Chapter 11

1K 98 12
                                    

Unicode&Zawgyi

(Unicode)

စာမျက်နှာ (၁၂)

ကျွန်တော့် စိတ်ထဲ ကြည်နူးမှုကို ခံစားလိုက်ရတယ်။
သူ့ရဲ့ နွေးထွေးတဲ့လက်တစ်စုံက ကျွန်တော့်ရဲ့အဖေကိုလွမ်းဆွတ်သွားစေတယ် ။

ဒါပေမဲ့လေ... တကယ်တမ်း အဲ့အကြောင်းကို
သေသေချာချာ ပြန်တွေးကြည့်ရင် ကျွန်တော်
တကယ်ကို ရူးသွပ်ခဲ့တာပဲ။

အလိုရှိလို့ အရင်ပေးလာတဲ့ နွေးထွေးမှုကို ကြင်နာယုယစွာနဲ့ ကျွန်တော် ထွေးပိုက်ခဲ့မိတာ။

အဲ့ဒီတုန်းက ငယ်သေးတာလဲပါတာပေါ့။
အသက်ငယ်ငယ်နဲ့ မိဘမဲ့ တစ်ကောင်ကြွက်
ဘဝနဲ့ နုနယ်လှတဲ့ ညီမလေးကို
ထွေးပွေ့ယုယရင်း
မရရှိနိုင်တော့ဘူးလို့ ထင်ထားတဲ့ နွေးထွေးတဲ့ လက်တစ်စုံကို ကျွန်တော် ယုယစွာနဲ့ ပိုက်ထွေးခဲ့မိတာ။

အကယ်၍သာ သိုးရေခြုံထားတဲ့ ဝံပုလွေမှန်း
သိခဲ့ရင် သူ့ရဲ့လက်တစ်စုံကို ကျွန်တော်
ရိုက်ထုတ်ခဲ့မိလိမ့်မယ် ထင်တယ်။

အကြောင်းအရာ လွဲချော်သွားပြီ။
ကျွန်တော် ပြောလက်စ ပုံပြင်လေးကို ဆက်ကြတာပေါ့။

သူက ကျွန်တော့် ကို အတော်လေး ဂရုစိုက်ပေးတယ်။

ခြေထောက်က ဒဏ်ရာက သိပ်တော့
မပြင်းထန်ပါဘူး။

ရိုးရိုး အဆစ်လွဲသွားရုံပါ။ ဒါပေမဲ့ တစ်ပတ်လောက်တော့ နားရမယ်တဲ့။

ကျွန်တော့် ကို တိုက်သွားတဲ့ တရားခံကတော့ ဘယ်ခရီးရောက်လို့ရောက်မှန်းမသိပါဘူး။ အစအနတောင် ရှာမရတော့ဘူး။

ကျွန်တော် ခုတင်ပေါ်မှာ ပြန်ထိုင်လိုက်တယ်။
ကျွန်တော် ထိုင်ရုံရှိသေးတယ်။

ကျွန်တော့် ဘဝရဲ့ အမှောင်တိမ်တိုက်ကြီးက လှလှပပ ရွေ့လျားလာခဲ့တယ်လေ။

ဘာလို့ဆို အရေးပေါ် ခန်းထဲမှာ ကျွန်တော့်ညီမလေးကို ကူထိန်းပေးတဲ့ အပျိုကြီးကို တွေ့လိုက်ရတယ်။ သူ့ကို ကြည့်ရတာ တစ်ခုခုကို စိုးရိမ်မှု လွန်ကဲနေသလိုပဲ။

ကျွန်တော် အသာ ထိုင်မနေနိုင်တော့ဘူး။ ကျွန်တော် အဲ့ အပျိုကြီးဆီသွားချင်တယ်။
ဒါပေမဲ့ စိတ်မကောင်းစရာပဲ။ ကျွန်တော့်ခြေထောက်က လမ်းမလျှောက်နိုင်ဘူးလေ။

ပုံပြင် မဟုတ်တဲ့ ဒိုင်ယာရီ Where stories live. Discover now