"Dear Kyauk Khal"(Complete)
By Aakhara1993
654K 59.3K 6.1K
၁၉၃၀ ခုနှစ်ကျော်ဝန်းကျင်အားပြန်လည်ပုံဖော်ထားသော အချစ်ဇတ်လမ်းတစ်ပုဒ်ဖြစ်၏။ မှတ်ချက် =[Role Sensitive သမားတွေအန... More
(အမှာစာ)(ဖတ်ပေးကြပါရန်)
အပိုင်း(၁) "မောင်ကျောက်ခဲ"
အပိုင်း(၂)"ဗညားသိင်္ခ"
အပိုင်း(၃)"ဧည့်သည်သွားကြိုလေပြီ"
အပိုင်း(၄)"ရင်းနှီးလာကြခြင်း"
အပိုင်း(၅)"ချောကလိတ်"
အပိုင်း(၆)"ထမင်းလက်ဆုံစားခြင်း"
အပိုင်း(၇)"မာယာများခြင်းအနုပညာ"
အပိုင်း(၈)"မောင်ကျောက်ခဲလေး စကားထစ်သွားခြင်း"
အပိုင်း(၉)"မန်ကျည်းပင်ကြီးအောက်ဝယ်"
အပိုင်း(၁၀)"မောင်ကျောက်ခဲလေးစကားထစ်သွားခြင်း (၂)"
အပိုင်း(၁၁)"ဇီးကွက်ရဲ့ထူးဆန်းသောစကား"
အပိုင်း(၁၂)"အုတ်ခဲတိုက်၊ ဆီမီးတိုက်၊နတ်တိုက်"
အပိုင်း(၁၃)"လက်ထပ်ရန်တိုက်တွန်းခြင်း"
အပိုင်း(၁၄)"ထန်းရည်ဆိုင်တွင်ဒိတ်ကြခြင်း"
အပိုင်း(၁၅)"ထန်းရည်သုံးခွက်သောက်ပြီးမှောက်သွားခြင်း"**
အပိုင်း(၁၆)"မျက်စိယားသွားတဲ့ ဇီးကွက်"
အပိုင်း(၁၈)"အတင်းစေ့စပ်ခံရသောလူငယ်လေး"
အပိုင်း(၁၉)"အိမ်တိုင်ရာရောက်ခိုးနမ်းခြင်း"
အပိုင်း(၂၀)"ဇီးကွက်၏ဒေါသများပေါက်ကွဲထွက်လာခြင်း"
အပိုင်း(၂၁)"​ပြဿနာတက်လေပြီ"
အပိုင်း(၂၂)"တူဝရီးနှစ်ယောက်ပြဿနာတက်ကြခြင်း"
အပိုင်း(၂၃)"အက်ဆစ်လူသားအဖြစ်ပြောင်းလဲသွားသော 'သိင်္ခ'"
အပိုင်း(၂၄)" 'သိင်္ခ'နှာခေါင်းသွေးသျှံပြီ "
အပိုင်း(၂၅)"မြို့တက်ကြလေပြီ"
အပိုင်း(၂၆)"မပန်းထွေး"
အပိုင်း(၂၇)"ဖွင့်ဟဝန်ခံခြင်း"
အပိုင်း(၂၈)"အဝယ်တော်ထွက်လေပြီ"
အပိုင်း(၂၉)"ဖာလူဒါ ရိုးရာ"
အပိုင်း(၃၀)"အလှူဝင်ရက်-၁"
အပိုင်း(၃၁)"အလှူဝင်ရက် -၂"
အပိုင်း(၃၂)''အလှူဝင်ရက်-၃''
အပိုင်း(၃၃)"အလှူဝင်ရက်-၄"
အပိုင်း(၃၄)"ရန်ကုန်လိုက်ရန်ခွင့်ပြုပြီ"
အပိုင်း(၃၅)"စကားထာဝှက်ခြင်း"
အပိုင်း(၃၆)''ကိုရင်လေးအားသွားရောက်နှုတ်ဆက်ခြင်း''
အပိုင်း(၃၇)''ရွှေမြို့တော်သို့သွားရောက်ခြင်း''
အပိုင်း(၃၈)'မြွေမြွေချင်းခြေမြင်'
🗺️🚋Rangoon Arc🚋🗺
အပိုင်း(၃၉)"ရန်ကုန်မြို့သို့သွားရောက်ခြင်း"
အပိုင်း(၄၀)"အမာရွတ်လေးရဲ့ရာဇဝင်"
အပိုင်း(၄၁)"ခြောက်ခြောက်ခြားခြား"
အပိုင်း(၄၂)"ဒါလင်လို့ခေါ်ပါ"
အပိုင်း(၄၃)'ရန်ကုန်မြို့တခွင်လည်ပတ်ခြင်း'
အပိုင်း(၄၄)"ချစ်တီးထမင်းအတူတူစားခြင်း"
အပိုင်း(၄၅)"ဝီလီယမ်သောမက်စ်"
အပိုင်း(၄၆)"ဧည့်သည်တော်အားသွားကြိုခြင်း"
အပိုင်း(၄၇)"ပြန်လက်ခံရန်တောင်းဆိုခြင်း"
အပိုင်း(၄၈)"သံကြိုးစာရေးခြင်း"
အပိုင်း(၄၉)'အမာကြည်ရဲ့ရင်ခုန်သံတို့အစပြုရာ'
အပိုင်း(၅၀)'ရွှေရင်အေးဆိုင်ကရန်ပွဲ'
အပိုင်း(၅၁)'လက်ထပ်ခွင့်တောင်းလေပြီ'
အပိုင်း(၅၂)'အထင်လွဲခံနေရသောအမာကြည်'
အပိုင်(၅၃)'အိမ်ပြန်နောက်ကျတဲ့ သိင်္ခ'
အပိုင်း(၅၄)'ကျောကုန်းပေါ်ကခြစ်ရာတွေ'
အပိုင်း(၅၅)'အတို့အထောင်လုပ်တဲ့ငြိမ်းငြိမ်း'
အပိုင်း(၅၆)'ဒေါ်ရွှေဇင်ညိမ်းရဲ့ဒေါသ'
အပိုင်း(၅၇)'မောင်ကျောက်ခဲလေးရဲ့မျှော်လင့်ချက်'
အပိုင်း(၅၈)'ပွဲကြမ်းတဲ့သိင်္ခ'
