(Unicode)
ခြုံပုတ်ကို ကွယ်ကာ မြောက်ဘက်ရှီယန်းဆီသို့ အသာလှမ်းကြည့်လိုက်သည်။ အဝေးကဆိုတော့ လူနေအိမ်များမှလွဲရင် ဘာမှမတွေ့ရ။
"အစ်ကိုယောင်း သွားမှဖြစ်မှာလား ဟင်၊ ဒီကနေတောင် Alpha pheromone တွေ ရနေသလိုပဲ"
ဘောမ်ဂယူက အနောက်ကနေ ထယ်ယောင်းရဲ့ အင်္ကျီစလေးကို အသာကိုင်ရင်း ကြောက်ကြောက်လန့်လန့်နဲ့ ပြောလာသည်။ ဘောမ်ဂယူပြောတာလည်း မမှား။ ဒီနေရာကနေတောင် Alpha pheromone တွေ ရနေသည်မို့ နဲနဲတော့ ထူးဆန်းနေသည်။
ထယ်ဟွန်းကတော့ ဘာမှဝင်မပြောဘဲ ထယ်ယောင်းဝင်ရင် လိုက်ဝင်မဲ့ အနေအထားမှာရှိနေသည်။
"အစ်..အစ်ကိုယောင်း"
"ကြောက်ရင် ဒီမှာနေခဲ့လေ၊ ငါခဏသွားလိုက်ဦးမယ်"
ထယ်ယောင်းက ပြောပြောဆိုဆိုနဲ့ ထသွားတော့ ထယ်ဟွန်းကလည်း အနောက်ကနေ လေးနဲ့ မြားကို အသင့်အနေအထားကိုင်ကာ အနောက်က လိုက်သွားသည်။ အဲ့တော့လည်း ဘောမ်ဂယူမှာ မနေနိုင်ဘဲ ဓားဆွဲထုတ်ကာ အနောက်က လိုက်ရတော့သည်။
ရောထွေးနေသော Alpha pheromone တွေက Omega နှစ်ယောက်ကို အသက်ရှူကြပ်စေသည်။
တဲအိမ်တစ်လုံးကို ကွယ်ကာ အရပ်ထဲကို ဝေ့ကြည့်လိုက်တော့ အချင်းချင်း သတ်ပုတ် တိုက်ခိုက်နေသော Alpha Beta များကို တွေ့ရပြီး Alpha မိန်းကလေးများ၊ Beta မိန်းကလေးများမှာ ဟိုပြေးဒီပြေးဖြစ်နေကြသည်။
"ဘာတွေဖြစ်နေကြတာလဲ၊ ဝက်ရူးပြန်နေတာလား"
ဘောမ်ဂယူရဲ့ အမေးကြောင့် ထယ်ဟွန်း ခေါင်းတခါခါနဲ့ သက်ပြင်းသာချလိုက်သည်။ ထယ်ယောင်းကတော့ မျက်မှောင်ကုတ်ကာ
"မဟုတ်ဘူး၊ ကြည့်ရတာ Alpha တွေက ruts ဝင်ပြီး Alpha အချင်းချင်း rape ဖို့ လုပ်နေကြတာ၊ မြောက်ဘက်မှာ Omega မရှိသလောက်ရှားတယ်လေ"
"ဒါ..ဒါဆို ကျွန်တော်တို့ကို တွေ့...တွေ့သွားရင်.."
