Unicode
သူ့ကို ကိုင်ထားတုန်းမှာဘဲ ရှရှီပေ ကိုယ့်မျက်နှာကို ဖြတ်ရိုက်ချင်လာတယ်
ဘယ်လိုတောင် တိုက်ဆိုင်ရတာလဲ!
သူမမှာ လူတွေကို ကယ်နိုင်တဲ့ စတန်းဒါတ် ရှိတယ်😐!
"ငါ တောင်းပန်ပါတယ် မင်းကို အနှောင့်အယှက် ပေးမိပြီ မင်းသွားလို့ရပါပြီ" ချောင်ရန်ကျွယ် မျက်နှာဖျော့တော့စွာ ဆိုလိုက်တယ် သူ့ရဲ့ စံချိန်မှီ ခန့်ညားတဲ့ မျက်နှာ ပေါ်မှာ သနားစရာကောင်းတဲ့ အကြည့်တစ်ခု ချိတ်ဆွဲထားတယ်🥺
ရှရှီပေရဲ့ မျက်နှာ ရိပ်ခနဲ မည်းလာတယ် ဒါပေါ့ သူမ ထွက်သွားချင်တာပေါ့
ဒါပေမယ့် ချောင်ရန်ကျွယ် ဖြစ်ပျက်နေပုံနဲ့ သွေးတွေ ဆက်တိုက်ထွက်နေတာကို ကြည့်ပြီး သူမအတွေးတွေ ရောထွေးလာတယ် နောက်ဆုံးမှာတော့ သူမ ရုပ်တည်သွားပြီး သူ့ကို မြေကြီးပေါ် ထိုင်စေတယ်
ချောင်ရန်ကျွယ် ဘာမှ မလုပ်ရေသးခင်မှာဘဲ သူမ သူ့ရဲ့ ဂျက်ကပ် ကို ချွတ်ပြီး အပေါ်ဝတ်ကို ဆွဲလှန်လိုက်တယ် သူ့ကို မြေပြင်ပေါ် ဖိထားတယ်
ချောင်ရန်ကျွယ် မှာ အားမရှိတော့တာ ဖြစ်နိုင်သလို သူမကို စိတ်ကြိုက် လုပ်ခွင့်ပေးထားတာလည်းဖြစ်နိုင်ပါတယ်
သူ့အဝတ်တွေ ဆွဲဖြဲခံရပြီး သူ့ရဲ့ ပန်းပုထုထားသလိုပုံစံ ဝမ်းဗိုက်ကို ပေါ်လွင်စေတယ် ကျည်ဆန် အမှတ်တွေက တော်တော် ကြောက်စရာကောင်းတယ် သွေးတွေတောင် ထွက်နေသေးတယ်
ဒီလို ဆက်ထားမယ်ဆိုရင် သူ သွေးထွက်လွန်ပြီး သေလိမ့်မယ်
ရှရှီပေ သူ့ ဒဏ်ရာကို ဘာအမူအရာမှ မပြဘဲ လက်နဲ့ ဖိထားလိုက်တယ်
ချောင်ရန်ကျွယ်ကို ဘာက လန့်စေလဲဆိုတော့ ေသွးထွက်တာ ရပ်သွားတယ်!!
"ဓားနဲ့ မီးခြစ်ရှိလား?"