အပိုင်း(၅၉)'ရူးသွားတဲ့သိင်္ခ'
အပိုင်း(၆၀)'မောင်ကျော်ဆွေလိုက်သွားခြင်း'
အပိုင်း(၆၁)'မောင်ကျောက်ခဲလေးသိသွားခြင်း'
အပိုင်း(၆၂)'ဦးရွှေမောင်ရဲ့အာဏာ'
အပိုင်း(၆၃)'ချွဲလွန်းသူကြီး'
အပိုင်း(၆၄)'ရွာပြန်လာကြခြင်း'
အပိုင်း(၆၅)'လယ်စောင့်တဲလေးတွင်အဆုံးသတ်သည်'
အချပ်ပို(၁)[ ပိတောက်လက်ဆောင်]
အချပ်ပို(၂)[ အိုးမဲသုတ်ခံလိုက်ရတဲ့ 'သိင်္ခ' ]
အချ​ပ်ပို(၃)[နှစ်သစ်ကူးည]
[Book Announcement ]
[Book Info]
[Question] [ဖတ်ဖြစ်အောင်ဖတ်ပေးကြပါရန်]
အချပ်ပို(၄) [ရွှေညာမြေမှဆွေမျိုးများ]
(ဖန်တီးမှုအသစ်- နတ်မင်း၏အစေခံ)
အပိုင်း(၁၇)"ဘိုလိုသီချင်းဆိုတတ်သောမိန်းကလေး"
8.1K 945 85
By Aakhara1993
Unicode
~~~~~~~
"ဟေ....ဇီး...ဇီးကွက်။"
ကျုပ် အစ်ကို့လက်တွေကြားကနေအမြန်ရုန်း
ထွက်ပြီးထူးလိုက်ရတယ်။ 'ဇီးကွက်'ရောက်လာတာ
ကံကောင်းတာလား၊ ကံဆိုးတာလားမသိပေမဲ့
အနည်းဆုံးတော့ ကျုပ်နှလုံးရောဂါရမဲ့အခြေအနေကနေလွတ်သွားတာတော့အမှန်ပဲ။
"ကိုကြီးကို လေးလေးက ခေါ်ခိုင်းလိုက်လို့
ကိုသိင်္ခ မပါဘူး...နေခဲ့လို့ရတယ်။"
သူ (ဇီးကွက်) 'ကိုသိင်္ခ' ကိုစေ့စေ့ကြည့်ရင်းပြောလိုက်တယ်။မျက်လုံးထဲမှာ လိုတာထက်ပိုလွန်းနေတဲ့ဒီလူကို
သူသိပ်ကြည့်လို့မရတော့တာအမှန်။ အရင်တုန်းကဆို'ကိုကြီးကျောက်ခဲ'နဲ့ သူနဲ့က အမြဲသွားလာနေကြ
ဒီလူရောက်လာမှ 'ကိုကြီးကျောက်ခဲ'က သူ့ကိုတောင်
အရေးမလုပ်နိုင်တော့တာ။ အားနေရင်ပြင်လိုက် ၊ ဆင်လိုက်'ကိုကြီးကျောက်ခဲ' ဆီသွားလိုက်နဲ့ မိန်းကလေးတွေတောင် သူ့လောက်မပြင်လောက်ဘူး။ ပြောပြန်ရင်လဲ 'ဇီးကွက်'လွန်ရာကျအုံးမယ်။အခုလဲလူမြင်ကွင်းကြီးမှာ မြင်မကောင်းအောင်လုပ်နေတယ်လေ ဒီလူကိုဝိုင်းပြောတာကိစ္စမရှိပေမဲ့
ဒီလိုကိစ္စတွေကြောင့် 'ကိုကြီးကျောက်ခဲ'
နာမည်ပျက်မှာကိုသူမလိုလားဘူး။
"ကိုယ်လဲ အခုအိမ်ပြန်တော့မလို့လေ....နေခဲ့စရာ
ကိစ္စမှမရှိတော့တာဘဲ။"
'သိင်္ခ'လဲ 'ကျောက်ခဲလေး'ရဲ့ပုခုံးကိုလှမ်းဖက်လိုက်ပြီး မနာလိုဖြစ်နေရှာတဲ့ ရှေ့ကလူငယ်လေး
ကိုကြည့်ပြီးပြောလိုက်တယ်။သူသာ 'ကျောက်ခဲလေး'ကို ရန်ကုန်ခေါ်သွားမယ်ဆိုတဲ့အကြံကိုသာ
ဒီကောင်​လေးသိရင်ဖြင့်ဘယ်လိုများနေလေမလဲ။
"ဟုတ်သားပဲ ဇီးကွက်ရာ...နို့ သူကြီးက
ဘာကိစ္စတဲ့လဲ။"
ကျုပ်လဲ အသက်ရှူကျပ်စရာအခြေအနေကနေ
ရုန်းထွက်ပြီး 'ဇီးကွက်'ကိုမေးလိုက်တယ်။ ဘာကြောင့်မှန်းမသိ ကျုပ်စိတ်ထဲမယ် ဒီနှစ်ယောက်က ကျုပ်ကိုလုနေသလို ခံစားနေရတယ်။
"ကျွန်တော့်စိတ်ထင် အလှူကိစ္စပဲနေမှာပေါ့
သွားရအောင်လေ ကြာနေရင် လေးလေးက
ကျွန်တော့်ကို မာန်ရော့မယ်။"
"အင်း....အင်းသွားကြတာပေါ့။"
ဒီလိုနဲ့ ကျုပ်တို့သုံးယောက်လဲ သူကြီးအိမ်ဘက်ကိုလျှောက်လာခဲ့လိုက်ကြတော့တယ်။ အရင်ကဆို
စကားအင်မတန်များတဲ့ 'ကိုသိင်္ခ' နဲ့ 'ဇီးကွက်'
ကတောင်အသံတိတ်နေတာမို့ ကျုပ်လဲထွေထူးမပြောရဲဘဲ ခပ်တိတ်တိတ်လေးပဲလိုက်လာခဲ့ရတယ်။
အဲ့နှစ်ယောက်က တစ်ယောက်နဲ့တစ်ယောက်
ဘာတွေများမကျေနပ်စရာရှိလို့
အစေးမကပ်သလဲ မသိပါဘူးဗျာ။
"ကျောက်ခဲလေး။ "
"ဗျာ.."
