Chapter 45

679 66 16
                                    

Unicode & Zawgyi

(Unicode)

စာမျက်နှာ (၄၆)

ကိုယ်တို့ အဆုံးသတ်ကြတာပေါ့။

အဲ့ဒီစကား ....ကျွန်တော်.... ကျွန်တော်
ပြန်မတုံ့ပြန်နိုင်အောင်ပဲ။

သူ ရပ်တန့်ချင်ပြီလား။ ဘာလို့လဲ။ အဆင်ပြေနေတာပဲကို။
သူကျွန်တော့်ကို စွန့်လွှတ်ချင်နေပြီ။
ဘာလို့လဲ.....။

အကြောင်းပြချက်မရှိပဲ ကျွန်တော့်နှလုံးသားက နာကျင်လာတယ်ဗျာ။

ကျွန်တော် ဘာကိုမှ သေချာ မစဥ်းစားနိုင်ဘဲ နာကျင်မှုကိုသာ စဥ်းစားနေခဲ့တာ။

တစ်ဒေါက်ဒေါက်နဲ့ စားပွဲခုံကို ခေါက်သံကြားမှ ကျွန်တော်အသိဝင်လာခဲ့တာ။

ကျွန်တော် အသံလာရာကို ကြည့်လိုက်တော့ ကိုအဂ္ဂမင်းဆီက။

ကျွန်တော့်အာရုံ သူ့ဆီပြန်ရောက်အောင် စားပွဲကို လက်နဲ့တောက်လိုက်ပုံပါပဲ။

ကျွန်တော် ရှောင်ပြေးနေလို့မရဘူး။
ရင်ဆိုင်ရမှာပဲ။ ဒီတော့ ကျွန်တော် သူနဲ့ မျက်နှာချင်း ဆိုင်ပြီး ပြန်ဖြေသင့်တယ်။

ဒီကံတရားက သတ်မှတ်ထားပြီးသား။

ကျွန်တော် သူနဲ့ အသေအချာ မျက်နှာချင်းဆိုင်လိုက်ပြီး

ကျွန်တော် နားလည်ပြီ။ လက်ခံပါတယ်... ။
အစ်ကို့ သဘောအတိုင်း ဖြစ်စေရပါမယ်.... လို့ ပြောလိုက်တယ်။

ကျွန်တော့်စကားကို ကြားတော့ သူ အတော် အံသြသွားပုံပဲ။

သူ့စိတ်ထဲ ကျွန်တော် က တွယ် ကပ်နေမယ် လို့ ထင်နေတာလား။

ဘာလို့ဆို အတော်လေး မျက်ပြူးဆန်ပြူးနဲ့ဆိုတော့....

သိပ်မကြာဘူး​။ မျက်ပြူးဆန်ပြူးကနေ သူငယ်နာမစင်တဲ့ လူတစ်ယောက်လို
စပ်ဖြဲဖြဲ ဖြစ်သွားပြန်ရော။

သူ့အမူအယာတွေ ကြည့်ပြီး ကျွန်တော် နားလည်လိုက်တာ တစ်ခုက ကျွန်တော်
ထွက်သွားမှာကို အဲ့လောက်တောင်
လိုလားနေတာလား။

ဖုံးမရဖိမရအောင် အပျော်လွန်နေတော့။

ရောင်ခြည်....မင်းတကယ် ကိုယ့်သဘောကို နားလည်တာလား....တဲ့လေ။
သူ့ရဲ့ အပျော်လွန်နေတဲ့ အသံကြီးနဲ့
မေးလာတာ။

ပုံပြင် မဟုတ်တဲ့ ဒိုင်ယာရီ Where stories live. Discover now