Chapter 41

676 71 14
                                    

Unicode & Zawgyi

(Unicode)

စာမျက်နှာ ( ၄၂)

ကျွန်တော် တစ်ညလုံး အိပ်မရခဲ့ဘူး။

အသံ ချိုးချိုးချွပ်ချွပ် ကြားတာနဲ့ကို မျက်လုံးက ပွင့်လာရော။

မနက် ဝေလီဝေလင်းမှ အိပ်ပျော်သွားတာ။
ကျွန်တော် နိုးလာတော့ မနက် ၇ နာရီ ရှိနေပြီ။

မနက်ရောက်တော့ ကျွန်တော့်မျက်လုံး ပန်ဒါပုံစံ ဖြစ်နေပြီ။

ကျွန်တော် အောက်ဆင်းလာတော့ ကိုအဂ္ဂမင်းမရှိတော့ဘူး။ သွားနှင့်ပြီ။
ဒီလောက် အစောကြီး....။

မဟုတ်သေးပါဘူး။ အလုပ်ပိတ်ရက်ကြီးလေ။ ဘယ်ကို သွားတာပါလိမ့်။

သူ ဘယ်သွားသွား ပါလေ။ ကျွန်တော်
အာရုံမထားတော့ဘူး။ ကျွန်တော် လည်း ပြင်ဆင်ပြီး ကျွန်တော့်ညီမလေး ဆီ
သွားရမယ်။

ကျွန်တော့်စမ်းရေလေးကို လွမ်းလှပေါ့။

ကျွန်တော် ခပ်မြန်မြန် ပဲ ပြင်ဆင်ပြီး ဆေးရုံကို ထွက်လာခဲ့လိုက်တယ်။

ကျွန်တော့်စိတ်တွေ အရမ်းပျော်ရွှင်နေခဲ့တယ်။
ညီမလေးအကြောင်း တွေးရုံနဲ့တင် ကျွန်တော့်စိတ်က ငြိမ်းချမ်းမှုကို ခံစားလိုက်ရတာ။

ဒါကို မောင်နှမ ရှိသူတိုင်း ခံစားနိုင်မယ် ထင်ပါရဲ့။ ကိုယ့်ထက် အငယ်အထွေးလေးတွေရဲ့ တီတီတာတာ ချွဲ့နွဲ့သံလေးတွေက ကျွန်တော်တို့စိတ်ကို ပျော်ရွှင်စေတယ်လေ။

ကျွန်တော် ဆေးရုံရောက်တော့ မနက် ၉နာရီ။

နာရီဝက်လောက်တော့ ကြာတယ်။  ကျွန်တော် အိမ်က ထွက်လာတုန်းက ၈ နာရီခွဲ....။

ကျွန်တော် အန်တီထွေးကို နှုတ်ဆက်လိုက်တယ်။

ကိုကို.....ကိုကို...ဆိုပြီးခေါ်တဲ့ ကျွန်တော့်ညီမလေးဆီက အဲ့အသံလေးက ကျွန်တော့်ရင်ကို အေးမြတဲ့ စိမ့်စမ်းရေလေး ဖြတ်စီးဆင်းသွားသလိုပဲ.....ရင်ထဲကို အေးသွားတာပဲ....။

ကျွန်တော် ညီမလေး ခေါင်းကို ခပ်ဖွဖွ လေး ကိုင်လိုက်ပြီး.....ကိုကို့ကို သတိရနေတာလား....လို့ မေးလိုက်တယ်။

ပုံပြင် မဟုတ်တဲ့ ဒိုင်ယာရီ Where stories live. Discover now