Chapter 16

992 92 11
                                    

Unicode&Zawgyi

(Unicode)

စာမျက်နှာ (၁၇)

ကျွန်တော် ပါ ကလေးတွေနဲ့ အတူ အိမ်ထဲ ပြန်လိုက်လာခဲ့လိုက်တယ်။

ကျွန်တော် အိမ်ထဲ ပြန်ရောက်တော့ လူတွေမှ အများကြီးပဲ။

ကျွန်တော် တွေးလိုက်မိတယ်။
တော်တော် မိသားစု များတာပဲလို့ပေါ့။

ဘာလို့ဆို အမြွှာလေးတွေရဲ့ မိဘတွေရော၊
ပိစိလေးရဲ့ အဖေနဲ့အမေရော ရှိနေတဲ့အပြင် အခြားအမျိုးသမီးတွေရော အမျိုးသား တွေရော ရှိနေသေးတယ်။

ကျွန်တော့် လို ဆွေမျိုးမရှိတဲ့ သူအဖို့တော့ အားကျစရာ မိသားစု အသိုက်အဝန်း ကြီးပေါ့ဗျာ။

ပြီးတော့လေ...ထမင်းစားပွဲကြီးက တကယ် အားကျစရာ သိလား။

ကျွန်တော် အဲ့ဒီ ထမင်းစားပွဲ ကြီးကို ကြည့်ပြီး ကျွန်တော် ငယ်ငယ်က အဖေတို့ အမေတို့နဲ့အတူ ကုန်ဆုံးခဲ့တဲ့ ညနေစာ ထမင်းဝိုင်းလေးကို သတိရလာတယ်။

အဲ့အချိန် ထမင်းပွဲလေးက ဟင်းပွဲ ဖရိုဖရဲ ကျိုးကျဲကျဲပေမဲ့ နွေးထွေးမှုတွေ အပြည့်နဲ့ ခင်းကျင်းထားခဲ့တာ။

ကျွန်တော့် မျက်လုံး ရှေ့မှာ လက်ရှိ မြင်နေရတဲ့ ထမင်းပွဲကတော့ ဟင်းပွဲတွေသာ များတယ်။
နွေးထွေးမှု အလျှင်း ကင်းမဲ့နေတယ်။

ထမင်းစားပွဲကြီးကလေ ကျွန်တော် ဇာတ်ကားတွေထဲမှာ ကြည့်ဖူးသလိုမျိုး ကျွန်းစားပွဲ အရှည်ကြီးပေါ်မှာ ဟင်းပွဲတွေ အများကြီး တင်ထားတယ်။

စားပွဲ ရဲ့ ထိပ်မှာ လူတစ်ယောက်  ထိုင်နေတယ်။ မျက်နှာကျက ကျော်ဟိန်းတို့လို မျက်နှာပေါက်မျိုး ခန့်ညားတယ်။ 
အသက်က၇၀လောက် ရှိပြီ ထင်တယ်။

ကျွန်တော် ထင်တာတော့ ကို အဂ္ဂမင်းရဲ့ အဖိုး ဖြစ်ဖို့များတယ်။ သူတို့အားလုံးက ရုပ်တွေ ခပ်ဆင်ဆင်ဆိုတော့ လူတိုင်း အမျိုးဆိုတာ ပြောနိုင်လောက်မယ် ထင်တယ်။

ကျန်တဲ့ လူတွေ အားလုံးက အလျှိုလျှိုနဲ့ သူ့နေရာသူ ဝင်ထိုင်ကုန်ကြပေမယ့်... ကျွန်တော်....ကျွန်တော် ကတော့ မထိုင်ဝံ့ဘူး။ ခွင့်ပြုချက် မရပဲနဲ့လေ။
ကျွန်တော်.... ကို အဂ္ဂမင်း ရဲ့ မျက်နှာကို တိတ်တဆိတ် စူးစမ်းနေမိတယ်။

ပုံပြင် မဟုတ်တဲ့ ဒိုင်ယာရီ Where stories live. Discover now