ချောင်ရန်ကျွယ် ခနကြောင်သွားပြီး " ငါ့ အိတ်ကပ်ထဲမှာရှိတယ်"
ရှရှီပေ သူ့ အိတ်ကပ်ထဲကို နှိုက်လိုက်ပြီး စစ်ဓား, မီးခြစ်, နဲ့ဆေးလိပ်ဗူး ကို မြန်မြန် ထုပ်လိုက်တယ်
သူမ ဆေးလိပ်ဗူးကို အမှိုက်ပုံးထဲကို ရွ့ံရှာစွာပစ်လိုက်ပြီး ဓားကို မီးညှိလိုက်တယ်
"ခနလောက် တောင့်ခံထား"
သူမ ဓားကို မီးသတ်ပြီး အေးစက်သော မျက်နှာ နဲ့ ပြောလိုက်တယ် ချောင်ရန်ကျွယ် ဘာမှ မလုပ်ရသေးခင်မှာဘဲ ဓါးက သူ့အနာထဲကို စိမ့်ဝင်သွားတယ်
"အားးးးးးးး"ချောင်ရန်ကျွယ် ချွေးအေးတွေပါ ချက်ချင်း ထွက်လာပြီ သူ သွားတွေကို ကြိတ်ထားတယ် သူ့ခန္ဓာကိုယ်က ရုတ်တရပ် တောင့်တင်းလာတယ်
နာကျင်မှု! ကြီးမားတဲ့ နာကျင်မှု!
မေ့ဆေးမပါဘဲ ဒီလို ကြမ်းတမ်းတဲ့ နေရာကြီးမှာ ချောင်ရန်ကျွယ် သူရူးပြီလို့ ခံစားလိုက်ရတယ် ဒီကောင်မလေးကလဲ ရူးနေတာဘဲ!
သူ့ရဲ့ယောက်ျား မာန ကြောင့်သာ မဟုတ်ရင် သူအော်ပြီးနေလောက်ပြီ
ရှရှီပေ ရဲ့ လှုပ်ရှားမှုတွေက သပ်ရပ်တယ် ကျည်ဆံက မနက်ဘူး ဒါ့ကြောင့် ခနနဲ့ ကျည်ဆံ ထွက်လာတယ်
ထို့နောက် ရှရှီပေ ဒဏ်ရာကို အတိုချုပ် ကုပေးလိုက်တယ် သူမ သူ့ရဲ့ ကုတ်ကို ဓားနဲ့ အမြောင်းမြောင်း လုပ်ပြီး ရိုးရိုးလေးပတ်တီးစည်းပေးလိုက်တယ်
"ဟုတ်ပြီ ရှင်မသေနိုင်တော့ဘူး"
ရှရှီပေ တည်ငြိမ်စွာ မတ်တပ်ရပ်လိုက်ပြီး သူ့မျက်လုံးတွေက ရွံရှာတဲ့ ပုံစံပြနေတယ်
ချောင်ရန်ကျွယ် မျက်နှာက အရောင်မရှိတော့ သူ ဒီကောင်မလေးကိုများ ရန်စဖူးသလား မသိလို့တောင် စဉ်းစားမိသေးတယ် အဲ့တာကြောင့်မဟုတ်ရင် သူမက ဘာလို့ ဒီလို စိတ်ထား ရှိနေရတာလဲ
ဒါပေမယ့် သူ ဒီနေရာကို ဘယ်တော့မှ မရောက်ဖူးဘူး သူမက ဘယ်လိုလုပ် သူ့ကို သိမှာလဲ?
ရှရှီပေ ဓားနဲ့ မီးခြစ်ကို ယူလိုက်ပြီး "ဒါက ကျွန်မ ရှင့်ကို ကယ်ခဲ့တဲ့ အတွက် ဆုလဒ် နောက်ကျ မတွေ့ဘဲ နေကြရအောင်"
သူမ ချောင်ရန်ကျွယ် စကားပြန်ကို မစောင့်ဘဲ ထွက်သွားခဲ့တယ်
ဒါကိုကြည့်ပြီး ချောင်ရန်ကျွယ် စိတ်တွေ ပို ရှုပ်ထွေးလာတယ်
သူ အသိစိတ်ပြန်ဝင်တော့ သူ့ရဲ့ နှုတ်ခမ်းမှာ စိတ်ဝင်စားစရာကောင်းတဲ့ အပြံုးပေါ်လာတယ်
ဒီကောင်မလေးက တော်တော် စိတ်ဝင်စားစရာေကောင်းတာဘဲ
နောက် မတွေ့ဘဲ နေကြရအောင်? မဖြစ်နိုင်တာ!!
