Chapter 17

1K 97 14
                                    

Unicode&Zawgyi

(Unicode)

စာမျက်နှာ (၁၈)

ကိုအဂ္ဂမင်း အဖိုးရဲ့ ချိုးချိုးဖဲ့ဖဲ့ စကားတွေကို ကျွန်တော် တုံ့ပြန်ချင်ပေမယ့် မတုံ့ပြန်နိုင်ဘူး။

ကျွန်တော့်မှာ အခွင့်မရှိဘူးလေ။
ဟုတ်တယ်မလား။
လိမ်လည် လှည့်ဖျားထားတဲ့သူတစ်ယောက် အနေနဲ့ ဘာအခွင့်ရှိမှာလဲ။

ကျွန်တော်... ကျွန်တော် လေ...ကျွန်တော့် စိတ်ခံစားမှုတွေကို တိတ်တဆိတ်ပဲ ပြန်လည် မြိုသိပ်လိုက်တယ်။

ကျွန်တော် ငြိမ်နေပေမယ့် အခြားတစ်ယောက်ကတော့ ငြိမ်မနေခဲ့ဘူး။

ကျွန်တော် တို့နဲ့ တစ်စားပွဲတည်း အတူ
ထိုင်နေတဲ့ တစ်ယောက်ပဲ ဘယ်သူဆိုတာတော့ မသိဘူး။

အသက်ခပ်လတ်လတ်အမျိုးသမီးတစ်ယောက်က ပြောလိုက်တယ်။
အဖေရယ် အဖေ့မြေး ဒီမိန်းကလေးနဲ့ လက်ထပ်တာလည်း မဆိုးပါဘူး။  
တခြားနေရာတွေ လိုအပ်ချက် ရှိပေမဲ့ ရုပ်ရည်လေးတော့ မဆိုးဘူးမလား။
ဘာပဲဖြစ်ဖြစ် ယောကျာ်း တစ်ယောက်နဲ့ လက်ထပ်စေမှာထက် မိန်းမတစ်ယောက် နဲ့က ပိုမကောင်းဘူးလား တဲ့လေ။

ဒါဆို.... ကိုအဂ္ဂမင်း ယောကျာ်း တွေကို စိတ်ဝင်စား တာ မိသားစုတစ်ခုလုံး သိတယ်ပေါ့။

ကျွန်တော် စဥ်းစားရ ကြပ်သွားတယ်။

အဲ့အမျိုးသမီးက အဲ့လိုလည်း ပြောလိုက်ရော
ကိုအဂ္ဂမင်း အဖိုးက စူးစူးရဲရဲ စိုက်ကြည့်လာတယ်။ ပြီးတော့ ဘာမှ မပြောတော့ဘူး။

အဲ့လိုနဲ့ပဲ ထမင်းစားပွဲက တစ္ဆေအိမ်ထက်တောင် ပိုပြီး ခြောက်ကပ်စွာနဲ့ ပြီးသွားခဲ့တယ်။

ကျွန်တော်... အဲ့ဒီထမင်းစားပွဲမှာ ဘာဟင်းတွေနဲ့ စားခဲ့လဲဆို မြင်းခွာရွက်သုတ်လေး၊
အဲ့ဒါလေးနဲ့ ထမင်းပူပူလေး စားခဲ့တယ်။

တခြားဟင်းတွေ မစားခဲ့ဘူးလားလို့ မေးရင်....ကျွန်တော် မစားခဲ့ဘူး။
ဟင့်အင်း။ မစားရဲခဲ့ဘူး။
စားပွဲက ကျယ်သလောက် ဟင်းပွဲတွေ ချထားတာ လှမ်းတယ်လေ။
ဒီတော့ ကျွန်တော့်ရှေ့မှာ
ရှိနေတဲ့ မြင်းခွာရွက် သုတ်လေးနဲ့ပဲ စားခဲ့လိုက်တယ်။

ပုံပြင် မဟုတ်တဲ့ ဒိုင်ယာရီ Where stories live. Discover now