ရက်စက်သောနတ်ဘုရားမ

By nixie_thePisces

554K 63.8K 547

This story is not my own. All credit to original author and english translator. Original novel: The reincarna... More

ပထမ ဘ၀၌ ပြန်လည်မွေးဖွားခြင်း
ရင်းနှီးသောသူနှင့် ဝင်တိုးခြင်း
အသက်ကယ်ခြင်း
ကျွန်မအလုပ်ထွက်တော့မယ်
ရဲခေါ်ချင်တယ်
တာဝန်ယူမှု မရှိတဲ့ မိဘ
ငွေလိုချင်တယ်
သရဲဝင်ပူးနေတာဖြစ်ရမယ်
အချစ်တွေကုန်ဆုံးသွားပြီ
လမ်းခွဲလိုက်ပြီ
ဘယ်အချိန်ပြန်ပေးမှာလဲ
နင်တို့နှစ်ယောက် ပြတ်သွားတာလား?
တော်တော်ကြီးတဲ့ သတင်းဘဲ
အကြွေးပေးဖို့ ငြင်းနေတာဘဲ
အကြွေးရှင်
တော်တော် အကြံကြီးတာဘဲ
စုန့်ကျားရန်
ပထမဆုံး ကာစတမ်မာ
ငါနင့်ကို ယုံတယ်
ငါမအားဘူး
ချောင်ရန်ကျွယ်ကို တစ်ဖန်ပြန်တွေ့ခြင်း
ဒီနေ့က အပြင်ထွက်လို့ မကောင်းဘူး
လတစ်လရဲ့ အဲ့အချိန်
မင်း single ဖြစ်တာနဲ့ဘဲ တန်တယ်
တစ်ဗူးလုံး ဝယ်ခြင်း
ဒါကြီးက ဘယ်ကရောက်လာတာလဲ?
တစ်ကြိမ်အကြွေးတင်ခြင်း
ဟယ်လို မစ္စတာ ချောင်
ဆေးလိပ်မသောက်နဲ့
ယန်ရွှမ်ရဲ့ မိဘများ ရောက်လာခြင်း
သမီး သူ့ကို လုံးဝမရိုက်ဘူး
သူ ပြန်မပေးဘူး
သက်သေရှိတယ်
ရွံရှာခြင်း
အပိုင်း ၃၅
အပိုင်း ၃၆
အပိုင်း ၃၈
အပိုင်း ၃၉
အပိုင်း ၄၀
အပိုင်း ၄၁
အပိုင်း ၄၂
အပိုင်း ၄၃
အပိုင်း ၄၄
အပိုင်း ၄၅
အပိုင်း ၄၆
အပိုင်း ၄၇
အပိုင်း ၄၈
အပိုင်း ၄၉
အပိုင်း ၅၀
အပိုင်း ၅၁
အပိုင်း ၅၂
အပိုင်း ၅၃
အပိုင်း ၅၄
အပိုင်း ၅၅
အပိုင်း ၅၆
အပိုင်း ၅၇
အပိုင်း ၅၈
အပိုင်း ၅၉
အပိုင်း ၆၀
အပိုင်း ၆၁
အပိုင်း ၆၂
အပိုင်း ၆၃
အပိုင်း ၆၄
အပိုင်း ၆၅
အပိုင်း ၆၆
အပိုင်း ၆၇
အပိုင်း ၆၈
အပိုင်း ၆၉
အပိုင်း ၇၀
အပိုင်း ၇၁
အပိုင်း ၇၂
အပိုင်း ၇၃
အပိုင်း ၇၄
အပိုင်း ၇၅
အပိုင်း ၇၆
အပိုင်း ၇၇
အပိုင်း ၇၈
အပိုင်း ၇၉
အပိုင်း ၈၀
အပိုင်း ၈၁