'သိင်္ခ'တစ်ယောက်​​အလယ်ကနေ ခပ်ကုပ်ကုပ်လေး
လိုက်လာတဲ့ ကောင်ငယ်လေးကိုလှမ်းခေါ်လိုက်​
တော့​ ချက်ချင်းဆိုသလိုပြန်ထူးလာတဲ့'ကျောက်ခဲ'
ရဲ့အသံကလေထုထဲမှာပျံ့လွင့်လာတယ်။
"အင်း....ကိုယ်မင်းကိုမေးစရာရှိလို့ပါ။"
"ဘာမေးမလို့လဲ မေးလေအစ်ကို။"
"အာ...ထားလိုက်တော့
ကိုယ်နောက်မှပဲ အေးဆေးမေးပါတော့မယ်။
ကလေးတွေလဲ ရှိနေတာဆိုတော့။"
'သိင်္ခ' ဟိုဘက်ခြမ်းက အရှုပ်ထုပ်ကို
လှမ်းကြည့်ရင်းပြောလိုက်တယ်။ ဒီလိုပြောလိုက်လို့
အဲ့ကလေးကအသိတရားလေးနဲ့ထွက်သွားလိမ့်မယ်မထင်လေနဲ့မသိချင်ယောင်ဆောင်ပြီး လေပါချွန်နေလိုက်သေး။
"Cos ah...ah... I'm in the star to night....
So watch me bring the fire set the
night alight .....!"
သူတို့တွေလမ်းလျှေက်လာရင်း ရွာစည်းရိုးကနေ
ဘိုလိုသီချင်းဆိုသံ ခပ်သဲ့သဲ့က ပျံ့နှံ့လာတာမို့
ပတ်ဝန်းကျင်ကို ကြည့်မိလိုက်ကြတယ်။
"Shining through the city with a
little funk and soul.....So I'mma
light  it  up like dynimite.....
Woah..!"
'ကျေးဥ' ကဖျင်တဘက်ခွင်လေးကိုပုခုံးပေါ်တင်ပြီး ဟင်းရွက်ခူးဖို့ထွက်လာခဲ့ခြင်းဖြစ်တယ်။
ရွာစည်းရိုးပေါ်မှာပေါက်လေ့ရှိတဲ့ ဂုံရွက်လေးတွေ၊ ကျီးအာရွက်လေးတွေ၊ ကင်းပုံရွက်လေးတွေနဲ့
လမ်းမှာတွေ့တဲ့ 'ညိုနဋောင်း'
ရွက်လေးတွေခူးပြီး ဖျင်တဘက်ခွင်လေးထည့် ၊ ပါးစပ်ကလဲ အမျိုးသား ခုနှစ်ယောက်ရဲ့သီချင်းလေးကို ကိုယ်တိုင်ဆိုလိုက်၊ ကလိုက် နဲ့အဆင်ကိုပြေနေရောပဲ။
"Dy Na...Na...Na...Na...Na...Na...Ay!
Dy Na ...Na...Na...Na...Na...Na..Ay!
Dy Na...Na...Na...Na...Na...Na...Ay!
Light It Up Dynimite.."
အသံလာရာ ရွာစည်းရိုးကို သေချာကြည့်တော့မှ
သူတို့ကိုကျောပေးပြီး မျက်လုံးပေါ်ကို လက်နှစ်ချောင်း တင်ရင်းကနေတဲ့ မိန်းကလေးကိုတွေ့လိုက်ရတာမို့ 'ကျောက်ခဲ' ဘုရားတမိသွားရတယ်။
နှစ်ယောက်မရှိတဲ့ '​ကျေးဥ'မပဲ။
'ကျောက်ခဲ' ကကျန်တဲ့နှစ်ယောက်ကို
မသိမသာကျော်သွားဖို့ အချက်ပြလိုက်တယ်။
ဒီကလေးမလေးသာ သူတို့ကိုတွေ့သွားရင်
အမေးအမြန်းထူနေတာနဲ့ သူကြီးအိမ်ကိုရောက်မဲ့လမ်းမမြင်ဘူး။
"Cause ah ah I'm  in the star to night....
So watch me bring the fire set the
night alight .....!"
အင်္ဂလိပ်လိုအပီအပြင်ဆိုရင်းအသံအနိမ့်အမြင့်ကို
လှည့်ပတ်ဆိုနေတဲ့မိန်းကလေးကို
'သိင်္ခ 'အံ့အားသင့်စွာ ကြည့်နေမိတယ်။
ဒီလိုတောရွာလေးမှာ အင်္ဂလိပ်သီချင်းကို ကောင်းကောင်းဆိုနိုင်တဲ့လူကိုတွေ့ရတာက
အတော်ကိုထူးဆန်းလွန်းတယ်
မဟုတ်ပါလား။ကောင်မလေးရဲ့ပုံစံက သာမန်မိသားစုကပုံလေးပါပဲ ဘာကြောင့်များအင်္ဂလ်ိပ်လိုဒီလောက်အထိကျွမ်းကျင်နေရသလဲ သူမတွေးတတ်တော့။အခုခေတ်က အင်္ဂလိပ်လို ကျွမ်းကျင်တဲ့သူတွေရှိတယ်ဆိုပေမဲ့လဲ အခုခေတ်က ထိုလူအများစုက
မြို့ကြီးကလူတွေ။ အခုလို တောရွာက
မိန်းကလေး၊ အထူးသဖြင့် အစိုးရကျောင်းတောင်
မရှိသေးတဲ့ရွာငယ်က မိန်းကလေးကဒီလောက်တတ်နေတာဆိုတော့ အတော့်ကိုစိတ်ဝင်စားစရာ
ကောင်းလှတယ်။
"Shining through the city with a
little funk and soul.....So I'mma
light  it  up like dynimite...!"
