Chapter (56) - အားကြီးသူကိုမြှောက်ပင့်ပြီး အားနည်းသူကိုချနင်းခြင်း

8.5K 1.3K 20
                                    

Unicode

အခန်း(၅၆)
အားကြီးသူကိုမြှောက်ပင့်ပြီး အားနည်းသူကိုချနင်းခြင်း

ဘေးတွင်ရပ်နေကြသောလင်မိသားစု၏လူငယ်လေးများမှာအချင်းချင်းစတင်ပြီး တီးတိုးပြောကြတော့သည်။

လင်ယုရိုသည်သက်ပြင်းချလိုက်ပြီး

"ဘယ်လောက်တောင်သနားစရာကောင်းလိုက်လဲ!! ဒီမိသားစုက တာအိုတွေနဲ့အနည်းငယ်ရင်းနှီးတဲ့မျိုးဆက်ဖြစ်တဲ့အဲ့ဒီလူတစ်ယောက်ထဲကိုပဲမှီခိုပြီးတစ်မိသားစုလုံးစားသောက်နေကြရတာ အဲ့ဒါကအခုတော့မကောင်းရုံတင်မကပဲတစ်မိသားစုလုံးရဲ့အသက်သွေးကြောကိုဖြတ်ပစ်လိုက်သလိုပါပဲလား..။ "

ဘေးတွင်ရပ်နေသည့်လင်ဇီဂျီသည်ထိုငိုယိုနေကြသောမိသားစုကိုငုံ့ကြည့်လိုက်သည်ထို့နောက်လမ်းလျှောက်ဝင်လာသော လင်ရွှမ်းဇီအားကြည့်လိုက်သောအခါချက်ချင်းပင်မလုံခြုံမှုအားခံစားလိုက်ရသည်။

သို့သော်အပေါ်ယံမှာတော့သနားကြင်နာစွာဖြင့်ပြောလိုက်သည်

"ဟုတ်တယ်...သူတို့ကတကယ်သနားဖို့ကောင်းတယ်။ ကျွန်တော်တို့ကကျင့်ကြံသူတွေ ဖြစ်ကောင်းဖြစ်မယ် ဒါပေမဲ့အဲ့ဒါက ကျွန်တော်တို့ကိုပိုသန်မာအောင်လုပ်ပြီး ဂရုဏာတရားရှိဖို့နဲ့သာမာန်လူတွေကို သနားကြင်နာစွာဆက်ဆံဖို့အပြင်လူတွေရဲ့ဥပဒေကိုလိုက်နာဖို့ပိုပြီးလိုအပ်တယ်လို့ထင်တာပဲ"

ပိုင်စုစုသည်ခေါင်းတစ်ငြိမ့်ငြိမ့်လုပ်ကာ လင်ဇီဂျီအားလေးစားကိုးကွယ်သည့် မျက်လုံးများဖြင့်လှမ်းကြည့်လိုက်ပြီးနောက်ပြောလိုက်သည်

"အကိုဝမ်းကွဲ သင်ပြောတာတကယ်မှန်တယ် အရည်အချင်းနဲ့လုံ့လဝီရိယရှိတဲ့အပြင် သနားခြင်းနဲ့ဂရုဏာတရားရှိတဲ့သင်လိုလူမျိုးကဒီလောကမှာအလွန်ရှားပါးလှတယ်"

လင်ဇီဂျီသည်နှိမ့်ချစွာပြုံးလိုက်ကာ

"ကျွန်တော်ကိုယ့်ကိုကိုယ်မပြောရဲပါဘူး.... ကျွန်တော်ကဒီအတိုင်းတစ်ခြားကျင့်ကြံသူတွေလိုအားနည်းတဲ့သူတွေကိုအနိုင်ကျင့်တာ မကြိုက်တဲ့သူတစ်ယောက်ပါပဲအဲ့ဒါက ကျွန်တော်တို့မျိုးဆက်မှာရှိတဲ့ကျင့်ကြံသူတွေလိုက်နာသင့်တဲ့အခြေခံစည်းမျဉ်းတစ်ခုဖြစ်သင့်တာပါ"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now