အပိုင်း ၈၂
အပိုင်း ၈၃
အပိုင်း ၈၄
အပိုင်း ၈၅
အပိုင်း ၈၆
အပိုင်း ၈၇
အပိုင်း ၈၈
အပိုင်း ၈၉
အပိုင်း ၉၀
အပိုင်း ၉၁
အပိုင်း ၉၂
အပိုင်း ၉၃
အပိုင်း ၉၄
အပိုင်း ၉၅
အပိုင်း ၉၆
အပိုင်း ၉၇
အပိုင်း ၉၈
အပိုင်း ၉၉
အပိုင်း ၁၀၀
အပိုင်း ၁၀၁
အပိုင်း ၁၀၂
အပိုင်း ၁၀၃
အပိုင်း ၁၀၄
အပိုင်း ၁၀၅
အပိုင်း ၁၀၆
အပိုင်း ၁၀၇
အပိုင်း ၁၀၈
အပိုင်း ၁၀၉
အပိုင်း ၁၁၀
အပိုင်း ၁၁၁
အပိုင်း ၁၁၂
အပိုင်း ၁၁၃
အပိုင်း ၁၁၄
အပိုင်း ၁၁၅
အပိုင်း ၁၁၆
အပိုင်း ၁၁၇
အပိုင်း ၁၁၈
အပိုင်း ၁၁၉
အပိုင်း ၁၂၀
အပိုင်း ၁၂၁
အပိုင်း ၁၂၂
အပိုင်း ၁၂၃
အပိုင်း ၁၂၄
အပိုင်း ၁၂၅
အပိုင်း ၁၂၆
အပိုင်း ၁၂၇
အပိုင်း ၁၂၈
အပိုင်း ၁၂၉
အပိုင်း ၁၃၀
အပိုင်း ၁၃၁
အပိုင်း ၁၃၂
အပိုင်း ၁၃၃
အပိုင်း ၁၃၄
အပိုင်း ၁၃၅
အပိုင်း ၁၃၆
အပိုင်း ၁၃၇
အပိုင်း ၁၃၈
အပိုင်း ၁၃၉
အပိုင်း ၁၄၀
အပိုင်း ၁၄၁
အပိုင်း ၁၄၂
အပိုင်း ၁၄၃
အပိုင်း ၁၄၄
အပိုင်း ၁၄၅
အပိုင်း ၁၄၆
အပိုင်း ၁၄၇
အပိုင်း ၁၄၈
အပိုင်း ၁၄၉
အပိုင်း ၁၅၀
အပိုင်း ၁၅၁
အပိုင်း ၁၅၂
အပိုင်း ၁၅၃
အပိုင်း ၁၅၄
အပိုင်း ၁၅၅
အပိုင်း ၁၅၆
အပိုင်း ၁၅၇
အပိုင်း ၁၅၈
အပိုင်း ၁၅၉
အပိုင်း ၁၆၀
အပိုင်း ၁၆၁
အပိုင်း ၁၆၂
အပိုင်း ၁၆၃
အပိုင်း ၁၆၄
အပိုင်း ၁၆၅
အပိုင်း ၁၆၆
အပိုင်း ၁၆၇
အပိုင်း ၁၆၈
အပိုင်း ၁၆၉
အပိုင်း ၁၇၀
အပိုင်း ၁၇၁
အပိုင်း ၁၇၂
အပိုင်း ၁၇၃
အပိုင်း ၁၇၄
အပိုင်း ၁၇၅
အပိုင်း ၁၇၆
အပိုင်း ၁၇၇
အပိုင်း ၁၇၈
အပိုင်း ၁၇၉
အပိုင်း ၁၈၀
အပိုင်း ၁၈၁
အပိုင်း ၁၈၂
အပိုင်း ၁၈၃
အပိုင်း ၁၈၅
အပိုင်း ၁၈၄
အပိုင်း ၁၈၆
အပိုင်း ၁၈၇
အပိုင်း ၁၈၈
အပိုင်း ၁၈၉
အပိုင်း ၁၉၀
အပိုင်း ၁၉၁
အပိုင်း ၁၉၂
အပိုင်း ၁၉၃
အပိုင်း ၁၉၄
အပိုင်း ၁၉၅
အပိုင်း ၁၉၆
အပိုင်း ၁၉၇
အပိုင်း ၁၉၈
အပိုင်း ၁၉၉
အပိုင်း ၂၀၀