"အစ်ကို....သူ့ကိုဆက်ကြည့်မနေနဲ့တော့
ဒီနေရာက အမြန်သွားရအောင်။"
ကျုပ်လဲအနောက်မှာကျန်နေခဲ့တဲ့ အစ်ကို့ရဲ့
နားနားကိုကပ်ပြီး တိုးတိုးလေးပြောလိုက်တယ်။
'ကျောက်ခဲလေးက ငါ့ကိုသဝန်တိုနေတာလား။'
နားနားကပ်ကာ တိုးတိုးလေးပြောလာပြန်တဲ့ကောင်ငယ်လေးကြောင့် 'သိင်္ခ'ရင်ခုန်သံတွေဆူညံသွားရပြီး
စိတ်ထဲမှာတောင်အံ့သြတကြီးရေရွတ်လိုက်မိတယ်။
ကောင်မလေးကို ခဏလေးရပ်ကြည့်မိတာနဲ့သဝန်တွေတိုလာတာပေါ့လေ။
"အစ်ကို....ကြောင်ကြည့်မနေဘဲအမြန်သွားရအောင်။"
ကျုပ်ခမျာ မိကျောင်းမင်းအနားရေဆင်းကူးပြီး
နားငြီးခံချင်နေတဲ့ အစ်ကို့ ရဲ့လက်ကို အသာဆွဲရင်း
ပြောလိုက်ပေမဲ့ အသံနည်းနည်းကျယ်သွားတာမို့
တိုင်နဲ့ခေါင်းနဲ့သာပိတ်ဆောင့်ပစ်လိုက်
ချင်တော့တယ်။
သူ(မ)အနောက်ကနေစကားပြောသံ
ကြားလိုက်တာမို့ 'ကျေးဥ '
ချက်ချင်းပဲသူ့ရဲ့ပါးစပ်ကိုအမြန်အရှိန်သတ်
ပြီးလှည့်ကြည့်လိုက်မိတယ်။ သူသီချင်းဆိုတာအသံအရမ်းကျယ်သွားတာလား။
"အိုး..ကိုကြီးကျောက်ခဲတို့ပါလား။
Whattt..မြို့ကလာတဲ့အဆင်လေးရောဟ။"
'ကိုကြီးကျောက်ခဲ'နဲ့မြို့သားအတူယှဉ်ရပ်နေတဲ့ပုံစံ
လေးကအရမ်းကိုလိုက်ဖက်လွန်းနေတာကြောင့်
သူ(မ)အနေနဲ့ကမ္ဘာကြီးကိုတောင်ရပ်တန့်ပစ်လိုက်ချင်မိတဲ့အထိ။ဒီခေတ်မှာဖုန်း
မရှိတာတော်တော်နာတာပဲ။
မဟုတ်ရင်ဓာတ်ပုံဖမ်းရိုက်ထားလိုက်မိမှာ။
"ကိုကြီးကျောက်ခဲတို့က
ဘယ်ကပြန်လာကြတာလဲဟင်
နှစ်ယောက်တည်းပဲလား။"
"နှစ်ယောက်မဟုတ်ဘူး ငါပါတယ်။"
'ကျေးဥ'မရဲ့စကားကို'ဇီးကွက်'က မကျေမနပ်နဲ့ကန့်ကွက်လာတယ်။
"အော်....ဇီးကွက်ရယ်
ငါကနင့်ကို မမြင်လိုက်လို့ပါဟ။"
"ကဲကဲ ဒါဖြင့်ကိုကြီးတို့လဲသူကြီးခေါ်ထားလို့
သွားအုံးမယ် ကျေးဥရေ။"
"ဟုတ်...ဟုတ်ကဲ့ ကိုကြီး
ဇီးကွက်နင်ငါနဲ့နေခဲ့အုံး။"
'ကျေးဥ'က အတွဲတွေကြားထဲ ကန့်လန့်ကန့်လန့်နဲ့
လိုက်ချင်နေတဲ့ 'ဇီးကွက်'ကိုခေါ်ထားလိုက်တယ်။
'သိင်္ခ 'ကလဲအကြံကြီးသူပီပီ အခြေအနေကိုချက်ချင်းပဲအသုံးချလိုက်ရင်း'ကျောက်ခဲလေး'ရဲ့လက်ကိုဆွဲလို့ ထိုနေရာကနေအမြန်ထွက်လာခဲ့လိုက်တော့တယ်။
"အမယ်လေး...သူ့ဟာလေးကိုသည်းသည်း
လှုပ်နေရှာတာ။"
'ဇီးကွက်'မှာတော့ မှိုရတဲ့မျက်နှာနဲ့ပြုံးဖြီးနေတဲ့
သူငယ်ချင်းအရူးမကို ကြည့်ရင်းခေါင်းကိုပဲ
အသာခါယမ်းလိုက်တော့တယ်။
"အစ်ကိုဘာလို့ ဇီးကွက်ကိုထားခဲ့တာလဲ။ "
ကျုပ်လက်ကိုဆွဲပြီးအရှေ့ကနေဦးဆောင်နေတဲ့
အစ်ကို့ကို မေးလိုက်တယ်။အစ်ကို့ မျက်နှာကလဲကျေနပ်နေပုံနဲ့ပြုံးယောင်လေးသန်းလို့ဗျ ။
"မလိုက်စေချင်လို့ပေါ့ 'ကျောက်ခဲလေး'ရယ်။"
အစ်ကို ကကျုပ်ကိုငဲ့ကြည့်ရင်းပြောလာတယ်ဗျ ။
"အစ်ကိုတို့နှစ်ယောက်ကြားမှာ မကျေလည်တဲ့
ကိစ္စတွေများရှိသလားဟင်။"
ကျုပ်လဲအစ်ကို့ကို ပွင့်ပွင့်လင်းလင်းပဲမေးလိုက်တယ်။ ဘယ်လိုကိစ္စကြောင့်ဒီလိုမတည့်ရသလဲဆိုတာသိရင် ကျုပ်လဲကူပြီးဖြေရှင်းပေးလို့ရတယ်လေ။
"အင်း...ဒါပေမဲ့ ကျောက်ခဲလေးစိတ်မပူလေနဲ့
ကိုယ်က ကလေးတွေနဲ့ရန်ဖက်ဖြစ်တတ်တဲ့သူ
မဟုတ်တာမို့။"
"ကျုပ် ဇီးကွက်ကိုနားချလိုက်ပါ့မယ်။"
"ဟုတ်ပါပြီကွယ်....ကိုယ်တို့သူကြီးအိမ်ကို
ခပ်မြန်မြန်လေးသွားကြရအောင်လား။"
'သိင်္ခ''ကျောက်ခဲလေး'ကိုခပ်မြန်မြန်သွားဖို့
နှိုးဆော်လိုက်တယ်။ သူကြားမိသလောက်က
အလှူ ကိစ္စနဲ့ 'ကျောက်ခဲလေး'ကိုခိုင်းမလို့ဆိုတော့
သူလဲ'ကျောက်ခဲလေး'နဲ့ အလုပ်အတူတူလုပ်လို့ရအောင်ကြံဆောင်ရမယ်လေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျုပ်တို့နှစ်ယောက် သူကြီးအိမ်ကိုရောက်
တော့အပေါ်ထပ်ကိုပဲတန်းတက်
