Love In The Woods [Completed]

נכתב על ידי Eun_Jee

354K 40.8K 2.8K

jeon jungkook x kim taehyung Side ships - Spartace (Running man) / Taegyu(TXT) Book cover Artist - Akiko AK ... עוד

Prologue
🌳One🌳
🌳Two🌳
🌳Three🌳
🌳Four🌳
🌳Five🌳
🌳Six🌳
🌳Seven🌳
🌳Eight🌳
🌳Nine🌳
🌳Eleven🌳
🌳Twelve🌳
🌳Thirteen🌳
🌳Fourteen🌳
🌳Fifteen🌳
🌳Sixteen🌳
🌳Seventeen🌳
🌳Eighteen🌳⚠️
🌳Nineteen🌳
🌳Twenty🌳
🌳Twenty - One🌳
🌳Twenty -Two🌳
🌳Twenty - Three🌳
🌳Twenty - Four🌳
🌳Twenty - Five🌳
🌳Twenty - Six🌳
🌳Twenty - Seven🌳⚠️
🌳Twenty - Eight🌳
🌳Twenty - Nine🌳
🌳Thirty (The Final)🌳
Side Couples
Announcement
Book Order details
Extra - 1
Extra - 2
Extra - 3 (Epilogue)

🌳Ten🌳

9.2K 1.2K 79
נכתב על ידי Eun_Jee

(Unicode)

ပတ်ဝန်းကျင်က တိတ်ဆိတ်ငြိမ်သက်နေချေပြီ။ သေနတ်သံတွေလည်းမကြားရတော့သလို၊ အော်ဟစ်သံတွေသည်လည်း နတ္ထိ။ ထယ်ယောင်းမှာ အပြင်က အခြေအနေ ဘာဖြစ်နေပြီလဲဆို‌တာလည်း မသိရ။

ထိုအချိန်မှာပဲ ကျွီခနဲ ပွင့်လာသော တံခါးပေါက်လေး။

"မောင်"

အသံထွက်ကာ ရေရွတ်မိပြီး ထိုင်နေရာမှ အမြန်မတ်တတ်ထရပ်လိုက်သည်။ သို့သော် တွေ့လိုက်ရသည်က မြို့စားယူဂျယ်ဆော့သာ။

"သခင်လေး အဆင်ပြေရဲ့လား"

ဂျယ်ဆော့က ပြောပြောဆိုဆိုနဲ့ ထယ်ယောင်းအား အကဲခတ်ကြည့်ပြီး ဘာထိခိုက်ဒဏ်ရာမှ မရှိတာ သေချာမှ သက်ပြင်းချမိသည်။

"တော်သေးတာပေါ့ ဘာမှမဖြစ်လို့၊ သခင်လေး အရမ်းလန့်သွားမှာပဲ"

"မင်းသားရောဟင်"

"အပြင်မှာရှိပါတယ်"

ဂျယ်ဆော့ စကားဆုံးသည်နှင့် ထယ်ယောင်းမှာ ပြာပြာသလဲနဲ့ အပြင်သို့ ပြေးထွက်သွားတာကာ ပတ်ဝန်းကျင်ပတ်ပတ်လည်သို့ လိုက်ရှာမိသည်။

စရောက်လာတုန်းက စည်းကားသိုက်မြိုက်နေ‌သလောက် အခုတော့ ဒုံချွန်းမြေဟာ စစ်မြေပြင်ကြီးပမာ ဖြစ်နေလေပြီ။ ကျိုးပဲ့ပျက်စီးနေသော ပစ္စည်းများ၊ အိမ်များ၊ ဆိုင်တန်းလေးများ။ ထိုကြားထဲတွင်မှ ဒဏ်ရာရနေသော သူများနဲ့ အသက်မရှိတော့တဲ့ လူသေများ။

ထယ်ယောင်း သေချာ ကြည့်မနေနိုင်ဘဲ ဂျောင်ဂုအား လိုက်ရှာနေမိသည်။ မကြာခင်မှာပဲ ဂျောင်ဂု၏ pheromone နံ့ကို စတင်ခံစားလာရပြီမို့ pheromone ထွက်ပေါ်နေသော နေရာသို့ ခပ်သွက်သွက်လေးပြေးသွားမိသည်။

တွေ့ပါပြီ။ ဒူးထောက်နေသော သူပုန်များကို သေနတ်နဲ့ ချိန်ထားသော မြောက်ဘက်ရှီယန်း၏ Alpha များကြားမှ ဂျွန်ဂျောင်ဂု။

"မောင်"

ခေါ်သံကြောင့် ဂျောင်ဂုအမြန်လှည့်ကြည့်လိုက်သည်။ သူ့ဆီ အပြေးလေး လှမ်းလာသော ထယ်ယောင်းကိုတွေ့တာနဲ့ ချက်ချင်း မျက်မှောင်ကုတ်သွားပြီး

"ဘယ်သူက အပြင်ထွက်လာခိုင်းသေးလို့ ထွက်လာတာလဲ"

အနားရောက်ရောက်ချင်း လေသံမာမာနဲ့ ပြောခံလိုက်ရသည်မို့ ထယ်ယောင်းဝမ်းနည်းမိသည်။

"အခု အန္တရာယ်ကင်းနေပါပြီ၊ ပြီးတော့ မောင့်ကိုစိတ်ပူလို့လေ"

"အန္တရာယ်ကင်းပြီလို့ ဘယ်လိုသိလဲ၊ Omega ဖြစ်ပြီး အဲ့လောက် မရဲတင်းနဲ့"

ဂျောင်ဂုစကားကြောင့် ထယ်‌ယောင်း ငြိမ်ကျသွားပြီး မျက်ရည်လေးများဆို့လာသည်။

"အိမ်ထဲပြန်ဝင်တော့"

"မဝင်နိုင်ဘူး၊ မောင်က ဒီလိုတွေလုပ်နေတဲ့ အချိန်မှာ ထယ်က အိမ်ထဲမှာပဲ ပုန်းနေရမှာလား၊ ဘာလို့လဲ Omega တစ်ယောက်ဖြစ်နေလို့လား"

"အခု စကားမများချင်သေးဘူး၊ အထဲဝင်လို့ ပြောနေတယ်မလား"

ဂျောင်ဂုက ထယ်ယောင်းကိုပင် မကြည့်ဘဲ ပြောနေသည်မို့ ထယ်ယောင်းမှာ ဝမ်းနည်းတာရော စိတ်တိုတာရော။

ထယ်ယောင်းဘာမှ ထပ်မပြောတော့ဘဲ ထိုနေရာမှ ထွက်လာခဲ့သည်။ ဂျောင်ဂုက တစ်ချက်မှ လှည့်မကြည့်ခဲ့ပါ။

"သခင်လေး အဝတ်အစားလဲဖို့ ပြင်ထားပါတယ်"

ဂျယ်ဆော့က အိမ်ရှေ့ကနေ စီးကြို၍ပြောသည်။ သို့သော် ထယ်ယောင်းက ခေါင်းကို ဖြည်းညင်းစွာခါရင်း

"မလဲတော့ပါဘူး၊ ကျွန်တော့်ကို ဓားတစ်လက်လောက် ပေးလို့ရမလား"

ထယ်ယောင်းစကားကြောင့် ဂျယ်ဆော့ ကြောင်တောင်တောင်ဖြစ်သွားကာ မျက်မှောင်ကုတ်မိသည်။ Omega က ဓားနဲ့ ဘာလုပ်မလို့လဲ။

"ဘာလုပ်သလို့လဲ သခင်လေး"

"ဒီတိုင်းလိုချင်လို့"

ဂျယ်ဆော့လည်း ထပ်ပြီး မမေးတော့ဘဲ ထယ်ယောင်းအား အရိုအသေပေးကာ လှည့်ထွက်လာတော့သည်။

ထယ်ယောင်းလည်း ခြုံထားသော ဂျောင်ဂု၏ဝတ်ရုံကို ချွတ်လိုက်ကာ အခန်းထဲသွားထားလိုက်သည်။ အခန်းထဲက ပြန်မထွက်မီ မထင်မှတ်ထားဘဲ အကြည့်တွေက စားပွဲပေါ်က ဓာတ်ပုံဘောင်လေးဆီ ရောက်သွားသည်။

ငယ်‌သေးသော ဂျောင်ဂုလေးနဲ့အတူ ဂျောင်ဂုရဲ့ အဖေနဲ့အမေ။ အဖေက မြောက်ဘက်ရှီယန်းရဲ့ ဘုရင်ကြီးဖြစ်ပြီး အမေက..

