Unicode & Zawgyi
(Unicode)
စာမျက်နှာ (၅၆)
ကျွန်တော် နိုးလာတော့ ပတ်ဝန်းကျင် က အတော်လေး လင်းနေတယ်။
ဒီနေရာ ကျွန်တော် အိပ်နေခဲ့တဲ့ နေရာ မဟုတ်ဘူး။ ဒီနေရာ က အတော်လေး သေ သပ်ပြီး ရုံးခန်းတစ်ခုလိုမျိုးနဲ့ တူတယ်။ စာအုပ်တွေကို စနစ်တကျ စီစဥ်ထားတဲ့ စင်တစ်ခု ရှိပြီး
ကွန်ပျူတာ တင်ထားတဲ့ စားပွဲတစ်လုံးလည်းရှိတယ်။ပြီးတော့ အဲ့စားပွဲခုံဘေးမှာ လူတစ်ယောက်လည်း ရှိနေတယ် ။
မနေ့ညက လေထဲ မျှော်လွှင့်သလို ခံစားချက်ကြီးက ဒီလူကြောင့်လား။ ဘုရားမလို့ တော်သေးရဲ့။ ကျွန်တော့် မှာ သရဲထင်ပြီး အသေကြောက်ခဲ့ရတာ။
သူ က မျက်မှန်ကိုင်းကို ပင့်လိုက်ပြီး စာအုပ်ကို စိတ်ဝင်တစား ဖတ်နေတယ်။
ကျွန်တော် ရုတ်တရက်တွေးလိုက်မိတယ်။ ဒီလူရဲ့ ဘေးတစောင်းရှိနေတဲ့ အနေအထားက အတော်လေး ချောမောပြီး ခန့်ညားတာပဲလို့။
ကျွန်တော် အဲ့လူကို စိုက်ကြည့်နေတုန်းမှာပဲ သူက ကျွန်တော်နိုးလာတာကို သတိထားမိသွားတယ် ထင်ရဲ့ ။ စာအုပ်ကို ပိတ်လိုက်ပြီး သူ ကျွန်တော့်ဆီ လျှောက်လာတယ် ။
သူက သူ့ရဲ့ စာကြည့်မျက်မှန်ကိုပါ ချွတ်လိုက်ပြီး ကျွန်တော့် ကို အပြုံးလေးနဲ့ ကြည့်လာတယ်။
ပြီးတော့ ကျွန်တော့် ကို မေးခဲ့တယ် 'မင်း နိုးလာပြီပဲ...'တဲ့။
ကျွန်တော် ခေါင်းငြိမ့်ပြလိုက်တယ်။ ဒါပေမဲ့ ဒီအခန်းက ဘယ်နေရာ ဆိုတာ ကျွန်တော် သိချင်နေတယ် ။
'ဒီနေရာက ကိုယ့် နားနေခန်း...'
ကျွန်တော့် ဘေးက ရုတ်တရက် ထွက်လာတဲ့ အသံကြောင့် ကျွန်တော် ကြောင်သွားတယ်။
သူက ကျွန်တော့်အတွေးတွေကို သိနေတာလား။သူ့မျက်နှာကြည့်ရတာ အရင်နဲ့ မတူပဲ နည်းနည်း ခက်ထန်နေသလားလို့။ တစ်ခုခု ပြဿနာရှိလို့လား။
မဟုတ်သေးဘူး။ နည်းနည်းမဟုတ်ဘူး အတော်လေး ခက်ထန်နေတာ။
သူက ကျွန်တော့်ဘေး လာထိုင်ပြီး ပြောလာတယ်။
'ဒီလောက်နောက်ကျနေမှ ဆေးရုံ ဘယ်လို လုပ် ရောက်လာတာလဲ။ ပြီးတော့ ရောက်လာတာကို ကိုယ့်ကို ဘာလို့ ဖုန်းမဆက်ဘဲ ကြုံရာနေရာမှာ အိပ်နေရတာလဲ...'တဲ့။
YOU ARE READING
ပုံပြင် မဟုတ်တဲ့ ဒိုင်ယာရီ
Romanceပုံပြင်လေး တစ်ပုဒ်ကား အစပြုခဲ့ပါ၏။ အေးစက်တဲ့ မှုန်ပြပြ အလင်းရောင်အောက်က ရောင်ခြည်ထွေးထွေးလေးနဲ့ ကမ်းလင့်လာသည့် လက်ငယ်တစ်စုံ။ ဖမ်းဆုပ်ဖို့ရာ မဝံ့ရဲပါဘဲ နှလုံးသားက နာကျင်မှုကိုသာ ရဲရဲဆုပ်ကိုင်လို့ အတိတ်ခြေရာကိုသာ လက်မလွှတ်နိုင် ဖြစ်တည်ခဲ့ရ၏။ လှပတဲ့...