လာခဲ့လိုက်ကြတယ်ဗျ။ အပေါ်ကိုရောက်တော့အရင်လို လူကြီးတွေကဝိုင်းထိုင်ပြီး အလှူကိစ္စကိုဆွေးနွေးနေကြပုံပါပဲ။
"သူကြီး ကျွန်တော်တို့ရောက်ပါပြီ။"
ဒီတစ်ခါ 'ကိုသိင်္ခ' ကပြောလိုက်တာဗျ
ကျုပ်တောင်အံသြသွားရတယ်။
"ဟေ...အေး လာကြလေကွယ်
မောင်ရင်'သိင်္ခ' နဲ့'ကျောက်ခဲ'က အတူရှိနေကြတာကိုး။ဒါမှန်းသိ မောင်ရင်လေးကိုစကားပါးလိုက်ပါရဲ့...နို့...အခေါ်လွှတ်လိုက်တဲ့'ဇီးကွက်'လေးရောကွဲ့။"
"လမ်းမှာ သူ့သူငယ်ချင်းနဲ့ကျန်နေခဲ့တယ်သူကြီး။"
ကျုပ်သူကြီးရှေ့မှာဝင်ထိုင်ရင်းပြောလိုက်တယ်
ဗျ ။'ကိုသိင်္ခ'ကလဲကျုပ်ဘေးမှာတစ်ခါတည်းဝင်ထိုင်ရင်းပေါ့။
"အော်....အေးအေး
ဒီလိုကွယ့်'ကျောက်ခဲ'ရဲ့ မကြာခင်မှာဘဲ
တော်သလင်းလပြည့်တော့မယ်မို့လား။
အလှူ ရက်ကလဲနီးလာပြီလေကွယ် အဲ့တော့
အလှူ အတွက်လိုအပ်မဲ့ပစ္စည်းတွေ မြို့တက်ပြီးသွားဝယ်ခိုင်းမလို့ပါ။ဝယ်ရမဲ့ပစ္စည်းတွေကို လေးလေးက စာနဲ့ရေးပေးလိုက်မယ်'ဇီးကွက်'နဲ့ အတူသွားကြပေါ့။ အလှူကတော့ထုံးစံတိုင်း ထမင်းပေါ့ကွာ။"
"ဟို....'ဇီးကွက်'ကို မလိုက်ခိုင်းပါနဲ့လား။"
'ကိုသိင်္ခ'ရဲ့ ရုတ်တရက်ဆန်လွန်းတဲ့
စကားကြောင့်စကားဝိုင်းတစ်ခုလုံး ငြိမ်သက်
သွားရတယ်ဗျ ။
"ဘာဖြစ်လို့တုန်းသားရဲ့။"
'ဒေါ်ရွှေဇင်ညိမ်း'ကသားဖြစ်သူကိုနားမလည်နိုင်စွာ
ဖြင့်ကြည့်ရင်းမေးလိုက်တယ်။
"ကျွန်တော် လိုက်သွားမလို့ပါ။
ဟို....ကျွန်တော်ပါတော့ ကျောက်ခဲလေးလဲ
ဘယ်လိုဝယ်ရမယ်ဆိုတာ သိတာပေါ့။'ဇီးကွက်'
ကငယ်တော့ ခရီးပန်းလဲမခံနိုင်ဘူးလေ 
ပစ္စည်းဝယ်မဲ့ကိစ္စကိုကျွန်တော့်ကို လွှဲထားလိုက်လို့ရပါတယ်။"
"အော်....ကောင်းပါတယ်ကွယ်။
မောင်ရင်လေးနဲ့ဆိုတော့ ပစ္စည်းတွေဘာတွေဝယ်ဖို့
မေ့ကျန်ခဲ့တာတွေမဖြစ်လောက်တော့ဘူးပေါ့ ။"
သူကြီးကလဲခေါင်းလေးတညိတ်ညိတ်နဲ့
ထောက်ခံလိုက်ပြီးနောက် ပစ္စည်းဝယ်မဲ့ကိစ္စက
အဆင်ပြေလို့သွားပါတယ်။ ကျုပ်တို့နှစ်ယောက်က
ရွက်စုတ်ပြက္ခဒိန်အရ ဗမာလိုဆယ့်သုံးရက် စနေနေ့နေ့မှာမြို့ကိုတက်ဖို့ စီစဉ်လိုက်ကြတယ်။
"မွန်းတည့်ခါနီးပြီဆိုတော့
ကျောက်ခဲလဲထမင်းစားပြီးမှ ပြန်ရော့။"
"မစားတော့ပါဘူး လေးလေး ကျွန်တော်
ဒီနေ့ အိမ်စောစော ပြန်ရမှာမို့လို့ပါ။"
သူကြီးကကျုပ်ကိုထမင်းတစ်ခါတည်းစားဖို့ပြောလာ
ပေမဲ့ ကျုပ်ငြင်းလိုက်ရတယ်။ နေ့လည်ကျ
'မြနွယ်' တို့အိမ်ကို အမနဲ့လိုက်သွားရမှာမို့နောက်ကျ
လို့မရဘူးလေဗျာ။အမှန်ဆိုကျုပ်လဲ မသွားချင်ပါဘူးဒါပေမဲ့အဘကို မလွန်ဆန်နိုင်ဘူးမို့လား။ဖြေးဖြေးချင်း နားချသွားရမှာပဲ။
"ဟေ....သွားစရာရှိလို့လားကွ။"
"ဟုတ်ပါတယ် သူကြီး....မြောက်ပိုင်း
ကိုသွားရမှာမို့ပါ။"
"ဟော...မြောက်ပိုင်းဆိုတော့
မြနွယ် တို့အိမ်မှဟုတ်ရဲ့လားကွ။"
သူကြီးနဲ့သူကြီးကတော်က ကျုပ်ကိုခပ်ပြုံးပြုံးကြည့်
ရင်းမေးလာကြတယ်ဗျ ။ ကျုပ်ခမျာ နေရခက်ခက်နဲ့
ကုပ်ပိုးကိုပွတ်သပ်ပြီးဖြေလိုက်ရတော့တယ်။
"ဟုတ်ပါတယ် သူကြီး။"
"သွားစေဗျား..သွားစေ
ဒီရွာထဲမယ် မင့်နဲ့လိုက်ဖက်တာဆိုလို့' မြနွယ်'ကိုပဲ
လေးလေးလဲ မြင်သဗျ။"
'သိင်္ခ 'စိတ်ပျက်စရာကောင်းတဲ့စကားသံတွေကြောင့်
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိတယ်။
အဲ့ဒီမိန်းကလေးထက် လိုက်ဖက်တာ သူတစ်ယောက်လုံးရှိနေပါရဲ့'ကျောက်ခဲလေး'က အဲ့ဒီမိန်းကလေးကိုမချစ်ပဲနဲ့ လက်ထပ်ပြီးတော့၊
တစ်သက်လုံးပင်ပင်ပန်းပန်းနဲ့လုပ်ကျွေးသွားရမှာ
မျိုးအဖြစ်မခံနိုင်ပါဘူး။သူလို လိုလေသေးမရှိ
တစ်သက်လုံးကောင်းပေးမဲ့၊ ရုပ်ချောပြီး
ကြင်နာတတ်တဲ့ သူ့(သိင်္ခ)ကိုပဲ 'ကျောက်ခဲလေး'က
ရွေးချယ်ရမယ်။
"အစ်ကို....ကျုပ်သွားပြီနော်။"