ထယ်ယောင်း လန့်သွားကာ လက်ထဲက ဓာတ်ပုံဘောင်လေးကို လွှတ်ချလိုက်မိသည်။ ဓာတ်ပုံဘောင်က ကြမ်းပြင်ပေါ်ရောက်တာနဲ့ ခွမ်းခနဲ။

ထိုအသံကြောင့် မြို့စားယူဂျယ်ဆော့မှာ အခန်းထဲ အသဲအသန်ပြေးဝင်လာပြီး ထယ်ယောင်းနားသို့ ခပ်သွက်သွက်လျှောက်လာသည်။

"သခင်လေး ဘာဖြစ်တာလဲ"

အနားရောက်တာနဲ့ မှန်ကွဲစများနဲ့ ဓာတ်ပုံဘောင်ကြောင့် ဂျယ်ဆော့မှာ အလန့်တကြားဖြစ်သွားပြီး အပြင်က အစေခံများအား ခေါ်ကာ သန့်ရှင်းရေးလုပ်ခိုင်းသည်။

"သခင်လေး ထိခိုက်မိသွားသေးလား"

ဂျယ်‌ဆော့ အသံကြားမှ ထယ်ယောင်းလည်း သတိပြန်ဝင်လာကာ

"မြို့..မြို့စားကြီး၊ ဟို မင်းသားရဲ့ အမေအကြောင်း ဘာတွေသိထားလဲ"

ရုတ်တရက်မေးသော ထယ်ယောင်း၏ မေးခွန်းကြောင့် ဂျယ်ဆော့မှာ မျက်လုံး အပေါ်သို့လှန်ကာ အနည်းငယ်စဉ်းစားနေဟန်။

"ကျွန်တော်တို့ကို မပြောပြဖူးပါဘူး၊ မိဖုရားကြီးရဲ့ အကြောင်းလည်း ဘယ်သူမှ သိပုံမပေါ်ဘူး"

ထိုအချိန်မှာပဲ ဂျောင်ဂုက အခန်းထဲသို့ ဝင်လာသည်။ ဂျောင်ဂုဝင်လာသည်နှင့် ဂျယ်ဆော့နဲ့ အိမ်ဖော်များက အခန်းထဲမှ အလိုက်တသိထွက်ပေးကြသည်။

"မောင့်အသက်က‌လေး၊ မောင်တောင်းပန်ပါတယ် ခုနက သူပုန်တွေကြောင့် လူတွေအများကြီးသေခဲ့လို့ စိတ်ရှုပ်နေခဲ့တာ၊ မောင့်အသက်ကို အော်သလိုဖြစ်သွားတယ်"

ဂျောင်ဂုက ပြောပြောဆိုဆိုနဲ့ ထယ်ယောင်းကိုယ်လုံးလေးအား ရင်ခွင်ထဲ ထည့်ကာ ပွေ့ဖက်ထားသည်။

"တော်သေးတာပေါ့၊ မောင့်အသက်လေး ဘာမှမဖြစ်တာ"

"မောင်"

"အင်း ပြောလေ"

"မောင့်ရဲ့ မိသားစုဓာတ်ပုံကို ခွဲလိုက်မိတယ်"

ထယ်ယောင်းစကားကြောင့် ဂျောင်ဂုက အလန့်တကြားဖြစ်သွားသည်။ အဆူခံရတော့မည်လားဆိုတဲ့ စိတ်နဲ့ ထယ်ယောင်းမှာ ခေါင်းလေးငုံ့ထားသော်လည်း အထင်နဲ့အမြင်နဲ့ လွဲစွာ

"ထိခိုက်မိသွားသေးလား၊ မှန်ကွဲစတွေ ရှသွားသေးလား"

"ဘာ..ဘာမှမဖြစ်ပါဘူး"

အဲ့တော့မှ ဂျောင်ဂု နှုတ်ခမ်းတွန့်ရုံလေး အနည်းငယ်ပြုံးလိုက်သည်။

"အရမ်းလန့်သွားလား၊ ခုနတုန်းက အခြေအနေတွေက မကောင်းသေးတော့ မောင့်အသက်ကို စိတ်ပူသွားတာပါ၊ အော်မိသွားတာ တောင်းပန်ပါတယ်"

"ထယ်ကသာ မောင့်ကို စောင့်နေသင့်တာပါ"

ထယ်ယောင်းက ပြောပြောဆိုဆိုနဲ့ ဂျောင်ဂုရင်ခွင်ထဲကို ပို၍ တိုးဝင်လာတော့သည်။ ဂျောင်ဂုလည်း ရင်ခွင်ထဲက ခေါင်းလုံးလုံးလေးကို တစ်ချက်ငုံ့နမ်းရင်း။

.
.

"တကယ်က မနက်ဖြန်မှာ ဒုံချွန်းရဲ့ Alpha တွေ Beta တွေထဲက သန်မာတဲ့သူတွေကို ရှီယန်းဆီခေါ်သွားဖို့ လုပ်နေတာပါ၊ ဒါပေမဲ့ အခြေအနေတွေက ဒီလိုဖြစ်ကုန်တော့..."

လေသံခပ်တိုးတိုးနဲ့ ညည်းတွားနေသော မင်းသားကို ကြည့်ကာ ဂျယ်ဆော့လည်း ဘာပြန်ပြောရမလဲမသိ။ နောက်မှ လေသံကိုမြှင့်လျက်

"ကျွန်တော် အသင့်ပြင်ပေးထားပါမယ်၊ ဒုံချွန်းကို ပြန်ပြင်ဆင်တာတော့ ကျွန်တော်ပဲ ဦးဆောင်လုပ်လိုက်ပါမယ် မင်းသား"

"အသံတိုးတိုးပြောပါဆို"

ဂျောင်ဂုစကားကြောင့် ဂျယ်ဆော့မှာ အယောင်ယောင်အမှားမှားနဲ့ သူ့ပါးစပ်သူ လက်နဲ့ ပြန်ပိတ်မိသည်။

အကြောင်းက ဂျောင်ဂုပေါင်ပေါ်တွင်ထိုင်ကာ ရင်ဘတ်ပေါ်ခေါင်းမှီပြီး အိပ်နေသော ထယ်ယောင်းကြောင့်ပင်။

မင်းသားနဲ့ Omega ပေါက်၏ ပုံစံလေးကြောင့် ဂျယ်ဆော့လည်း သွားပေါ်သည်အထိ ဝမ်းသာအားရ ပြုံးကာ