ဘောမ်ဂယူစကားမဆုံးသေး။
"ဒီမှာ လူစိမ်းတွေဟေ့"
"ဘယ်မှာလဲ"
"သူခိုး သူခိုး"
"ဒါတောင်ဘက်က ကောင်တွေမလား"
တစ်ယောက်အော်သည်နှင့် နောက်ကနေ အုပ်လိုက်ကြီးရောက်လာသော လူထုကြီးမှာ ဓားများဆွဲကုန်ကြတော့ ထယ်ယောင်းတို့လည်း ပြေးရတော့သည်။
လမ်းတွင်လည်း ruts ဝင်နေသော Alpha များကြောင့် သွားဖို့ရန် အဆင်မပြေတော့။ ဒါကြောင့် ဓားကို အသင့်အနေအထား ကိုင်ပြီး ပြန်တိုက်ဖို့သာ ဆုံးဖြတ်လိုက်ကြတော့သည်။
"ခဏ...ခဏလေး၊ ဒါက တောင်ဘက်က သူရဲကောင်းလေးမလား၊ Omega တွေကို ကယ်လိုက်တယ်ဆိုတဲ့ ကောင်လေးလေ"
Beta မိန်းမကြီးတစ်ယောက်ရဲ့ အော်သံကြောင့် အားလုံးမှာ ရပ်သွားကြပြီး ထယ်ယောင်းကို ကြည့်လာကြသည်။ အဲ့တော့မှ လူတွေက ရန်မူလိုတဲ့ မျက်လုံးများမရှိကြတော့ဘဲ အချင်းချင်း တီးတိုးတီးတိုးပြောကာ သုံးယောက်လုံးကို အကဲခတ်နေကြပုံ။
ထိုထဲမှ လူကြီးတစ်ယောက်က ထွက်လာကာ ထယ်ယောင်းရှေ့သို့ လျှောက်လာသည်။
"ဒါဆို ဒီက ကလေးက ငါ့ရဲ့ ကျေးဇူးရှင်ပေါ့"
"ဗျာ"
ထယ်ယောင်းမှာ နားမလည်ဟန်နဲ့ ကြောင်တောင်တောင်လေး ကြည့်နေသည်။ ထယ်ယောင်းပုံစံကို ရိပ်မိတဲ့ လူကြီးက ပြုံးရုံလေးသာ ပြုံးလိုက်ပြီး
"ဒီလိုပါ၊ မင်းကယ်ခဲ့တဲ့ Omega သုံးယောက်ထဲက တစ်ယောက်က ငါ့ရဲ့ သမီးလေးပါ၊ မင်းသာ မကယ်ရင် သူ့ဘဝကြီး ဘယ်လိုဖြစ်နေလောက်ပြီလဲ မတွေးရဲလောက်အောင်ပါပဲ၊ အဲ့အတွက် ကျေးဇူးတင်ပါတယ်"
"မဟုတ်တာ၊ ကျွန်တော်က လုပ်သင့်လို့ လုပ်တာပါ"
"သိပါတယ်၊ စိတ်ထားမြင့်မြတ်တဲ့ Omega ပဲ၊ သမီးကိုလည်း ကျေးဇူးတင်ခိုင်းချင်လို့ အိမ်ခဏကြွပါဦး"
လူကြီးသူမလို တလေးတစား အခေါ်ခံနေရတာကြောင့် ထယ်ယောင်းနေရခက်လာသလို၊ အားလုံးရဲ့ အကြည့်တွေကလည်း သူ့ဆီမှာ။ ဒါက ရန်သူ့နယ်မြေဆိုတာကိုပင် မေ့လျော့သွားရလောက်အောင်ပင်။
ထယ်ယောင်းဘာမှပြန်မပြောရသေး၊ ကောင်းကင်ပေါ်သို့ သေနတ်ဖောက်သံတစ်ခု ကျယ်လောင်စွာ ကြားလိုက်ရသည်မို့ အကုန်လုံးမှာ တုန်လှုပ်သွားပြီး သေနတ်သံလာရာကို ကြည့်လိုက်ရာ
"မင်းသားပဲ"
"မင်းသား ပြန်လာတယ်"
တစ်ယောက်တစ်ပေါက်နဲ့ ပြောကြပြီး ခေါင်းငုံ့ကာ ဂျောင်ဂုကို အရိုအသေပေးကြသည်။ ထိုလူများနဲ့ ကွဲပြားစွာ ထယ်ယောင်းကတော့ အစွမ်းကုန်ပြုံးရင်း ဂျောင်ဂုဆီသို့ သွက်သွက်လေး ပြေးသွားသည်။
