Chapter 54

540 64 21
                                    

Unicode & Zawgyi

(Unicode)

စာမျက်နှာ (၅၅)

ကျွန်တော် မရင်းနှီးတဲ့ ခြေထောက်တစ်စုံ ကြောင့် တဖြည်းဖြည်း အပေါ်ကို မော့ကြည့်လိုက်တယ်။

သူပဲ။ ခန့်သူဇင်။

သူ ဘာအတွက် ဒီထဲ ရောက်လာတာလဲ။

ကျွန်တော့်ခေါင်းထဲ မေးခွန်းတွေ ပြည့်နေ တုန်းမှာပဲ သူဘက်က ဆေးဆေးစွာ
ပြောလာခဲ့တယ်။

ထွက်သွား။ထွက်သွားတော့တဲ့။

ဘာလို့လဲ။ ဘာလို့ သူ ကူညီတာလဲ။

ကြည့်ရတာ သူ ကျွန်တော့်မျက်နှာပေါ်က
မရေရာမှုတွေကို မြင်လိုက်ရတယ်
ထင်ပါရဲ့။

သူ ထပ်ပြောလာခဲ့တယ် ။

ကျွန်တော့် အနေနဲ့ ဒီလို ညှင်းပန်းနှိပ်စက်မှုကို ခံရလောက်အောင် ကိုအဂ္ဂမင်း အပေါ် အကြွေးမတင်နေဘူးတဲ့။ အရင်တုန်း က
ကိုခန့် သူ ကျွန်တော့်ကို အဆင်မပြေအောင် လုပ်ခဲ့တာ မှန်ပေမဲ့ အခုတော့ ကျွန်တော့် ရဲ့ ပုံစံကို ဆက်မကြည့်နိုင်တော့လို့တဲ့လေ။

သူ့ပါးစပ်က ဒီလို ပြောလာပေမဲ့ ကျွန်တော်
မယုံရဲသေးဘူး။

မတော်လို့ သူ ထပ်ပြီး။

ဒါမှမဟုတ် ကိုအဂ္ဂမင်း သိသွားရင်ရော။ ဘယ်လို လုပ်မလဲ။

ကျွန်တော် ထပ်ပြီး အနှိပ်စက်ခံဖို့ရာ
ကျွန်တော့်ခန္ဓာကိုယ် က ပြန်လည်
မကျန်းမာသေးဘူး။

ကိုအဂ္ဂမင်း ကို စိုးရိမ်စရာမလိုဘူး လို့
သူထပ်ပြောလာတယ်။

ဘာလို့ဆို သူ ဒီနေ့ ပြန်လာတာ နောက်ကျ
လိမ့်မယ်တဲ့လေ။

ကျွန်တော် သူ့ကို မေးလိုက်တယ်။

အခုမှ ဘာလို့ ကူညီချင်စိတ် ပြင်းပြသွားရတာလဲလို့ပေါ့။

သူ ပြန်ဖြေတဲ့ စကားက ကျွန်တော် မထင်ထားတဲ့အရာပဲ။

သူပြောတာက 'ငါ မင်းအကြောင်း သိသွားလို့ပေါ့ 'တဲ့။

ပြီးတော့ သူ ပြောသေးတယ် ။ အရင်က သူ မျက်ကန်းဖြစ် ခဲ့တယ်တဲ့။
ယောကျာ်း တစ်ယောက်က လှောင်အိမ်ထဲမှာ ပိတ်လှောင်ခံနေရမှာ မဟုတ်ဘူး။
လွတ်လွတ်လပ်လပ် နဲ့ အတောင်ဖြန့်ပြီး
အမြင့်ဆုံးကိုပဲ ပျံသန်းသင့်တယ်တဲ့လေ။ ကျွန်တော့် လို လူမျိုးက ဆိုက်ကိုကောင် လက်ထဲ အဆုံးသတ်မသွားသင့်ဘူးလို့လည်း ပြောသေးတယ်။

ပုံပြင် မဟုတ်တဲ့ ဒိုင်ယာရီ Where stories live. Discover now