Chapter(27) - ခြေတစ်လှမ်းနောက်ကျသွားခြင်း

10.4K 1.6K 59
                                    

Unicode

အခန်း(၂၇) ခြေတစ်လှမ်းနောက်ကျသွားခြင်း

ဟူပိုနှင့်အားပိုင်သည်တစ်ကောင်နှင့်တစ်ကောင်ကြည့်လိုက်ကြသည်။ ဟူပိုသည် မူလက လင်ရွှမ်းဇီနှင့်ပတ်သတ်၍ မယုံကြည်သောစိတ်ရှိနေသည်။ လင်ရွှမ်းဇီကအားမကိုးရသောကြောင့်သာမဟုတ်ပါလျှင် ယန်ထျန်းဟန်ကသူ့အားရောင်းမှာမဟုတ်ပေ။ ပထမတော့ ဟူပိုသည် ရထားပေါ်မှခုန်ဆင်းကာ လင်ရွှမ်းဇီအားသူ့တင်ပါးကိုလှည့်ပြခြင်းဖြင့် ဝုန်းဒိုင်းကြဲပြခြင်သော်လည်း လင်ရွှမ်းဇီကသူ့အားနတ်ဆိုးမွေ့လျှော်သီးပစ်ပေးမည်ဟုမထင်ခဲ့ပေ။

ဟူပိုလည်း "ao..." ဟုအသံပြု၍ အသီးအားတစ်ချက်တည်းကိုက်စားလိုက်တော့သည်။

စားပြီးသည်နှင့်ဟူပိုမှာ အလွန်အမင်းစိတ်လှုပ်ရှားနေပုံပေါ်ပြီး ပျော်ရွှင်စွာဖြင့် ရထားမောင်းသမားနေရာဝင်ယူလိုက်တော့၏။ ထို့နောက် သေချာအကျအနထိုင်လိုက်ကာ မြင်းအား အော်သံပေးကာမောင်းလိုက်သောကြောင့် မြင်းလေးမှာ လန့်ဖြန့်သွားပြီး ခြေထောက်ပင်မခိုင်ဖြစ်သွားရသည်။

အားပိုင်သည် အစ်ကိုမျက်နှာအားအိုးမဲသုတ်သည့် ဟူပိုအားတည့်တည့်ပင်မကြည့်နိုင်တော့ပေ။

<အသုံးမကျတဲ့ညီ နတ်ဆိုးမွေ့လျှော်သီးတစ်လုံးတည်းနဲ့လက်ထိုးတာကိုလက်ခံလိုက်တယ်။အသေးအဖွဲကိစ္စလေးကိုကွာ မင်းကတကယ်စိတ်ပျက်ဖို့ကောင်းတယ်>

အားပိုင်ကတော့ သူကိုယ်တိုင်လည်းနတ်ဆိုးမွေ့လျှော်သီးတစ်လုံးကြောင့်လက်ထိုးခံလိုက်ရသည်ကို မမှတ်မိတော့ပေ။

ရထားလုံးလေးသည်ဖြေးဖြေးမှန်မှန်လေးပင် လင်အိမ်တော်သို့သွားသောလမ်းအားဦးတည်လိုက်တော့သည်။

လင်ရွှမ်းဇီနှင့်ယန်ထျန်းဟန်တို့သည် ရထားထဲထိုင်နေကြသော်လည်း အတော်ကြာသည်အထိစကားမပြောဖြစ်ကြပေ။

ယန်ထျန်းဟန်သည် သူ့အဖေ၏ သေဆုံးမှုအပေါ်တွင်အမြဲတမ်းပြင်းထန်စွာ ခံစားနေခဲ့ပြီးထိုအထဲမှ ဘယ်သောအခါမှမလွတ်မြောက်နိုင်သေးပေ လင်ရွှမ်းဇီသည် သူ့မျက်နှာပေါ်ရှိ နောင်တနှင့် ကိုယ့်ကိုကိုယ် အပြစ်တင်နေမှုများအား ရှင်းရှင်းလင်းလင်းမြင်နေရသည်။

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now