Chapter(57) - မင်းအပြစ်ကိုဝန်ခံလား?

8.6K 1.4K 35
                                    

Unicode

အခန်း(၅၇) - မင်းအပြစ်ကိုဝန်ခံလား?

လင်မိသားစု၏အကြီးအကဲတစ်ချို့သည်ထိုမြင်ကွင်းတစ်ခုလုံးအားကြည့်ကာတစ်ယောက်ချင်းဆီစတင်ပြီးလင်ဇီဂျီအားချီးကျူးကြတော့သည်။

အဓိကထိုင်ခုံ ၅ခုအနက်တစ်နေရာ၌ ထိုင်နေသောမဒမ်ပိုင်၏အေးစက်နေသော မျက်နှာသည်လည်းအနည်းငယ်ပျော့ပြောင်းသွားသည့်ပုံပေါ်နေသည်။

မဒမ်ပိုင်၏ဘယ်ဘက်တွင်လင်မိသားစု၏အကြွင်းမဲ့အာဏာရှိသည့်သူတစ်ယောက်ထိုင်နေသည် ----လင်ရူဟိုင် !----လင်ကျန်၏စတုတ္ထမြောက်အကို။

လင်ရူဟိုင်သည်မဒမ်ပိုင်အားအနည်းငယ် ခေါင်းငြိမ့်ပြလိုက်ကာ

"မရီးကတကယ်ကိုကံကောင်းတာပဲ.... ဇီဂျီကနူးညံ့တဲ့နှလုံးသားရှိတဲ့အပြင်သူ့မျိုးဆက်မှာလင်မိသားစုရဲ့အထူးချွန်ဆုံးကျင့်ကြံသူလည်းဖြစ်တယ်အနာဂတ်မှာသူဟာ သေချာပေါက်လင်မိသားစုရဲ့နောက်တက်မယ့်ခေါင်းဆောင်တစ်ယောက်ဖြစ်လိ့မ်မယ်"

မဒမ်ပိုင်သည်ခါးကိုဖြောင့်ဖြောင့်ပြန်ထိုင်လိုက်ကာသူမနှင့်ဆန့်ကျင်ဘက်တွင်ထိုင်နေသည့်တတိယအကြီးအကဲအားတစ်ချက်ကြည့်၍ဝမ်းနည်းခြင်းရောပျော်ရွှင်ခြင်းပါမရှိသည့်အေးစက်နေသည့်အသံဖြင့်ပြောလိုက်သည်

"လေးစားစွာပြောရရင်တော့ အားဇီကထူးချွန်တဲ့စွမ်းရည်ရှိတယ်ဆိုပေမဲ့အရင်တုန်းကရွှမ်းဇီနဲ့ယှဉ်ရင်အများကြီးလိုပါသေးတယ်"

လင်ရူဟိုင်သည်အဝေးမှလမ်းလျှောက်လာသည့်လင်ရွှမ်းဇီအားလှမ်းကြည့်လိုက်ကာ မကျေနပ်သည့်ပုံစံဖြင့်ပြေလိုက်သည်

"အဲ့ဒီကောင်စုတ်ကတစ်နေ့ပြီးတစ်နေ့ပိုပိုဆိုးလာတယ်လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက အောက်တန်းကျတဲ့စစ်အုပ်ချုပ်ရေးခန်းမကလူတွေနဲ့သူနဲ့ရောနှောပေါင်းသင်းခဲ့ပြီး တိုက်ခိုက်ခဲ့သမျှပွဲစဉ်တိုင်းကိုတောင် ရှုံးနိမ့်ခဲ့သေးတယ်အဲ့ဒီနေရာမှာ သူပိုက်ဆံဘယ်လောက်ဖြုန်းတီးခဲ့လဲ ဆိုတာတောင်မသိချင်တော့ဘူး။ သူကတကယ်ကိုလင်မိသားစုရဲ့အောင်မြင်မှုတွေကိုမျက်နှာပျက်အောင်လုပ်နေတာပဲ။ အတိတ်မှာသူကဘယ်လောက်ပဲ အံ့သြဖို့ကောင်းပြီးဆန်းကျယ်နေပါစေ အခုတော့သူကအသုံးမကျတဲ့သူပဲ "

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now