"မြောက်ဘက်ရှီယန်းက Omega တွေကို အလေးထားလာတာ မြင်ရ‌တော့ ကျွန်တော် ဝမ်းသာမိပါတယ် မင်းသား"

ဂျယ်ဆော့စကားဆုံးသည်နှင့် ဂျောင်ဂု မသိမသာပြုံးမိသည်။ Omega တွေကို မြောက်ဘက်ရှီယန်းကလူ‌တွေ ဘယ်တော့မှ လက်ခံနိုင်လာမဲ့သူတွေမဟုတ်မှန်း ဂျောင်ဂုအသိဆုံးပင်။

အတွေးတွေကိုဖျောက်လိုက်ကာ ဂျယ်ဆော့ကို စိုက်ကြည့်ရင်း

"ဒုံချွန်းက Alpha Beta Omega တွေအကုန် မနက် ဒီရှေ့မှာ စုပေးထားပါ၊ သူ့အုပ်စုနဲ့သူ သေသေချာချာ စုရပ်ပေးပါ မရောစေနဲ့"

"ဟုတ်ကဲ့ပါ မင်းသား"

ပြီးတာနဲ့ ဂျယ်ဆော့လည်း မင်းသားကို အရိုအသေပေးပြီး အိမ်ထဲမှ ထွက်သွားတော့သည်။ ဂျယ်ဆော့ ထွက်သွားမှ ဂျောင်ဂုမှာ ရင်ခွင်ထဲက ထယ်ယောင်း ကိုယ်လုံးလေးအား အသာပွေ့ချီပြီး အိပ်ရာပေါ်တင်လိုက်သည်။

ခရီးပမ်းလာတာရော၊ သူပုန်တွေကြောင့်ရော ထယ်ယောင်းမှာ အလွန်ပင်ပန်းနေပုံရပြီး တုတ်တုတ်မျှ မလှုပ်အောင်ကို အိပ်နေရှာသည်။

ဂျောင်ဂုလည်း ထယ်ယောင်းနဖူးလေးကို ခပ်ဖွဖွငုံ့နမ်းလိုက်ရင်း ဘေးနားတွင် ဝင်အိပ်လိုက်တော့သည်။

.
.

ဒုံချွန်းတွင် ရှိသော လူတိုင်း ကွင်းအကျယ်ကြီးတွင် လှုပ်လှုပ်ရွရွနဲ့ တန်းစီနေကြသည်။ မင်းသားအလိုကျ Alpha Beta Omega တွေ ရောမသွားစေဘဲ ကိုယ့်အုပ်စုနဲ့ကိုယ် ဖြစ်စေရန် ဂျယ်ဆော့က ဦးဆောင်ကာ လုပ်နေသည်။

Male Omega ဟူ၍ မရှိသလောက်ရှားသည်မို့ Omega အုပ်စုကတော့ မိန်းကလေးတွေချည်းသာ။ ထိုထဲမှာမှ ဆံပင်နဲနဲရှည်နေသော ကောင်လေး တစ်ယောက်အား ထယ်ယောင်း သတိထားမိလိုက်သည်။ သူ့လိုပဲ Male Omega တစ်ယောက်။

"မောင့်အသက်ကလေး"

ဘေးနားက ခေါ်သံကြောင့် ထယ်ယောင်း လှည့်ကြည့်မိသည်။ ဂျောင်ဂုက ထယ်ယောင်းကို ပုခုံးကနေ အသာဖက်ရင်း

"ပျင်းနေပြီလား"

ဂျောင်ဂု အမေးကို ထယ်ယောင်းက ခေါင်းခါပြသည်။

"မောင့်အသက်ကို ပေးစရာရှိတယ်"

ဂျောင်ဂုက ပြောပြောဆိုဆိုနဲ့ အဝတ်အထပ်ထပ်ပတ်ထားသော အဝတ်ထုတ်ခပ်သေးသေး‌လေးကို ဖွင့်လိုက်ရာ အထဲတွင် အပြာရောင်စိန်လည်ဆွဲလေးတစ်ခု။

"ဒီစိန်ပြာက တကယ်ရှားပြီး တန်ဖိုးသိပ်ကြီးတာ၊ ဒါပေမဲ့ မောင့်အသက်နဲ့ ယှဉ်လိုက်ရင်တော့ တန်ဖိုးနည်းသွားတာပေါ့"

ဂျောင်ဂုစကားကြောင့် ထယ်ယောင်းက သွားတန်းလေးတွေပေါ်သည်အထိ ပြုံးရင်း ခေါင်းလေးငုံ့သွားသည်။ ထယ်ယောင်းရှက်နေတဲ့ ပုံလေးကြောင့် ဂျောင်ဂုလည်း လိုက်ပြုံးမိပြီး ထယ်ယောင်း၏ လည်တိုင်လှလှလေးတွင် ထိုဆွဲကြိုးလေး ဆွဲပေးလိုက်သည်။ ထယ်ယောင်းနဲ့ စိန်ပြာကြီးက သိပ်ကို လိုက်ဖက်တင့်တယ်နေသည်။

"မောင် ဒါက ထယ်နဲ့ တန်ရဲ့လားတောင် မသိဘူး"

"ဟေ့ ဘာလို့ ဒီလိုပြောတာလဲ၊ မောင့်အသက်က ကမ္ဘာမှာ တန်ဖိုးအရှိဆုံးရတနာလေးလေ"

ဂျောင်ဂုစကားကြောင့် ထယ်ယောင်းက အစွမ်းကုန်ပြုံးပြရင်း အနားသို့ကပ်ကာ ဂျောင်ဂုရင်ခွင်ထဲ တိုးလာသည်။

"မင်းသား အဆင်သင့်ဖြစ်ပါပြီ"

ဂျယ်ဆော့ စကားကြောင့် ဂျောင်ဂုလည်း ခေါင်းငြိမ့်ပြကာ ထယ်ယောင်းလက်ကို ဆွဲရင်း အရှေ့သို့ထွက်လာသည်။

Alpha များက သူ့ထက်ငါ အပြိုင် ကြွက်သားများကို ထုတ်ကြွားရင်း ဘယ်လောက်သန်ကြောင်း ပြသကြသည်။ ဂျောင်ဂုမှာ မျက်မှောင်ကုတ်ပြီး ထယ်ယောင်းကို အနောက်သို့ ပို့ကာ

"အိမ်ထဲပြန်ဝင်တော့"

"ဘာ..ဘာလို့လဲ"

"မကြည့်စေချင်လို့ပေါ့၊ ပြန်ဝင်နော် လိမ္မာတယ်"

"မရဘူး ကြည့်ချင်တယ်"

"မဆိုးနဲ့လေကွာ၊ မောင့်အသက်ကလဲ"

ထယ်ယောင်းက မျက်နှာကို စူပုတ်ထားကာ လက်လေးပိုက်ရင်း

"မောင်တောင် ကြည့်သေးတာပဲ၊ ထယ်လည်းကြည့်မှာပေါ့"

"မောင်တို့က Alpha အချင်းချင်းလေကွာ၊ မောင့်အသက်ကြည့်ချင်ရင် အခန်းထဲရောက်မှ ပြမယ် ဟုတ်ပြီလား"

လူကြားထဲတွင် ပြောလိုက်သော ဂျောင်ဂုစကားကြောင့် ထယ်ယောင်းမှာပါးလေးရဲခနဲဖြစ်သွားပြီး ဘေးလူတွေက ပြုံးစိစိဖြစ်ကုန်ကြသည်။ ရှက်ဖို့ ကောင်းလိုက်တာ။