အပိုင်း ၃၇

3.7K 475 3
By nixie_thePisces

Unicode

-ပိုက်ဆံပြန်ဆပ်ခြင်း

ယန်ရွှမ့်အမေရဲ့ မျက်လုံးထဲမှာတော့ သူမသားက ဘာအမှားမှ လုပ်မထားဘူး အခြားလူတွေကမှ အဲ့လို ပြစ်မှုမျိုး လုပ်နိုင်တာ! ယန်ရွှမ် တကယ်ငွေချေးခဲ့ရင်တောင် သူ့ကို အခြားလူတွေက အရူးလုပ်ပြီး လုပ်ခိုင်းလို့ဖြစ်ရတာ

"ကျင်ယာကျန်းဆိုတာ ဘယ်သူလဲ?" သူမ ဒေါသတကြီးမေးလိုက်တယ်"ငါ သူမကို သွားရှာပြီး စာရင်းရှင်းရမယ်!"

ပိုက်ဆံအကုန်လုံးကို အဲ့ဒီခွေးမစုတ်လေး‌အပေါ်ကိုသုံးလိုက်တယ်ဆိုတော့ သူမ ကမှ ပြန်ပေးရမယ့်သူ!

ရှရှီပေ ကြောက်လန့်တဲ့ ပုံစံပြလိုက်ပြီး သင့်လျော်တဲ့ အကြောင်းပြချက်ကို ခဲယဉ်းစွာ ရှာဖွေနေတယ် "အန်တီတို့ ပြဿနာကို နောက်မှရှင်း ဒါပေမယ့် အန်တီတို့ သမီးကို အရင်ပြန်ပေးရမယ်! သမီးတကယ်လိုနေတာ!"

သူမ ဆရာနှစ်ယောက်ကို တစ်ဖန်ပြန်ကြည့်ပြီး အသနားခံနေတယ်" ဆရာ သမီးကို ကူညီပါဦး!"

ဆရာလျို ခေါင်းငြိမ့်ပြီး အလျှော့ပေးလိုက်တယ်" ဟုတ်ပြီ စိတ်မပူနဲ့"

သူမကို ကူညီဖို့ လက်ခံပြီး သူက ယန်ရွှမ့်မိဘတွေဘက် လှည့်ပြီး ပြောလိုက်တယ်" ပြဿနာက အဖြေပေါ်ပြီဆိုတော့ ခင်ဗျားတို့ အကြွေးပြန်ဆပ်သင့်တယ်"

ယန်ရွှမ့်အမေက ခြေဆောင့်လိုက်ပြီး ခေါင်းမာမာနဲ့ ငြင်းနေဆဲဘဲ "ကျွန်မတို့ ရွှမ်ရွှမ်က ပိုက်ဆံအကုန်လုံးကို ချေးတာမဟုတ်ဘူး ပြန်လိုချင်ရင် အဲ့ကျင်ယာကျန်းဆိုတဲ့ ဟာမကို သွားတောင်းချည်"

ဆရာကျန်းရဲ့ မျက်နှာ ပျက်သွားတယ် "ယန်ရွှမ်က ပိုက်ဆံချေးခဲ့တာ သူကဘဲ ပြန်ပေးရမှာပေါ့ ဘယ်သူနဲ့ သုံးလဲ ဆိုတာကတော့ ဘယ်သူနဲ့မှ မဆိုင်ဘူး ခင်ဗျားတို့နဲ့ဘဲ ဆိုင်တယ်"

ယန်ရွှမ့်အပေါ်ထားတဲ့ ဆရာကျန်းရဲ့ စိတ်က အောက်ဆုံးထိရောက်သွားတယ် ယန်ရွှမ်က သူ့အတန်းထဲက ကျောင်းသားဖြစ်တာကို သတိရပြီး သူပိုပြီး စက်ဆုပ်သွားတယ် သူ့လိုလူက သူ့အနားက လူတွေအကုန်လုံးကို ဖျက်စီးမှာ