ဖြေးညင်းစွာ လှမ်းလာနေသော ဂျောင်ဂု၏ အနားရောက်တာနဲ့ ဂျောင်ဂုရင်ခွင်ကျယ်ကြီးထဲ ပြေးဝင်ပြီး
"မောင် သတိရလာပြီ၊ တော်သေးတာပေါ့ ဘာမှမဖြစ်သွားတာ"
ထယ်ယောင်းက ပြောပြီးတာနဲ့ ဂျောင်ဂုအား ထွက်ပြေးသွားမှာစိုးသည့်အလား တင်းကြပ်စွာ ဖက်လာပြီး ဂျောင်ဂု၏ pheromone များကို နှာခေါင်းလေးနဲ့ တရှုံ့ရှုံ့လုပ်နေသည်။ သို့သော်လည်း ဂျောင်ဂုဘက်မှ တုန့်ပြန်မှု ဘာမှမရှိသည်မို့ ထယ်ယောင်းမှာ ကိုယ်ချင်းပြန်ခွာပြီး နားမလည်သလိုနဲ့ မော့ကြည့်လာသည်။
"ဒီမှာ ဘာလုပ်နေတာလဲ"
ဂျောင်ဂုထံမှ အပြုံးတို့အစား အသံမာမာသာ ထွက်လာသည်။
"ဘယ်သူက လာခိုင်းလို့ မြောက်ဘက်ကို လာရတာလဲ"
"မောင်"
"မေးတာဖြေ"
ဂျောင်ဂု ပုံစံက တကယ့်ကို ဒေါသထွက်နေတဲ့ပုံမို့ ထယ်ယောင်း ခေါင်းလေးငုံ့သွားကာ အင်္ကျီစလေးကို လက်နှစ်ဖက်နဲ့ ဆုပ်ချေနေရင်း
"မောင်က မြားမှန်ထားလို့ လက်ထပ်ပွဲကို မလာနိုင်ကြောင်း ပြောပြပေးချင်လို့ပါ"
"ဘယ်သူက လုပ်ခိုင်းလို့လဲ၊ အဲ့လောက် ရဲတင်းမနေနဲ့ ကင်ထယ်ယောင်း၊ ဟိုဘက်ကိုကြည့် အဲ့ဒါ ruts ဝင်နေတဲ့ Alpha တွေ၊ မင်းက Omega ၊ သတ္တိရှိတယ်ဆိုပြီး အကုန်လုံးကို လုပ်ချင်တိုင်းလုပ်မနေနဲ့"
ဂျောင်ဂု စိတ်တိုတိုနဲ့ အသံကျယ်ကာ အော်မိတော့ ဘေးနားက လူထုကြီးမှာ မီးကိုရေနဲ့ ငြိမ်းလိုက်သကဲ့သို့ ရှဲကနဲ တိတ်သွားကြတော့သည်။ ထယ်ယောင်းမှာတော့ ဘာမှပြန်မပြောဘဲ အောက်နှုတ်ခမ်းကို ဖိကိုက်ကာ မငိုမိအောင် ထိန်းထားသယောင်။
ဂျောင်ဂုလည်း သက်ပြင်းတစ်ချက်ချကာ ဘေးနားက ဘောမ်ဂယူနဲ့ ထယ်ဟွန်းကို လှမ်းကြည့်လိုက်တော့ အပြစ်ရှိသူများပမာ အကြည့်တွေလွှဲပြီး ခေါင်းလေးတွေ ငုံ့သွားကြသည်။ ပြီးမှ ဂျောင်ဂုက ထယ်ယောင်းဘက်ကို ပြန်လှည့်လိုက်ပြီး
"လက်မောင်းမှာလည်း ဓားဒဏ်ရာ ရထားသေးတယ်၊ ဓားတောင် ကောင်းကောင်းမမြှောက်နိုင်သေးတာကို မြောက်ဘက်ကို လာရလား၊ ငါ့ကို ဒီနေရာမှာတင် စိတ်ပူလွန်ပြီး သေသွားစေချင်တာလား"
"တောင်း..တောင်းပန်ပါတယ်"
"ငါမင်းကို ချစ်လွန်းလို့ ပြောနေတာ၊ ဆုံးရှုံးရမှာ ကြောက်လွန်းလို့ ပြောနေတာကို မင်းငါ့စကားကို တစ်ခါမှ နားမထောင်ဘူး"