ဂျောင်ဂုလည်း ဂျယ်ဆော့ကို မေးဆတ်ပြလိုက်တော့ ဂျယ်ဆော့က ထယ်‌ယောင်းအား ဆွဲခေါ်သွားတော့သည်။ ထယ်ယောင်းမှာလည်း ရှက်နေသည်မို့ မငြင်းတော့ဘဲ ထိုနေရာမှ ထွက်လာခဲ့တော့သည်။

သို့သော်လည်း စပ်စုချင်စိတ်က ထိန်းလို့မရသေးသည်မို့ Omega များရှိရာဘက်သို့ ထွက်လာခဲ့သည်။ Omega အချင်းချင်းမို့ ကိစ္စတော့ သိပ်မရှိပေ။

ဆူညံနေသော Omega အုပ်စုမှာ ထယ်ယောင်းကို မြင်လိုက်တာနဲ့ မီးကိုရေနဲ့ ငြှိမ်းလိုက်သလို ချက်ချင်း ငြိမ်သက်သွားကြကာ အရိုအသေပေးကြသည်။ ထယ်ယောင်းမှာ မနေတတ်မထိုင်တတ်နဲ့ အနားသို့ကပ်လာကာ ခုနကတည်းက သတိထားမိနေသော Omega ကောင်လေးကို လှမ်းကြည့်လိုက်သည်။

"အရှေ့ခဏထွက်ခဲ့ပါလား"

ထယ်ယောင်း၏ စကားကြောင့် ထိုကောင်လေးရှေ့မှ မိန်းကလေးများက လမ်းဖယ်ပေးကြသည်။ အဲ့တော့မှ ကောင်လေးက လှုပ်စိလှုပ်စိနဲ့ ထွက်လာကာ ထယ်ယောင်းရှေ့သို့ လျှောက်လာသည်။ အနားရောက်တာနဲ့ အရိုအသေပေးရန် ပြင်လေတော့ ထယ်ယောင်းက အမြန်လက်ကာပြလိုက်ရသည်။

"အဲ့လို လုပ်စရာမလိုပါဘူး"

ထယ်ယောင်းစကားကြောင့် ကောင်လေးမှာ အရိုအသေ‌မပေးတော့ဘဲ ခေါင်းလေးငုံ့ကာ ရပ်နေသည်။

"နာမည်ဘယ်လိုခေါ်လဲ"

"ချွဲဘောမ်ဂယူပါ သခင်လေး"

‌ထယ်ယောင်းက ပြုံးကာ ခေါင်းတဆတ်ဆတ်ငြိမ့်ပြသည်။

ထိုအချိန်မှာပဲ အနားသို့ရောက်လာသော ဂျောင်ဂု။ အနားရောက်တာနဲ့ ထယ်ယောင်းလက်လေးကို အသာဆွဲကိုင်ရင်း

"မောင့်အသက်က ဒီမှာ ဘာလုပ်နေတာလဲ၊ အိမ်ထဲမှာမတွေ့လို့ စိတ်ပူနေတာ"

"ထွက်မပြေးပါဘူးနော်"

ထယ်ယောင်းစကားကြောင့် ဂျောင်ဂုမှာ အနည်းငယ်ပြုံးရင် နဖူးတစ်ဝိုက်က ဆံပင်လေးများကို သပ်တင်ပေးလိုက်သည်။

"မောင့်ကို ‌မေးစရာရှိလို့"

"မေးလေ"

"ဒီ Omega တွေကို ဘာလုပ်မလို့လဲဟင်၊ မြောက်ဘက်က Omega တွေလက်မခံဘူးမလား"

"အင်း ဒါက ဆောင်ကြာမြိုင်အတွက်လေ"

ဂျောင်ဂုစကားအဆုံး ထယ်ယောင်း မျက်လုံးလေး ဝိုင်းစက်သွားသည်။

"ဆောင်ကြာမြိုင်ဟုတ်လား"

"မောင့်အသက်လည်း သိတာပဲ၊ ဆောင်ကြာမြိုင်မှာ အပျော်မယ်လိုနေတာလေ၊ အခုဆို Alpha အသစ်တွေပါ ခေါ်တော့မှာဆိုတော့ ပိုလိုမှာပဲ"

ဂျောင်ဂုစကားဆုံးသည်နှင့် ထယ်ယောင်းက မျက်မှောင်အလိုလိုကုတ်မိသည်။

"Omega ဖြစ်တာနဲ့ပဲ ယောက်ျားတကာနဲ့ ဆက်ဆံရတော့မှာလား၊ Omega တွေလည်း လူတွေပဲလေ၊ ဒါတွေကို မောင်က အသိဆုံးကို မောင်ကိုယ်တိုင်က..."

"မောင်ရှင်းပြမယ်"

"ဘာကိုရှင်းပြဦးမှာလဲ၊ မောင်ကိုယ်တိုင်က Omega တွေကို အလေးမထားတာ သိသာနေပြီပဲ ၊ ထယ်က မောင့်ကိုယုံခဲ့တာ"

ထိုမျှသာပြောပြီး ဂျောင်ဂုလက်ထဲက ရုန်းထွက်ကာ အထဲသို့ ပြေးဝင်သွားသော ထယ်ယောင်းရယ်။

ဂျောင်ဂုလည်း ပြာပြာသလဲနဲ့ နောက်ကလိုက်ရန်ပြင်စဉ် ‌ဂျယ်ဆော့က တားလိုက်သည်။

"မင်းသား၊ အခုချိန်လိုက်သွားရင် သခင်လေးက ပိုဆိုးရုံပဲရှိမှာပါ ခဏ‌အချိန်ပေးလိုက်ပြီး သွေးအေးသွားမှ စကားပြောသင့်ပါတယ်"

ဂျယ်ဆော့ပြောတာလည်း မှန်နေသည်မို့ ဂျောင်ဂုလည်း အနောက်ကလိုက်ရန် ပြင်နေသော‌ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ပြေးထွက်သွားသော ကျောပြင်လေးကိုသာ စိတ်မဖြောင့်စွာ ငေးကြည့်နေမိသည်။

.
.
.

To Be Continued






(Zawgyi)

ပတ္ဝန္းက်င္က တိတ္ဆိတ္ၿငိမ္သက္ေနေခ်ၿပီ။ ေသနတ္သံေတြလည္းမၾကားရေတာ့သလို၊ ေအာ္ဟစ္သံေတြသည္လည္း နတၳိ။ ထယ္ေယာင္းမွာ အျပင္က အေျခအေန ဘာျဖစ္ေနၿပီလဲဆို‌တာလည္း မသိရ။

ထိုအခ်ိန္မွာပဲ ကြၽီခနဲ ပြင့္လာေသာ တံခါးေပါက္ေလး။

"ေမာင္"

အသံထြက္ကာ ေရ႐ြတ္မိၿပီး ထိုင္ေနရာမွ အျမန္မတ္တတ္ထရပ္လိုက္သည္။ သို႔ေသာ္ ေတြ႕လိုက္ရသည္က ၿမိဳ႕စားယူဂ်ယ္ေဆာ့သာ။

"သခင္ေလး အဆင္ေျပရဲ႕လား"

ဂ်ယ္ေဆာ့က ေျပာေျပာဆိုဆိုနဲ႕ ထယ္ေယာင္းအား အကဲခတ္ၾကည့္ၿပီး ဘာထိခိုက္ဒဏ္ရာမွ မရွိတာ ေသခ်ာမွ သက္ျပင္းခ်မိသည္။

