Unicode & Zawgyi
(Unicode)
စာမျက်နှာ (၅၄)
ကျွန်တော် ခုတင် ဘေးက ကြမ်းပြင်ပေါ်မှာသာ အကြာကြီး တွေဝေ စွာ ထိုင်နေမိတယ်။
ထောင်ထားတဲ့ ဒူးနှစ်ဖက်ပေါ် မေးတင်ပြီး တံခါးကို ငေးကြည့်ရင်း ပွင့်လာနိုးနိုး
စောင့်နေခဲ့တာ။တစ်နာရီ...နှစ်နာရီ...အချိန်တွေသာ ကုန်သွားတယ်။
အပြင်မှာ ကောင်းကင်က နေမင်းက အားမာန် အပြည့်နဲ့ လူတိုင်းရဲ့ ဦးခေါင်းထက် အတည်ပြု နေရာတောင် ယူပြီးနေပြီ။
အချိန်အတော်ကြာ ကုန်ဆုံးပြီး နောက်မှာတော့ တံခါး ဖွင့်ဟ သံ ကြားလိုက်တယ် ။
ဝင်လာသူက ကျွန်တော် မျက်နှာချင်း မဆိုင်ချင်တဲ့လူ။
သူ့လက်ထဲမှာ လင်ဗန်းတစ်ချပ် ကိုင်ထားတယ်။
လင်ဗန်းကို ခုတင်ဘေးက စားပွဲပေါ် အသာအယာ ချပြီး ကျွန်တော့်ဆီကို သူ လျှောက်လာခဲ့တယ်။
ကျွန်တော် သူ့ကို မြင်တာနဲ့ ရွံကြောက်တယ်။
ကျွန်တော့်မျက်နှာကို ထိလုထိခတ် ပြုမူလာတဲ့ သူ့လက်ကို ကျွန်တော် ရှောင်လိုက်တယ်။
ဘာကြောင့် အခုလို လုပ်ရတာလဲဆိုတဲ့ အကြောင်းပြချက်ကို ကျွန်တော် သူ့ကို မမေးချင်ဘူး။
မေးလည်း အဓိပ္ပါယ် မရှိတဲ့ အကြောင်းပြချက်တွေ လာမှာ။
ရူးနှမ်းနှမ်းတွေ ကျွန်တော် မကြားချင်ဘူး။
အခန်းက တိတ်ဆိတ်နေလို့ ကျွန်တော်
ပြန်လှည့်လိုက်တော့ သူ ပြန်ထွက်သွားခဲ့ပြီ။သူ ကျွန်တော့်ကို သော့ပိတ်ထားဖို့
မလိုပါဘူး ။ကျွန်တော် ထွက်မပြေးပါဘူး။ သူ့ပိုက်ဆံ တွေ ကျွန်တော် ယူမပြေးပါဘူး။
ကျွန်တော် ဒီလောက် တာဝန်မမဲ့ပါဘူး။ကျွန်တော် သူထားခဲ့တဲ့ လင်ဗန်းကို ကြည့်လိုက်တော့ အထဲမှာ ထမင်းနဲ့ ဟင်းတွေ။
ကျွန်တော် ယူစားလိုက်တယ်။
အစာအငတ်ခံပြီး ဆန္ဒပြတယ် ဆိုတာ ကိုယ့်ရှုံးပွဲအတွက် ပြင်ဆင်ထား ဆိုတာပဲ။
YOU ARE READING
ပုံပြင် မဟုတ်တဲ့ ဒိုင်ယာရီ
Romanceပုံပြင်လေး တစ်ပုဒ်ကား အစပြုခဲ့ပါ၏။ အေးစက်တဲ့ မှုန်ပြပြ အလင်းရောင်အောက်က ရောင်ခြည်ထွေးထွေးလေးနဲ့ ကမ်းလင့်လာသည့် လက်ငယ်တစ်စုံ။ ဖမ်းဆုပ်ဖို့ရာ မဝံ့ရဲပါဘဲ နှလုံးသားက နာကျင်မှုကိုသာ ရဲရဲဆုပ်ကိုင်လို့ အတိတ်ခြေရာကိုသာ လက်မလွှတ်နိုင် ဖြစ်တည်ခဲ့ရ၏။ လှပတဲ့...