ဂျောင်ဂုက လေသံမာမာကို ဖိပြီး ပြောနေတော့ ထယ်ယောင်းမှာ မျက်ရည်တွေ မထိန်းနိုင်တော့ဘဲ ပါးပြင်တစ်လျှောက်စီးကျလာတော့သည်။ ဘေးနားကလူများသည်လည်း လှုပ်ပင် မလှုပ်ရဲကြတော့။
"မင်းသား...မင်းသား ပြန်ရောက်..ရောက်"
လူအုပ်ကြားထဲမှ ပြေးထွက်လာသော ဂွမ်ဆူမှာ ဂျောင်ဂုရှေ့တွင် ငိုနေသော ထယ်ယောင်းကို မြင်လိုက်ရတာကြောင့် ပြောမဲ့ စကားတို့ကို ထိန်းလိုက်ပြီး ခြေလှမ်းများတုန့်ခနဲ ရပ်သွားရသည်။
အလိုက်ကန်းဆိုးမသိ စိုက်ကြည့်နေကြသော လူများကို ဂွမ်ဆူကပင် လူစုခွဲစေကာ အိမ်ပြန်ခိုင်းရတော့သည်။ အဲ့တော့မှ လူထုကြီးမှာ စပ်စုချင်ကြသေးသော်လည်း အလျှိုအလျှိုပြန်သွားကြတော့သည်။
လူပါးသွားတော့မှ ဂွမ်ဆူလည်း ဂျောင်ဂုနားကို ခပ်သွက်သွက်ရောက်လာပြီး
"မင်းသား အဆင်ပြေပါရဲ့လား၊ ဟို..ဟို ပွဲ၊ လက်ထပ်ပွဲကရော"
"ဖျက်လိုက်"
တုန့်ဆိုင်းခြင်းမရှိ ချက်ချင်း ပြန်ဖြေသော ဂျောင်ဂုကြောင့် ဂွမ်ဆူမှာ မျက်ခုံးများပင့်သွားကာ ပြာပြာသလဲနဲ့
"မ...မဖြစ်ဘူးလေ၊ ဝမ်လူကြီးမင်းနဲ့ မျက်နှာပျက်စရာတွေဖြစ်ကုန်ပြီး ထီးနန်းကိုလည်း.."
"မလိုချင်ဘူး၊ ဒီတိုင်း ထယ်ယောင်းနဲ့ပဲ နေမယ်"
ဂျောင်ဂုက ဂွမ်ဆူကို ပြောပြီးသည်နှင့် ထယ်ယောင်းဘက်ကို လှည့်ကာ ထယ်ယောင်းလက်လေးကို အသာဆုပ်ကိုင်ရင်း
"ဒီကနေ ထွက်သွားရအောင်၊ မောင်နဲ့ မောင့်အသက် နှစ်ယောက်ထဲ"
ဂျောင်ဂုစကားကြောင့် ထယ်ယောင်းမှာ တအံ့တဩနဲ့ မျက်လုံးလေး ဝိုင်းစက်ကာ မော့ကြည့်လာသည်။
"မဖြစ်ဘူး မောင်၊ မောင်က ဘုရင်ဖြစ်မဲ့သူပါ၊ ထယ့်ကြောင့်နဲ့..."
"ထီးနန်းကို စိတ်မဝင်စားဘူးလို့ ပြောနေတယ် မဟုတ်လား"
လေသံနဲနဲမာသွားသော ဂျောင်ဂုကြောင့် ထယ်ယောင်းမှာ ကိုယ်လုံးလေး တစ်ချက်တုန်သွားပြီး အနောက်သို့ အနည်းငယ် ဆုတ်သွားသည်။ ဂျောင်ဂုမျက်လုံးတွေကအစ လေသံအဆုံး အရင်ကပုံစံမဟုတ်ဘဲ ကြောက်ဖို့ကောင်းနေသည်။
ထယ်ယောင်းရဲ့ အပြုအမူကို ကြည့်ပြီး ဂျောင်ဂု နှုတ်ခမ်းတွန့်ရုံလေးအသာပြုံးလိုက်ပြီး ဟက်ခနဲ တစ်ချက်ရယ်လိုက်ကာ
"အခုတော့ မင်းလည်း ငါ့ကို မကောင်းဆိုးဝါးလို့ ထင်နေပြီမလား"
"စိတ်ကိုလျှော့ပြီး သေချာဆုံးဖြတ်ပါ၊ မောင်က အခု ဒေါသထွက်နေတုန်းမို့.."
