Chapter 22

952 87 14
                                    

Unicode&Zawgyi

(Unicode)

စာမျက်နှာ (၂၃)

ကျွန်တော် တို့နှစ်ယောက် အိမ်ကို အတူ ပြန်လာကြတယ်။

အိမ်ကို ပြန်ရောက်ပြီး သိပ်မကြာပါဘူး။
ကိုအဂ္ဂမင်း က အပြင် ပြန်ထွက်သွားခဲ့တယ်။

ကျွန်တော် လည်း သူပေးခဲ့တဲ့ ဖုန်းအသစ်လေးကို အိတ်ထဲက ထုတ်ကြည့်လိုက်တယ်။

ဖုန်းလေးက ဒီလိုကျတော့ တစ်မျိုး လှနေသလိုပဲ။

ဒါပေမဲ့ ကျွန်တော် ဘယ်လိုကြည့်ကြည့် ဖုန်းကို မသုံးတတ်ဘူး။ အရင်တုန်း က ဖုန်းမကိုင်ဘူးတော့ အသုံးပြုပုံလည်း မသိဘူး။

အရင်တစ်ခါ ကိုအဂ္ဂမင်း ကို ဆက်သွယ်ဖို့တောင် အန်တီထွေးကို ဆက်ခိုင်းခဲ့ရတာ မဟုတ်လား။
ကျွန်တော် လုပ်တတ်တာက
စကားပြောရုံလောက်ပဲ။

ကျွန်တော် လည်း အခန်းထဲမှာ သူဝယ်ပေးတဲ့ ဖုန်းလေးကို ထားခဲ့ပြီး ခြံထဲ ထွက်လာခဲ့တယ်။

ဘာလို့ဆို ကျွန်တော် ပျင်းလာလို့လေ။
အလုပ်မရှိပဲ ငြိမ်ငြိမ်လေး ထိုင်နေတတ်တဲ့
အကျင့် ကျွန်တော့်မှာ မရှိဘူး။

ရှိလာဖို့ လည်း ကျွန်တော် ခွင့်မပြုနိုင်ဘူး။
အကျင့်ကောင်း ဆိုတာ မွေးမြူသင့်ပေမယ့်
အကျင့်ဆိုးကတော့ မမွေးမြူသင့်တဲ့ အရာလေ။

ဒီတော့ ခြံထဲမှာ ပန်းပင်တွေကို ရေလောင်းပေါင်းသင် လုပ်နေခဲ့တယ်။

အပင်တွေ စိုက်ရတာ တစ်မျိုးကောင်းတယ်။  စိတ်ကို လန်းဆန်းစေတယ်။
ပျော်ရွှင်မှုကို ပေးတယ်။
အရင် ညီမလေးနဲ့ အတူ နေတုန်းက နှင်းဆီပင်လေး တစ်ပင် အတူစိုက်ဖူးတယ်။
အဲ့အပင်လေးကို ဝယ်တာ ၂၅၀၀တောင်ပေးရတယ််။

နှင်းဆီပင်လေး က ကျွန်တော့်ရဲ့ ဂရုစိုက်မှုအောက်မှာ ကြီးပြင်းလာတယ်။
ရလဒ်အဖြစ် အပွင့်ပွင့်လာတာကို မြင်ပြီး ကြည်နူးရတဲ့ ခံစားချက်က လူကြီးသူမတွေ ပြောတဲ့ ပီတိစားတယ် ဆိုတာမျိုး
ဖြစ်ရမယ် ။

အဲ့ခံစားချက်က ဘယ်အရာနဲ့မှ မလဲနိုင်ဘူး။

အားလုံးကိုလည်း ကျွန်တော် အကြံဉာဏ်ပေးချင်တယ်။ အပင်လေးတွေ စိုက်ကြည့်ပါ။
တကယ် စိတ်ကို ငြိမ်းချမ်းစေမှာပါ။

ပုံပြင် မဟုတ်တဲ့ ဒိုင်ယာရီ Where stories live. Discover now