ကျုပ်ကိုစိုက်ကြည့်နေတဲ့ အစ်ကို့ကို ကျုပ်နှုတ်ဆက်လိုက်တယ်။အစ်ကို့ကိုကြည့်ရတာ တစ်ခုခုကို
အလိုမကျတဲ့ပုံပေါ်နေမဲ့ ကျုပ်လဲမမေးဖြစ်လိုက်ပါဘူး။
"အင်း...အင်း...သွားလေ
ကိုယ်နောက်မှ လာခဲ့အုံးမယ်။"
သူကောင်ငယ်လေးရဲ့ပုခုံးကိုတင်းကျပ်စွာ
ဆုပ်ကိုင်လိုက်ရင်းပြောလိုက်ပေမဲ့ အားမရစွာနဲ့ပဲ
ကောင်ငယ်လေးရဲ့နားနားကပ်ပြီး ခပ်တိုးတိုးလေး
ထပ်ပြောလိုက်တယ်။
"အဲ့ဒီ မိန်းကလေးထက်ပိုပြီး မင်းနဲ့လိုက်ဖက်
တဲ့သူရှိတယ်။မင်း သဘောမကျရင်
ရဲရဲကြီးငြင်းပစ်လိုက်စမ်း 'ကျောက်ခဲ'
ကိုယ်တစ်ယောက်လုံးရှိတာမို့။"
အစ်ကို့ ရဲ့အမိန့်ဆန်ဆန်စကားလုံးက ကျုပ်နားထဲကို
တိုးတိတ်စွာဝင်ရောက်လာပေမဲ့ ကျုပ်နှလုံးအိမ်ကိုတော့ပြင်းထန်စွာလှုပ်ကိုင်နိုင်တာမို့ ကျုပ်လဲ
အစ်ကို့ကိုနာခံစွာနဲ့ပဲ ခေါင်းညိတ်ပြလိုက်မိတယ်။ ကျုပ်ရဲ့စိတ်အစုံကလဲ အညှို့ ခံလိုက်ရသလိုမျိုးခံစားလိုက်ရပြီးအစ်ကို့ရဲ့စကားတွေကြောင့် ကျုပ်မှာသတ္တိတွေရှိလာသလိုပါပဲ၊၊
ကျုပ်အားလုံးကိုနှုတ်ဆက်ပြီးနောက် အိမ်ဘက်ကိုထွက်လာခဲ့လိုက်တယ်။အစ်ကို့ရဲ့ စကားတွေကိုတော့ကျုပ်နားထဲမှာအခုထိပြန်ကြားယောင်နေတုန်းပဲ။ ခပ်သြသြ၊ ခပ်ရှရှအသံက ကျုပ်ကြားဖူးနေကျ အစ်ကို့ရဲ့အသံမဟုတ်ဘူး။ အမြဲတမ်းကြင်နာစွာ
ပြောတတ်တဲ့အစ်ကိုက ခုဏကတော့အခြားလူတစ်ယောက်လိုမျိုးပဲ။ဒါပေမဲ့ကျုပ်ငြင်းဆန်နိုင်ခြင်းမရှိခဲ့ပါဘူး။ဒါကြောင့် ကျုပ်လက်သီးကိုခပ်တင်းတင်းဆုပ်ပြီး လေကိုတဝကြီးရှုသွင်းလို့ပြောလိုက်တယ်။
"အစ်ကိုတစ်ယောက်လုံးရှိတာပဲ
သတ္တိမွေးလိုက်စမ်း'ကျောက်ခဲ'။"
ဒီလိုနဲ့ ကျုပ်လဲ ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုနဲ့အတူအိမ်ကိုပဲပြန်လာလိုက်ပါတော့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အပ်ပေးလိုက်ပါပြီ၊ ဖတ်ပေးဖို့ကမင်းလေးတို့တာဝန်ပါ။Cmtလေးတွေ မျှော်နေပါတယ်။
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Zawgyi
~~~~~~~
Previous Chapter
~~~~~~~~~~~~
'ဇီးကွက်'တစ်ယောက်ကတော့ သူ့ကိုတောင်မမြင်ဘဲ
ရှေ့မှာကလူကျီစယ်နေတဲ့နှစ်ယောက်ကို ရပ်ကြည့်နေမိတယ်။ ကန်သင်းရိုးပေါ်မှာ တစ်ယောက်က
လက်ကိုကိုင်ပြီး၊ တစ်ယောက်ကလည်းရင်ခွင်ထဲရောက်မတတ်။ဒီကြားထဲလေရူးလေးက တသုန်သုန်နဲ့မို့ 'ကိုသိင်္ခ'ရဲ့ဆံပင်တွေကဝဲဝဲလေးဖြစ်လို့နေတယ်။
'ကိုကြီးကျောက်ခဲ'ကလည်း မျက်လုံးအပြူးသားနဲ့
'ကိုသိင်္ခ'ကို ကြည့်လို့...မသိရင် ပြဇာတ်ပဲကနေ
သလိုလို...မျက်စိယားလိုက်တာဆိုတာ။
"အဟမ်း ဟမ်းးးကိုကြီးကျောက်ခဲ။"
'ဇီးကွက်'ကစိတ်အချဉ်ပေါက်စွာနဲ့
ချောင်းတစ်ချက်ဟန့်ရင်း သူ့ရှေ့က
မိုးမမမြင်၊လေမမြင်၊လူမမြင်ဖြစ်နေရှာတဲ့
နှစ်ယောက်ကိုလှမ်းခေါ်လိုက်တယ်။
အနောက်ကထွက်လာတဲ့အေးစက်စက်အသံကြောင့်
သူတို့နှစ်ယောက်လုံးလှည့်ကြည့်လိုက်မိလေ
တော့'ဇီးကွက်'ကမျက်နှာသေနဲ့သူတို့ကိုစိုက်ကြည့်နေတာကိုတွေ့လိုက်ရတာကြောင့်'ကျောက်ခဲ'တစ်ယောက်မှာတော့လန့်ဖြန့်သွားရလေတော့တယ်။
🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚🔚
"ဟေ....ဇီး...ဇီးကွက်။"
ထွက်ရင်း ထူးလိုက်ရတယ်။ 'ဇီးကွက်'ရောက်လာတာ
"ကိုယ်လည်း အခုအိမ်ပြန်တော့မလို့လေ....နေခဲ့စရာကိစ္စမှမရှိတော့တာဘဲ။"
ဘာကိစ္စတဲ့လဲ။"
ကျုပ်လည်း အသက်ရှုကျပ်စရာအခြေအနေကနေ
"ကျွန်တော့်စိတ်ထင် အလှူ ကိစ္စဘဲနေမှာပေါ့
ဒီလိုနဲ့ ကျုပ်တို့သုံးယောက်လည်း သူကြီးအိမ်ဘက်ကိုလျှောက်လာခဲ့လိုက်ကြတော့တယ်။ အရင်ကဆို
ကလည်းအသံတိတ်နေတာမို့ ကျုပ်လည်းထွေထူးမပြောရဲဘဲ ခပ်တိတ်တိတ်လေးပဲလိုက်လာခဲ့ရတယ်။
"ကျောက်ခဲလေး။ "
"ဗျာ.."