"ေတာ္ေသးတာေပါ့ ဘာမွမျဖစ္လို႔၊ သခင္ေလး အရမ္းလန႔္သြားမွာပဲ"

"မင္းသားေရာဟင္"

"အျပင္မွာရွိပါတယ္"

ဂ်ယ္ေဆာ့ စကားဆုံးသည္ႏွင့္ ထယ္ေယာင္းမွာ ျပာျပာသလဲနဲ႕ အျပင္သို႔ ေျပးထြက္သြားတာကာ ပတ္ဝန္းက်င္ပတ္ပတ္လည္သို႔ လိုက္ရွာမိသည္။

စေရာက္လာတုန္းက စည္းကားသိုက္ၿမိဳက္ေန‌သေလာက္ အခုေတာ့ ဒုံခြၽန္းေျမဟာ စစ္ေျမျပင္ႀကီးပမာ ျဖစ္ေနေလၿပီ။ က်ိဳးပဲ့ပ်က္စီးေနေသာ ပစၥည္းမ်ား၊ အိမ္မ်ား၊ ဆိုင္တန္းေလးမ်ား။ ထိုၾကားထဲတြင္မွ ဒဏ္ရာရေနေသာ သူမ်ားနဲ႕ အသက္မရွိေတာ့တဲ့ လူေသမ်ား။

ထယ္ေယာင္း ေသခ်ာ ၾကည့္မေနနိုင္ဘဲ ေဂ်ာင္ဂုအား လိုက္ရွာေနမိသည္။ မၾကာခင္မွာပဲ ေဂ်ာင္ဂု၏ pheromone နံ႕ကို စတင္ခံစားလာရၿပီမို႔ pheromone ထြက္ေပၚေနေသာ ေနရာသို႔ ခပ္သြက္သြက္ေလးေျပးသြားမိသည္။

ေတြ႕ပါၿပီ။ ဒူးေထာက္ေနေသာ သူပုန္မ်ားကို ေသနတ္နဲ႕ ခ်ိန္ထားေသာ ေျမာက္ဘက္ရွီယန္း၏ Alpha မ်ားၾကားမွ ဂြၽန္ေဂ်ာင္ဂု။

"ေမာင္"

ေခၚသံေၾကာင့္ ေဂ်ာင္ဂုအျမန္လွည့္ၾကည့္လိုက္သည္။ သူ႕ဆီ အေျပးေလး လွမ္းလာေသာ ထယ္ေယာင္းကိုေတြ႕တာနဲ႕ ခ်က္ခ်င္း မ်က္ေမွာင္ကုတ္သြားၿပီး

"ဘယ္သူက အျပင္ထြက္လာခိုင္းေသးလို႔ ထြက္လာတာလဲ"

အနားေရာက္ေရာက္ခ်င္း ေလသံမာမာနဲ႕ ေျပာခံလိုက္ရသည္မို႔ ထယ္ေယာင္းဝမ္းနည္းမိသည္။

"အခု အႏၲရာယ္ကင္းေနပါၿပီ၊ ၿပီးေတာ့ ေမာင့္ကိုစိတ္ပူလို႔ေလ"

"အႏၲရာယ္ကင္းၿပီလို႔ ဘယ္လိုသိလဲ၊ Omega ျဖစ္ၿပီး အဲ့ေလာက္ မရဲတင္းနဲ႕"

ေဂ်ာင္ဂုစကားေၾကာင့္ ထယ္‌ေယာင္း ၿငိမ္က်သြားၿပီး မ်က္ရည္ေလးမ်ားဆို႔လာသည္။

"အိမ္ထဲျပန္ဝင္ေတာ့"

"မဝင္နိုင္ဘူး၊ ေမာင္က ဒီလိုေတြလုပ္ေနတဲ့ အခ်ိန္မွာ ထယ္က အိမ္ထဲမွာပဲ ပုန္းေနရမွာလား၊ ဘာလို႔လဲ Omega တစ္ေယာက္ျဖစ္ေနလို႔လား"

"အခု စကားမမ်ားခ်င္ေသးဘူး၊ အထဲဝင္လို႔ ေျပာေနတယ္မလား"

ေဂ်ာင္ဂုက ထယ္ေယာင္းကိုပင္ မၾကည့္ဘဲ ေျပာေနသည္မို႔ ထယ္ေယာင္းမွာ ဝမ္းနည္းတာေရာ စိတ္တိုတာေရာ။

ထယ္ေယာင္းဘာမွ ထပ္မေျပာေတာ့ဘဲ ထိုေနရာမွ ထြက္လာခဲ့သည္။ ေဂ်ာင္ဂုက တစ္ခ်က္မွ လွည့္မၾကည့္ခဲ့ပါ။

"သခင္ေလး အဝတ္အစားလဲဖို႔ ျပင္ထားပါတယ္"

ဂ်ယ္ေဆာ့က အိမ္ေရွ႕ကေန စီးႀကိဳ၍ေျပာသည္။ သို႔ေသာ္ ထယ္ေယာင္းက ေခါင္းကို ျဖည္းညင္းစြာခါရင္း

"မလဲေတာ့ပါဘူး၊ ကြၽန္ေတာ့္ကို ဓားတစ္လက္ေလာက္ ေပးလို႔ရမလား"

ထယ္ေယာင္းစကားေၾကာင့္ ဂ်ယ္ေဆာ့ ေၾကာင္ေတာင္ေတာင္ျဖစ္သြားကာ မ်က္ေမွာင္ကုတ္မိသည္။ Omega က ဓားနဲ႕ ဘာလုပ္မလို႔လဲ။

"ဘာလုပ္သလို႔လဲ သခင္ေလး"

"ဒီတိုင္းလိုခ်င္လို႔"

ဂ်ယ္ေဆာ့လည္း ထပ္ၿပီး မေမးေတာ့ဘဲ ထယ္ေယာင္းအား အရိုအေသေပးကာ လွည့္ထြက္လာေတာ့သည္။

ထယ္ေယာင္းလည္း ၿခဳံထားေသာ ေဂ်ာင္ဂု၏ဝတ္႐ုံကို ခြၽတ္လိုက္ကာ အခန္းထဲသြားထားလိုက္သည္။ အခန္းထဲက ျပန္မထြက္မီ မထင္မွတ္ထားဘဲ အၾကည့္ေတြက စားပြဲေပၚက ဓာတ္ပုံေဘာင္ေလးဆီ ေရာက္သြားသည္။

ငယ္‌ေသးေသာ ေဂ်ာင္ဂုေလးနဲ႕အတူ ေဂ်ာင္ဂုရဲ႕ အေဖနဲ႕အေမ။ အေဖက ေျမာက္ဘက္ရွီယန္းရဲ႕ ဘုရင္ႀကီးျဖစ္ၿပီး အေမက..

