Unicode & Zawgyi
(Unicode)
စာမျက်နှာ (၆၂)
ဖြည်းဖြည်း မှန်မှန်နဲ့ ထွက်ပေါ်လာတဲ့
အသက်ရှုသံကြောင့် ကျွန်တော် သိလိုက်တယ် ။သူ အိပ်ပျော်သွားပြီ။ သေချာတယ် ။
ကျွန်တော် တွေးမိတယ်။
သူ မနိုးမချင်း ကျွန်တော် ဒီလို အနေအထားကြီးနဲ့ ကြမ်းပြင်မှာ လှဲနေရမှာလား။
ကျွန်တော် နေရတာ မသက်မသာ ဖြစ်လွန်းလို့ ခေါင်းကို ဟိုဘက် ဒီဘက် စောင်းငဲ့ချင်ပေမဲ့ သူ့မျက်နှာက ကျွန်တော့်လည်ပင်းမှာ
အပ်လျက်သား ဖြစ်နေတယ်။ကျွန်တော် ဖြည်းဖြည်း ချင်း ရုန်းကြည့်လိုက်တယ်။
အတော်လေးတော့ ကြိုးစားလိုက်ရတယ်။ ခြေထောက်တစ်ချောင်းလွတ်မြောက်ဖို့အတွက်။
ကျွန်တော့် ကိုယ်တစ်ခြမ်းက အဖိခံထားရတုန်းပဲ။
ကျွန်တော် လွတ်နေတဲ့ ဘယ်ဘက် ခြေထောက်တစ်ဖက်နဲ့ လက်နှစ်ဖက်လုံး အားကုန်သုံးပြီး တွန်းဖယ်တာတောင်
နည်းနည်းမှ မရွေ့ဘူး။အေးစက်တဲ့ အတွေ့အထိ ကျွန်တော့် ခြေဖျားလေးတွေက ခံစားလိုက်ရတယ်။
ကျွန်တော် လှမ်းကြည့်လို့ မရပေမဲ့ ကျွန်တော် ခံစားမိရသလောက် သတ္တုပြား။
သတ္တုပြား???။
ဒါ ကျွန်တော် ခုနက လွတ်ကျသွားတဲ့ ဖုန်းပဲ။
ကျွန်တော် ခြေထောက်နဲ့ အပေါ်ဘက် ရောက်လာအောင် ကန်ယူလိုက်တယ်။
'အား...နာလိုက်တာ '။ ပေါင်ကြောတွေတော့ ပြတ်ကုန်ပြီ ထင်တယ်။
ကျွန်တော် ဒီလောက် ယက်ယူနေတာတောင် ဘာလို့ အပေါ် ရောက်မလာသေးတာတုန်း။ ကျွန်တော့် လက်နဲ့ လှမ်းယူဖို့ မမှီသေးဘူးဗျာ။
အကြောတွေတောင် လိမ်ချင်သလိုလို ဖြစ်လာပြီ။
ချွေးသီးတဖြိုက်ဖြိုက် ကျပြီးနောက်မှာ
ကျွန်တော့် လက်ထဲ ဖုန်းက ရောက်လာပြီ။ကိစ္စတစ်ခုတော့ပြတ်ပြီ။ အခု အဓိက ပြဿနာက ဖုန်းကို ဘယ်လို ဖွင့်ရမလဲပဲ။
YOU ARE READING
ပုံပြင် မဟုတ်တဲ့ ဒိုင်ယာရီ
Romanceပုံပြင်လေး တစ်ပုဒ်ကား အစပြုခဲ့ပါ၏။ အေးစက်တဲ့ မှုန်ပြပြ အလင်းရောင်အောက်က ရောင်ခြည်ထွေးထွေးလေးနဲ့ ကမ်းလင့်လာသည့် လက်ငယ်တစ်စုံ။ ဖမ်းဆုပ်ဖို့ရာ မဝံ့ရဲပါဘဲ နှလုံးသားက နာကျင်မှုကိုသာ ရဲရဲဆုပ်ကိုင်လို့ အတိတ်ခြေရာကိုသာ လက်မလွှတ်နိုင် ဖြစ်တည်ခဲ့ရ၏။ လှပတဲ့...