Chapter(105) - ဆက်တိုက်ကိုအလန့်တကြားဖြစ်နေရတယ်

6.3K 1.1K 16
                                    

Unicode

အခန်း(၁၀၅) 

ဆက်တိုက်ကိုအလန့်တကြားဖြစ်နေရတယ်

သူကတစ်ချိန်တုန်းက 'တိုက်ကြီးငါးတိုက်တွင်နံပါတ်(၁)ကျင့်ကြံသူ'ဖြစ်ခဲ့ပြီးလင်မိသားစု၏တောက်ပသည့်ကြယ်ပွင့်လေးဖြစ်ခဲ့သည်။ထို့အပြင်သူကတစ်ချိန်တုန်းကလင်မိသားစုအတွက်ရော- ချင်မြို့တော်တစ်ခုလုံးအတွက်သာမကနက်နဲကောင်းကင်ဂိုဏ်းတစ်ခုလုံးအတွက်ပါဂုဏ်သိက္ခာဖြစ်ပြီးကိုယ်စားပြုဖြစ်ခဲ့၏။သို့သော်လွန်ခဲ့သည့်တစ်နှစ်ကသူ့ဒန်တန်ချီပင်လယ်ကလုံးဝဖျက်ဆီးခံခဲ့ရသောကြောင့်သူ့မှာတိမ်များပေါ်မှရွှံနွံများပေါ်သို့ကျရောက်ခဲ့ရသည်။

လင်မိသားစုသည်လည်းကြီးမားသည့်ဆုံးရှုံးမှုကြီးအားခံစားလိုက်ရပြီး၎င်းတို့သည်အခြားမိသားစုများနှင့်ဂိုဏ်းဂဏများစွာ၏ရယ်မောစရာများလည်းဖြစ်ခဲ့သည်။

လူတိုင်းကလင်ရွှမ်းဇီသည်အမြဲတမ်းမြင့်မြတ်ခြင်းမှပြုတ်ကျသွားတော့မှာဖြစ်ပြီးဘယ်သောအခါမှပြန်မလာနိုင်လောက်တော့ဘူးဟုတွေးခဲ့မိကြသည်။သို့သော်လည်းသူတို့လုံးဝမမျှော်လင့်ခဲ့မိသည်ကတစ်နှစ်နှစ်နှစ်ဟူသောအချိန်တိုအတောအတွင်းမှာပြာပုံထဲမှလုံးဝမထင်ထားရအောင်မမျှော်လင့်ထားသည့်နည်းလမ်းဖြင့်ပြန်လည်ရှင်သန်ထမြောက်လာခြင်းကိုဖြစ်သည်။ထို့အပြင်လင်မိသားစုထဲတွင်နောက်တစ်ဖန်ထင်ရှားကျော်ကြားမှုဖြင့်ပြန်ရပ်တည်နိုင်ခဲ့ပြန်၏။

စမ်းသပ်သူကလင်ရွှမ်းဇီအားကြည့်ကာပြောလိုက်သည်။

"ရွှမ်းဇီသခင်လေး....အသင့်ရဲ့ချီစွမ်းအင်ကိုစမ်းသပ်မှာလားဝိညာဉ်အားကိုစမ်းသပ်မှာပါလား?"

"သေချာပေါက်ဝိညာဉ်အားပေါ့..."လင်ရွှမ်းဇီကပြန်ဖြေလိုက်သည်။

စမ်းသပ်သူကအမြော်အမြင်ရှိသည့်ပုံဖြင့်ပြောလိုက်၏။

"အကယ်၍သင့်ဝိညာဉ်အားကိုစမ်းသပ်မယ်ဆိုရင်သင့်ရဲ့လက်ကိုစမ်းသပ်ကျောက်တုန်းပေါ်မှာတင်လိုက်ယုံပါပဲ"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now