Chapter 48

610 71 13
                                    

Unicode & Zawgyi

(Unicode)

စာမျက်နှာ ( ၄၉)

ကျွန်တော် ဆေးရုံက ပြန်လာတော့ အလုပ်ကို ခဏ ဝင်ဖြစ်ခဲ့တယ်။

ပြောဖို့ မေ့နေတာ။

ကျွန်တော့် ညီမလေးရဲ့ အခြေအနေက
အရင်ထက် ဆိုးလာခဲ့တယ်။

ဒါကြောင့် ......
ကျွန်တော် အလုပ်ကို မသွားဖြစ်တော့ဘူး။

ကျွန်တော် အလုပ်လုပ်တဲ့ နေရာ မရောက်ခင် လမ်းကွေ့လေးမှာ လူတစ်ယောက် ကို
တွေ့လိုက်တယ်။
အဲ့ဒါ... ဘယ်သူလို့ ထင်လဲ။

ဘေးနားက တစ်ယောက် က သူ့လက်မောင်းကို ချိတ်တွဲထားတယ်။

ဒါကို မြင်လိုက်တဲ့အချိန် ကျွန်တော် လေ....ကျွန်တော့်နှလုံးသား တစ်ခုလုံး
မွန်းကြပ်သွားခဲ့တယ်။

သူ ဘာလို့ စကားမတည်တာလဲ။
သူကရော ဘာလို့ ကျွန်တော့်ကို သစ္စာဖောက်ရတာလဲ။
သူနဲ့ကျွန်တော့်ကြားက သူငယ်ချင်း
သံယောဇဥ် ကို တောင် မထောက် ဘာလို့ လုပ်ရက်တာလဲ။

ကျွန်တော့်အမေးတွေမှာ အဖြေမရှိခဲ့ဘူး။

ကျွန်တော့်ကို စိတ်ထားမပြည့်ဝဘူးပဲ
ပြော...ပြော....

သူတို့နှစ်ယောက်ပုံစံက အရမ်း...အရမ်းကို နီးကပ်နေလွန်းတယ်။

သာမန် ဆက်ဆံရေး ပဲ ရှိတဲ့ လူတစ်ယောက်က ဒီလိုမျိုး လက်ပွန်းတ တီးမနေဘူး။

ဘယ်သူ ပဲ ကြည့်ကြည့် အဲ့ဒီအနေအထားက .....

ပြီးတော့ ကျွန်တော် နားလည်ခဲ့တယ်။

ကျွန်တော် က မထိုက်တန်ပါဘူး။
မပျော်မွေ့သင့်ဘူး။ အချစ်မှာပေါ့...။

ဒီအချက်ထက် ကျွန်တော့်ကို နာကျင်စေတာ ကျွန်တော့်သူငယ်ချင်းရဲ့ ကျွန်တော့်အပေါ် စိတ်ထားပဲ။

သူ့စိတ်ထားက မမှန်ကန်ခဲ့ဘူး။
ကျွန်တော် က စိတ်ရင်းနဲ့ ပေါင်းသင်းဆက်ဆံ အရာအားလုံး ပြောပြခဲ့ပေမဲ့....သူ့ဘက်က ကျွန်တော် ပြန်ရခဲ့တာက... နောက်ကျော ဓားထိုးခံရတဲ့ ခံစားချက်ပဲ။

ကျွန်တော် ရှေ့ကို ဦးတည်နေတဲ့ ခြေလှမ်းတွေ နောက်ကြောင်း ကို ပြန်လှည့်လိုက်တယ်။

ပုံပြင် မဟုတ်တဲ့ ဒိုင်ယာရီ Where stories live. Discover now