မိနစ် အနည်းငယ် ကြာတော့ လမ်းကြားထဲမှာ လှုပ်လှုပ် လှုပ်လှုပ်ဖြစ်လာပြန်တယ် ဒါပေမယ့် ဒီတစ်ခါတော့ ချောင်ရန်ကျွယ်ရဲ့ လူတွေ လာခြင်းဖြစ်တယ်
"သခင်လေး, ကျွန်တော်တို့ကို ခွင့်လွှတ်ပါ ကျွန်တော်တို့ လာတာ အရမ်း နောက်ကျသွားတယ်!"
သက်တော်စောင့် အများအပြားက မြေပြင်ပေါ်မှာလဲနေတဲ့ ချောင်ရန်ကျွယ် ကို ကြည့်ပြီး မျက်နှာများ ဖြူစုတ်လာတယ်
အထူးသဖြင့် သူ့ရဲ့ ဝမ်းဗိုက်ပေါ်က ပတ်တီးကို ကြည့်ပြီး သူတို့ နှလုံးခုန်သံတွေ ရပ်တော့ မလိုတောင် ခံစားလိုက်ရတယ်
ချောင်ရန်ကျွယ် စကားမပြောဘဲနဲ့ သူတို့ကို မြေပြင်ပေါ်ကနေ ကူထခိုင်းလိုက်တယ်
သူ ကားပေါ်ရောက်တဲ့ အခါမှာ နောက်ဆုံး ပါးစပ်ဟလာပြီး "အကုန်လုံးရှာလာခဲ့ "
သူ့ အသံက ပုံမှန် ဖြစ်နေတာတောင်မှ အကုန်လုံး ရှိသမျှ အမွှေးတွေ ထောင်လာတဲ့ အထိ ကြောက်သွားကြတယ်
"ဟုတ်!"
တစ်ဖက်မှာတော့ ရှရှီပေဟာ ချောင်ရန်ကျွယ် ကို ဆေးကုပေးတဲ့ ကိစ္စကို မတော်တဆ တစ်ခုလို့ သဘာထားပြီး သူမလက်က သွေးတွေကို ဆေးကြောပြီး သူမ အလု်လုပ်တဲ့ စားသာက်ဆိုင်လေးကို လမ်းလျှောက်ပြီး ပြန်လာခဲ့တယ်
ကံကောင်းစွာနဲ့ဘဲ သူမ ဒီနေ့ အနက်ရောင် ဝတ်လာတာကြောင့် အဝတ်ပေါ်က သွေးစက်တွေက လူတွေကို မခြောက်တော့ဘူးပေါ့
စားသောက်ဆိုင်လေးထဲမှာ ရုတ်ချည်း အော်သံထွက်ပေါ်လာတယ် "မင်း ဘယ်သွားတာလဲ? မင်းသွားပို့တဲ့ စားစရာတွေက ဘယ်မှာလဲ⁈ ကာစတမ်မာ က မကျေမနပ် ဖုန်းခေါ်လာပြီ"
ရိုးသားသလိုရှိတဲ့ မျက်နှာလေးကို မျက်နှာချင်းဆိုင်လိုက်ပြီး ရှရှီပေ နှုတ်ခမ်စွန်းက တွန့်ကွေးသွားတယ်"ကျွန်မ အလုပ်ထွက်တော့မယ်"
Zawgyi
သူ႕ကို ကိုင္ထားတုန္းမွာဘဲ ႐ွ႐ွီေပ ကိုယ့္မ်က္ႏွာကို ျဖတ္႐ိုက္ခ်င္လာတယ္
ဘယ္လိုေတာင္ တိုက္ဆိုင္ရတာလဲ!
သူမမွာ လူေတြကို ကယ္ႏိုင္တဲ့ စတန္းဒါတ္ ႐ွိတယ္😐!
