Chapter 32

814 86 13
                                    

Unicode & Zawgyi

(Unicode)

စာမျက်နှာ (၃၃)

ကျွန်တော် ဘာလို့ ပြေးထွက်ခဲ့မိတာလဲ။
တကယ််တမ်း ပြေးထွက်ခဲ့ဖို့ မလိုပါဘူး။

ကျွန်တော် နာကျင်နေဖို့လည်း မလိုဘူး။
ကျွန်တော်တို့က အပေးအယူသဘောပဲလေ။
ဘာမှမပါဘူး။
ဒီတော့ အချိန်တန်ရင် ထွက်သွားရမှာပဲ။

ကိုအဂ္ဂမင်း ပြောတာ မမှားဘူး။
မှားနေတာ ကျွန်တော်......။

ကျွန်တော် တကယ်ကို နောင်တ ရသင့်နေပြီ။

ဒါပေမဲ့လေ.....ဘယ်လိုပဲ စိတ်ဖြေဖြေ ကျွန်တော်မရဘူး။
တစ်ဆစ်ဆစ် နာနေတုန်းပဲ။

ကျွန်တော် အိမ်ထဲကို ဝင်ဖို့ တွန့်ဆုတ်နေတာနဲ့
ခြံထောင့်က ပန်းပင်လေးတွေ ဘေးမှာပဲ ကျွန်တော် ထိုင်နေလိုက်တယ်။

ကျွန်တော့်မှာ အခြားအပူရှိနေတော့
ကျွန်တော့်အဝတ်အစားတွေကို ဖုန်ပေ မှာ လည်း ကျွန်တော် ဂရုမစိုက်တော့ဘူး။ ကျွန်တော် မြက်ခင်းပေါ်ကို ဒီအတိုင်းထိုင်ချလိုက်တယ်။

ကျွန်တော့်အတွက် ဒီနာကျင်မှုလောက်က
မဖြုံတော့ပါဘူး။ ကျွန်တော့် မှာ အရင်ကတည်းက စိတ်ခံစားမှုနဲ့ ပတ်သက်ပြီး
မတူညီတဲ့ အမာရွတ်ပေါင်းများစွာ ရှိတယ်။ အမာရွတ်သေးတာ ကြီးတာပဲ ကွာတာ။

ကျွန်တော် ထိုင်နေရင်း မျက်လုံးတွေ စပ်လာတယ်။
ပြီးတော့ အကြောင်းပြချက်မရှိ....ပူနွေးတဲ့မျက်ရည်တွေက စီးဆင်းလာတယ်။

ကြည့်ရတာ ကျွန်တော် အပြင်မှာ ရှိနေတာ ကြာနေလို့ ဖြစ်လိမ့်မယ်။
ဒါကြောင့် လေစိမ်းမိပြီး မျက်လုံးစပ်လာတာ.....။

ကျွန်တော် ဝမ်းမနည်းပါဘူး။
ဟုတ်တယ် ဝမ်းမနည်းဘူး။
သူနဲ့ကျွန်တော် က မတူညီတဲ့ ပတ်ဝန်းကျင်က.....။

အချိန်တန်ရင် ကျွန်တော် က ထွက်သွားရမှာပဲ။

ဘာလို့ ဝမ်းနည်းရမှာလဲ။
ဒါက အမှန်တရားပဲကို။
သူနဲ့ကျွန်တော် အစကတည်းက လမ်းကြောင်းမှ မတူတာ။

ခဏတာ လမ်းဆုံမှာ တွေ့ရုံပဲ....။
ဒါကို သူ့လက်ကို ကျွန်တော် တွဲထားချင်တာ ကျွန်တော် တော်တော် အတ္တကြီးတာပဲ။

ပုံပြင် မဟုတ်တဲ့ ဒိုင်ယာရီ Where stories live. Discover now