Chapter(38) - မကောင်းတဲ့လှည့်ကွက်တွေနဲ့ပြည့်နေတဲ့ဗိုက်ကလေး

8.9K 1.5K 18
                                    

Unicode

အခန်း(၃၈) မကောင်းတဲ့လှည့်ကွက်တွေနဲ့ပြည့်နေတဲ့ဗိုက်ကလေး

ယန်ထျန်းဟန်သည် နှစ် ဦး စလုံးအကြားတိုက်ပွဲများမည်သို့ဖြစ်နေသည်ကိုကြည့်ချင်သော်လည်း လင်ရွှမ်းဇီကိုစိတ်ပူသောကြောင့် သွားကြည့်ရန်ကိုလက်လျှော့လိုက်သည်။

သူထွက်ခွာသွားဖို့ပြင်ပြီးသွားသောအခါ သူ့အနောက်မှရင်းနှီးနေသောရယ်သံစွက်နေသည့်အသံအားကြားလိုက်ရလေသည်။

"အားဟန်ကဒီလိုမျိုးလှည့်ကွက်တွေနဲ့ပြည့်နေတဲ့ဗိုက်ကလေးရှိတဲ့ကောင်ဆိုးလေးဆိုတာ ငါဘာလို့စောစောမသိလိုက်ရတာလဲ"

ယန်ထျန်းဟန်သည်လျှပ်စစ်နှင့်လျှော့တိုက်ခံလိုက်ရသလိုဖြစ်ပြီး ခုန်လိုက်ကာ နောက်သို့လှည့်ကြည့်လိုက်သည်။

သူ့မျက်လုံးများမြင့်တက်သွားပြီး မျက်နှာတွင်အပြုံးဖျော့ဖျော့လေးရှိသောလူငယ်လေးအား ကြည့်လိုက်ကာပြောလိုက်သည်

" အကိုကြီး ဘာလို့ဒီကိုရောက်နေတာလဲ?"

လင်ရွှမ်းဇီသည်ထိုနေရာကိုလမ်းလျှောက်လာပြီး ယန်ထျန်းဟန်၏ ချွေးအနည်းငယ်သီးနေသော နှဖူးအား လှမ်းတောက်လိုက်ကာ

"ငါပြန်ရောက်တော့ အားဟန်ကအိမ်မှာမရှိတာသိလိုက်လို့ ဒီနေရာကိုသေချာပေါက်လာပြီးအလုပ်လုပ်မှာပဲလို့တွေးမိတယ်လေအဲ့ဒါကြောင့် တစ်ချက်လောက်ကြည့်ဖို့လိုက်လာတာ "

ထို့နောက်စကားလမ်းကြောင်းအားလွှဲလိုက်ကာ သိသိသာပြုံးလိုက်ပြီးပြောလိုက်သည်

"ဒါပေမဲ့ငါ့ရဲ့စိုးရိမ်မှုကအခြေအမြစ်မရှိတာသာမကဘူးအရမ်းစိတ်ဝင်စားဖို့ကောင်းတဲ့
ပြပွဲကိုပါကြည့်ရမယ်လို့မမျှော်လင့်ထားခဲ့မိဘူး"

ယန်ထျန်းဟန်သည်ရှက်ရွံစွာဖြင့်ခေါင်းကိုကုတ်လိုက်ပြီး လျှာထုတ်ကာ

" အကိုကြီးကျွန်တော့ကိုအထင်မလွဲပါနဲ့ ကျွန်တော်ရဲ့အခြေခံသဘာဝက ရိုးရှင်းပြီး ကြင်နာတတ်တဲ့ကလေးကောင်းတစ်ယောက်ပါအဲ့ဒီနှစ်ယောက်ကနေ့တိုင်းစည်းကျော်ပြီး ကျွန်တော့ကိုအနိုင်ကျင့်နေလို့။တကယ်လို့ ကျွန်တော်သာသူတို့ကိုပြဿနာနည်းနည်းမ
ရှာလိုက်ဘူးဆိုရင်ကျွန်တော့ပေါ်ကိုတက်စရာမကျန်တော့တဲ့ထိတက်လာလိမ့်မယ်"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now