Unicode & Zawgyi
(Unicode)
စာမျက်နှာ (၆၁)
ကျွန်တော် ပြတင်းပေါက်ဘေးမှာပဲ
ကြမ်းပြင်ပေါ် လျှောထိုင်မိလျှက်သား
ဖြစ်သွားတယ်။ကျွန်တော် တွေးမိတယ်။ သူ့ကို သတ်ပစ်လိုက်ရင် ကျွန်တော် လွတ်မြောက်နိုင်
မလား။
ဒါမှမဟုတ် ကျွန်တော့် ကိုယ်ကျွန်တော်
သတ်ပစ်လိုက်ရင်ကော။သူ့ကို သတ်နိုင်ဖို့ဆိုတာ ကျွန်တော့်အတွက် အတော်လေး ခဲယဥ်းမယ်။
ဒီတော့ ဒုတိယ အချက်က အကောင်းဆုံး ရွေးချယ်မှုပဲ။ ဟုတ်တယ်မလား။
ကျွန်တော် ဝမ်းနည်းတယ် ။ တွေးမိတိုင်း
ဘာမှ မလုပ်နိုင်တဲ့ ကိုယ့်ကိုကိုယ် မုန်းတယ်။ညီမလေး အတွက် ကျွန်တော် ရပ်တည်ရမယ် ဆိုတဲ့ စိတ်ကိုတောင် လက်လွတ်ချင်မိလာတဲ့အထိပဲ။
တံခါးက ဖြည်းညှင်းစွာ ပွင့်လာခဲ့တယ်။
ပြီးတော့ သူ့ရဲ့ လျှောက်လှမ်းလာတဲ့ ခြေသံ။
ခဏနေတော့ ကျွန်တော့်မျက်နှာ ဆွဲမော့ခံလိုက်ရတယ်။
ကျွန်တော် သူ့မျက်နှာကို မကြည့်ချင်လို့ ခေါင်းကိုငုံ့ထားခဲ့တာလေ။
ခပ်ကြမ်းကြမ်း ဆွဲမော့ခံရမှုကြောင့် ကျွန်တော် နာကျင်လွန်းလို့ မျက်ရည်တွေ တောင် ကျလာခဲ့တယ်။
ကျွန်တော် ငိုနေတာ သူတွေ့တော့...
'နာလို့လား...ဒီလောက်လေးနဲ့'တဲ့လေတဲ့....
ဒီလောက်လေးနဲ့.. ဒီလောက်လေးနဲ့ ဟုတ်လား....ခင်ဗျား ကျွန်တော့် နေရာ အစားဝင်ခံကြည့်ပါလား..။
ဒါဆို ဒီလောက်လေးနဲ့ လို့ တွေးနိုင်ပါတော့
မလား။သူ ကျွန်တော့် မေးကို ဆွဲဖျစ်ထားတော့ ကျွန်တော် ဒီစကားတွေကို ထုတ်ပြောလိုက်ချင်ပေမဲ့ ထုတ်ပြောလို့မရခဲ့ဘူး။
'ရောင်ခြည်...ကိုယ်ပြောခဲ့တယ်မလား...
ကိုယ့်မှာ မင်းပဲ ရှိတော့တာ...ဒါကြောင့်မို့ ထွက်မပြေးပါနဲ့လို့.. ကြံလည်း မကြံစည်နဲ့လို့ ..ဒါတောင် မင်းက မနာခံချင်ဘူး...
ဒီအတွက် မင်းကို အပြစ်မပေးသင့်ဘူးလား....'
YOU ARE READING
ပုံပြင် မဟုတ်တဲ့ ဒိုင်ယာရီ
Romanceပုံပြင်လေး တစ်ပုဒ်ကား အစပြုခဲ့ပါ၏။ အေးစက်တဲ့ မှုန်ပြပြ အလင်းရောင်အောက်က ရောင်ခြည်ထွေးထွေးလေးနဲ့ ကမ်းလင့်လာသည့် လက်ငယ်တစ်စုံ။ ဖမ်းဆုပ်ဖို့ရာ မဝံ့ရဲပါဘဲ နှလုံးသားက နာကျင်မှုကိုသာ ရဲရဲဆုပ်ကိုင်လို့ အတိတ်ခြေရာကိုသာ လက်မလွှတ်နိုင် ဖြစ်တည်ခဲ့ရ၏။ လှပတဲ့...