ရဲ့အသံလေးကလေထုထဲမှာပျံ့လွင့်လာတယ်။
"အာ...ထားလိုက်တော့
ကိုယ်နောက်မှဘဲ အေးဆေးမေးပါတော့မယ်။
ကလေးတွေလည်း ရှိနေတာဆိုတော့။"
night alight .....!"
Woah..!"
'ကျေးဥ' ဖျင်တဘက်ခွင်လေးကိုပုခုံးပေါ်တင်ပြီး ဟင်းရွက်ခူးဖို့ထွက်လာခဲ့ခြင်းဖြစ်တယ်။
ရွက်လေးတွေခူးပြီး ဖျင်တဘက်ခွင်လေးထည့် ၊ ပါးစပ်ကလည်း အမျိုးသား
ခုနှစ်ယောက်လေးကို ကိုယ်တိုင်ပါးစပ်နဲ့တီးလိုက်
ဆိုလိုက်၊ ကလိုက် နဲ့အဆင်ကိုပြေနေရောဘဲ။
"Dy Na...Na...Na...Na...Na...Na...Ay!
Dy Na ...Na...Na...Na...Na...Na..Ay!
Dy Na...Na...Na...Na...Na...Na...Ay!
Light It Up Dynimite.."
night alight .....!"
မဟုတ်ပါလား။ကောင်မလေးရဲ့ပုံစံက သာမန်မိသားစုကပုံလေးပါဘဲ ဘာကြောင့်များအင်္ဂလ်ိပ်လိုဒီလောက်အထိကျွမ်းကျင်နေရသလဲ သူမတွေးတတ်တော့။အခုခေတ်က အင်္ဂလိပ်လို ကျွမ်းကျင်တဲ့သူတွေရှိတယ်ဆိုပေမဲ့လည်း ထိုလူအများစုက
မြို့ကြီးကလူတွေ၊ အခုလို တောရွာက
ကောင်းလှတယ်။
ကျုပ်လည်းအနောက်မှာကျန်နေခဲ့တဲ့ အစ်ကို့ရဲ့
ကျုပ်လည်း မိကျောင်းမင်းအနားရေဆင်းကူးပြီးနားငြီးခံချင်နေတဲ့ အစ်ကို့ ရဲ့လက်ကို အသာဆွဲရင်းပြောလိုက်ပေမဲ့ အသံနည်းနည်းကျယ်သွားတာမို့ကျုပ်ဖြင့်တိုင်နဲ့ခေါင်းနဲ့သာပိတ်ဆောင့်ပြစ်လိုက်ချင်တော့တယ်။
ချက်ချင်းဘဲ သူ့ရဲ့ပါးစပ်ကိုအမြန်အရှိန်သတ်
"အိုးးးး'ကိုကြီးကျောက်ခဲ'တို့ပါလား။
ဘယ်ကပြန်လာကြတာလဲဟင်
နှစ်ယောက်ထဲပဲလား။"
"အော်....ဇီးကွက်ရယ်
"ကဲကဲ ဒါဖြင့်ကိုကြီးတို့လည်းသူကြီးခေါ်ထားလို့သွားဦးမယ် 'ကျေးဥ'ရေ။"
"ဟုတ်...ဟုတ်ကဲ့ ကိုကြီး
'ဇီးကွက်' နင်ငါနဲ့နေခဲ့ဦး။"
'ကျေးဥ'လည်း အတွဲတွေကြားထဲ ကန့်လန့်ကန့်လန့်နဲ့လိုက်ချင်နေတဲ့ 'ဇီးကွက်'ကိုခေါ်ထားလိုက်တယ်။
'သိင်္ခ 'ကလည်း အခြေအနေကိုချက်ချင်းပဲအသုံး
လှုပ်နေရှာတာ။"
'ဇီးကွက်'လည်း မှိုရတဲ့မျက်နှာနဲ့ပြုံးဖြီးနေတဲ့
သူငယ်ချင်းအရူးမကို ကြည့်ရင်းခေါင်းကိုဘဲ
ကျုပ်လည်းအစ်ကို့ကို ပွင့်ပွင့်လင်းလင်းဘဲမေးလိုက်တယ်။ ဘယ်လိုကိစ္စကြောင့်ဒီလိုမတည့်ရသလဲဆိုတာသိရင် ကျုပ်လည်းကူပြီးဖြေရှင်းပေးလို့ရတယ်လေ။
မဟုတ်တာမို့။"
"ကျုပ်လည်း 'ဇီးကွက်'ကိုနားချလိုက်ပါ့မယ်။"
နှိုးဆော်လိုက်တယ်။ သူကြားမိသလောက်က
အလှူ ကိစ္စနဲ့ 'ကျောက်ခဲလေး'ကိုခိုင်းမလို့ဆိုတော့သူလည်း'ကျောက်ခဲလေး'နဲ့ အလုပ်အတူတူလုပ်လို့ရအောင်ကြံဆောင်ရမယ်လေ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျုပ်တို့နှစ်ယောက်လည်း သူကြီးအိမ်ကိုရောက်
တော့အပေါ်ထပ်ကိုဘဲတန်းတက်
လာခဲ့လိုက်ကြတယ်ဗျ။ အပေါ်ထပ်ကိုရောက်တော့လည်းအရင်လို လူကြီးတွေကဝိုင်းထိုင်ပြီး အလှူကိစ္စကိုဆွေးနွေးနေကြပုံပါဘဲ။
"ဟေ...အေး လာကြလေကွယ်
ကျုပ်လည်းသူကြီးရှေ့မှာဝင်ထိုင်ရင်းပြောလိုက်တယ်ဗျ ။'ကိုသိင်္ခ'ကလည်းကျုပ်ဘေးမှာတစ်ခါတည်းဝင်ထိုင်ရင်းပေါ့။
