Unicode & Zawgyi
(Unicode)
စာမျက်နှာ (၅၇)
ကျွန်တော် လူနာတွေ့ချိန်ရောက်တော့
ညီမလေးနဲ့ သွားတွေ့ခဲ့တယ်။ညီမလေး ပိန်သွားသလိုပဲလို့ ကျွန်တော် ခံစားရတယ်။
ပြီးတော့ ညီမလေးနဲ့ မတွေ့ရတာ
အတော်လေး ကြာနေပြီမလား။ကျွန်တော် အချိန်တွေ အများကြီး အများကြီး ကျွန်တော့်ညီမလေး ဘေးမှာ အဖော်ပြုပေးမှာ ။
ကျွန်တော် ညီမလေးနဲ့ စကားတွေ အများကြီး ပြောဖြစ်တယ် ။
ကျွန်တော့် ညီမလေးက အခုဆို အရမ်းကို ချစ်ဖို့ကောင်းလာတာ။
စကားလည်း အရမ်း တတ်လာတယ် သိလား။
ကျွန်တော့် ညီမလေးကို တွေ့ရင် မင်းတို့လည်း ချစ်မယ်ဆိုတာ ယုံကြည်တယ် ။
ကျွန်တော့် ညီမလေးက ကမ္ဘာပေါ်မှာ ချစ်ဖို့ အကောင်းဆုံး မိန်းကလေးပဲ။
ဒါပေမဲ့ ဒါကို ကျွန်တော် တစ်ယောက်ပဲ
ပိုင်တာ။ညီမလေး နဲ့ ကျွန်တော် စကားတွေပြော ရယ်မော ပျော်ရွှင်နေတုန်းမှာ
'မင်းက အတော်လေး သတ္တိ ရှိလာတာပဲ...'
အဲ့ဒီစကား
ကျွန်တော့် နောက်ကျောဘက်က ရုတ်တရက် ထွက်လာတဲ့ အချိန်မှာတော့ ကျွန်တော့်
ကျောတွေ ရုတ်ချည်း တောင့်တင်းသွား တယ်။ညီမလေး ကို မုန့်ခွန့်လက်စ ကျွန်တော့်
လက်ကလည်း လေထဲမှာ ရပ်တန့်
သွားခဲ့တယ်။
တုန်လှုပ်မှု အပြည့်နဲ့။ကျွန်တော် လှည့်မကြည့်ရဲဘူး။
သူ့ခြေသံတွေက တဖြည်းဖြည်း
နီးကပ်လာတယ်။ ကျွန်တော့် အနီးကို။သူ့ရဲ့ ခပ်နွေးနွေး လက်ဖဝါးက ကျွန်တော့် ခေါင်းကို ခပ်ဖွဖွလေး ပွတ်သပ်လာတယ်။
ကျွန်တော် ခေါင်းကို ငုံ့ထားမိတယ်။ သူ့ကို ကြောက်တယ် ။ ရင်မဆိုင်ရဲဘူး။
တကယ်တော့ ကျွန်တော် တွေးခဲ့မိပါတယ်။
သူ ဒီနေရာကို ရောက်လာနိုင်တယ်ဆိုတာကို။ကျွန်တော့် မှာ သွားစရာကလည်း အရင် အိမ်နဲ့ ညီမလေးရှိတဲ့ ဆေးရုံ ။ ဒီနှစ်ခုပဲကို။
YOU ARE READING
ပုံပြင် မဟုတ်တဲ့ ဒိုင်ယာရီ
Romanceပုံပြင်လေး တစ်ပုဒ်ကား အစပြုခဲ့ပါ၏။ အေးစက်တဲ့ မှုန်ပြပြ အလင်းရောင်အောက်က ရောင်ခြည်ထွေးထွေးလေးနဲ့ ကမ်းလင့်လာသည့် လက်ငယ်တစ်စုံ။ ဖမ်းဆုပ်ဖို့ရာ မဝံ့ရဲပါဘဲ နှလုံးသားက နာကျင်မှုကိုသာ ရဲရဲဆုပ်ကိုင်လို့ အတိတ်ခြေရာကိုသာ လက်မလွှတ်နိုင် ဖြစ်တည်ခဲ့ရ၏။ လှပတဲ့...