Unicode
ယန်ရွမ့်ရဲ့ အမေ စိတ်ထားက ဆရာမတွေရဲ့ မျက်နှာမှာ မျက်မှောင်ကြုံ့စေတယ်
"မဒမ် ရှယ် စိတ်အေးအေးထားပါ ကျွန်မတို့ အေးအေးဆေးဆေး ပြောလို့ရပါတယ်" ရှရှီပေရဲ့ အတန်းအကြံပေးဆရာ ဆရာလျိုက အသံတိုးတိုးနဲ့ သူမျက်မှာပေါ်မှာ စိုးရွားတဲ့ ပုံစံနဲ့ ပြောလိုက်တယ်
"အေးအေးဆေးဆေး ပြောရမယ်? အဲ့သောက်ကျိုးနဲ့ ကောင်မစုတ်လေးက ကျွန်မတို့ ရွှမ်ရွှမ်ကို ရိုက်ထားတာ ကျွန်မတို့ ရွှမ်ရွှမ်လေး ဘယ်လောက် ဒဏ်ရာရ နေတယ်ဆိုတာ ရှင်တို့ မမြင်ဘူးလား?"
ယန်ရွှမ်ရဲ့ အမေက ကိုယ့်ကိုကိုယ် မထိန်းဘဲနဲ့ အာကျယ်အာကျယ်နဲ့ ထောင်လွှားစွာပြောနေတယ် ပိုဆိုးတာက သူမက ရှရှီပေနား အပြေးသွားပြီး သူမပါးကို ရိုက်ချင်တဲ့ စိတ်ကို ထိန်းထားရသေးတယ်
"ဆရာကျန်း...." ဆရာလျိုက ယန်ရွှမ်ရဲ့ အတန်းကိ အကြံပေးဆရာကို မျက်စပစ်ပြပြီး စကားဝင်ပြောရန် ကြည့်လိုက်တယ်
သူတို့ ယန်ရွှမ်ရဲ့ စကားတွေကို ယုံခဲ့သမျှ ရှရှီပေကို မြင်တဲ့အခါ သံသယတွေ အကုန် ရှင်းသွားတယ်
သူမ မျက်နှာက ဖျော့တော့နေတယ် လှပပေမယ့် သနားစရာ မိန်းမငယ်လေးလို အနည်းငယ်မျက်တွင်း ကျနေတယ်
ဒါ့အပြင် သူမက အမြဲတမ်း သိုသိုသိပ်သိပ်နေတတ်ပြီး ဘယ်တော့မှ ပြဿနာ မရှာဖူးဘူး သူမက ယန်ရွှမ်ကို ရိုက်တယ်ဆိုတာ ပျက်လုံးကြီး တစ်ခုလိုဘဲ! ငယ်ငယ်ရွယ်ရွယ်မှာ ရည်းစားထားတာကတော့ ပိုလို့တောင် မဖြစ်နိုင်သေး
"မစ္စတာ ယန် ကျွန်တော်တို့ ဒီကိစ္စကို ဆုံးဖြတ်ချက်မချခင်မှာ အရှင်ဆုံး စိတ်ငြိမ်ငြိမ်ထားပြီး ကိစ္စ တစ်ခုလုံး နားလည်အောင် အရင် ကြည့်ရအောင်" ဆရာ ကျန်းက မစ္စတာယန်ကို ကြည့်ပြီး တောင်းပန်တိုးလျှိုစွာ ကြည့်လိုက်တယ်
"ဘာလို့ နားလည်အောင်ကြည့်နေရမှာလဲ? တော်တော် သိသာနေပြီ မဟုတ်ဘူးလား? သူမက မိန်းမကောင်းမဟုတ်ဘူးဆိုတာ ကျွန်မသိတယ် သူမက အရင်က ရွှမ်ရွှမ့်ကို အရှက်မရှိ တွယ်ကပ်နေတာ ဒါပေမယ့် ကျွန်မတို့ ရွှမ်ရွှမ်က စာဘဲ သင်ချင်တာ သူက သူမနဲ့ မတွဲချင်ဘူး ဒါကြောင့်မလို့ သူမက သူ့ကို ရိုက်လိုက်တာ! ကောင်မစုတ်လေး...."