"စိတ်လျှော့ရမယ်ဟုတ်လား၊ ဒီအခြေအနေမှာ ဘယ်လို စိတ်လျှော့နိုင်မှာလဲ"
ဂျောင်ဂုမှာ ဒေါသ အလွန်ထွက်နေပြီမှန်း သိသာလှပြီး ပတ်ဝန်းကျင်တွင် ဒေါသထွက်နေသော Alpha ၏ pheromone ပြင်းပြင်းတွေ ပျံ့နှံ့နေတာကြောင့် လူများမှာ ရှောင်သွားကြသလို ထယ်ဟွန်းမှာလည်း ချောင်းတဟွတ်ဟွတ်ဆိုးလာသည်။ ဂွမ်ဆူသည်လည်း နှာခေါင်းသွေးတွေပင် လျှံလာသည်မို့ ဘောမ်ဂယူမှာ ထယ်ဟွန်းနဲ့ ဂွမ်ဆူကို အနားမှ ခေါ်ထုတ်သွားရသည်။
ထယ်ယောင်းကတော့ အန္တရာယ်ရှိမည်မထင်။ အကြောင်းက Alpha တွေက သူ့ Omega ကို နာကျင်အောင် လုပ်လေ့မရှိဘူးလေ။
"မောင် သေချာစဉ်းစားကြည့်ပါဦး အခုကမောင်က ဒေါသထွက်နေတာမို့..."
"ငါ့ရဲ့ ဆုံးဖြတ်ချက်တွေ ရွေးချယ်မှုတွေက အမြဲတမ်း မင်းပဲ ကင်ထယ်ယောင်း၊ ထပ်စဉ်းစားလည်း မင်းကိုပဲ..."
ဂျောင်ဂုစကားမဆုံးသေး ထယ်ယောင်းမှာ ဂျောင်ဂုရင်ခွင်ထဲ ဝင်ကာ ဂျောင်ဂုအား တင်းကြပ်စွာဖက်လာသည်။ ထယ်ယောင်းအပြုအမူကြောင့် ဂျောင်ဂုမှာ ပြောလက်စ စကားများ လည်ချောင်းဝမှာပင် ရပ်တန့်သွားသယောင်။
"မောင့်စကားကို နားထောင်ပါမယ်၊ အိမ်မှာပဲ လုံလုံခြုံခြုံနေမယ်၊ တိုက်ခိုက်တာမျိုးတွေမလုပ်တော့ဘူး၊ နောက်ထပ် ဒဏ်ရာရတာတွေလည်း မဖြစ်စေရဘူး၊ ညဘက်လည်းအပြင်မထွက်ဘူး၊ ဒီတိုင်း အိမ်မှာပဲ Omega တစ်ယောက်လို နေမယ်၊ အဲ့ဒါကြောင့် ထယ့်ကို စိတ်ပူလို့ပဲ ဖြစ်ဖြစ် ထီးနန်းကို စွန့်တာမျိုးတော့ မလုပ်ပါနဲ့ တောင်းပန်ပါတယ်"
မိမိအား တင်းကြပ်နေအောင် ဖက်ထားသည့်အပြင် နှာခေါင်းထဲ ထယ်ယောင်း၏ pheromone လေးများက လာကျီစားနေသည်မို့ ဒေါသမီးများကို ရေစင်အေးနဲ့ ငြိမ်းပေးနေသကဲ့သို့ ဂျောင်ဂု စိတ်တွေ တဖြည်းဖြည်း ပြေလျော့လာသည်။
ရင်ခွင်ထဲက Omega အား ပြန်လည်ပွေ့ဖက်ကာ ခေါင်းလုံးလုံးလေးကို တစ်ချက် နမ်းရှိုက်လိုက်မိသည်။
"တောင်းပန်ပါတယ်၊ မောင့်ဘက်က လွန်သွားတယ်၊ အရမ်းလန့်သွားလား"
"အင်း"
ထယ်ယောင်းအဖြေကြောင့် ဂျောင်ဂုမှာ အနည်းငယ်ပြုံးပြီး ကိုယ်ချင်းခွာလိုက်ကာ ထယ်ယောင်းရဲ့မေးဖျားလေးကို လက်နဲ့ကိုင်မော့ပြီး အကြည့်ချင်းဆုံစေသည်။
"မောင်တို့ လက်ထပ်ရအောင်၊ မောင့်အသက်နဲ့ တစ်စက္ကန့်တောင် မခွဲချင်တော့ဘူး"
.
.
.