"အော်....အေးအေး
ဒီလိုကွဲ့.'ကျောက်ခဲ'ရဲ့ မကြာခင်မှာဘဲ
အလှူ ရက်ကလည်းနီးလာပြီလေကွယ် အဲ့တော့
သွားရတယ်ဗျ ။
ဟို....ကျွန်တော်ပါတော့ 'ကျောက်ခဲလေး'လည်းဘယ်လိုဝယ်ရမယ်ဆိုတာ သိတာပေါ့။'ဇီးကွက်'
"အော်....ကောင်းပါတယ်ကွယ်။
သူကြီးကလည်းခေါင်းလေးတညိတ်ညိတ်နဲ့
'ကျောက်ခဲ'လည်းထမင်းစားပြီးမှ ပြန်ရော့။"
သူကြီးကကျုပ်ကိုထမင်းတစ်ခါတည်းစားဖို့ပြောလာပေမဲ့ ကျုပ်လည်းငြင်းလိုက်ရတယ်။ နေ့လည်ကျ
လို့မရဘူးလေဗျာ။အမှန်ဆိုကျုပ်လည်း မသွားချင်ပါဘူးသို့ပေမဲ့အဘကိုကျွန်တော်လည်း မလွန်ဆန်နိုင်ဘူးမို့လား။ဖြေးဖြေးချင်း နားချသွားရမှာဘဲ။
ကိုသွားရမှာမို့ပါ။"
"ဟုတ်ပါတယ် သူကြီး။"
"သွားစေဗျားးးသွားစေ
လေးလေးလဲ မြင်သဗျ။"
အဲ့ဒီမိန်းကလေးထက် လိုက်ဖက်တာ သူတစ်ယောက်လုံးရှိနေပါရဲ့'ကျောက်ခဲလေး'က အဲ့ဒီမိန်းကလေးကိုမချစ်ဘဲနဲ့ လက်ထပ်ပြီးတော့
ကြင်နာတတ်တဲ့ သူ့(သိင်္ခ)ကိုဘဲ 'ကျောက်ခဲလေး'က
ရွေးချယ်ရမယ်။
"အင်း...အင်း...သွားလေ
သူလည်း ကောင်ငယ်လေးရဲ့ပုခုံးကိုတင်းကျပ်စွာ
ဆုပ်ကိုင်လိုက်ရင်းပြောလိုက်ပေမဲ့ အားမရစွာနဲ့ဘဲ
ထပ်ပြောလိုက်တယ်။
တဲ့သူရှိတယ်။မင်း သဘောမကျရင်
ရဲရဲကြီးငြင်းပြစ်လိုက်စမ်း 'ကျောက်ခဲ'
တိုးတိတ်စွာဝင်ရောက်လာပေမဲ့ ကျုပ်နှလုံးအိမ်ကိုတော့ပြင်းထန်စွာလှုပ်ကိုင်နိုင်တာမို့ ကျုပ်လည်း
အစ်ကို့ကိုနာခံစွာနဲ့ဘဲ ခေါင်းညှိတ်ပြလိုက်မိတယ်။ ကျုပ်ရဲ့စိတ်အစုံကအညှို့ ခံလိုက်ရသလိုမျိုးခံစားလိုက်ရပြီးအစ်ကို့ရဲ့စကားတွေကြောင့် ကျုပ်မှာသတ္တိတွေရှိလာသလိုပါပဲ၊၊
ကျုပ်လည်းအားလုံးကိုနှုတ်ဆက်ပြီးနောက် အိမ်ဘက်ကိုထွက်လာခဲ့လိုက်တယ်။အစ်ကို့ရဲ့ စကားတွေကိုကျုပ်နားထဲမှာအခုထိပြန်ကြားယောင်နေတုန်းပဲ။ ခပ်သြသြ၊ ခပ်ရှရှအသံက ကျုပ်ကြားဖူးနေကျ အစ်ကို့ရဲ့အသံမဟုတ်ဘူးအမြဲတမ်းကြင်နာစွာ
လေကိုတဝကြီးရှုသွင်းပြီးပြောလိုက်တယ်။
ဒီလိုနဲ့ ကျုပ်လည်း ပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုနဲ့အတူအိမ်ကိုပဲပြန်လာလိုက်ပါတော့တယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀
Continue Reading
You'll Also Like
320K 15.6K 85
🍁ကောင်းခြင်းတည်မြဲ.. 🍁 နိုင်ငံခြားပြန်ကောင်လေး။ ရုပ်ရည်၊ ပညာ၊ စည်းစိမ်ဥစ္စာပြည့်စုံကြွယ်ဝသူမို့ အတော်လေးကြီးကျယ်သည့်လူ။ သူ့ကိုသူလည်း အထင်ကြီးလွန်းပ...
45.8K 4.4K 18
ကြိုက်နှစ်သက်လိမ့်မည်ဟု ယုံကြည်ပါသည်။ ဖတ်ကြည့်ပေးပါနော်❤️
25.6K 1.9K 12
ဟံသာဝတီအရှင်သခင်၏ အမျက်တော်တို့ကား ဤစာသဝဏ်အားဖြင့်ပြေစေ... ဟံသာဝတီအရှင်သခင်၏ အမျက်တော်တို့ကား ဤစာသဝဏ်အားဖြင့်ပြေစေ... #This is just a work of fiction...
2.1K 129 5
မျှော်လင့်ချက်သေးသေးလေးနဲ့သာစခဲ့ရသူမို့ ထိုမျှော်လင့်ချက်သေးသေးလေးကပါပျက်စီးသွားရတဲ့အခါ ချစ်ခဲ့မိတဲ့နှလုံးသားတစ်စုံဟာ အသက်နဲ့ခန္ဓာမြဲနေသေးတဲ့ ဒီလူသား...