ထယ္ေယာင္း လန႔္သြားကာ လက္ထဲက ဓာတ္ပုံေဘာင္ေလးကို လႊတ္ခ်လိဳက္မိသည္။ ဓာတ္ပုံေဘာင္က ၾကမ္းျပင္ေပၚေရာက္တာနဲ႕ ခြမ္းခနဲ။

ထိုအသံေၾကာင့္ ၿမိဳ႕စားယူဂ်ယ္ေဆာ့မွာ အခန္းထဲ အသဲအသန္ေျပးဝင္လာၿပီး ထယ္ေယာင္းနားသို႔ ခပ္သြက္သြက္ေလွ်ာက္လာသည္။

"သခင္ေလး ဘာျဖစ္တာလဲ"

အနားေရာက္တာနဲ႕ မွန္ကြဲစမ်ားနဲ႕ ဓာတ္ပုံေဘာင္ေၾကာင့္ ဂ်ယ္ေဆာ့မွာ အလန႔္တၾကားျဖစ္သြားၿပီး အျပင္က အေစခံမ်ားအား ေခၚကာ သန႔္ရွင္းေရးလုပ္ခိုင္းသည္။

"သခင္ေလး ထိခိုက္မိသြားေသးလား"

ဂ်ယ္‌ေဆာ့ အသံၾကားမွ ထယ္ေယာင္းလည္း သတိျပန္ဝင္လာကာ

"ၿမိဳ႕..ၿမိဳ႕စားႀကီး၊ ဟို မင္းသားရဲ႕ အေမအေၾကာင္း ဘာေတြသိထားလဲ"

႐ုတ္တရက္ေမးေသာ ထယ္ေယာင္း၏ ေမးခြန္းေၾကာင့္ ဂ်ယ္ေဆာ့မွာ မ်က္လုံး အေပၚသို႔လွန္ကာ အနည္းငယ္စဥ္းစားေနဟန္။

"ကြၽန္ေတာ္တို႔ကို မေျပာျပဖူးပါဘူး၊ မိဖုရားႀကီးရဲ႕ အေၾကာင္းလည္း ဘယ္သူမွ သိပုံမေပၚဘူး"

ထိုအခ်ိန္မွာပဲ ေဂ်ာင္ဂုက အခန္းထဲသို႔ ဝင္လာသည္။ ေဂ်ာင္ဂုဝင္လာသည္ႏွင့္ ဂ်ယ္ေဆာ့နဲ႕ အိမ္ေဖာ္မ်ားက အခန္းထဲမွ အလိုက္တသိထြက္ေပးၾကသည္။

"ေမာင့္အသက္က‌ေလး၊ ေမာင္ေတာင္းပန္ပါတယ္ ခုနက သူပုန္ေတြေၾကာင့္ လူေတြအမ်ားႀကီးေသခဲ့လို႔ စိတ္ရႈပ္ေနခဲ့တာ၊ ေမာင့္အသက္ကို ေအာ္သလိုျဖစ္သြားတယ္"

ေဂ်ာင္ဂုက ေျပာေျပာဆိုဆိုနဲ႕ ထယ္ေယာင္းကိုယ္လုံးေလးအား ရင္ခြင္ထဲ ထည့္ကာ ေပြ႕ဖက္ထားသည္။

"ေတာ္ေသးတာေပါ့၊ ေမာင့္အသက္ေလး ဘာမွမျဖစ္တာ"

"ေမာင္"

"အင္း ေျပာေလ"

"ေမာင့္ရဲ႕ မိသားစုဓာတ္ပုံကို ခြဲလိုက္မိတယ္"

ထယ္ေယာင္းစကားေၾကာင့္ ေဂ်ာင္ဂုက အလန႔္တၾကားျဖစ္သြားသည္။ အဆူခံရေတာ့မည္လားဆိုတဲ့ စိတ္နဲ႕ ထယ္ေယာင္းမွာ ေခါင္းေလးငုံ႕ထားေသာ္လည္း အထင္နဲ႕အျမင္နဲ႕ လြဲစြာ

"ထိခိုက္မိသြားေသးလား၊ မွန္ကြဲစေတြ ရွသြားေသးလား"

"ဘာ..ဘာမွမျဖစ္ပါဘူး"

အဲ့ေတာ့မွ ေဂ်ာင္ဂု ႏႈတ္ခမ္းတြန႔္႐ုံေလး အနည္းငယ္ၿပဳံးလိုက္သည္။

"အရမ္းလန႔္သြားလား၊ ခုနတုန္းက အေျခအေနေတြက မေကာင္းေသးေတာ့ ေမာင့္အသက္ကို စိတ္ပူသြားတာပါ၊ ေအာ္မိသြားတာ ေတာင္းပန္ပါတယ္"

"ထယ္ကသာ ေမာင့္ကို ေစာင့္ေနသင့္တာပါ"

ထယ္ေယာင္းက ေျပာေျပာဆိုဆိုနဲ႕ ေဂ်ာင္ဂုရင္ခြင္ထဲကို ပို၍ တိုးဝင္လာေတာ့သည္။ ေဂ်ာင္ဂုလည္း ရင္ခြင္ထဲက ေခါင္းလုံးလုံးေလးကို တစ္ခ်က္ငုံ႕နမ္းရင္း။

.
.

"တကယ္က မနက္ျဖန္မွာ ဒုံခြၽန္းရဲ႕ Alpha ေတြ Beta ေတြထဲက သန္မာတဲ့သူေတြကို ရွီယန္းဆီေခၚသြားဖို႔ လုပ္ေနတာပါ၊ ဒါေပမဲ့ အေျခအေနေတြက ဒီလိုျဖစ္ကုန္ေတာ့..."

ေလသံခပ္တိုးတိုးနဲ႕ ညည္းတြားေနေသာ မင္းသားကို ၾကည့္ကာ ဂ်ယ္ေဆာ့လည္း ဘာျပန္ေျပာရမလဲမသိ။ ေနာက္မွ ေလသံကိုျမႇင့္လ်က္

"ကြၽန္ေတာ္ အသင့္ျပင္ေပးထားပါမယ္၊ ဒုံခြၽန္းကို ျပန္ျပင္ဆင္တာေတာ့ ကြၽန္ေတာ္ပဲ ဦးေဆာင္လုပ္လိုက္ပါမယ္ မင္းသား"

"အသံတိုးတိုးေျပာပါဆို"

ေဂ်ာင္ဂုစကားေၾကာင့္ ဂ်ယ္ေဆာ့မွာ အေယာင္ေယာင္အမွားမွားနဲ႕ သူ႕ပါးစပ္သူ လက္နဲ႕ ျပန္ပိတ္မိသည္။

အေၾကာင္းက ေဂ်ာင္ဂုေပါင္ေပၚတြင္ထိုင္ကာ ရင္ဘတ္ေပၚေခါင္းမွီၿပီး အိပ္ေနေသာ ထယ္ေယာင္းေၾကာင့္ပင္။

မင္းသားနဲ႕ Omega ေပါက္၏ ပုံစံေလးေၾကာင့္ ဂ်ယ္ေဆာ့လည္း သြားေပၚသည္အထိ ဝမ္းသာအားရ ၿပဳံးကာ

"ေျမာက္ဘက္ရွီယန္းက Omega ေတြကို အေလးထားလာတာ ျမင္ရ‌ေတာ့ ကြၽန္ေတာ္ ဝမ္းသာမိပါတယ္ မင္းသား"

ဂ်ယ္ေဆာ့စကားဆုံးသည္ႏွင့္ ေဂ်ာင္ဂု မသိမသာၿပဳံးမိသည္။ Omega ေတြကို ေျမာက္ဘက္ရွီယန္းကလူ‌ေတြ ဘယ္ေတာ့မွ လက္ခံနိုင္လာမဲ့သူေတြမဟုတ္မွန္း ေဂ်ာင္ဂုအသိဆုံးပင္။