အတန်းပိုင်ဆရာရဲ့ မျက်နှာပေါ်က မှုန်သုန်နေတဲ့ ရုပ်ကို ကြည့်ပြီး ယန်ရွှမ် ကြောက်ရွံ့ပြီး တုန်ခါနေတယ် ချင်းရယ် အထက်တန်းကျောင်းက ဆရာအများစုက စိတ်ထားကြံ့ခိုင်ကြတယ် သူ့ရှေ့က ဆရာနှစ်ယောက်ကတော့ အကြမ်းတမ်းဆုံးဘဲ ဒီကိစ္စသာ ကျောင်းအုပ်ကြီး ရုံးခန်းရောက်လို့ကတော့ တော်တော် ပြဿနာကြီးဦးမှာဘဲ

ယန်ရွှမ်အဖေက ဖြစ်နေတဲ့ အခြေအနေကိုနဲ့ အကျိုးသက်ရောက်မှုကို သိတော့ မြန်မြန် ခေါင်းငြိမ့်လိုက်တယ် "ကျွန်တော်တို့ ပိုက်ဆံ ပြန်ဆပ်ပါ့မယ်!"

သူအရမ်း ဒေါသထွက်နေပေမယ့်လည်း ဒါက သူ့အသွေးအသားဖြစ်တဲ့ သူ့သား သူဘယ်လိုလုပ် ပိုက်ဆံ ပြန်မပေးရမှာလဲ?

ယန်ရွှမ့်မျက်နှာမှာ အကြည်းတန်တဲ့ ရုပ်ကြီးနဲ့ တစ်ဖန်ပြန်ပြောလိုက်တယ် "ကျွန်တော် တကယ် သူမဆီက နှစ်သောင်းမချေးဘူး!"

"ယန်ရွှမ်!"

ယန်ရွှမ့်အဖေက သူ မျက်နှာပျက်တယ်ဆိုပြီး ခံစားလိုက်ရတယ် သူက အခုထိ အကုန်လုံး ငြင်းနေတုန်းဘဲ!

ယန်ရွှမ် သူတကယ် တစ်သောင်းဘဲ ချေးခဲ့သလို ငိုလုဆဲဆဲ ဖြစ်နေပြီ!

"ကောင်းပြီ ဒီနေ့ အကုန်လုံး ရှိနေပြီဆိုတော့ ဒီကိစ္စကို ရှင်းရအောင် ဒါပြီးရင်တော့ အကုန်အဆုံးသတ်လိုက်ပြီး စာကိုဘဲ အာရုံစိုက်ရအောင်" ဆရာလျို ပြောလိုက်တယ် "ဘယ်လိုထင်လဲ?"

သူတို့ ဘယ်လိုထင်လဲ? သူတို့ ဘယ်လို တွေးရဦးမှာလဲ? ယန်ရွှမ့်အဖေ ခေါင်းသာငြိမ့်ပြနိုင်တော့တယ် သူတို့တွေ နောက်လနည်းနည်းနေရင် အထက်တန်းရောက်တော့မှာ ဒီကိစ္စကို အကြာကြီး ဆွဲထားလို့မရဘူး

ယန်ရွှမ့်အမေက စိတ်ညစ်နေတုန်းဘဲ ဒါပေမယ့် သူမယောက်ျားရဲ့ စိတ်တိုတဲ့ အကြည့်အောက်မှာ ခါးသက်သက်နဲ့ ခေါင်းငြိမ့်လိုက်ရတာပေါ့

ယန်ရွှမ်ကတော့ ပြောမပြနိုင်တဲ့ ပိုပြီး ဆိုးရွားမှုကို ခံစားနေရ‌တာပေါ့

ယန်ရွှမ် သူ့စိတ်ထဲမှာ အခြားအစီအစဉ်တွေကို စတင်တွေးတောနေပြီး ရှရှီပေကို မုန်းတီးစွာကြည့်လိုက်တယ် သူ အရမ်းစိတ်တိုလွန်းလို့ သူမဆီက ဒီလို ငွေညစ်ခံရတာက သူ့ကို သေစေနိုင်တယ်!