"အစ်ကို ဂွမ်ဆူ၊ အဆင်ပြေရဲ့လား"
ဘောမ်ဂယူက ပါလာသော လက်ကိုင်ပုဝါနဲ့ ဂွမ်ဆူရဲ့ နှာခေါင်းသွေးများကို သုတ်ပေးရင်း မေးတော့ ဂွမ်ဆူမှာ ခေါင်းသာ ငြိမ့်ပြလိုက်သည်။
"ချီးပဲ၊ အဲ့ Alpha ရဲ့ pheromone က ဘာလို့ အဟွတ် အဲ့လောက် ပြင်းရတာလဲ အဟွတ် အဟွတ်"
ထယ်ဟွန်းမှာ ချောင်းတဟွတ်ဟွတ်ဆိုးပြီး မကျေမနပ်ပြောတော့ ဂွမ်ဆူမှာ ချက်ချင်း ခေါင်းထောင်လာသည်။
"မင်းသားကို မရိုမသေနဲ့ ဘယ်လိုပြောနေတာလဲ"
ဂွမ်ဆူစကားကို ထယ်ဟွန်းက အာရုံမစိုက်ဘဲ ခေါင်းတခါခါနဲ့သာ အပင်ကို မှီပြီး ထိုင်ချလိုက်သည်။ ဂွမ်ဆူသည်လည်း ဘာမှဆက်မပြောတော့ဘဲ တန်းလန်းထားခဲ့ရသော မင်းသား၏လက်ထပ်ပွဲဆီ ပြဿနာဖြေရှင်းရန် ပြေးရတော့သည်။
"အဟွတ် အဟွတ်"
ထယ်ဟွန်းက လက်ကိုအုပ်ပြီး ချောင်းဆိုးလိုက်ရာ လက်ဖဝါးတွင် သွေးအနည်းငယ်ပေသွားသည်မို့ ဘောမ်ဂယူမှာ အလန့်တကြားဖြစ်သွားပြီး ထယ်ဟွန်းဘေးမှာ ထိုင်ချလိုက်ကာ
"ဂန်..ဂန်ထယ်ဟွန်း၊ ချောင်းဆိုးရင်း သွေးထွက်လာတာမလား ဒုက္ခပဲ ဘယ်လိုလုပ်ကြမလဲ"
"ငြိမ်ငြိမ်နေစမ်းပါ အဲ့ဒါ ဟို Alpha pheromone ကြောင့်ဖြစ်သွားရုံပါ၊ မသိရင် ငါက သေတော့မှာကျနေတာပဲ"
"မင်းသားက ကြောက်စရာကြီး၊ အစ်ကိုယောင်းရော အဆင်ပြေရဲ့လား မသိပါဘူး၊ သွားကြည့်လိုက်ဦးမယ်"
ဘောမ်ဂယူက ပြောပြောဆိုဆိုနဲ့ ထိုင်နေရာမှ မတ်တတ်ထရပ်ရန် အပြင် ထယ်ဟွန်းက ဘောမ်ဂယူလက်ကို ပြန်ဆွဲလိုက်သည်။
"မသွားနဲ့ ထိုင်နေ"
"အစ်ကိုယောင်း တစ်ခုခုမဖြစ်လောက်ပါဘူးနော်"
"ဟို Alpha လား အစ်ကိုယောင်းကို နာကျင်အောင်လုပ်မှာ"
ထယ်ဟွန်းပြောတာလည်း မှန်နေသည်မို့ ဘောမ်ဂယူမှာ ခေါင်းတဆတ်ဆတ်သာ ငြိမ့်ပြလိုက်သည်။
"ဘောမ်ဂယူ"
"ဘာလဲ"
"ဟို...ဟိုဟာ ငါက နဲနဲ ဟိုဟာ"
စကားအထစ်ထစ်နဲ့ လိုရင်းမရောက်ဖြစ်နေသော ထယ်ဟွန်းကို ဘောမ်ဂယူ မျက်ခုံးနှစ်ဖက် မြှင့်ကာ စိုက်ကြည့်နေမိသည်။
"ငါကအခု Alpha pheromone ကြောင့် နဲနဲ"
"ပြောစရာရှိတာပြောစမ်းပါ"
"အဲ့ဒါ ငါမြန်မြန်သက်သာအောင် Omega pheromone ထုတ်ပေးလို့ ရမလား"
"ဘာ"
