Chapter(184) - ပိုင်လီယွင်ဟွား

4.8K 1K 38
                                    

Unicode

အခန်း(၁၈၄) - ပိုင်လီယွင်ဟွား

ပိုင်လီယွင်ရှန်ကထိုနာမည်ကိုကြား တော့သူ့အသက်နဲ့မလိုက်တဲ့စော်ကားမှု ကိုဖော်ပြလိုက်သည်။

"သူကပိုင်မိသားစုကလား?ဒီအဖိုးလေး ကသူ့ကိုဘယ်လိုကျောမလဲဆိုတာ ကြည့်လိုက်"

လင်ရွှမ်းဇီ , "..."

ဒီရန်လိုမှုကကြည့်ရတာတစ်ခုခုလွဲနေ သလိုပဲ....သူ့ကိုပိုင်မိသားစုအနောက် တံခါးကဝင်စေပြီးပိုင်မိသားစုရဲ့အကြီး အကဲတွေဆီမှာပညာသင်ကြားစေနိုင် ဖို့ပိုင်လီယွင်ရှန်ရဲ့အကိုကြီးကသူ့ကို ကူညီစေချင်နေတာမဟုတ်ဘူးလား?

ဘာလို့ပိုင်လီယွင်ရှန်ကြတော့ ပိုင်မိသားစုနဲ့ပတ်သတ်ရင်မရင်းနှီး သလိုဖြစ်နေရတာလဲ...

လင်ရွှမ်းဇီကခဏမျှစဉ်းစား လိုက်ပြီးမှပြောလိုက်သည်။

"ပြီးရင်ယှဉ်ပြိုင်ပွဲအတွင်းမှာကောင်း ကောင်းလုပ်ပြနိုင်အောင်သေချာလုပ်... ကောင်းကင်တောင်ထွတ်ဂိုဏ်းရဲ့ပိုင် မိသားစုအကြီးအကဲအနည်းငယ်က ထိုင်ခုံကနေကြည့်နေကြတာအဲ့ဒါမှ သူတို့ထဲကတစ်ယောက်ယောက်က မင်းရဲ့အစွမ်းကိုသိပြီးမင်းကိုတပည့် အဖြစ်လက်ခံချင်မှာ"

ပိုင်လီယွင်ရှန်ကထခုန်မိမတတ် ပင်ဒေါသတကြီးပြောလာ၏။

"အဲ့ဒါကကျွန်တော့ဒုတိယအကိုကြီးရဲ့ ဆန္ဒသက်သက်ပဲကျွန်တော်ကသူ့ကို မဆန့်ကျင်ချင်လို့အဲ့ဒီနေ့တုန်းကသူ ခင်ဗျားကိုပြောတဲ့အချိန်မငြင်းခဲ့တာ ရယ်....ဒါပေမဲ့ကျွန်တော်အမှန်အ တိုင်းပြောပြမယ်;ကျွန်တော်ဘယ်တုန်း ကမှအဲ့ဒီပိုင်ခွေးတွေရဲ့တပည့်ဖြစ်ချင် တဲ့ရည်ရွယ်ချက်မရှိဘူး!"

လင်ရွှမ်းဇီအခုတော့အတည်ပြုလိုက် နိုင်လေပြီပိုင်လီယွင်ရှန်ကပိုင်မိသားစု ကတစ်ယောက်ယောက်ကိုသာအထူး တလှယ်ပစ်မှတ်ထားနေခြင်းမဟုတ်ပဲ ပိုင်မိသားစုတစ်ခုလုံးကိုပစ်မှတ်ထား နေခြင်းသာဖြစ်သည်။

သို့သော်သူ့ဒုတိယအကိုကြီးကတော့ သူ့ရဲ့ဒီတတိယညီလေးကိုပိုင်မိသားစု လက်အောက်မှာပညာသင်ကြားနိုင် ဖို့စေလွှတ်ချင်နေသည်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now