ယန်ရွှမ်ရဲ့ အမေက ရိုင်းစိုင်းတဲ့ ပုံစံဖြင့် ကြမ်းတမ်းစွာ အော်ဟစ်နေဆဲပင်
ဒါပေမယ့် ဆရာလျိုရဲ့ မျက်နှာ ပျက်သွားတယ် သူ သူ့ရဲ့ အသံကို မြှင့်လိုက်ပြီး သူမကို သတိပေးလိုက်တယ်
"မဒမ်ရှယ်!"
ယန်ရွှမ် ထို အော်သံကိုကြားတော့ ခိုက်ခိုက်တုန်သွားတယ်
"အမေ!" သူ သူ့အမေရဲ့ လက်ကို ဆွဲပြီး မလွန်စေရန် အော်လိုက်တယ်
သူ့ကို အတန်းပိုင်ဆရာက ရန်လိုတဲ့ အကြည့်ကြီးနဲ့ ကြည့်နေတာ သူမ မမြင်ဘူးလား?
ယန်ရွှမ့်အမေက ဒေါသအိုးဖြစ်ပေမယ့်လည်း သူ့သားက နှစ်သိမ့်ပေးလို့ အနည်းငယ် တည်ငြိမ်သွားတယ်
ယန်ရွှမ့်အဖေက ကို့ရို့ကားရား ပြုံးလိုက်ပြီး ရှင်းပြလိုက်တယ် "အိုက်ယား သူမက ကျွန်တော်တို့ သားကို အရမ်းဂရုစိုက်လွန်းလို့ သူမ စိတ်မထိန်းနိုင်ဖြစ်နေတာ ခင်ဗျားတို့ စိတ်မခုဖို့ဘဲ ကျွန်တော် မျှော်လင့်ပါတယ်"
ဆရာနှစ်ယောက် နည်းနည်းသာ ပြုံးလိုက်ပြီး ဘာမှ မပြောလိုက်ဘူး
"ရှရှီပေ ဆရာတို့က ဒီနေ့မနက်က သမီးနဲ့ ယန်ရွှမ်တို့ ဖြစ်တဲ့ ရန်ပွဲကို သိချင်လို့ သမီးကို ခေါ်လိုက်ရတာ"
ဆရာလျို ရှရှီပေကို ယန်ရွှမ်နဲ့ သူ့မိသားစုကို ကြည့်တဲ့ အကြည့်ထက် ပိုပြီး ရည်မွန်တဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်
"ရန်ပွဲ?" ရှရှီပေ အံဩတဲ့ ပုံစံဖြစ်သွားတယ် " ဆရာ သမီးကို သူ့ဆီက သမီး ပိုက်ဆံ ပြန်တောင်းဖို့ ကိစ္စခေါ်တာ မဟုတ်ဘူးလား?"
ပိုက်ဆံပြန်တောင်းတယ်?
ယန်ရွှမ် နှလုံးတစ်ချက်ခုန်သွားပြီး ရှရှီပေကို ရှပ်ချည်း ကြည့်လိုက်တယ်
"ဘာ်က ပိုက်ဆံကို ပြန်ပေးခိုင်းနေတာလဲ နင်ဘာတွေ လျှောက်ပြောနေတာလဲ?!" ယန်ရွှမ့်အမေက စားပွဲကို ရိုက်ပြီး အော်လိုက်တယ် "ငါတို့ ရွှမ်ရွှမ်က နင့်ကို မကြိုက်ဘူး ဒါ့ကြောက့် နင် သူ့ကို ရိုက်တာ နင် အခုလို ထွက်ပြေးလို့ရမယ် ထင်နေလား?!"
စားပွဲကို ရိုက်တဲ့ အခါမှာ ထွက်လာတဲ့ အလွန်ကျယ်လောင်သော အသံက ဆရာတွေကို မျက်နှာပျက်ေစတယ်
"မဒမ်ရှယ် ကိုယ့်အပြုအမူကို ထိန်းပါ ဒါက ကျောင်းပိုင်ပစ္စည်း!"
