Chapter 8

1.2K 109 4
                                    

Unicode&Zawgyi

(Unicode)

စာမျက်နှာ (၉)

ကျွန်တော် အသိပြန်ကပ်သွားတဲ့ အချိန်မှာ သူက အဝေးကို ရောက်သွားပြီ။

သူ အဝေးရောက်သွားမှ ကျွန်တော် သတိရတယ်။
သူ ကျွန်တော့် ပန်းဖိုးတွေ ပေးမသွားရသေးဘူးလေ။

ကျွန်တော် တွေးခဲ့မိတယ်။ ဘယ်လို လူလဲ။
ဒါ သက်သက် ကျွန်တော့် ပန်းတွေကို လိမ်ယူသွားတာပဲလို့ပေါ့။

မဖြစ်နိုင်တဲ့ ကိစ္စ မှန်း သိပေမဲ့ လူက ထူပူပြီး တွေးချင်ရာ တွေးခဲ့လိုက်မိတယ်။

ဒါပေမဲ့ သူ လိမ်ယူသွားတယ် ဆိုရင်တောင် ဘာတတ်နိုင်မှာလဲ။ ကျွန်တော်မှ သူ့နောက်
မလိုက်သွားနိုင်တာ။ သူက ကားနဲ့အဝေးကို ထွက်သွားပြီလေ။

ထားလိုက်ပါတော့။ လှူလိုက်တယ်ပဲ သဘောထားလိုက်ပါမယ်လေ လို့သာ တွေးပြီး ကျွန်တော့်စိတ် ကျွန်တော် ဖြေသိမ့်လိုက်ရတယ်။

ဒါပေမယ့် လေ အဲ့လိုသာတွေးခဲ့လိုက်ရတယ်။
တစ်ဖက်ကတော့ ပန်းဒိုင်ကို ဘယ်က ပိုက်ဆံနဲ့ ပေးရပါ့မလဲဆိုပြီး အတွေးတွေ ရှုပ်ယှက်ခတ်သွားရတဲ့အထိပဲ။

ကျွန်တော် သက်ပြင်းရှည် တစ်ခုကိုသာ မှုတ်ထုတ်လိုက်ပြီး ကျွန်တော်ရှေ့က ကြက်ကြော် နဲ့ အအေး ဗူးကို စိုက်ကြည့်နေခဲ့မိတယ်။

သူ ဒါဖိုးတွေပါ ရှင်းမသွားတာ မဟုတ်လောက်ပါဘူးနော် ဆိုတဲ့အတွေးက
ကျွန်တော့်စိတ်ကို ထပ်မံဗြောင်းဆန်သွားစေတယ်။

ကျွန်တော် ထိုင်နေရင်းနဲ့ပဲ ဆိုင်ထဲက ဝန်ထမ်းအချို့ကို အကဲခတ်လိုက်တယ်။

ခက်ထန်လိုက်တာ။ သူတို့အားလုံးရဲ့ မျက်နှာထားက တအားခက်ထန်တာပဲ။

ဘယ်လို လုပ်ရမလဲ။ ဒီကြက်ကြော်ဖိုး ရှင်းဖို့ ကျွန်တော့်မှာ ပိုက်ဆံမရှိဘူး။ ကျွန်တော့် အိတ်ကပ်လေးထဲမှာ ပါလာတဲ့ ပိုက်ဆံ
ငါးထောင်တန်လေးကလည်း အပြန်ကျရင် ညီမလေးအတွက် ဆေးဝင်ဝယ်ရမှာလေ။

မတတ်နိုင်တော့ဘူး။  အရဲစွန့်ကြည့်ရမှာပဲ။
ဒီကြက်ကြော်ကို ကျွန်တော်မှ မတို့မထိရသေးတာ။
ဒီတော့ ဘာမှ မစားရသေးတဲ့အတွက် ငွေမရှင်းလို့ရမလားလို့ တောင်းဆိုကြည့်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။

ပုံပြင် မဟုတ်တဲ့ ဒိုင်ယာရီ Where stories live. Discover now