Chapter(29) - အားဟန် အရိုက်ခံရတယ်

9.5K 1.6K 35
                                    

Unicode

အခန်း(၂၉)
အားဟန် အရိုက်ခံရတယ်

လင်အိမ်တော်၊ လင်ရွှမ်းဇီ၏ခြံဝင်းထဲ

လသည်ကောင်းကင်ပေါ်တွင်မြင့်တက်နေပြီဖြစ်သော်လည်း ယန်ထျန်းဟန်အခုချိန်ထိပြန်မရောက်သေးပေ။

လင်ရွှမ်းဇီသည် ကျင့်ကြံမှုပြီးသွားပြီးနောက် ယန်ထျန်းဟန်အားအကြိမ်အနည်းငယ်ခေါ်လိုက်ပြီး မှ ထိုကလေးသည် အတော်ပင်နောက်ကျနေပြီဖြစ်သော်လည်း အခုချိန်ထိပြန်မလာသေးသည်ကိုသိလိုက်၏။ သူချက်ချင်းပင်စတင်စိတ်ပူလာပြီး ယန်တီယန်ဟန်ပြန်လာသည်အထိခြံဝင်းထဲဆင်းကာစောင့်နေလိုက်သည်။

သို့သော်အခုတောင်တော်တော်နောက်ကျနေပြီ ယန်ထျန်းဟန်ဟန်ဘယ်မှာရောက်နေတာဖြစ်နိုင်မလဲ?

ညနာရီအချိန်အတိုင်းအတာရဲ့ ပထမငါးသို့အရောက်တွင် (19:00 to 21:00) လင်ရွှမ်းဇီသည်အပြင်ဘက်မှခြေသံကြားလိုက်ရသည်။ ထို့အပြင်သေချာနားထောင်ကြည့်လျှင်ထိုခြေသံမှာတစ်ယောက်တည်းရဲ့ခြေသံမဟုတ်ဟုအတိအကျပြောနိုင်၏ သို့သော် သူတို့ထဲမှတစ်ဦး၏ခြေသံသည် ခြေတစ်လှမ်းပိုမြန်နေသောကြောင့် ထိုခြေသံသည် ယန်ထျန်းဟန်ပင်ဖြစ်ရမည်။

" ထျန်းဟန်.. ငါပြောတာနားထောင် မင်းလင်မိသားစုကနေထွက်လာသင့်နေပြီ" ထိုအသံသည်သက်ပြင်းတစ်ချက်ချလိုက်ကာဆက်ပြောသည်

" ငွေလေးနည်းနည်းပါးပါးရှာနိုင်ဖို့အတွက် နေ့တိုင်းအလုပ်တွေအများကြီးလုပ်နေတာ မင်း ခန္တာကိုယ်ကအနှေးနဲ့အမြန်လဲသွားလိမ့်မယ်"

" ရပါတယ် ကျွန်တော့ ခန္တာကိုယ်ကကြံ့ခိုင်ပါတယ် "

ယန်ထျန်းဟန်ကပြောလိုက်သည်။

" မင်းဒီကိုယ်သေးသေးလေးကို ကြံ့ခိုင်တယ်ပြောလိုက်တာလား?"

ထိုလူသည် သွမ့်ယွီယန်ဖြစ်သည်။

သွမ့်ယွီယန်သည်ယန်ထျန်းဟန် လက်မောင်းအားဆိတ်လိုက်ကာ နှစ်ကြိမ်လောက်ထိုးလိုက်ပြီးဆက်ပြောသည်

" အသားကဖြင့် ငါးဆယ်သားလောက်တောင်မရှိပဲနဲ့ မင်ကိုယ်မင်း catty နဲ့ချိန်ရောင်းမယ်ဆိုရင်တောင် သစ်ကြားသီးသုံးခုနဲ့ ဇီးသီးခြောက် နှစ်ခုစာလောက်တောင်ရောင်းလို့ရမှာမဟုတ်ဘူုး အဲ့ဒါတွေအကုန်လုံးကိုလုပ်ဖို့စွမ်းရည်ရှိတယ်ဆိုရင် ဘာလို့ဒီအတိုင်းကျင့်ကြံမှုကိုမလုပ်တာလဲ ပြောလို့ရမလားတစ်နေ့နေ့ မင်းလည်းချိုးဖျက်နိုင်မှာပေါ့"

(Book-1)အမြင့်မြတ်ဆုံး ကောင်းကင်အရှင်၏ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now