Chapter(98) - ကျားပေါက်လေးတွေဒဏ်ရာရပြီ

6.9K 1.3K 21
                                    

Unicode

အခန်း(၉၈)
ကျားပေါက်လေးတွေဒဏ်ရာရပြီ

ယန်ထျန်းဟန်သည်ခန္တာကိုယ်ထဲအပ်စိုက်ရမည့်ဖြစ်စဉ်အသေးစိတ်အားသူ့စိတ်ထဲတွင်အကြိမ်များစွာတွေးကြည့်ဘူးသည်။ပထမဆုံးစိုက်သည့်အပ်သည်သိပ်အဆင်မပြေဖြစ်နေသေးသော်လည်းသူကတစ်ဖြည်းဖြည်းနှင့်ဖြစ်စဉ်ကပိုပြီးတိကျကျွမ်းကျင်လာ၏။ထိုနည်းစနစ်ကသူ့စိတ်ထဲတွင်မရေမတွက်နိုင်သောအကြိမ်ပေါင်းများစွာကျင့်သုံးခဲ့ပြီးပြီဖြစ်သည်။အကယ်၍လူတစ်ဦးသည်လုံ့လဝီရိယရှိခြင်းနှင့်အမြစ်တွယ်ကျက်မှတ်ခြင်းအတွက်ပါရမီတစ်ခုအကြောင်းပြောနေပါက ယန်ထျန်းဟန်သည်လင်ရွှမ်းဇီထက်ပိုမိုကောင်းမွန်သည်။

"အောင်မြင်သွားပြီ!"

 နောက်ဆုံးအပ်ကိုထည့်လိုက်ပြီးနောက်ယန်ထျန်းဟန်ကကျေနပ်စွာသက်ပြင်းချလိုက်သည်။သူကစိမ်းပြာရောင်တောက်ပလာသောသူ့ရှေ့မှဖြူဖပ်ဖြူလျော်မျက်နှာအားကြည့်လိုက်ပြီးပြောလိုက်၏။

"ကျွန်တော်ခင်ဗျားဆီနေ့ခင်းဘက်တော့မလာနိုင်ဘူးအဲ့ဒါကြောင့်ညဘက်လာခဲ့မယ်"ထို့နောက်သူကဆက်ပြောလိုက်သည်

"ခင်ဗျားကိုသတ်တဲ့သူတွေပြောတာကြားလိုက်တယ်ခင်ဗျားက လင်းချီဂုလို့ခေါ်တယ်ဆို..ခင်ဗျားကိုကျွန်တော်ဒီနေ့ကစပြီးချီဂုလို့ခေါ်လို့ရမလား?"

.....

သူလင်ရွှမ်းဇီ၏လက်ရှိခြံဝင်းထဲသို့ရောက်သောအခါလင်ရွှမ်းဇီ၏အခန်းရှိရာအပေါ်ထပ်သို့မော့ကြည့်လိုက်သည်သို့သော်မည်သည့်လှုပ်ရှားမှုမှမရှိသေးပေ။

ယန်ထျန်းဟန်သည်အနည်းငယ်စိတ်ပူပန်နေခဲ့သော်လည်းသူ၏စိုးရိမ်ပူပန်မှုများသည်အသုံးမဝင်ကြောင်းသူသိသည်။ ထို့ကြောင့်သူလုပ်နိုင်သည့်တစ်ခုတည်းသောအရာမှာပြန်သွားပြီးတရားထိုင်ကာတွေးတောဆင်ခြင်ကျင့်ကြံရန်ဖြစ်သည်။ သူကအလောင်းတစ်လောင်း၏လတ်ဆတ်မှုကိုမည်သို့ထိန်းသိမ်းရမည်ကိုလည်းသုတေသနပြုရဦးမှာဖြစ်လေ၏။

မကြာသေးမီက အားပိုင်နှင့်ဟူပိုတို့တွင်ကြီးမားသောအဖြစ်အပျက်တစ်ခုဖြစ်ပွားခဲ့သည်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now