Chapter 23

935 80 13
                                    

Unicode & Zawgyi

(Unicode)

စာမျက်နှာ (၂၄)

ကျွန်တော် အစ်မငယ်သွေး ကို မေးလိုက်တယ်။
ကိုအဂ္ဂမင်း ရှိနေမယ့်နေရာကိုပေါ့။

အစ်မ ငယ်သွေးက ငယ်နဲ့ လိုက်ခဲ့လေ။
ခေါ်သွားပေးမယ်။ ရည် မသွားတတ်မှာ စိုးလို့ ဆိုပြီး အပြုံးလေးနဲ့ ပြောလာတယ်။

ကျွန်တော် လည်း ခေါင်းညိမ့်လိုက်ပြီး...အစ်မ ငယ်သွေး နောက်က လိုက်သွားတယ်။

အစ်မ ငယ်သွေး ခေါ်သွားပေး တာက အိမ်ရဲ့ နောက်ဖက်ခြမ်း။

လှတယ်။ တအားလှတယ်။ အပြင်အဆင်၊  တည်ဆောက်ပုံ၊ ရှေ့မျက်နှာနဲ့ ဒီအိမ်နောက်ဖက်အပြင်အဆင်နဲ့က လားလားမှ မဆိုင်ဘူး။

လူတစ်ယောက်စာ လျှောက်လှမ်း ကျဥ်းကျဥ်းလေးရဲ့ ဘေးတစ်ဖက် တစ်ချက်စီမှာ ပန်းခင်းလေးတွေ အစီအရီနဲ့ အလှမီးသေးသေးလေးတွေလည်း တပ်ထားတယ်။
မမှောင်သေးဘူးဆိုတော့ မီးတော့ ထွန်းမထားဘူး။ ဒါပေမဲ့ ကျွန်တော် ကျိန်းသေ ပြောနိုင်တယ်။ မှောင်လို့ မီးဖွင့်တဲ့ အချိန်ဆိုရင်
တအား လှမှာ။

လျှောက်လှမ်းသေးသေးလေးကနေ ဆက်လျှောက်လာတော့ မြက်ခင်းစိမ်းစိမ်းလေး။
အဲ့ မြက်ခင်းပေါ်မှာ ပွဲလုပ်ဖို့ စားပွဲဝိုင်းတွေ ပြင်ထားတယ်။ အများကြီးတော့ မဟုတ်ပါဘူး။
သုံး လေး ဝိုင်း လောက်ရယ်။

ကျွန်တော် တွေ့ပါပြီ။ ကိုအဂ္ဂမင်း တို့က အဆောင်ငယ်လေးထဲမှာ။  သူတို့နေတဲ့ အဆောင်လေးက ဘေးမှာ ရေတွေ ဝန်းရံထားတယ်။
ရေကန်ငယ်လေး သဘောမျိုးပေါ့။

အဆောင်ငယ်လေးက ကျွန်းပုံစံလေးလေ။

အဲ့အဆောင်ငယ်လေးဆီ သွားဖို့ တံတားလေး ရှိတယ်။ ကျွန်တော် အဲ့တံတားလေးပေါ်
ဖြတ်လျှောက် တော့ ရေထဲကို ငုံ့ကြည့်မိတယ်။

ရေထဲမှာ ရွှေဝါရောင် ငါးလေးတွေက ကူးခတ်နေကြတယ်။ နီမို ငါးလေးတွေတောင် ပါသေး။

နီမို ဆိုတာ ကျွန်တော် ခေါ်တာနော်။
သူတို့ရဲ့ တကယ့်နာမည်က ဘာလဲ မသိဘူး။ ကျွန်တော် ငယ်ငယ်က ကြည့်ဖူးတဲ့ နီမို ငါး ကာတွန်းကားထဲကလို ပုံစံမျိုးလေးတွေလေ လိမ္မော်ဝါရောင် ထဲမှာ အဖြူနဲ့အမဲ ရစ်လေးတွေပါတယ်လေ။ ကျွန်တော် မှတ်မိသလောက် ပြန်ဖော်ပြတာ။
အတိအကျတော့ မမှတ်မိတော့ဘူး။

ပုံပြင် မဟုတ်တဲ့ ဒိုင်ယာရီ Where stories live. Discover now