Unicode & Zawgyi
(Unicode)
စာမျက်နှာ (၆၅)
ကျွန်တော် တံခါးဖွင့်ဟသံကြောင့် မော့ကြည့်လိုက်တော့ တံခါးဝ မှာ ရပ်နေခဲ့တာ
ကိုနေမင်းကိုကို.... ။သူ့ကို မြင်လိုက်ရတဲ့ အချိန်မှာ ကျွန်တော် တွေးမိလိုက်တယ်။
'သူရောက်လာတာ အရမ်းမြန်တာပဲ...'သူ့ကြည့်ရတာ ကျွန်တော့် ရဲ့ အခုပုံစံကို
မြင်ပြီး အရမ်းကို ထိတ်လန့်သွားပုံပဲ။သွေးတွေနဲ့ ကြမ်းပြင်ပေါ်မှာ လှဲနေတဲ့
သူ့သူငယ်ချင်း ကို ကြည့်လိုက် ကျွန်တော့်ကို ကြည့်လိုက် လုပ်နေခဲ့တယ်။သူ့သူငယ်ချင်း ကျွန်တော့် ကြောင့် အခုလို ဖြစ်သွားရတာ မယုံကြည်နိုင်ပုံပဲ။
ကျွန်တော် အခုချိန်မှာ ဒါမတွေးသင့်ပေမဲ့...ယုတ္တိမတန်တဲ့ အတွေးမျိုး ဝင်လာမိတယ်။
သူ ကျွန်တော့် ကိုရွေးမလား...သူ့သူငယ်ချင်း ကို ရွေးလိမ့်မလား ဆိုတဲ့အတွေးလေ။
မဖြစ်နိုင်မှန်း ကျွန်တော် သိပါတယ် ။
ဒါကြောင့် ကျွန်တော် သူ့ကို မကြည့်တော့ဘူး။
လွတ်မြောက်ဖို့ ကယ်တင်ပေးပါ လို့လည်း
မပြောတော့ဘူး။
မျက်လွှာချပြီးသာ ခေါင်းငုံ့ထားမိတော့တယ်။ကျွန်တော် က ရင်းနှီးတာ မကြာသေးတဲ့သူလေ။
ကျွန်တော် ဖြစ်ပျက်ခဲ့တာတွေကို ပြောပြရင်ရောသူ ကျွန်တော့် ကို ယုံပါ့မလား။
ဘယ်လို ဖြစ်ပျက်ခဲ့တယ် ဆိုတာ သူ့ကို ကျွန်တော် ပြောပြချင်တယ်။
ကျွန်တော် ခေါင်းငုံ့ထားပေမဲ့ မျှော်လင့်မှုလေးတော့ ရှိသေးပါတယ်။
ကိုနေမင်းကိုကို ရဲ့ လှုပ်ရှားမှုကို ကြည့်နေခဲ့မိတယ်။
သူက ချက်ချင်း အထဲဝင်လာပြီး ကျွန်တော့် ကို ကျော်သွားခဲ့တယ်။
ကြည့်ရတာ သူနဲ့ ကျွန်တော့်ကြားမှာ တည်ဆောက်ထားတဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကို နှုတ်ဆက်လိုက်သင့်ပြီ။
သူ သူ့သူငယ်ချင်း ဆီ သွားခဲ့တယ်။
ကျွန်တော် ငိုလွန်းလို့ မို့ဖောင်းနေပြီဖြစ်တဲ့ မျက်ဝန်းတွေက အခုကိစ္စအတွက် မျက်ရည်တောင် မကျနိုင်တော့ဘူး။
YOU ARE READING
ပုံပြင် မဟုတ်တဲ့ ဒိုင်ယာရီ
Romanceပုံပြင်လေး တစ်ပုဒ်ကား အစပြုခဲ့ပါ၏။ အေးစက်တဲ့ မှုန်ပြပြ အလင်းရောင်အောက်က ရောင်ခြည်ထွေးထွေးလေးနဲ့ ကမ်းလင့်လာသည့် လက်ငယ်တစ်စုံ။ ဖမ်းဆုပ်ဖို့ရာ မဝံ့ရဲပါဘဲ နှလုံးသားက နာကျင်မှုကိုသာ ရဲရဲဆုပ်ကိုင်လို့ အတိတ်ခြေရာကိုသာ လက်မလွှတ်နိုင် ဖြစ်တည်ခဲ့ရ၏။ လှပတဲ့...