Chapter 6

1.3K 112 1
                                    

Unicode & Zawgyi

(Unicode)

စာမျက်နှာ (၇)

ကျွန်တော် အဲ့ဒီသူ ထိုင်တဲ့စားပွဲဘေးမှာပဲ အသာလေး မတ်တပ်ရပ်နေခဲ့တယ်။

သူ ခွင့်မပြုပဲ မထိုင်ရဲဘူး။ ဒါကြောင့် ကျွန်တော် မတ်တပ်ရပ်နေခဲ့တာပေါ့။

ကျွန်တော် အဲ့လို မတ်တပ်ရပ်နေတာကို မြင်တော့ သူက အမြင်မကြည်တဲ့ အကြည့်နဲ့ ကြည့်လာပြန်တယ်။ ကျွန်တော် လည်း ဘာမှ မလုပ်ရပဲနဲ့ အဲ့ဒီနေ့တစ်နေ့တည်းတင် သူ့ဆီက အဲ့လို အကြည့်မျိုး တော်တော်များများ လက်ခံပြီးနေပြီ။

သူတင်စိတ်မကြည်တာ မဟုတ်ဘူး။
ကျွန်တော်လည်း စိတ်တော်တော်မကြည်တော့ဘူး။
ဘာတွေပြောမှာမို့လို့ ဒီလို လုပ်နေရတာလဲ နားမလည်ဘူး။
ကျွန်တော် စိတ်မကြည်လည်း သည်းခံရမှာပဲ။ 
သူက ကျွန်တော့်ရဲ့ပန်းတွေ အကုန်ဝယ်ပေးမယ့်သူလေ။

ကျွန်တော် အတွေးလွန်နေတုန်း သူကပြောလာတယ်။ ထိုင် တဲ့။
အဲ့စကားလုံးတစ်လုံးတည်းရယ်။
အေးစက်လိုက်တဲ့ စကားလုံး....။

ကျွန်တော် လည်း ခုံမှာ ထိုင်လိုက်တယ်။
သူကတော့ ဝန်ထမ်းမလေးကို ကြက်ကြော်နဲ့
အအေး တစ်ဗူး မှာနေတယ်။
အဲ့လိုမှာနေတာတွေ့တော့ ကျွန်တော် ထင်တာ သူ့အတွက်ပေါ့။

ဒါပေမယ့် ကြက်ကြော်လာချပေးတဲ့အချိန်မှာ သူက အချိုရည်ဗူးရော ကြက်ကြော်ရော ကျွန်တော့်ဘက်ကို တွန်းပေးလာတယ်။

ကျွန်တော် ကြောင်ပြီး ကြည့်နေမိတယ်။ 
သူစကားမစလာခင်အထိပေါ့။

မင်းအတွက် ကိုယ်မှာလိုက်တာ ဆိုတဲ့ စကားကြားမှ ကျွန်တော် အသိပြန်ကပ်သွားတယ်။
အေးလေ။ သူ့လို လူချမ်းသာတစ်ယောက်က ဒီလို ဒုတိယတန်းစား ဆိုင်က အစားအစာကို ဘယ်စားပါ့မလဲလို့ ကျွန်တော် တွေးလိုက်မိတယ်။

ဒါပေမယ့် သူက ဘာလို့ ကျွန်တော့်ကို ဝယ်ကျွေးတာလဲ။

ကျွန်တော်မစားသေးဘဲ သူပြောမဲ့ စကားကိုသာ စောင့်နေလိုက်တယ်။

သူက ကျွန်တော် မစားတာ တွေ့တော့ မျက်မှောင်ကျုံ့ပြီး ဘာလို့ မစားတာလဲ တဲ့။
ကျွန်တော် လည်း ပြန်ဖြေလိုက်တယ်။
အစ်ကို ပြောမဲ့ စကားကို စောင့်နေတာပါလို့။
အဲ့တော့မှ သူက သြော်... ဟုတ်သားပဲ ဆိုပြီး
သူ့ရဲ့ လုပ်ငန်းကဒ်ကို အရင်ထုတ်ပေးတယ်။

ပုံပြင် မဟုတ်တဲ့ ဒိုင်ယာရီ Where stories live. Discover now