"ငါ ေတာင္းပန္ပါတယ္ မင္းကို အေႏွာင့္အယွက္ ေပးမိၿပီ မင္းသြားလို႔ရပါၿပီ" ေခ်ာင္ရန္ကြၽယ္ မ်က္ႏွာေဖ်ာ့ေတာ့စြာ ဆိုလိုက္တယ္ သူ႕ရဲ႕ စံခ်ိန္မွီ ခန္႔ညားတဲ့ မ်က္ႏွာ ေပၚမွာ သနားစရာေကာင္းတဲ့ အၾကည့္တစ္ခု ခ်ိတ္ဆြဲထားတယ္🥺
႐ွ႐ွီေပရဲ႕ မ်က္ႏွာ ရိပ္ခနဲ မည္းလာတယ္ ဒါေပါ့ သူမ ထြက္သြားခ်င္တာေပါ့
ဒါေပမယ့္ ေခ်ာင္ရန္ကြၽယ္ ျဖစ္ပ်က္ေနပုံနဲ႔ ေသြးေတြ ဆက္တိုက္ထြက္ေနတာကို ၾကည့္ၿပီး သူမအေတြးေတြ ေရာေထြးလာတယ္ ေနာက္ဆုံးမွာေတာ့ သူမ ႐ုပ္တည္သြားၿပီး သူ႕ကို ေျမႀကီးေပၚ ထိုင္ေစတယ္
ေခ်ာင္ရန္ကြၽယ္ ဘာမွ မလုပ္ရေသးခင္မွာဘဲ သူမ သူ႕ရဲ႕ ဂ်က္ကပ္ ကို ခြၽတ္ၿပီး အေပၚဝတ္ကို ဆြဲလွန္လိုက္တယ္ သူ႕ကို ေျမျပင္ေပၚ ဖိထားတယ္
ေခ်ာင္ရန္ကြၽယ္ မွာ အားမ႐ွိေတာ့တာ ျဖစ္ႏိုင္သလို သူမကို စိတ္ႀကိဳက္ လုပ္ခြင့္ေပးထားတာလည္းျဖစ္ႏိုင္ပါတယ္
သူ႕အဝတ္ေတြ ဆြဲၿဖဲခံရၿပီး သူ႕ရဲ႕ ပန္းပုထုထားသလိုပုံစံ ဝမ္းဗိုက္ကို ေပၚလြင္ေစတယ္ က်ည္ဆန္ အမွတ္ေတြက ေတာ္ေတာ္ ေၾကာက္စရာေကာင္းတယ္ ေသြးေတြေတာင္ ထြက္ေနေသးတယ္
ဒီလို ဆက္ထားမယ္ဆိုရင္ သူ ေသြးထြက္လြန္ၿပီး ေသလိမ့္မယ္
႐ွ႐ွီေပ သူ႕ ဒဏ္ရာကို ဘာအမူအရာမွ မျပဘဲ လက္နဲ႔ ဖိထားလိုက္တယ္
ေခ်ာင္ရန္ကြၽယ္ကို ဘာက လန္႔ေစလဲဆိုေတာ့ ေသြးထြက္တာ ရပ္သြားတယ္!!
"ဓားနဲ႔ မီးျခစ္႐ွိလား?"
ေခ်ာင္ရန္ကြၽယ္ ခနေၾကာင္သြားၿပီး " ငါ့ အိတ္ကပ္ထဲမွာ႐ွိတယ္"
႐ွ႐ွီေပ သူ႕ အိတ္ကပ္ထဲကို ႏိႈက္လိုက္ၿပီး စစ္ဓား, မီးျခစ္, နဲ႔ေဆးလိပ္ဗူး ကို ျမန္ျမန္ ထုပ္လိုက္တယ္
သူမ ေဆးလိပ္ဗူးကို အမိႈက္ပုံးထဲကို ႐ြ႕ံ႐ွာစြာပစ္လိုက္ၿပီး ဓားကို မီးညႇိလိုက္တယ္
"ခနေလာက္ ေတာင့္ခံထား"
သူမ ဓားကို မီးသတ္ၿပီး ေအးစက္ေသာ မ်က္ႏွာ နဲ႔ ေျပာလိုက္တယ္ ေခ်ာင္ရန္ကြၽယ္ ဘာမွ မလုပ္ရေသးခင္မွာဘဲ ဓါးက သူ႕အနာထဲကို စိမ့္ဝင္သြားတယ္
"အားးးးးးးး"ေခ်ာင္ရန္ကြၽယ္ ေခြၽးေအးေတြပါ ခ်က္ခ်င္း ထြက္လာၿပီ သူ သြားေတြကို ႀကိတ္ထားတယ္ သူ႕ခႏၶာကိုယ္က ႐ုတ္တရပ္ ေတာင့္တင္းလာတယ္
နာက်င္မႈ! ႀကီးမားတဲ့ နာက်င္မႈ!