အခု အကုန် ဆုံးဖြတ်ပြီးတော့ လုပ်ငန်းစတော့တယ်

ကျောင်းဘေးမှာ ဘဏ်တစ်ခုရှိပြီး ယန်ရွှမ့်အဖေက မြန်မြန်ငွေသွားထုတ်တော့တယ်

ရှရှီပေကို မပေးခင် သူ ယန်ရွှမ့်ကို ရက်စက်တဲ့ ကြည့်နဲ့ ကြည့်လိုက်တယ် သူ ယန်ရွှမ်နဲ့ စာရင်းရှင်းဖို့ရာ အိမ်ပြန်ရောက်တဲ့အထိ စောင့်ရမယ်!

ယွမ်နှစ်သောင်းကို ရပြီးတော့ ရှရှီပေ အတောက်ပဆုံးပြုံးလိုက်တယ်

"ကျေးဇူး အန်ကယ်! ကျေးဇူး ဆရာတို့!"

"ကိစ္စပြတ်သွားပြီ အတန်းထဲသွားတော့!"

"ဟုတ် ကျေးဇူး ဆရာတို့!" ရှရှီပေ ဆရာတွေကို နောက်တစ်ကြိမ်ကျေးဇူးတင်ပြီးတော့ ယန်ရွှမ်ကို နောက်ဆုံးတစ်ခေါက်ကြည့်ကာ ထွက်သွားတော့တယ်

ယန်ရွှမ် ရှရှီပေရဲ့ လှောင်ပြုံးကို တွေ့တဲ့အခါ သူ ဒေါသထွက်လွန်းလို့ သူမကို စောင့်ကန်ချင်စိတ်ပါပေါက်တယ်

ရှရှီပေ ယန်ရွှမ်ရဲ့ မကျေမချမ်းမှုကို ဂရုကို မစိုက်ဘူး သူမ ပိုက်ဆံအကုန်လုံးနဲ့ ပျော်ပျော်ကြီး အတန်းကို ပြန်လာခဲ့တယ် သူမ ဓမ္မတာလာလို့ ဗိုက်အောင့်တာကလည်း နည်းနည်းသက်သာသွားတယ်

ကျင်ယာကျန်း ရှရှီပေ ဘေးကင်းစွာပြန်လာတော့ စိတ်ရှုပ်ထွေးမှုတွေကို ခံစားလိုက်ရတယ်

သူမ အရမ်းကို စိတ်သက်သာရရနေတာဘဲ ဘာမှမဖြစ်ခဲ့ဘူးလား?

ရှရှီပေ လှည့်ကြည့်လိုက်တော့ ကျင်ယာကျန်းရဲ့ မျက်လုံးနဲ့ အကြည့်ချင်းဆုံပြီး ကောက်ကျစ်တဲ့အပြုံးပြုံးပြလိုက်တယ်

ယန်ရွှမ့်အမေက ကျင်ယာကျန်းကို လွယ်လွယ် လွှတ်ပေးမှာမဟုတ်လူး

သူမ ရှိုးစဖို့ စောင့်ရတော့မှာဘဲ!

Zawgyi

-ပိုက်ဆံပြန်ဆပ်ခြင်း















"ယန်ရွှမ်!"






















Continue Reading

You'll Also Like

12.8K 1.2K 64
????New normal #ချိုလွန်းလို့ခက် (3 short storys) ချိုခါးတွေက ရင်အောင့်လို့ ချိုချိုလေးပဲလုပ်ပါဆိုတဲ့ချစ်တို့အတွက် #ချိုလွန်းလို့ခက် လို့နာမည်ပေးထား...
17.2K 2.3K 38
This story is own creation. Not Translation. ....this is fanfic. မူလဇာတ်ကောင်တို့နှင့်ဇာတ်လမ်းကျောရိုးတို့ကို J.K Rowling ကို credit အပြည့်ပေးပါတယ်...
455K 52.8K 77
မူရင်းရေးသားသူ - Grumpy Crab အင်္ဂလိပ်ဘာသာပြန်သူ - Xefielle မြန်မာဘာသာပြန်သူ - Ewe (ယူ) အပိုင်း - ၆၀ (Unicode + Zawgyi) မူရင္းေရးသားသူ - Grumpy Crab ...
638K 58.8K 200
Poster by AkariXing 😁 This is the story about beauty and the beast wolf hubby xoxo . All credit given to webnovel translator and original author. ရေ...