Unicode&Zawgyi
(Unicode)
စာမျက်နှာ (၈)
ကျွန်တော် အတွေးနယ်လွန်နေတုန်းမှာပဲ သူက ထပ်ပြောလာတယ်။
ကိုယ်ပြောတဲ့စကားကြောင့် မင်းကိုနားလည်မှုမလွဲစေချင်ဘူးတဲ့လေ။ကျွန်တော် လည်း သူ့ကို အပုန်းကြီးလို့ ယူဆနေတဲ့အတွေးကို ယာယီစွန့်လွှတ်လိုက်ပြီး
သူနောက်ထပ်ပြောမယ့် စကားကို စောင့်စားနေလိုက်တယ်။သူက ကျွန်တော့်ကို လက်ထပ်ခိုင်းတာက အလုပ်သဘောလို့ သတ်မှတ်ပေးပါတဲ့။
ကျွန်တော်က သူနဲ့ ဟန်ဆောင် လက်ထပ်ပေးရုံပါပဲတဲ့။သူက အဲ့လိုပြောလာတော့ ကျွန်တော်လည်းမေးလိုက်တယ်။
ကျွန်တော့်စိတ်ထဲမှာ ဒွိဟ ဖြစ်နေတဲ့ အကြောင်းအရာကိုလေ။
ဘာလို့ မိန်းကလေး တစ်ယောက်ကို
မတောင်းဆိုပဲနဲ့ ကျွန်တော့်လို ယောကျာ်းလေး တစ်ယောက်ကို တောင်းဆိုရတာလဲလို့ပေါ့။သူက ကျွန်တော့်မေးခွန်းကို ဟာသတစ်ခုလို သတ်မှတ်လိုက်ပုံရတယ်။ ဟက်ဟက်ပက်ပက်ကို ရယ်နေခဲ့တော့တာပဲ။
ကျွန်တော် လည်း ကိုယ့်မေးခွန်းကိုယ် ပြန်ဆန်းစစ်မိတယ်။ ကျွန်တော်ပြောတာ မှားနေလို့လားလို့ပေါ့။
သူရယ်လို့ ဝသွားတော့။ ခပ်ထေ့ထေ့ အပြုံးတစ်ခုပြုံးပြလာတယ်။
ပြီးတော့ သူက ပြောတယ်။ လက်ထပ်ဖို့ ဆိုတာ ဟန်ဆောင်ရုံသက်သက်ပဲရယ်တဲ့။
သူအဲ့လို လုပ်ဖို့အကြောင်းပြချက် လိုအပ်လာလို့တဲ့။ အဲ့ဒီ အကြောင်းပြချက်ကိုတော့ ကျွန်တော် သိဖို့ မလိုဘူးတဲ့လေ။ အကယ်၍ သူသာ မိန်းကလေးတစ်ယောက်ကို အခုလို တောင်းဆိုရင် နောက်ပိုင်း သူကွာရှင်းချင်တဲ့ အခါကျ မလိုအပ်တာတွေ ဖြစ်လာမှာ စိုးလို့တဲ့လေ။ သူက ပြောသေးတယ်။
ကျွန်တော် သာ သူ့ကမ်းလှမ်းချက်ကို လက်ခံရင် မနစ်နာစေရပါဘူးတဲ့။ဒါပေမယ့် ကျွန်တော် တွေးမိတယ်။
ဒီအကြောင်းအရာက ဒီလောက်မရိုးရှင်းဘူး။ကျွန်တော် သူ့ကို မေးလိုက်တယ်။
ကွာရှင်းတဲ့အချိန် အခက်အခဲ ဖြစ်မှာစိုးလို့ဆိုတာ တကယ့်အကြောင်းအရင်းခံ မဖြစ်နိုင်ဘူးလို့ပေါ့။ အခြားအရာ ရှိသေးလားလို့ပေါ့။
YOU ARE READING
ပုံပြင် မဟုတ်တဲ့ ဒိုင်ယာရီ
Romanceပုံပြင်လေး တစ်ပုဒ်ကား အစပြုခဲ့ပါ၏။ အေးစက်တဲ့ မှုန်ပြပြ အလင်းရောင်အောက်က ရောင်ခြည်ထွေးထွေးလေးနဲ့ ကမ်းလင့်လာသည့် လက်ငယ်တစ်စုံ။ ဖမ်းဆုပ်ဖို့ရာ မဝံ့ရဲပါဘဲ နှလုံးသားက နာကျင်မှုကိုသာ ရဲရဲဆုပ်ကိုင်လို့ အတိတ်ခြေရာကိုသာ လက်မလွှတ်နိုင် ဖြစ်တည်ခဲ့ရ၏။ လှပတဲ့...