Chapter 18

983 98 9
                                    

Unicode&Zawgyi

(Unicode)

စာမျက်နှာ ( ၁၉)

ကျွန်တော် မျက်နှာပူပူနဲ့ပဲ မျက်နှာလွှဲလိုက်ရတယ်။ အရှက်မရှိတဲ့လူတွေက အရှက်မရှိမှတော့ ကျွန်တော်က ပဲ မျက်နှာလွှဲလိုက်တယ်လေ။

မြန်မာစကားပုံ ရှိတယ်မလား။
#ယိုသူမရှက် မြင်သူရှက်တဲ့...#

ကျွန်တော် သူတို့ကို အိမ်ထဲမှာ ထားခဲ့ပြီး အပြင်ဘက်ကို ပြန်ထွက်လာခဲ့တယ်။

အပြင်ဘက် ခြံထဲမှာ ပန်းအစုံနဲ့ လှနေတယ်။ အိမ်ထဲက မြင်ကွင်းနဲ့ ဆန့်ကျင်ဘက်ပေါ့။

ကျွန်တော် အပြင်မှာပဲ နှင်းဆီပင်လေးတွေ၊  ကန္တာရ နှင်းဆီပင်လေးတွေ ၊ ကျောက်ခတ်ပင်လေးတွေ ၊ နှင်းပန်းပင်လေးတွေ တခြားပန်းပင်လေးတွေကို ကြည့်နေခဲ့တယ်။

သူနဲ့ ပွေ့ဖက် နမ်းရှုံ့နေခဲ့တဲ့ အဲ့ဒီလူ ထွက်မလာခင်အထိပေါ့။

အထဲမှာ ဘာတွေ ဖြစ်ခဲ့သလဲတော့ ကျွန်တော်
မသိဘူး။

ကျွန်တော် သိတာက အဲ့လူ ထွက်မသွားခင် ကျွန်တော့် ကို စူးစူးရဲရဲ စိုက်ကြည့်သွားတာ
ပဲ ။
သတ်ဖြတ်ချင်တဲ့ အကြည့်နဲ့လေ။

အဲ့လူ ဘယ်လိုကြည့်ကြည့် ကျွန်တော် ဂရုမစိုက်ပါဘူး။
ဘာလို့ဆို ကျွန်တော့် အတွက် အကြည့်တွေ အခြားသူ အမြင်တွေဆိုတာ ဂရုမစိုက်နိုင်ခဲ့တာ ကြာပြီ။

ကျွန်တော် အချိန်တန်ပြီထင်လို့ အိမ်ထဲ ပြန်ဝင်သွားလိုက်တယ်။

သူ...သူက အက်ျီ ဖရိုဖရဲနဲ့ ဧည့်ခန်းထဲက ဆိုဖာပေါ်မှာ ထိုင်နေခဲ့တယ်။

သူ့ကို ကျွန်တော် မမေးခဲ့ဘူး။
ထွက်သွားတဲ့လူက ဘယ်သူလဲ။
ဘယ်လိုပတ်သက်လဲဆိုတာကိုပေါ့။

ကျွန်တော့်မှာ မေးဖို့ အခွင့်မရှိသလို မေးစရာလည်း မလိုအပ်ခဲ့ဘူး။
ရူးနှမ်းနေတဲ့သူတောင် သူတို့နှစ်ယောက် ရဲ့ဖက်လဲတကင်း နေပုံကို ကြည့်ရုံနဲ့တင် ဘာဆိုတာ သိနိုင်တယ်လေ။

သူက ကျွန်တော့်ကို ပြောတယ်။
ကျွန်တော့် အတွက် အခန်းက အပေါ်မှာ။  လှေကားကနေ တက်သွားပြီး...ဘယ်ဘက်ကိုချိုး....စစချင်းအခန်းတဲ့လေ။
သူကတော့ ပင်ပန်းနေပြီ။
အခန်းကို လိုက်ပြဖို့ မလုပ်နိုင်တော့ဘူး။
ကျွန်တော့် ဘာသာ သွားကြည့်... လိုအပ်တာကို စာရွက်နဲ့ရေးမှတ်ပြီး စားပွဲ ပေါ်တင်ခဲ့တဲ့လေ။

ပုံပြင် မဟုတ်တဲ့ ဒိုင်ယာရီ Where stories live. Discover now