Chapter(197) - 《လိပ်ပြာအသွင်ပြောင်းနှစ်ယောက်တွဲကျင့်ကြံခြင်း》

5.8K 1.1K 102
                                    

Unicode

အခန်း(၁၉၇) 

《လိပ်ပြာအသွင်ပြောင်းနှစ်ယောက်တွဲကျင့်ကြံခြင်း》

ခရမ်းရောင်ဝတ်စုံနှင့်လူငယ်လေး ကစိတ်ဓာတ်ကျနေပုံရသည်။

"သိပ်တော့မကောင်းဘူး...သခင်မက ပထမတော့သူ့ကိုဂရုစိုက်ပေးဖို့ တစ်ယောက်ယောက်ပို့ပေးချင်ပေ မယ့်သခင်လေးကဆုသခင်မပို့ပေး လိုက်တဲ့လူတွေအကုန်လုံးကိုမောင်း ထုတ်လိုက်ပြီးကျွန်တော်တို့ဝင်သွား ဖို့ကိုပါငြင်းဆိုနေတာ...သခင်လေး တိတ်တဆိတ်သည်းခံနေရတဲ့အသံ ကိုကျွန်တော်တို့မကြာခဏကြားနေရ တယ်ပြီးတော့ကျွန်တော်တို့ရင်ထဲမှာ လည်းစိတ်မသက်မသာခံစားရတယ်... သခင်လေးကအရမ်းကိုနာကျင်နေရလို့ သာမနေနိုင်ပဲအသံထွက်မိတာဖြစ်မယ်လေ"

နက်ပြာရောင်နှင့်ဆယ်ကျော်သက် လေးကလည်းခေါင်းညိမ့်ပြလာသည်။

"သခင်လေးကဘယ်သူ့ကိုမှမတွေ့ချင် ဘူး...သူဒဏ်ရာရသွားပြီးကတည်းက ကျွန်တော်တို့သူ့ကိုမမြင်ရသေးဘူး...သူ့ ရဲ့အခြေအနေနဲ့ပတ်သတ်ပြီးတော့လည်း သခင်မကကျွန်တော်တို့ကိုမပြောဘူးလေ ဒါပေမဲ့...သိပ်တော့မကောင်းဘူးထင်တာပဲ"

အကြောင်းပြချက်တစ်ချို့ကြောင့် သွမ့်ယွီယန်ရဲ့နှလုံးသားကဖျစ်ညှစ်ခံရ သလိုခံစားနေရသည်။

သူကသူ့ကိုယ်သူတည်ငြိမ်အောင် ထိန်းလိုက်ပြီးမေးလိုက်သည်။

"မင်းတို့နာမည်တွေကဘယ်လိုခေါ်လဲ?"

နက်ပြာရောင်လူငယ်လေးကပြန်ဖြေလာသည် "ကျွန်တော်ကလင်းဖုန်းပါ"

"ကျွန်တော်ကလင်းယွီ"

သွမ့်ယွီယန်ကခေါင်းညိမ့်ပြလိုက်သည်။

"အပြင်မှာဆက်ပြီးစောင့်နေကြပြီး တော့ဘယ်သူ့ကိုမှမဝင်လာစေနဲ့"

လင်းဖုန်းနဲ့လင်းယွီကခေါင်းညိမ့်ပြလာသည်။

သူတို့မိသားစုရဲ့သခင်လေးက သတိလစ်နေတုန်းတောက်လျှောက် သွမ့်ယွီယန်ရဲ့နာမည်ကိုဆက်တိုက်ရေ ရွတ်နေတာကိုသူတို့ကြားထားကြ သည်လေ။အခုတော့ဒီနေ့မှာတကယ့် လူအစစ်ကရောက်လာပြီဆိုမှတော့ သူတို့သခင်လေးရဲ့နာမကျန်းမှုကလည်း တိုးတက်လာလောက်ပါတယ်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now