ေမ့ေဆးမပါဘဲ ဒီလို ၾကမ္းတမ္းတဲ့ ေနရာႀကီးမွာ ေခ်ာင္ရန္ကြၽယ္ သူ႐ူးၿပီလို႔ ခံစားလိုက္ရတယ္ ဒီေကာင္မေလးကလဲ ႐ူးေနတာဘဲ!
သူ႕ရဲ႕ေယာက်္ား မာန ေၾကာင့္သာ မဟုတ္ရင္ သူေအာ္ၿပီးေနေလာက္ၿပီ
႐ွ႐ွီေပ ရဲ႕ လႈပ္႐ွားမႈေတြက သပ္ရပ္တယ္ က်ည္ဆံက မနက္ဘူး ဒါ့ေၾကာင့္ ခနနဲ႔ က်ည္ဆံ ထြက္လာတယ္
ထို႔ေနာက္ ႐ွ႐ွီေပ ဒဏ္ရာကို အတိုခ်ဳပ္ ကုေပးလိုက္တယ္ သူမ သူ႕ရဲ႕ ကုတ္ကို ဓားနဲ႔ အေျမာင္းေျမာင္း လုပ္ၿပီး ႐ိုး႐ိုးေလးပတ္တီးစည္းေပးလိုက္တယ္
"ဟုတ္ၿပီ ႐ွင္မေသႏိုင္ေတာ့ဘူး"
႐ွ႐ွီေပ တည္ၿငိမ္စြာ မတ္တပ္ရပ္လိုက္ၿပီး သူ႕မ်က္လုံးေတြက ႐ြံ႐ွာတဲ့ ပုံစံျပေနတယ္
ေခ်ာင္ရန္ကြၽယ္ မ်က္ႏွာက အေရာင္မ႐ွိေတာ့ သူ ဒီေကာင္မေလးကိုမ်ား ရန္စဖူးသလား မသိလို႔ေတာင္ စဥ္းစားမိေသးတယ္ အဲ့တာေၾကာင့္မဟုတ္ရင္ သူမက ဘာလို႔ ဒီလို စိတ္ထား ႐ွိေနရတာလဲ
ဒါေပမယ့္ သူ ဒီေနရာကို ဘယ္ေတာ့မွ မေရာက္ဖူးဘူး သူမက ဘယ္လိုလုပ္ သူ႕ကို သိမွာလဲ?
႐ွ႐ွီေပ ဓားနဲ႔ မီးျခစ္ကို ယူလိုက္ၿပီး "ဒါက ကြၽန္မ ႐ွင့္ကို ကယ္ခဲ့တဲ့ အတြက္ ဆုလဒ္ ေနာက္က် မေတြ႕ဘဲ ေနၾကရေအာင္"
သူမ ေခ်ာင္ရန္ကြၽယ္ စကားျပန္ကို မေစာင့္ဘဲ ထြက္သြားခဲ့တယ္
ဒါကိုၾကည့္ၿပီး ေခ်ာင္ရန္ကြၽယ္ စိတ္ေတြ ပို ႐ႈပ္ေထြးလာတယ္
သူ အသိစိတ္ျပန္ဝင္ေတာ့ သူ႕ရဲ႕ ႏႈတ္ခမ္းမွာ စိတ္ဝင္စားစရာေကာင္းတဲ့ အျပံဳးေပၚလာတယ္
ဒီေကာင္မေလးက ေတာ္ေတာ္ စိတ္ဝင္စားစရာေေကာင္းတာဘဲ
ေနာက္ မေတြ႕ဘဲ ေနၾကရေအာင္? မျဖစ္ႏိုင္တာ!!