ထယ်ဟွန်းမှာ ပြောပြီး မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ကာ တစ်ဖက်သို့ လှည့်သွားတော့သည်။
ထယ်ဟွန်းပုံစံကို ကြည့်ကာ ဘောမ်ဂယူက ပြုံးစိစိလုပ်နေပြီး pheromone အချို့ကို ထုတ်ပေးလိုက်သည်။ သင်းပျံ့ပျံ့ရနံ့က လေထုထဲဝယ် စိုးမိုးလာသည်မို့ ထယ်ဟွန်း မျက်လုံးစုံမှိတ်ကာ သစ်ပင်ကို မှီနေလိုက်သည်။
ထိုအချိန်မှာပဲ ပုခုံးပေါ်သို့ လာမှီသော အထိအတွေ့။ ဘောမ်ဂယူမှာ ထယ်ဟွန်း၏ ပုခုံးပေါ် ခေါင်းလေးမှီလာသည်။
"ဘာလုပ်နေတာလဲ ဖယ်"
"ကျေးဇူးမသိတတ်လိုက်တာ၊ ငါက pheromone ထုတ်ပေးထားရင် မင်းကခေါင်းအုံးပြန်လုပ်ပေးမှပေါ့၊ ငါက မင်းလို သစ်ပင်ကြီးမှီပြီး မအိပ်နိုင်ဘူး၊ မာတယ်"
ပြောပြောဆိုဆိုနဲ့ ပုခုံးကို ခေါင်းပြန်အုံးကာ မျက်လုံးမှိတ်သွားသော ဘောမ်ဂယူ။ ထယ်ဟွန်းလည်း ဘာမှမပြောတော့ဘဲ ဒီအတိုင်းသာ ထားလိုက်တော့သည်။
ဘယ်ဘက်ရင်အုံက သောင်းကျန်းနေသော နှလုံးသားကို ဘောမ်ဂယူ သတိမထားမိပါစေနဲ့ဟု ဆုတောင်းရင်း။
.
.
.
To Be Continued
[Alpha က ဒေါသထွက်လို့ ထုတ်လိုက်တဲ့ Pheromone က Alpha Beta တွေကိုပဲ သက်ရောက်ပါတယ်။
ဂျောင်ဂုက True Blood Alpha ဖြစ်တာကြောင့် ဂျောင်ဂုရဲ့ ဒေါသထွက်တဲ့အခါထုတ်တဲ့ pheromone ကို သာမန် Alpha တွေ Beta တွေ မခံနိုင်လို့ အသက်ရှုကြပ်ပြီး ချောင်းဆိုးတာ၊ နှာခေါင်းသွေးလျှံတာ၊ သွေးအန်တာ၊ ဒဏ်ရာရှိရင် ဒဏ်ရာကနေ သွေးထွက်တာတွေ ဖြစ်တတ်ပါတယ်။ Omega တွေပေါ်တော့ မသက်ရောက်ပါဘူး။ အဲ့ဒါကြောင့် ထယ်ဟွန်းနဲ့ ဂွမ်ဆူပဲဖြစ်ပြီး ဘောမ်ဂယူနဲ့ ထယ်ယောင်းက ဘာမှမဖြစ်တာပါ။
Omega တွေပေါ်က ဖြားယောင်းတဲ့အခါ ထုတ်တဲ့ Alpha pheromone ကပဲ သက်ရောက်ပါတယ်။]
(Zawgyi)
"အစ်..အစ်ကိုယောင်း"
"ဒီမှာ လူစိမ်းတွေဟေ့"
"ဘယ်မှာလဲ"
"သူခိုး သူခိုး"
"ဗျာ"
"မင်းသားပဲ"
"မင်းသား ပြန်လာတယ်"
"ဒီမှာ ဘာလုပ်နေတာလဲ"
"မောင်"
"မေးတာဖြေ"
"ဖျက်လိုက်"
"အင်း"
.
.
.
"အဟွတ် အဟွတ်"
"မသွားနဲ့ ထိုင်နေ"
"ဘောမ်ဂယူ"
"ဘာလဲ"
"ဘာ"
"ဘာလုပ်နေတာလဲ ဖယ်"
.
.
.
To Be Continued