သန႔္ရွင္းရန္ ဂြမ္ဆူက သန႔္ရွင္းေရးသမားမ်ားကို သြားေခၚသည္။
အဲ့ေတာ့မွ ေဂ်ာင္ဂုလည္း သက္ျပင္းတစ္ခ်က္ခ်ၿပီး ထယ္ေယာင္းအား သတိရမိကာ ေနာက္ျပန္လွည့္လိုက္သည္။ ထယ္ေယာင္းမွာ ခုံေလးမွာ ထိုင္လ်က္နဲ႕ပင္ မ်က္ႏွာေလးျဖဴစုတ္ေနသည္။ လန႔္သြားပုံပဲ။
ေဂ်ာင္ဂုလည္း ထယ္ေယာင္းနဖူးမွာ ဝဲက်ေနေသာ ဆံပင္ေလးမ်ားကို အသာသပ္တင္ေပးလိုက္ရင္း
"ေမာင့္ကို အရမ္းလန႔္သြားတာလား ေတာင္းပန္ပါတယ္"
ေဂ်ာင္ဂုေျပာလိုက္မွ ထယ္ေယာင္းမွာ အသိျပန္ဝင္လာသည့္ပုံနဲ႕ မ်က္ေတာင္ေလး တဖ်တ္ဖ်တ္ခတ္ရင္း ေခါင္းေလးခါျပလာသည္။ ေခါင္းခါျပေနေသာ္လည္း ထယ္ေယာင္းက လန့္ေနဟန္။
"ေမာင္ သတိထားသင့္တာ၊ ေမာင့္အသက္ကို အခန္းထဲမွာ ေနခိုင္းထားရမွာကို"
"မ..မဟုတ္ပါဘူး ထယ္နားလည္ပါတယ္"
"ေနာက္တစ္ခါ အဲ့လိုမ်ိဳးေတြ ေမာင့္အသက္ေရွ႕မွာ မလုပ္ေတာ့ဘူးလို႔ ကတိေပးပါတယ္၊ ေမာင့္ကို စိတ္ပ်က္မသြားပါနဲ႕ေနာ္"
မ်က္ႏွာငယ္ေလးနဲ႕ေျပာလာေသာ Alpha မွာ ခုနက လူတစ္ေယာက္သတ္ထားၿပီး ေသာင္းက်န္းထားေသာ သူမွ ဟုတ္ပါေလစ။ ေဂ်ာင္ဂု ပုံစံေလးကို ၾကည့္ကာ ထယ္ေယာင္းၿပဳံးလိုက္မိသည္။
"ေမာင့္ကို စိတ္ပ်က္စရာလား၊ ၾကည့္ရတာ ေမာင္က မိုက္ေတာင္ မိုက္ေနတယ္ ဟီး၊ ေျပာရရင္ ထယ္လည္း Alpha ေတြကို ေပါင္ေတြ လက္ေမာင္းေတြကို ဓားနဲ႕ လွီးပစ္ၿပီး ေသြးအိုင္ထဲမွာ ထားခဲ့တာေလ"
မ်က္ႏွာေလးက အၿပဳံးေလးနဲ႕ေပမဲ့ ေျပာေနတဲ့စကားေတြက ေၾကာက္စရာေကာင္းေနေသာ Omega ေၾကာင့္ ေဂ်ာင္ဂု တံေတြးတစ္ခ်က္ၿမိဳခ်လိဳက္မိသည္။
လန့္သြားပုံရေသာ ေဂ်ာင္ဂုကို ၾကည့္ၿပီး ထယ္ေယာင္းမွာ သူ႕ပါးစပ္သူလက္ေလးနဲ႕ အျမန္အုပ္လိုက္ကာ
"ေတာင္းပန္ပါတယ္၊ ေမာင္ ထယ့္ကိုစိတ္ပ်က္သြားၿပီလား"
ေဂ်ာင္ဂုမွာ ထယ္ေယာင္းကို ၾကည့္ၿပီး အသံထြက္သည္အထိ ရယ္မိသည္။
"စိတ္ပ်က္စရာလားဗ်ာ၊ ေမာင့္အသက္က မိုက္ေတာင္ မိုက္ေနေသး"
ေဂ်ာင္ဂုစကားဆုံးသည္ႏွင့္ ႏွစ္ေယာက္လုံး ၿပိဳင္တူရယ္လိုက္မိသည္။
ပင္မနန္းေဆာင္ထဲဝယ္ Alpha နဲ႕ Omega ရဲ႕ ရယ္သံေလးႏွစ္ခုက ထပ္တူက်စြာ ထြက္ေပၚလ်က္။
.
.
.
To Be Continued