သူတို့ အသံက နည်းနည်း ကြမ်းတော့ ယန်ရွှမ်နဲ့ သူ့အဖေကို ကြောက်ရွံ့စေတယ်
မိန်းမကြီးရဲ့ အပြုအမူက ရှရှီပေကို မသက်ရောက်ဘဲနဲ့ သူတို့ကို အပြစ်ကင်းပြီး လျှော့ရတဲ့ ပုံစံနဲ့ကြည့်လိုက်တယ် " သမီးသူ့ကို ဘယ်တုန်းက ရိုက်လို့လဲ?! သမီးသူ့ကို လုံးဝ မရိုက်ဘူး!"
"မင်း လိမ်နေတာ!" ယန်ရွှမ် မနေိုင် မထိုင်နိုင် ဖြတ်ပြောလိုက်တယ် "မင်း ငါ့ကို တကယ် ရိုက်ဝာာ မင်း ငါ့ကို ကိုင်ပေါက်ပြီး အခါအများကြီး ထိုးခဲ့တာ !"
သူ သူ့ကိုယ်ပေါ်က ဒဏ်ရာတွေကို ပြလိုက်ပြီး " ဒါတွေက မင်း ငါ့ကို ထိုးလို့ ဖြစ်ရတာတွေ!"
ရှရှီပေ ပိုပြီး ကြောင်အမ်းအမ်းဖြစ်သွားတယ် "ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ နင်ငါ့ကို စွပ်စွဲနေတာ နင် အဲ့လို ပြောလို့ ငါ့ပိုက်ဆံကို ပြန်မပေးရတော့ဘူးလို့တော့ မထင်နဲ့!"
"သမီး ပိုက်ဆံကို ပြန်ပေးတယ်?" ဆရာလျိုက စူးစမ်းလိုက်တယ် "ဘာကို ပြောချင်တာလဲ?"
"ဒီကောင်မစုတ်လေးက လိမ်နေတာ ကျွန်မ ရွှမ်ရွှမ်က ဘယ်သူ့ဆီကမှ ပိုက်ဆံမချေးဘူး!" ယန်ရွှမ့်အမေက ကြားဖြတ်ပြောလိုက်တယ်
"ကျွန်တော်တို့ ဒီကိစ္စကို ပြန်ကြည့်ပြီး ပြဿနာကို အဖြေရှာပေးပါ့မယ်" ဆရာလျိုက သူမကို ပြောလိုက်ပြီး ယန်ရွှမ့်အဖေကို ကြည့်လိုက်တယ် "မစ္စတာယန် ခင်ဗျားဘယ်လိုထင်လဲ?"
ယန်ရွှမ့်အမေက ဆရာတွေရဲ့ မကျေနပ်မှုကို သိတော့ သူ့မိန်းမကို ကြည့်လိုက်တယ် "ကျွန်တော်တို့ ဘာဖြစ်လဲဆိုတာ အရင် ရှာကြတာေပေါ့!"
Zawgyi
"မဒမ်ရှယ်!"
"ဘ်ာက ပိုက်ဆံကို ပြန်ပေးခိုင်းနေတာလဲ နင်ဘာတွေ လျှောက်ပြောနေတာလဲ?!" ယန်ရွှမ့်အမေက စားပွဲကို ရိုက်ပြီး အော်လိုက်တယ် "ငါတို့ ရွှမ်ရွှမ်က နင့်ကို မကြိုက်ဘူး ဒါ့ကြောက့် နင် သူ့ကို ရိုက်တာ နင် အခုလို ထွက်ပြေးလို့ရမယ် ထင်နေလား?!"
စားပွဲကို ရိုက်တဲ့ အခါမှာ ထွက်လာတဲ့ အလွန်ကျယ်လောင်သော အသံက ဆရာတွေကို မျက်နှာပျက်စေတယ်
ယန်ရွှမ့်အမေက ဆရာတွေရဲ့ မကျေနပ်မှုကို သိတော့ သူ့မိန်းမကို ကြည့်လိုက်တယ် "ကျွန်တော်တို့ ဘာဖြစ်လဲဆိုတာ အရင် ရှာကြတာပေါ့!"