Chapter 57

558 63 10
                                    

Unicode & Zawgyi

(Unicode)

စာမျက်နှာ (၅၈)

ကျွန်တော် သူ့ကို သတ်မယ် ဆိုတဲ့ စကားက ရယ်စရာ ပါလို့လား။

သူ ဘာလို့ ရယ်နေတာလဲ။ ကျွန်တော့် ဘဝက သူ့အတွက် ဟာသ ပျက်လုံးလား ။

ကျွန်တော် သူ့ရဲ့ ကော့တက်နေတဲ့ နှုတ်ခမ်းပါးကို လက်နှစ်ဖက်နဲ့ ဆွဲဖြဲပစ်ချင်လိုက်တာ။

'ကို အဂ္ဂမင်း ကျွန်တော် ပြောတဲ့ စကားတွေ ထဲမှာ ခင်ဗျားအတွက် ရယ်စရာ ပါလို့လား'

ကျွန်တော် မေးလိုက်တယ်။ ပြည့်စုံလုံလောက်တဲ့ အဖြေမရရင် ကျွန်တော် သူ့ကို ထပ်ဆွဲထိုးမိလိမ့်မယ်။

သူ့နှုတ်ခမ်းစွန်းတစ်ဖက်က  ကော့တက်သွားပြန်ပြီ။ သူ ကျွန်တော့် ကို လှောင်နေတာလား။

'မင်းက ကိုယ့်ကို သတ်မယ်....သိပ်ရယ်ရတာပဲ....မင်းလို ခြင်တစ်ကောင် တောင် ဖြစ်မြောက်အောင်
မသတ်နိုင်တဲ့ လူက လူသတ်မယ်....အဲ့ဒါ ရယ်စရာ မဟုတ်လို့ ဘာတုန်း...'

တဲ့။ သူပြောလာတာ။ သူ့ရဲ့ လှောင်ပြောင်ထစ်ငေါ့နေတဲ့ အပြုံးရဲ့ နောက်ကနေ ကပ်ပါလာတာ အဲ့စကားတွေက ။

မှန်ပါတယ် ။ သူ ပြောတာလည်း ။
ကျွန်တော် က ခြင်တောင် ဖြစ်မြောက်အောင် မသတ်နိုင်ပါဘူး။
ဒီအကြောင်းနဲ့တော့ လူမသတ်နိုင်ဘူးလို့ ယူဆမရဘူးလေ။
အဆုံးစွန်ကို တွန်းအားပေးခံရရင် တုံ့ပြန်မှု ဆိုတာ ရှိလာစမြဲ။
ချောင်ပိတ်ခံရတဲ့ ကြွက်က ကြောင်ကို
ပြန်တိုက်ခိုက်နိုင်သလိုပဲ။

လူတိုင်းက
အားနည်းနေ  တာလည်း မဟုတ်သလို
မရိုင်းစိုင်း မယုတ်မာတတ်တာလည်း
မဟုတ်ဘူး။

စိတ်အသိကို ဉာဏ်နဲ့ ထိန်းပြီး လူ့လောက မှာ လှုပ်ရှားနေကြတာ။

ကျွန်တော် သာ စိတ်ရှိရင် ယုတ်လည်း ယုတ်မာတတ်သလို ရိုင်းလည်းရိုင်းတတ်တယ်။
လူဆိုတာ မကောင်းမှုမှာ ပျော်မွေ့ဖို့ လွယ်ကူပါတယ်။
တစ်ခါလေး...တစ်ခါလေးပဲ မကောင်းမှု
လုပ်ပေးဖို့ လိုတယ်။
အဲ့လူက သူပြုတဲ့  မကောင်းမှုမှာ မွေ့လျော်သွားလိမ့်မယ်။ နစ်မြုပ်သွားလိမ့်မယ်။

ပုံပြင် မဟုတ်တဲ့ ဒိုင်ယာရီ Where stories live. Discover now