Unicode & Zawgyi
(Unicode)
စာမျက်နှာ (၅၀)
ကျွန်တော် ဒီရက်ပိုင်းမှာ
ကျွန်တော့်ပုံပြင်လေးနဲ့ အတော်လေး အဆက်ပြတ်သွားသလိုပဲ။အဆက်ပြတ်ဆို ကျွန်တော့်စိတ်အစဥ်က သမုဒ္ဒရာ ရေလိုပဲ အတက်အကျတည်ငြိမ်
မနေခဲ့ဘူး။ဒီတော့ ကျွန်တော့်ပုံပြင်လေး ဆက်လက်
ဖြစ်တည်ဖို့ရာ မစွမ်းသာခဲ့ဘူးဗျာ။ကျွန်တော့်ခံစားချက်တွေ ရောထွေးနေမှုနဲ့အတူ ကျွန်တော့်ရှေ့မှာ ရောက်နှင့်နေပြီးသား
အလင်းရောင် အချို့ကလည်း ကွယ်ပျောက်သွားခဲ့တယ်။ကျွန်တော်....
ကျွန်တော် လူတွေအပေါ်မှာ စိတ်ကုန်သွားတယ်ပဲ ပြောရမလား။
တော်တော်လေးတော့ စိတ်ပျက်သွားခဲ့တယ်။
ဘယ်သူ့ကိုမှ မယုံကြည်နိုင်တော့သလို
ဘယ်သူ့ကိုမှလည်း ကျွန်တော် ချစ်တော့မှာ မဟုတ်ဘူး။အင်း....။
အရင်ပြီးဆုံးခဲ့တဲ့ အကြောင်းအရာကနေ
ပြန်စရမယ် ဆိုရင်....ကိုခန့်....သူ့အကြောင်း ရှင်းလင်းလောက်ရောပေါ့။သူ့စိတ်က ကျွန်တော့်အပေါ် မမှန်ကန်ခဲ့ပေမဲ့လည်း ကျွန်တော် စိတ်မဆိုးပါဘူး။
သူမှ ကျွန်တော့်ကို အပေါင်းအသင်းအဖြစ်
မသတ်မှတ်ချင်တာ။ဒါကို ကျွန်တော် က ဟင့်အင်း မရဘူး....
မင်းငါ့ကို သူငယ်ချင်းအဖြစ် သတ်ကိုသတ်မှတ်ရမယ်လို့ သွားလုပ်လို့မရဘူးလေ။သူ့စိတ်နဲ့သူ့ကိုယ် သူ့လုပ်ပိုင်ခွင့်ပဲ။
လူ့အကြောင်း ပေါင်းကြည့်မှ သိဆိုသလို ကျွန်တော် သူ့အကြောင်း သိသွားမှတော့
မပေါင်းအပ်ဘူးလို့ ထင်တဲ့လူကို
ခပ်ဝေးဝေးက ရှောင်ရုံပေါ့။တစ်ချို့တလေကတော့ ခပ်ဝေးဝေးက
ရှောင်မရဘူးရယ်။အဲ့နေ့ညက သူ(အဂ္ဂမင်း) ကျွန်တော့်ကို
ပြောပြလို ပြောပြငြား စကားလမ်းကြောင်း အစပြုကြည့်ပေမဲ့ မဟခဲ့ပါဘူးဗျာ။
YOU ARE READING
ပုံပြင် မဟုတ်တဲ့ ဒိုင်ယာရီ
Romanceပုံပြင်လေး တစ်ပုဒ်ကား အစပြုခဲ့ပါ၏။ အေးစက်တဲ့ မှုန်ပြပြ အလင်းရောင်အောက်က ရောင်ခြည်ထွေးထွေးလေးနဲ့ ကမ်းလင့်လာသည့် လက်ငယ်တစ်စုံ။ ဖမ်းဆုပ်ဖို့ရာ မဝံ့ရဲပါဘဲ နှလုံးသားက နာကျင်မှုကိုသာ ရဲရဲဆုပ်ကိုင်လို့ အတိတ်ခြေရာကိုသာ လက်မလွှတ်နိုင် ဖြစ်တည်ခဲ့ရ၏။ လှပတဲ့...