မိနစ္ အနည္းငယ္ ၾကာေတာ့ လမ္းၾကားထဲမွာ လႈပ္လႈပ္ လႈပ္လႈပ္ျဖစ္လာျပန္တယ္ ဒါေပမယ့္ ဒီတစ္ခါေတာ့ ေခ်ာင္ရန္ကြၽယ္ရဲ႕ လူေတြ လာျခင္းျဖစ္တယ္
"သခင္ေလး, ကြၽန္ေတာ္တို႔ကို ခြင့္လႊတ္ပါ ကြၽန္ေတာ္တို႔ လာတာ အရမ္း ေနာက္က်သြားတယ္!"
သက္ေတာ္ေစာင့္ အမ်ားအျပားက ေျမျပင္ေပၚမွာလဲေနတဲ့ ေခ်ာင္ရန္ကြၽယ္ ကို ၾကည့္ၿပီး မ်က္ႏွာမ်ား ျဖဴစုတ္လာတယ္
အထူးသျဖင့္ သူ႕ရဲ႕ ဝမ္းဗိုက္ေပၚက ပတ္တီးကို ၾကည့္ၿပီး သူတို႔ ႏွလုံးခုန္သံေတြ ရပ္ေတာ့ မလိုေတာင္ ခံစားလိုက္ရတယ္
ေခ်ာင္ရန္ကြၽယ္ စကားမေျပာဘဲနဲ႔ သူတို႔ကို ေျမျပင္ေပၚကေန ကူထခိုင္းလိုက္တယ္
သူ ကားေပၚေရာက္တဲ့ အခါမွာ ေနာက္ဆုံး ပါးစပ္ဟလာၿပီး "အကုန္လုံး႐ွာလာခဲ့ "
သူ႕ အသံက ပုံမွန္ ျဖစ္ေနတာေတာင္မွ အကုန္လုံး ႐ွိသမွ် အေမႊးေတြ ေထာင္လာတဲ့ အထိ ေၾကာက္သြားၾကတယ္
"ဟုတ္!"
တစ္ဖက္မွာေတာ့ ႐ွ႐ွီေပဟာ ေခ်ာင္ရန္ကြၽယ္ ကို ေဆးကုေပးတဲ့ ကိစၥကို မေတာ္တဆ တစ္ခုလို႔ သဘာထားၿပီး သူမလက္က ေသြးေတြကို ေဆးေၾကာၿပီး သူမ အလု္လုပ္တဲ့ စားသာက္ဆိုင္ေလးကို လမ္းေလွ်ာက္ၿပီး ျပန္လာခဲ့တယ္
ကံေကာင္းစြာနဲ႔ဘဲ သူမ ဒီေန႔ အနက္ေရာင္ ဝတ္လာတာေၾကာင့္ အဝတ္ေပၚက ေသြးစက္ေတြက လူေတြကို မေျခာက္ေတာ့ဘူးေပါ့
စားေသာက္ဆိုင္ေလးထဲမွာ ႐ုတ္ခ်ည္း ေအာ္သံထြက္ေပၚလာတယ္ "မင္း ဘယ္သြားတာလဲ? မင္းသြားပို႔တဲ့ စားစရာေတြက ဘယ္မွာလဲ⁈ ကာစတမ္မာ က မေက်မနပ္ ဖုန္းေခၚလာၿပီ"
႐ိုးသားသလို႐ွိတဲ့ မ်က္ႏွာေလးကို မ်က္ႏွာခ်င္းဆိုင္လိုက္ၿပီး ႐ွ႐ွီေပ ႏႈတ္ခမ္စြန္းက တြန္႔ေကြးသြားတယ္"ကြၽန္မ အလုပ္ထြက္ေတာ့မယ္"