အေတြးေတြကိုေဖ်ာက္လိုက္ကာ ဂ်ယ္ေဆာ့ကို စိုက္ၾကည့္ရင္း

"ဒုံခြၽန္းက Alpha Beta Omega ေတြအကုန္ မနက္ ဒီေရွ႕မွာ စုေပးထားပါ၊ သူ႕အုပ္စုနဲ႕သူ ေသေသခ်ာခ်ာ စုရပ္ေပးပါ မေရာေစနဲ႕"

"ဟုတ္ကဲ့ပါ မင္းသား"

ၿပီးတာနဲ႕ ဂ်ယ္ေဆာ့လည္း မင္းသားကို အရိုအေသေပးၿပီး အိမ္ထဲမွ ထြက္သြားေတာ့သည္။ ဂ်ယ္ေဆာ့ ထြက္သြားမွ ေဂ်ာင္ဂုမွာ ရင္ခြင္ထဲက ထယ္ေယာင္း ကိုယ္လုံးေလးအား အသာေပြ႕ခ်ီၿပီး အိပ္ရာေပၚတင္လိုက္သည္။

ခရီးပမ္းလာတာေရာ၊ သူပုန္ေတြေၾကာင့္ေရာ ထယ္ေယာင္းမွာ အလြန္ပင္ပန္းေနပုံရၿပီး တုတ္တုတ္မွ် မလႈပ္ေအာင္ကို အိပ္ေနရွာသည္။

ေဂ်ာင္ဂုလည္း ထယ္ေယာင္းနဖူးေလးကို ခပ္ဖြဖြငုံ႕နမ္းလိုက္ရင္း ေဘးနားတြင္ ဝင္အိပ္လိုက္ေတာ့သည္။

.
.

ဒုံခြၽန္းတြင္ ရွိေသာ လူတိုင္း ကြင္းအက်ယ္ႀကီးတြင္ လႈပ္လႈပ္႐ြ႐ြနဲ႕ တန္းစီေနၾကသည္။ မင္းသားအလိုက် Alpha Beta Omega ေတြ ေရာမသြားေစဘဲ ကိုယ့္အုပ္စုနဲ႕ကိုယ္ ျဖစ္ေစရန္ ဂ်ယ္ေဆာ့က ဦးေဆာင္ကာ လုပ္ေနသည္။

Male Omega ဟူ၍ မရွိသေလာက္ရွားသည္မို႔ Omega အုပ္စုကေတာ့ မိန္းကေလးေတြခ်ည္းသာ။ ထိုထဲမွာမွ ဆံပင္နဲနဲရွည္ေနေသာ ေကာင္ေလး တစ္ေယာက္အား ထယ္ေယာင္း သတိထားမိလိုက္သည္။ သူ႕လိုပဲ Male Omega တစ္ေယာက္။

"ေမာင့္အသက္ကေလး"

ေဘးနားက ေခၚသံေၾကာင့္ ထယ္ေယာင္း လွည့္ၾကည့္မိသည္။ ေဂ်ာင္ဂုက ထယ္ေယာင္းကို ပုခုံးကေန အသာဖက္ရင္း

"ပ်င္းေနၿပီလား"

ေဂ်ာင္ဂု အေမးကို ထယ္ေယာင္းက ေခါင္းခါျပသည္။

"ေမာင့္အသက္ကို ေပးစရာရွိတယ္"

ေဂ်ာင္ဂုက ေျပာေျပာဆိုဆိုနဲ႕ အဝတ္အထပ္ထပ္ပတ္ထားေသာ အဝတ္ထုတ္ခပ္ေသးေသး‌ေလးကို ဖြင့္လိုက္ရာ အထဲတြင္ အျပာေရာင္စိန္လည္ဆြဲေလးတစ္ခု။

"ဒီစိန္ျပာက တကယ္ရွားၿပီး တန္ဖိုးသိပ္ႀကီးတာ၊ ဒါေပမဲ့ ေမာင့္အသက္နဲ႕ ယွဥ္လိုက္ရင္ေတာ့ တန္ဖိုးနည္းသြားတာေပါ့"

ေဂ်ာင္ဂုစကားေၾကာင့္ ထယ္ေယာင္းက သြားတန္းေလးေတြေပၚသည္အထိ ၿပဳံးရင္း ေခါင္းေလးငုံ႕သြားသည္။ ထယ္ေယာင္းရွက္ေနတဲ့ ပုံေလးေၾကာင့္ ေဂ်ာင္ဂုလည္း လိုက္ၿပဳံးမိၿပီး ထယ္ေယာင္း၏ လည္တိုင္လွလွေလးတြင္ ထိုဆြဲႀကိဳးေလး ဆြဲေပးလိုက္သည္။ ထယ္ေယာင္းနဲ႕ စိန္ျပာႀကီးက သိပ္ကို လိုက္ဖက္တင့္တယ္ေနသည္။

"ေမာင္ ဒါက ထယ္နဲ႕ တန္ရဲ႕လားေတာင္ မသိဘူး"

"ေဟ့ ဘာလို႔ ဒီလိုေျပာတာလဲ၊ ေမာင့္အသက္က ကမာၻမွာ တန္ဖိုးအရွိဆုံးရတနာေလးေလ"

ေဂ်ာင္ဂုစကားေၾကာင့္ ထယ္ေယာင္းက အစြမ္းကုန္ၿပဳံးျပရင္း အနားသို႔ကပ္ကာ ေဂ်ာင္ဂုရင္ခြင္ထဲ တိုးလာသည္။

"မင္းသား အဆင္သင့္ျဖစ္ပါၿပီ"

ဂ်ယ္ေဆာ့ စကားေၾကာင့္ ေဂ်ာင္ဂုလည္း ေခါင္းၿငိမ့္ျပကာ ထယ္ေယာင္းလက္ကို ဆြဲရင္း အေရွ႕သို႔ထြက္လာသည္။

Alpha မ်ားက သူ႕ထက္ငါ အၿပိဳင္ ႂကြက္သားမ်ားကို ထုတ္ႂကြားရင္း ဘယ္ေလာက္သန္ေၾကာင္း ျပသၾကသည္။ ေဂ်ာင္ဂုမွာ မ်က္ေမွာင္ကုတ္ၿပီး ထယ္ေယာင္းကို အေနာက္သို႔ ပို႔ကာ

"အိမ္ထဲျပန္ဝင္ေတာ့"

"ဘာ..ဘာလို႔လဲ"

"မၾကည့္ေစခ်င္လို႔ေပါ့၊ ျပန္ဝင္ေနာ္ လိမၼာတယ္"

"မရဘူး ၾကည့္ခ်င္တယ္"

"မဆိုးနဲ႕ေလကြာ၊ ေမာင့္အသက္ကလဲ"

ထယ္ေယာင္းက မ်က္ႏွာကို စူပုတ္ထားကာ လက္ေလးပိုက္ရင္း

"ေမာင္ေတာင္ ၾကည့္ေသးတာပဲ၊ ထယ္လည္းၾကည့္မွာေပါ့"

"ေမာင္တို႔က Alpha အခ်င္းခ်င္းေလကြာ၊ ေမာင့္အသက္ၾကည့္ခ်င္ရင္ အခန္းထဲေရာက္မွ ျပမယ္ ဟုတ္ၿပီလား"

လူၾကားထဲတြင္ ေျပာလိုက္ေသာ ေဂ်ာင္ဂုစကားေၾကာင့္ ထယ္ေယာင္းမွာပါးေလးရဲခနဲျဖစ္သြားၿပီး ေဘးလူေတြက ၿပဳံးစိစိျဖစ္ကုန္ၾကသည္။ ရွက္ဖို႔ ေကာင္းလိုက္တာ။

