Unicode & Zawgyi
(Unicode)
စာမျက်နှာ (၅၉)
နောက်ဆုံးတော့ လည်း ကျွန်တော် သူ့နောက်ကို ပြန်လိုက်ခဲ့ရတာပါပဲ ။
လှမ်းမဲ့လက်လည်း မရှိသလို ကူမဲ့ လက်လည်း မရှိခဲ့ဘူး။
စက်ဝိုင်းတစ်ခုကို ပတ်နေရသလိုပဲ။ အစနေရာ သတ်မှတ်ပြီး ကျွန်တော် သွားခဲ့တယ်။ အဆုံးသတ်ရောက်ပြီလို့ ကျွန်တော် တွေးထင်ထားတဲ့ အချိန်မှာ ဒါက အစ ပြန် ဖြစ်နေတယ်။
ဘယ်လိုတောင် ကံကြမ္မာ ဝဋ်ကြွေးလဲ။
တကယ်တော့ ကျွန်တော် ပြောပြစရာ တစ်ခု ရှိသေးတာ။အခု ပြန်လာမှပါ။ ပြန်လာမှ ဖြစ်ပျက်သွားတာ။
ဒါပေမဲ့ ဒီအကြောင်း ကျွန်တော် တွေးမိတိုင်း ရယ်စရာ တစ်ခုလို မြင်မိပေမဲ့ တကယ်တမ်းကျ မရယ်နေရဘူး။
သူ့အတွက် ကျွန်တော့်ဘဝကြီးက လှည့်ဖျားစရာ တစ်ခုလို့ မြင်မိတိုင်း....
ကျွန်တော် လေ ကိုယ့်ကို ကိုယ် သာ အပြစ်တင်မိတယ်။ လွတ်မြောက်အောင် ရုန်းထွက်နိုင်စွမ်း မရှိတဲ့၊ အသုံးမကျတဲ့ ကိုယ့်ကိုကိုယ် ပဲ။
ကျွန်တော် မပြောချင်ပေမဲ့ ပြောပြရမှာက ပြောပြရမှာပါပဲ။
တခြားတော့ မဟုတ်ပါဘူး ။
သူ ကျွန်တော့်ကို တောင်းပန်ခဲ့တယ်။တောင်းပန်တယ်။ ထူးဆန်းတယ်မလား။
တစ်ဆင့်ပြန်ကြားရတဲ့ သူတောင် ကြောင်တောင်တောင် နိုင်လှတာ။သူ့ရှေ့မှာ ကိုယ်တိုင် လက်ခံ လိုက်ရတဲ့သူဆို ပိုမဆိုးဘူးလား။
တစ်ခါမှ စကားကို အောက်ကျို့မပြောဖူးတဲ့လူက ။ သူများဘဝကို ခြယ်လှယ်ချင်တိုင်း ခြယ် လှယ်နေတဲ့ သူက ။
ကျွန်တော် ထင်တာတော့ သူ ကစားနည်း ပြောင်းသွားတာ။
ကျွန်တော့် နောက်ကျောဖက်က ရနေတဲ့ ကိုယ်ငွေ့နွေးနွေး...ကျွန်တော့်ပုခုံးပေါ် တင်ထားတဲ့ သူ့ရဲ့ မေးဖျား....ကျွန်တော့် လည်ပင်းကို လာရိုက်ခတ်နေတဲ့ အသက်ရှုငွေ့တွေ...ကျွန်တော့် ခါးတစ်ဝိုက်မှာ ရစ်ပတ်ထားတဲ့ သူ့ရဲ့ နှစ်ဖက်...ဒါတွေက ကျွန်တော့် ကို ကြောက်လန့်အောင် ခြောက်လန့်နေသလိုပဲ။
YOU ARE READING
ပုံပြင် မဟုတ်တဲ့ ဒိုင်ယာရီ
Romanceပုံပြင်လေး တစ်ပုဒ်ကား အစပြုခဲ့ပါ၏။ အေးစက်တဲ့ မှုန်ပြပြ အလင်းရောင်အောက်က ရောင်ခြည်ထွေးထွေးလေးနဲ့ ကမ်းလင့်လာသည့် လက်ငယ်တစ်စုံ။ ဖမ်းဆုပ်ဖို့ရာ မဝံ့ရဲပါဘဲ နှလုံးသားက နာကျင်မှုကိုသာ ရဲရဲဆုပ်ကိုင်လို့ အတိတ်ခြေရာကိုသာ လက်မလွှတ်နိုင် ဖြစ်တည်ခဲ့ရ၏။ လှပတဲ့...