ေဂ်ာင္ဂုလည္း ဂ်ယ္ေဆာ့ကို ေမးဆတ္ျပလိုက္ေတာ့ ဂ်ယ္ေဆာ့က ထယ္‌ေယာင္းအား ဆြဲေခၚသြားေတာ့သည္။ ထယ္ေယာင္းမွာလည္း ရွက္ေနသည္မို႔ မျငင္းေတာ့ဘဲ ထိုေနရာမွ ထြက္လာခဲ့ေတာ့သည္။

သို႔ေသာ္လည္း စပ္စုခ်င္စိတ္က ထိန္းလို႔မရေသးသည္မို႔ Omega မ်ားရွိရာဘက္သို႔ ထြက္လာခဲ့သည္။ Omega အခ်င္းခ်င္းမို႔ ကိစၥေတာ့ သိပ္မရွိေပ။

ဆူညံေနေသာ Omega အုပ္စုမွာ ထယ္ေယာင္းကို ျမင္လိုက္တာနဲ႕ မီးကိုေရနဲ႕ ျငႇိမ္းလိုက္သလို ခ်က္ခ်င္း ၿငိမ္သက္သြားၾကကာ အရိုအေသေပးၾကသည္။ ထယ္ေယာင္းမွာ မေနတတ္မထိုင္တတ္နဲ႕ အနားသို႔ကပ္လာကာ ခုနကတည္းက သတိထားမိေနေသာ Omega ေကာင္ေလးကို လွမ္းၾကည့္လိုက္သည္။

"အေရွ႕ခဏထြက္ခဲ့ပါလား"

ထယ္ေယာင္း၏ စကားေၾကာင့္ ထိုေကာင္ေလးေရွ႕မွ မိန္းကေလးမ်ားက လမ္းဖယ္ေပးၾကသည္။ အဲ့ေတာ့မွ ေကာင္ေလးက လႈပ္စိလႈပ္စိနဲ႕ ထြက္လာကာ ထယ္ေယာင္းေရွ႕သို႔ ေလွ်ာက္လာသည္။ အနားေရာက္တာနဲ႕ အရိုအေသေပးရန္ ျပင္ေလေတာ့ ထယ္ေယာင္းက အျမန္လက္ကာျပလိုက္ရသည္။

"အဲ့လို လုပ္စရာမလိုပါဘူး"

ထယ္ေယာင္းစကားေၾကာင့္ ေကာင္ေလးမွာ အရိုအေသ‌မေပးေတာ့ဘဲ ေခါင္းေလးငုံ႕ကာ ရပ္ေနသည္။

"နာမည္ဘယ္လိုေခၚလဲ"

"ခြၽဲေဘာမ္ဂယူပါ သခင္ေလး"

‌ထယ္ေယာင္းက ၿပဳံးကာ ေခါင္းတဆတ္ဆတ္ၿငိမ့္ျပသည္။

ထိုအခ်ိန္မွာပဲ အနားသို႔ေရာက္လာေသာ ေဂ်ာင္ဂု။ အနားေရာက္တာနဲ႕ ထယ္ေယာင္းလက္ေလးကို အသာဆြဲကိုင္ရင္း

"ေမာင့္အသက္က ဒီမွာ ဘာလုပ္ေနတာလဲ၊ အိမ္ထဲမွာမေတြ႕လို႔ စိတ္ပူေနတာ"

"ထြက္မေျပးပါဘူးေနာ္"

ထယ္ေယာင္းစကားေၾကာင့္ ေဂ်ာင္ဂုမွာ အနည္းငယ္ၿပဳံးရင္ နဖူးတစ္ဝိုက္က ဆံပင္ေလးမ်ားကို သပ္တင္ေပးလိုက္သည္။

"ေမာင့္ကို ‌ေမးစရာရွိလို႔"

"ေမးေလ"

"ဒီ Omega ေတြကို ဘာလုပ္မလို႔လဲဟင္၊ ေျမာက္ဘက္က Omega ေတြလက္မခံဘူးမလား"

"အင္း ဒါက ေဆာင္ၾကာၿမိဳင္အတြက္ေလ"

ေဂ်ာင္ဂုစကားအဆုံး ထယ္ေယာင္း မ်က္လုံးေလး ဝိုင္းစက္သြားသည္။

"ေဆာင္ၾကာၿမိဳင္ဟုတ္လား"

"ေမာင့္အသက္လည္း သိတာပဲ၊ ေဆာင္ၾကာၿမိဳင္မွာ အေပ်ာ္မယ္လိုေနတာေလ၊ အခုဆို Alpha အသစ္ေတြပါ ေခၚေတာ့မွာဆိုေတာ့ ပိုလိုမွာပဲ"

ေဂ်ာင္ဂုစကားဆုံးသည္ႏွင့္ ထယ္ေယာင္းက မ်က္ေမွာင္အလိုလိုကုတ္မိသည္။

"Omega ျဖစ္တာနဲ႕ပဲ ေယာက္်ားတကာနဲ႕ ဆက္ဆံရေတာ့မွာလား၊ Omega ေတြလည္း လူေတြပဲေလ၊ ဒါေတြကို ေမာင္က အသိဆုံးကို ေမာင္ကိုယ္တိုင္က..."

"ေမာင္ရွင္းျပမယ္"

"ဘာကိုရွင္းျပဦးမွာလဲ၊ ေမာင္ကိုယ္တိုင္က Omega ေတြကို အေလးမထားတာ သိသာေနၿပီပဲ ၊ ထယ္က ေမာင့္ကိုယုံခဲ့တာ"

ထိုမွ်သာေျပာၿပီး ေဂ်ာင္ဂုလက္ထဲက ႐ုန္းထြက္ကာ အထဲသို႔ ေျပးဝင္သြားေသာ ထယ္ေယာင္းရယ္။

ေဂ်ာင္ဂုလည္း ျပာျပာသလဲနဲ႕ ေနာက္ကလိုက္ရန္ျပင္စဥ္ ‌ဂ်ယ္ေဆာ့က တားလိုက္သည္။

"မင္းသား၊ အခုခ်ိန္လိုက္သြားရင္ သခင္ေလးက ပိုဆိုး႐ုံပဲရွိမွာပါ ခဏ‌အခ်ိန္ေပးလိုက္ၿပီး ေသြးေအးသြားမွ စကားေျပာသင့္ပါတယ္"

ဂ်ယ္ေဆာ့ေျပာတာလည္း မွန္ေနသည္မို႔ ေဂ်ာင္ဂုလည္း အေနာက္ကလိုက္ရန္ ျပင္ေနေသာ‌ ေျခလွမ္းမ်ားကို ရပ္တန့္လိုက္ၿပီး ေျပးထြက္သြားေသာ ေက်ာျပင္ေလးကိုသာ စိတ္မေျဖာင့္စြာ ေငးၾကည့္ေနမိသည္။

.
.
.

To Be Continued

המשך קריאה

You'll Also Like

299K 5.3K 31
"Why are you always protective of me?" I asked him. "Because" he shrugged it off. Who does he think he is. I'm tired of him interfering with my life...
317K 7K 35
"That better not be a sticky fingers poster." "And if it is ." "I think I'm the luckiest bloke at Hartley." Heartbreak High season 1-2 Spider x oc
274K 29.7K 17
Kim Taehyung × Jeon Jungkook
55.6K 1.2K 25
(Y/N) (L/N) is originally from American and she gets the chance of a late enrollment into the prestigious UA. She takes the journey of joy and pain...